လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

LGနှင့် Googleတို့ ပူးပေါင်း ထုတ်လုပ်ထားသော Nexus 4


LG အီလက်ထရောနစ် ကုမ္ပဏီနှင့် Google တို့ ပူးပေါင်း ထုတ်လုပ်လိုက်သည့် နောက်ဆုံးပေါ် စမတ်ဖုန်း အမျိုးအစားသစ် ဖြစ်သည့် LG Nexus 4 ကို ၂၀၁၃ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင်ပြီး LG အမှတ်တံဆိပ် product များကို မြန်မာနိုင်ငံအတွက် တစ်ဦးတည်း ရောင်းချခွင့် ရရှိထားသော TMW Enterprise Limited မှ မြန်မာနိုင်ငံအတွက် တရားဝင် တင်သွင်ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်း သိရှိရပြီး ၎င်း LG Nexus 4 ဖုန်းများအတွက် အာမခံသက်တမ်း တစ်နှစ်အပြင် ပါဝင်သော Accessories များအတွက်လည်း ၆ လ အာမခံသက်တမ်း ပါရှိကြောင်း သိရသည်။

အဆိုပါ LG Nexus 4 Smart Phone တွင် Android Version 4.2 Jelly Bean Plus OS နှင့် Qualcomm Snapdragon S4 Processor ကို အသုံးပြုထားပြီး Display Size 4.7 Inches ဖြစ်ကာ Corning Gorilla Glass 2 ဖန်သားမျက်နှာပြင်ကို အသုံးပြု ထားသောကြောင့် ဖုန်းမျက်နှာပြင် အစင်းအခြစ်ရာများ ဖြစ်ခြင်းမှ ကာကွယ်နိုင်မည်လည်း ဖြစ်သည်။ ကင်မရာမှာ rear 8 Mp နှင့် 1.3 Front ဖြစ်ကာ RAM 2GB ဖြစ်သည်။
“Nexus 4 ကို နိုင်ငံတကာမှာ Shortage ဖြစ်နေတဲ့ ကြားကနေပြီး မြန်မာနိုင်ငံမှာ Officially Launch လုပ်တဲ့ တစ်ခုတည်းသော Android Verison 4.2 (Jelly Beam Plus) အသုံးပြုထားတဲ့ Smart Phone အဖြစ် ဒီနိုင်ငံမှာရှိတဲ့ Smart phone User များနဲ့ LG Customer များလက်ထဲသို့ ပို့ဆောင်ပေးချင်လို့ တင်သွင်းခဲ့တာ ဖြစ်ပါတယ်” ဟု TMW Enterprise Limited ၏ အမှုဆောင် ဒါရိုက်တာ မခိုင်သစ်လွင်မှ ပြောသည်။

“Google နဲ့ LG တို့ ဒီဇိုင်း ရေးဆွဲထားတဲ့ Google ရဲ့ စတုတ္ထမြောက် Nexus အမှတ်တံဆိပ် Android Smart Phone ဖြစ်တဲ့ Nexus 4 မှာ LG ရဲ့ အမြင့်မားဆုံး ကိုယ်ပိုင်နည်းပညာတွေ၊ Hardware တွေ၊ Google ရဲ့ အကောင်းဆုံး Application တွေအပြင် အမြန်ဆုံး Android Version စတာတွေကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ဖန်တီးထားတဲ့ အတွက် အပြည့်ဝဆုံး စွမ်းဆောင်မှုနဲ့ နည်းပညာများကို သုံးစွဲသူရဲ့ လက်ဖဝါးပေါ်မှာ တစ်ပြိုင်တည်း ထိတွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။
LG Nexus 4 Smart Phone ကို TMW Enterprise Limited မှ အာမခံ ၁ နှစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ ၄၃၉၀၀၀ ကျပ်ဖြင့် LG ၏ Offical Facebook Page ဖြစ်သော www.facebook.com/LGmobilemyanmar တွင် Pre-Order ပြုလုပ်နိုင်ပြီး မတ်လ ၉ ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ LG Showroom များ၊ Wai Yan Electronics Showroom များအပြင် ဖုန်းဆိုင်များတွင်လည်း TMW Enterprise Limited မှ ဖြန့်ဖြူးသော ပစ္စည်း အစစ်အမှန်များကို မေးမြန်းဝယ်ယူ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

MyanmarMobileApp

No comments:

Related Posts Plugin for WordPress, Blogger...