လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

Google Chrome လူသုံးအများဆုံး Browser ဖြစ်လာ



ဂူးဂဲလ်၏ Chrome သည် မိုက်ခရိုဆော့ဖ်၏ Internet Explorer (IE)ကို ကျော်ပြီး ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Browser ဖြစ်လာခဲ့ကြောင်း မေလ ၂၁ ရက်နေ့က Stat Counter ကွန်ရက်အချက်အလက် ပြုစုရေးက ထုတ်ပြန်သည့်အချက်အလက်များက ဖော်ပြသည်။

မေလ ၁၄ ရက်မှ ၂၀ ရက်အတွင်း Chrome သည် တစ်ပတ်လုံး အင်တာနက် အသုံးပြုမှုတွင် အသုံးအများဆုံး ဖြစ်ခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြသည်။ ယခင်ကတည်းက Chrome သည် ရက်သတ္တပတ် နောက်ဆုံးနေ့များ(စနေ၊ တနင်္ဂနွေ)အသုံးပြုမှုတွင် IE ကို ကျော်လွန်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ တစ်ပတ်လုံးသုံးစွဲမှုတွင် ကျော်လွန်ခဲ့ခြင်းမှာ ပထမဆုံးဖြစ်သည်။

ယင်းအပတ်အတွင်းသုံးစွဲမှု အရ Chrome  သုံးစွဲသူမှာ ၃၂ ဒသမ ၇၆ ရာခိုင်နှုန်းရှိပြီး IE သုံးသူမှာ ၃၁ ဒသမ ၉၄ ရာခိုင်နှုန်းသာ ရှိတော့သည်။

Ref: Eleven

No comments:

Related Posts Plugin for WordPress, Blogger...