လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

တောင်ကိုရီးယားမှာ စကတ်အတို မ၀တ်ရ

တောင်ကိုရီးယားနိုင်ငံတွင် မတ်လ(၂၂)ရက်နေ့မှ စတင်ကာ စကတ်အတို အပြတ်များအား ၀တ်ဆင်ခွင့်မပြုတော့သော ဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။ ယခုအခါ၌ ကိုရီးယားနိုင်ငံ၏ နာမည်ကျော်အနုပညာရှင်များ သည် သရုပ်ပျက်လောက်သော စကတ်အတိုများကို ၀တ်ဆင်လာသဖြင့် အမြင်မတင့်တယ်မှုများကို ကြုံတွေ့နေရသဖြင့် ၎င်းဥပဒေအား ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုဥပဒေအား ဖောက်ဖျက်ပါက အမေရိကန်ဒေါ်လာ(၄၅)ဒေါ်လာ ဒဏ်ငွေပေးဆောင်ရန် ပြဋ္ဌာန်း ထားကြောင်း သိရသည်။

မြန်မာပြည်လည်း နောက်ဆို ဒါမျိုးတွေ လုပ်မှ အဆင်ပြေတော့မယ်ထင်ပါတယ်... :)

Skynet TV

No comments:

Related Posts Plugin for WordPress, Blogger...