အင်တာနက် အချက်အလက် ရှာဖွေရေးနယ်ပယ်တွင် နောက်ကောက်ကျခဲ့သော ယာဟူးကုမ္ပဏီသည်
ပုံစံသစ်မိုဘိုင်း Browser တစ်မျိုးကို ထပ်မံ ဖန်တီးခဲ့ကြောင်း သိရသည်။
Yahoo!Axis ဟု အမည်ပေးထားသော Browser ကို အက်ပဲလ်၏ iOS စနစ်သုံး
ပစ္စည်းများတွင် မိုဘိုင်း Browser အဖြစ် သုံးနိုင်မည်ဖြစ်သလို
ပီစီကွန်ပျူတာများတွင်လည်း မော်ဇီလာ၊ IE ၊ ဆာဖာရီ၊ Chrome တို့တွင် Add on
အဖြစ်ထည့်ကာ သုံးနိုင်မည်ဖြစ်သည်။
အချက်အလက်တစ်ခုကို ရှာဖွေပြီး ဖွင့်လိုက်ချိန်တွင်လည်း ရှာဖွေပေးထားသည့် အခြား အချက်အလက်များကိုပါ Preview အဖြစ် ဆက်ကြည့်လိုက ကြည့်နိုင်ခြင်း၊ ခေါက်ပြီးဝှက်ထားလိုက ၀ှက်ထားနိုင်ခြင်းတို့မှာ အခြားအချက်အလက် ရှာဖွေရေးဝန်ဆောင်မှုများနှင့် မတူသည့် ထူးခြားချက်ဖြစ်သည်။ ၀က်ဘ်စာမျက်နှာတစ်ခုကို ဖွင့်ထားစဉ် အချက်အလက်ရှာဖွေမှုကိုလည်း တစ်မျက်နှာတည်းတွင် တစ်ပြိုင်နက် လုပ်ဆောင်နိုင်မှုလည်း ပါရှိသည်။
Ref: Eleven

No comments:
Post a Comment