လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

Samsung Galaxy S4



Samsung Galaxy S4 ကို တရားဝင်ထုတ်ဖော်ပြသပြီးသွားပါပြီ။ ဧပြီလ၂၆ ရက်နေ့ဆိုရင် စတင် ရောင်းချတော့မှာ ဖြစ်ပါတယ်။

ပုံစံ အရွယ်အစား

ယခင် Samsung Galaxy S3 ထက်ကြီးပါတယ်။ ၅ လက်မ မျက်နှာပြင် ဆိုတော့ တော်တော်လေးကြီးပါတယ်။ Samsung Galaxy Note 2 တောင် ၅.၅၅ လက်မပဲ ရှိတာ ဘာမှ သိပ်မကွာတော့ပါဘူး။ S pen သာပါရင် Note လို့တောင်ဆိုရမလို ဖြစ်ပါတယ်။ တိတိကျကျကတော့ 5.38 x 2.71 x 0.31 လက်မ ပတ်လည် ဖြစ်ပါတယ်။ အလေးချိန်က ၄.၆ အောင်စ ရှိပါတယ်။ ပလက်စတစ် ဘော်ဒီကိုပဲ ပြန်သုံးထားပါတယ်။ ရည်ရွယ်ချက်က အပူသက်သာပြီး ဘက်ထရီနဲ့ memory card အဖြုတ်အတပ်လွယ်ကူအောင်လို့ဆိုပါတယ်။

မျက်နှာပြင်

၅ လက်မ Full HD Super AMOLED ကို သုံးပါတယ်။ resolution အားဖြင့် 1,920x1,080 pixels, 441ppi ရှိပါတယ်။

ကင်မရာ

13 megapixel တောင်ရှိပါတယ်။ Samsung တို့ထုံးစံအတိုင်း ကင်မရာအတွက် Feature ဟောင်းများအပြင် အသစ်များလည်း ပါဝင်လာပါမယ်။ ရှေ့ ကင်မရာက 2 megapixel အထိတောင် ရှိသွားပါတယ်။

Processor

1.9GHz quad-core Snapdragon Fusion Pro သို့မဟုတ် 1.6GHz octa-core Exynos 5 Octa ပါဝင်ပါတယ်။ အရင် S3 က 1.5 GHz ပဲရှိခဲ့တာ ဖြစ်ပါတယ်။

Memory and Storage

16GB, 32GB, 64GB သုံးမျိုး ရှိပြီး 64GB အထိ ထပ်းတိုးနိုင်ပါတယ်။ RAM ကတော့ 2GB ပါပဲ။

ဘက်ထရီ

၂၆၀၀ mAh ရှိပြီး S3 ထက် ၅၀၀ တောင်တိုးလာပါတယ်။ Power usage ပိုသက်သာပြီး အရင် Samsung Galaxy စီးရီးအားလုံးထက် ပိုအသုံးခံမယ့် ဘက်ထရီဖြစ်တယ်လို့ ဆိုပါတယ်။

Connectivity

NFC, 4G, Wi Fi , Bluetooth တို့ပါဝင်ပါတယ်။ မြန်မာပြည်မှာဆိုရင် GSM သုံးလို့အဆင်ပြေပါမယ်။ Samsung ကနေ CDMA အတွက်ထုတ်တဲ့ ဖုန်းက နည်းပါတယ်။ Galaxy Amazing တို့လို ခပ်ရှားရှားဖုန်းမှာသာ CDMA ရခဲ့ပြီး ယခု Samsung Galaxy S4 ကတော့ GSM ပဲရနိုင်အုံးမှာ ဖြစ်ပါတယ်။

ထူးခြားဆန်းသစ်မှုများ

Eye control tech လို့ခေါ်ရမလားပါပဲ။ ဗီဒီယိုကြည့်နေရင်း မျက်စိက မျက်နှာပြင်မဟုတ်တဲ့ အခြားတစ်နေရာကို ရောက်သွားရင် အလိုအလျောက် ခဏရပ် Pause ပေးတယ်လို့ ဆိုပါတယ်။ စာဖတ်တဲ့အခါ လက်နဲ့ Scroll လုပ်စရာ မလိုပဲ မျက်လုံးကနေ အောက်ကိုဆွဲကြည့်သွားရင် အလိုအလျောက် Scroll လုပ်တယ်လို့ ဆိုပါတယ်။ ကင်မရာကို တော်တော်လေး နည်းပညာ အဆင့်မြင့်ထားပါတယ်။

S translation App တို့လိုဟာ ပါဝင်လာမယ်လို့ ဆိုပါတယ်။ Google Translate လိုပါပဲ။ ဝင်သမျှ၊ ဖတ်သမျှ စာကို ကိုယ်စိတ်ကြိုက်ဘာသာသို့ ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာစာတော့ ရမှာ မဟုတ်ပါဘူး။ Google Translate မှာတောင် မပါသေးတာ Samsung မှာ ပါဖို့ကျ လိုပါသေးတယ်။

ကင်မရာမှာဆိုရင်လည်း dubbed Dual Shot and Dual Recording တို့အပြင် picture-in-picture modes တို့လည်းပါဝင်ပါတယ်။ Samsung Store နဲ့တိုက်ရိုက်ချိတ်ပြီး S4 အတွက် သီးသန့်လုပ်ထားပေးတဲ့ App and Feature တွေကိုလည်း ထပ်မံ ပေါင်းထည့်နိုင်ပါသေးတယ်။ Hand free access တို့လည်းပါဝင်ပြီး ကားမောင်းနေရင်း ဖုန်း ဖြေတာတို့၊ ပြောတာတို့ အသုံးပြုလို့ရပါမယ်။ အရင် Samsung Galaxy တွေမှာ ပါခဲ့သလိုပဲ လေမှာ ဝေ့ရမ်းလိုက်ရုံနဲ့ Answer Buttom ကိုနှိပ်ပြီးသား ဖြစ်နေတာ တို့လည်းပါဝင်ဦးမှာပါ။

ဈေးနှုန်း

ဈေးနှုန်းကတော့ တရားဝင် မကြေညာ ထားသေးပါဘူး။ သေချာတာကတော့ iPhone 5 ထက် ဈေးသက်သာနေဦးမှာပါ လို့ ခန့်မှန်းထားကြပါတယ်။ Samsung Galaxy S3 က မြန်မာပြည်မှာ ၄ သိန်းကျော်နဲ့ ရနေပါပြီ။ ယခု Samsung Galaxy S4 ရဲ့ တန်ဖိုးက S3 ထွက်တုန်းကလို ၄၅၀ ဝန်းကျင်မဟုတ်တောင် ၆၀၀ USD ဝန်းကျင်ထက် မပိုနိုင်ဘူးလို့ ခန့်မှန်း ထားကြပါတယ်။ Google Nexus ဖုန်းကလည်း ထွက်ဦးမယ်ဆိုတော့ ပြိုင်ဘက်တွေကြားမှာ S4 ကိုဈေးတင်မှာ မဟုတ်ပါဘူး။

ဧပြီလ ၂၆ ရက်နေ့ထွက်မယ့် S4 နဲ့ ပက်သက်လို့ ဓာတ်ပုံနဲ့ သတင်း အသေးစိတ် သိချင်ရင်အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.samsung.com/global/microsite/galaxys4/

TechSpaceJournal

No comments:

Related Posts Plugin for WordPress, Blogger...