လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

Facebook ပို့စ်ကြောင့် ကျောင်းထုတ်ခံရ


ဗီယက်နမ်နိုင်ငံက ၈ တန်းကျောင်းသူတယောက် သူ ဖေ့စ်ဘွတ်မှာ တင်လိုက်တဲ့ စာတစ်ပုဒ်ကြောင့် ကျောင်းတစ်နှစ် ထုတ်ခံ လိုက်ရပါတယ်။

ဒီကျောင်းသူလေးဟာ ဖေ့စ်ဘွတ်ပေါ်မှာ ခေါင်းဆောင်ကြီး ဟိုချီမင်းရဲ့ ၁၉၄၆ ခုနှစ်က မိန့်ခွန်းကို ပြောင်ပျက်ရေးထားတယ် လို့ ဗီယက်နမ် အစိုးရမီဒီယာကနေ ရေးပါတယ်။

ဒီကျောင်းသူရဲ့ ရေးသားချက်ဟာ သမိုင်းကို ထင်ယောင်ထင်မှား မမှန်မကန် ဖြစ်အောင် လုပ်ရုံသာမက ဆရာတွေ ကိုလည်း ပြင်းပြင်းထန်ထန် စော်ကားရာ ရောက်တယ် လို့ ဆိုပါတယ်။ ကျောင်းသူလေးကတော့ သူ အပျော်အပျက် နောက်ပြောင်ရေးခဲ့တာလို့ ပြောပါတယ်။

ဒီကျောင်းသူက သူ့ဖေ့စ်ဘွတ်ပေါ်မှာ ဟိုချီမင်းရဲ့ စကားထဲက တချို့ကို ယူသုံးထားပြီး နောက်ဘယ်တော့မှ စာမေးပွဲဖြေစရာ မလိုတော့ဘူး လို့လည်း နောက်ပြောင် ရေးသားထားတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်နိုင်ငံက လက်ရှိ ကွန်မြူနစ်အစိုးရလက်အောက်မှာ လွတ်လပ်စွာ ပြောဆို ရေးသားခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

Ref: Myawady

No comments:

Related Posts Plugin for WordPress, Blogger...