လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ယေးလ်နှင့် ဟားဗတ်တက္ကသိုလ်ကျောင်းများ ကမ္ဘာ့ထိပ်တန်းအဆင့်တွင်ရှိနေ


အမေရိကန် ဥပဒေကျောင်းများ ထဲတွင် ယေးလ်တက္ကသိုလ် ကလည်းကောင်း၊ ဆေးပညာ တက္ကသိုလ်များ ထဲတွင် ဟားဗတ်တက္ကသိုလ် တို့က လည်းကောင်း  ကမ္ဘာ့ထိပ်တန်း နံပါတ်ဝမ်း အဆင့်တွင်ရှိနေကြောင်း အမေရိကန် News & World Report မှ ထုတ်ဖော်ပြောကြားခဲ့သည်။
စီးပွားရေးကျောင်းများထဲတွင် ဟားဗတ်နှင့် စတန်းဖို့ဒ်တက္ကသိုလ်တို့သည်  ထိပ်တန်းတက္ကသိုလ်များ အဖြစ် သတ်မှတ်ခြင်း ခံရသည်။  နည်းပညာတွင် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီယာ ပညာရပ် တွင် ဘာကလေ၊ စတန်းဖို့ဒ်နှင့် ကာလီဖိုးနီးယား တက္ကသိုလ်တို့ ရရှိကြသည်။
Peabody ကောလိပ်နှင့် Vanderbilt တက္ကသိုလ်တို့ကို ပညာရေးတွင် ထိပ်တန်းအဖြစ်သတ်မှတ်ခံရသည်။
News & World Report မဂ္ဂဇင်းတွင် ထိုကျောင်းထွက်များသည် ကျောင်းပြီးပါက ဒေါ်လာ သိန်းချီပြီး ရနိုင်စွမ်းရှိ ကြောင်း၊ သို့သော် အများစုမှာ ကျောင်းတက်ရင်း ကြွေးပိကာ ဘဝပျက်သွားသူများလည်း ရှိကြောင်း ဖော်ပြထား သည်။ ကျောင်းသားများအနေဖြင့် ရွေးချယ်မှု အရေးကြီးကြောင်း၊ ဘဝအတွက် အာမခံချက်ရှိသည့် ဘာသာရပ် များကိုရွေးချယ်ခြင်းသည် အလုပ်အကိုင် အခွင့်အလမ်းများ အတွက်ပါ အဆင်ပြေနိုင်ကြောင်း ရေးသားထား သည်။

မည်သည့်ကျောင်းသို့ တက်သည်ဖြစ်စေ စည်းကမ်းလိုက်နာနိုင်ရန် အရေးကြီးကြောင်း၊ ကျောင်းတစ်ခုခု တက် တော့မည် ဆိုလျှင် ပညာရှင်များနှင့် တိုင်ပင် သင့်ကြောင်း၊ ဖြစ်ချင်တာ ထက် ဖြစ်သင့်တာ ကို ရွေးချယ်ရန်လည်း အရေးကြီးကြောင်း၊ မိမိနှင့် မလိုက်ဖက်သည့် ဘာသာရပ် များကို ရွေးချယ်ခြင်းကြောင့် ကြွေးတင်ပြီး ဒုက္ခရောက် ကာ ပန်းတိုင် မရောက်နိုင်ကြောင်း၊ ဝါသနာလည်းပါ၊ ဘဝအတွက် အာမခံချက်ရှိမည့် ဘာသာရပ်များကို ရွေးချယ်ရန် လိုအပ်ကြောင်း အကြံပြုရေးသားထားသည်။

No comments:

Related Posts Plugin for WordPress, Blogger...