လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

 ပြင်သစ်ရှိ ရှော်ဗေးဂူအတွင်းမှ ဂူနံရံရေးပန်းချီများမှာ ရှေးအကျဆုံးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့

ပြင်သစ်နိုင်ငံရှိ နာမည်ကျော် ရှော်ဗေးဂူအတွင်းရှိ နံရံဆေးရေး ပန်းချီများမှာ တွေ့ရှိသမျှ ဂူနံရံရေးပန်း ချီများထဲတွင် ရှေးအကျဆုံး ဖြစ်နိုင်သည်ဟု ယခင်လေ့လာမှုများက တွေ့ရှိခဲ့သော်လည်း အငြင်းပွားမှုများ ရှိနေခဲ့သည်။
မေလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သော နောက်ဆုံးလေ့လာမှုတစ်ခုတွင်မူ တွေ့ရှိသမျှထဲ၌ ရှေးအကျဆုံး ဂူနံရံရေးပန်းချီများအဖြစ် အတည်ပြုနိုင်ခဲ့သည်။

ပြင်သစ်နိုင်ငံတောင်ပိုင်း အာဒက်ရှ်ဒေသရှိ ရှော်ဗေးဂူအတွင်း တွေ့ရှိခဲ့သော ၀က်ဝံ၊ ကြံ့နှင့် မြင်းပုံများမှာ ရေးဆွဲပုံ အထူးကောင်းမွန်ခြင်းကြောင့် ပညာရှင်အချို့က လွန်ခဲ့သော နှစ် ၁၂၀၀၀ နှင့် ၁၇၀၀၀ ကြားကာလအတွင်း ရေးဆွဲခဲ့သည့် ပန်းချီများအဖြစ် မှတ်ယူခဲ့ကြသည်။

လူသားဘိုးဘေးများကျောက်နှင့် အရိုးကို လက်နက်ကိရိယာအဖြစ် သုံးစွဲနေပြီဖြစ်သည့် မက်ဂ်ဒယ်လ်နီ ယန်ယဉ်ကျေးမှုခေတ်၏ လက်ရာအကြွင်းအကျန်ဟု မှတ်ယူခဲ့ကြသည်။
ယင်းလက်ရာများကို ရေဒီယို ကာဘွန်ရက် သတ်မှတ်စနစ်ဖြင့် စစ်ဆေးခဲ့မှုများအရ ယခင်ယူဆထားသည်ထက် ပိုမိုရှေးကျပြီး လွန်ခဲ့သော အနှစ် ၃၂၀၀၀ ခန့်က ဖြစ်နိုင်ကြောင်း ထပ်မံတွေ့ရှိခဲ့သည်။ သို့ရာတွင် ယင်းမျှ ရှေးကျသော ကာလ၌ ယခုကဲ့သို့ အဆင့်မြင့်သည့် လက်ရာမျိုး ရေးနိုင်ခြင်းရှိ၊ မရှိမှာ အငြင်းပွားဖွယ်ရာ ဖြစ်နေခဲ့သည်။  

Ref: Eleven

No comments:

Related Posts Plugin for WordPress, Blogger...