လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

Motorola Phone X ရဲ့ သတင်းအစအနများ



Google ကနေ ပိုင်ဆိုင်ထားတဲ့ ဖုန်းထုတ်လုပ်သူဖြစ်တဲ့ Motorola ဟာ အခု ထွက်ရှိလာတဲ့ သတင်းပေါက်ကြားမှုတွေ မှန်ကန်ခဲ့မယ်ဆိုရင် Smartphone သရဖူကို အရယူတော့မယ့်ပုံ တွေ့ရပါတယ်။

အခုနှစ် November မှာ ထွက်ရှိလာမဲ့ X Phone လို့အမည်ရတဲ့ ဖုန်းဟာ အရည်အသွေးပိုင်းမှာ အလွန်အမင်းကြီးကို ကောင်းမွန်နေတာ တွေ့ရပါတယ်။

PhoneArena ဆိုက်မှာ ဖော်ပြထားချက်အရ X Phone မှာ 2GHz Snapdragon 800 processor ပါဝင်မယ်လို့ ဆိုပါတယ်။ ဒါဟာ လက်ရှိ Smart Phone တွေအားလုံးထပ် ပိုမြန်ပြီး (4K video တွေကို ပြသနိုင်မဲ့ Processor ဖြစ်ပါတယ်။)

4000mAh battery ဆိုတာဟာလည်း လက်ရှိ Smart Phone Battery တွေရဲ့ ၂ဆနီးပါးလောက် ဖြစ်နေပါတယ်။ နောက်ပြီး Sapphire Glass screen ကိုလည်း ထည့်သွင်းထားမယ် ဆိုပါတယ်။ ဒါဟာ လက်ရှိ အမာကြောဆုံး အသုံးအများဆုံး Gorilla Glass ထက် ၃ဆ ပို မာကြောမှာ ဖြစ်ပါတယ်။

Motorola အမြင့်ပိုင်း ဖုန်းတွေ အတိုင်း ရေစိမ်ခံပြီး carbon fibre နဲ့ ပြုလုပ်ထားတဲ့ ကြောပြင်ပါဝင်မှာဖြစ်ပါတယ်။ ဒီအချက်အလက်တွေဟာ ယုံရခက်လောက်အောင်ကို အကောင်းလွန်နေသလို ဖြစ်နေတယ် မဟုတ်ပါလား။

ဒါ့အပြင် တခြားသတင်းတွေအရ customisible device မိမိကိုယ်တိုင် ပြင်ဆင်လို့ရတဲ့ Smartphone တစ်လုံးလည်း ဖြစ်မယ်လို့ ဆိုပါတယ်။ ကားတစ်စီးကို မ၀ယ်ခင် မိမိစိတ်ကြိုက် အစိတ်အပိုင်းတွေကို ပြင်ဆင်ပြောင်းလဲ တပ်ဆင်နိုင်မဲ့ ပုံစံမျိုးပါ။ Motorola ရဲ့ အကြံပေး Guy Kawasaki ကလည်း သူ့ရဲ့ G+ Page မှာ အဆိုပါ သတင်းကို သေချာစေလောက်တဲ့ စကားတွေ ပြောခဲ့ပါတယ်။ Customisible Porsche ကားတစ်စီးလို သင့်ရဲ့ ဖုန်းကို စိတ်ကြိုက်တပ်ဆင်ရရင် မကောင်းဘူးလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

အခု သတင်းရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဆက်လက် စောင့်မျှော်နိုင်ပါတယ်။

Stuff Myanmar
Via: PhoneArena

No comments:

Related Posts Plugin for WordPress, Blogger...