လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး

  1. ပတ္တမြားမျက်ရှင် ဘုရား
  2. ၀ိဇ္ဇာဇော်ဂျီ ဘုရား
  3. ရှင်စောပု ဘုရား
  4. ဆံတော်တွင်း ရုပ်ပွားတော်
  5. ရှင်အဇ္ဇာဂေါဏ ဘုရား
  6. ဘိုးဘိုးအောင် ဂူဘုရား
  7. ရှင်မထီး ဘုရား
  8. လက်ပက်လက်ဘုရား
  9. ပြဒါးရှင် ဘုရား
တို့ဖြစ်ကြသည်။

ပတ္တမြားမျက်ရှင် ဘုရား
ရွှေတိဂုံစေတီ အထက်ပစ္စယံတွင် ရှိသည်။ ရှေးခေတ်က မင်းညီမင်းသားများ စစ်ထွက်ခါနီးတိုင်း စစ်နိုင်ဖို့ ဆုတောင်းလေ့ရှိသည်။ အထက်ပစ္စယံကို အမျိုးသားများသာ တက်ရောက်ခွင့်ရှိပြီး ဗုဒ္ဓဟူးထောင့်မှ တက်ေ၇ာက်နိုင်သည်။

ဝိဇ္ဇာဇော်ဂျီ ဘုရား
စနေထောင့်အလွန် ရှေ့တွင် ရေသန့်စက်ကြီးရှိပြီး ၎င်းဘယ်ဘက်တွင် ၀ိဇ္ဇာဇော်ဂျီဘုရား တည်ရှိသည်။

ရှင်စောပုဘုရား
မွန်ဘုရင်မကြီး ရှင်စောပု တည်ထားကိုးကွယ်ခဲ့သော ဘုရားဖြစ်ပါသည်။

ဆံတော်တွင်း ရုပ်ပွားတော်
သောကြာထောင့် ဒဂုံခင်ခင်လေး အဆောက်အဦး မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ တန်ဆောင်းထဲတွင် နဂါး၊ မနုသီဟပုံများနှင့် ငုံပြီးတည်ထားသော နေရာမှာ လိုဏ်ဂူရှိသည်။ ထိုလိုဏ်ဂူထဲမှာ ဧရာဝတီမြစ်ရေကြောနှင့် ဆက်စပ်နေသော ရေစီးကြောင်းရှိသောကြောင့် ဧရ၀တီရေတက်ကျအတိုင်း အထဲမှ ရေစီးကြောင်း အတက်အကျရှိသည်။ ဆံတော်များ ဌာပနာခါနီး ဒီရေစီးကြောင်းကရေများနှင့် ဆေးခဲ့သည်ဟု မှတ်တမ်းမှာ ဖော်ပြထားပါသည်။

ရှင်အဇ္ဇဂေါဏ ဘုရား
ရှင်အဇ္ဇဂေါဏ ဆိုသည်မှာ ပုဂံရာဇ၀င်မှ ဖိုထိုးတာ မအောင်၍ ပေးထားသောကတိအတိုင်း မျက်လုံးနှစ်ဖက် ဖောက်ပြီး ဓာတ်လုံးကို မစင်တွင်းထဲ ပစ်လိုက်သည်။ ဓာတ်လုံးသည် မစင်နှင့် ဓာတ်ပြုပြီး ဓာတ်လုံးအောင်သွား၍ ဆုံးရှုံးသွားသော မျက်လုံးနှစ်လုံးကို ဈေှးမှာ အစားသွားဝယ်ခိုင်းသည်။ ဈေးကွဲချိန်ဖြစ်၍ ရသည့် မျက်လုံးက ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံး တစ်ဖက် သာ ရခဲ့သည်။ ရသည့် မျက်လုံးနှစ်လုံးကို အစားပြန်တပ်သောအခါ အဇ္ဇ=ဆိတ်၊ ဂေါဏ=နွား ဟု အမည်တွင်သွားခဲ့ခြင်းဖြစ်သည်။

ဘိုးဘိုးအောင် ဂူဘုရား
ရှင်အဇ္ဇဂေါဏတန်ဆောင်း ညာဘက်တွင် ဘိုးဘိုးအောင် ဂူဘုရား တည်ရှိသည်။

No comments:

Related Posts Plugin for WordPress, Blogger...