လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

လက်ဖက်ရည်အသောက်များသူ အရိုးရောဂါဖြစ်နိုင်

အသက် ၄၇ နှစ်အရွယ်ရှိ အမေရိကန်ပြည်ထောင်စု၊ မစ်ချီဂန်မြို့မှ အမျိုးသမီးတစ်ယောက် သည် ထူးခြားသည့် အရိုးရောဂါဝေဒနာကို ခံစားနေရကြောင်း၊ သူမသည် လွန်ခဲ့သည့် ၁၇ နှစ်ခန့်ကစပြီး တစ်နေ့လျှင် လက်ဖက်ရည် အိတ် ၁၀၀ ခန့် သောက်သုံး ခဲ့ကြောင်း ဒက်ထရွိုက် ဆေးရုံကြီးမှ ပြောကြား ခဲ့သည်။
ထိုအမျိုးသမီးသည် ဆေးရုံသို့လာပြီး သူမတွင် ကျောရိုး၊ လက်မောင်း၊ ပေါင်နှင့် ခြေထောက်များ လွန်ခဲ့သည့် ၅ နှစ်ခန့် ကတည်းက အလွန်အမင်း နာကျင်ကိုက်ခဲသည့် ဝေဒနာကို ခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဆရာဝန်များက သူမအား ဓာတ်မှန်ရိုက်ကြည့်ရာတွင် အရိုးများတွင် ကျီးပေါင်းများ တက်နေသည်ကို ထူးဆန်းစွာ တွေ့ရှိခဲ့ရသည်။
ဆေးရုံမှအရိုးပညာရှင် ဒေါက်တာ ဆူဒတ်ခါနှင့် ဟင်နရီဖို့ဒ်ဆေးရုံမှ ပညာရှင်များက ယခုလိုဖြစ်ရခြင်းမှာ လက်ဖက်ရည်ကို လိုသည်ထက်ပိုပြီး သောက်သုံးခြင်းကြောင့် ဖြစ်ရသည်ဟု မှတ်ချက်ချကြသည်။ လက်ဖက်ရည်တွင် ဖလိုရိုက်ဒြပ်ပေါင်းများပါဝင်ပြီး လွန်ကဲစွာ သောက်သုံးမိသောကြောင့်ဟု မှတ်ချက်ချကြ သည်။
လူနာ၏သွေးထဲတွင် ဖလိုရိုက်ပါဝင်မှုနှုန်းသည် သာမန်လူများထက် လေးဆခန့် မြင့်မားနေသောကြောင့် ယခုလို ဝေဒနာ ခံစားရခြင်းဖြစ်သည်ဟု သုတေသီများကဆိုသည်။

Maukkha

No comments:

Related Posts Plugin for WordPress, Blogger...