လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကမ္ဘာ့အသက်အကြီးဆုံးအဘိုး ကျန်းမာရေးစောင့်ရှောက်မှု အငြင်းပယ်ခံရ


ကမ္ဘာ့အသက်အကြီးဆုံးဟု ယူဆရသည့် အသက် ၁၂၈ နှစ်အရွယ်အဘိုး ဂျူးလိယပ်စ် ဝမ်ယွန်ဒူ ဂါတုံဂါသည် ယခုအခါ အသက် ၈၉ နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ဘာ့သ် ဝမ်ဂျီရူနှင့်အတူ ကင်ညာနိုင်ငံ တွင် နေထိုင်လျက်ရှိသည်။ ဂါတုံဂါ၏ မှတ်ပုံတင်ကတ်အရ သူ့အသက်မှာ ၁၂၈ ရှိပြီဟုဆိုနိုင်သည်။
ယခု အဘိုး ဂါတုံဂါသည် အသက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်ကို အငြင်းခံနေရကြောင်း သိရသည်။ ကင်ညာအမျိုးသားဆေးရုံကြီး၏ အာမခံဌာန ကွန်ပျူတာစနစ်က ဂါတုံဂါ၏ကတ်ကို လက်မခံသဖြင့် ကျန်းမာရေးအတွက် ဆေးရုံသို့ပြရန် အခက်အခဲဖြစ်နေရသည်။ ထိုကွန်ပျူတာစနစ်တွင် ၁၈၉၀ ပြည့်နှစ်မှ နောက်ပိုင်းမွေးဖွားလာသူများ အတွက်သာ ထည့်ထားသဖြင့် ၁၈၈၄ ခုနှစ်မွေးသော အဘိုးကို ကွန်ပျူတာက လက်ခံရန် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကွန်ပျူတာမှ လက်မခံသောကြောင့် ကင်ညာအမျိုးသားဆေးရုံ ကလည်း လက်မခံဝံ့ကြောင်း၊ မိသားစု များက အဘယ်ကြောင့် ဤသို့ဖြစ်ရသည် ကို နားမလည်ကြောင်း၊ အာဏာပိုင်များသို့ သွားရောက် တိုင်ကြားကာ ကန့်ကွက်ထားကြောင်း၊ လူငုတ်တုတ် ရှိနေပါလျက် ကျန်းမာရေး အာမခံထားသူအား စောင့်ရှောက်မှု မပေးနိုင် ဆိုခြင်းမှာ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ပြောကြားကြသည်။
ကင်ညာဆေးရုံ အာမခံဌာနကလည်း အသက်ကိုကန့်သတ်ခြင်းမှာ လက်ခံနိုင်ဖွယ် မရှိသဖြင့် ကုမ္ပဏီကို ကန့်ကွက် ထားကြောင်း သိရသည်။ ဆေးကုသခွင့်အာမခံကို ထိုကုမ္ပဏီက ဝန်ဆောင်မှု စတင်ပေးနေသည်မှာ တစ်နှစ်ခန့်သာ ရှိသေးပြီး အသက်အရွယ်နှင့် ပတ်သက်၍ အတွေ့အကြုံ မရှိသေးသောကြောင့် ဤသို့ ကွန်ပျူတာ တွင် မှားယွင်းစွာ ခုနှစ်ကို သွင်းထားခြင်းဖြစ်မည် ဟု ဆေးရုံတာဝန်ရှိသူများက ဆိုသည်။

Maukkha.org

No comments:

Related Posts Plugin for WordPress, Blogger...