လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

တိရစ္ဆာန်မိုး (Raining Animals)

တိရစ္ဆာန်မိုး (Raning Animals) ဆိုတာ တိရစ္ဆာန်များ မိုးကဲ့သို့ ရွာသွန်းခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့အနှံ့မှာ ဖြစ်တတ်ပါတယ်။ အများစုကတော့ ဖား၊ ငါး ၊ တီကောင်များ ဖြစ်ပြီး ငှက်မိုးလးည်း ရွာတတ် ပါတယ်။ ပြင်းထန်တဲ့ လေမုန်တိုင်းဟာ ရေထဲမှ ငါးများ၊ ဖားများ၊ အကောင်များကို မိုးပေါ်သယ်ဆောင်ပြီး မိုးကဲ့သို့ အခြား တစ်နေရာမှာ ပြန်လည် ရွာသွန်းခြင်း ဖြစ်ပါတယ်။

အရှင် ဖြစ်နိုင်သလို၊ အသေလည်း ဖြစ်နိုင်ပါတယ်။ မရှင်မသေ ဖားများ၊ ငှက်များ၊ တိရစ္ဆာန်များလည်း ရွာတတ်ပါတယ်။ အေးခဲနေ တာမျိုး၊ ရေခဲရိုက် ထားသလိုမျိုး တို့အပြင် သာမန် အတိုင်း ကျလာတာမျိုး တို့လည်း ရှိပါတယ်။ Waterspout လို့ခေါ်တဲ့ ရေမိုင်တိုင်း (ရေပွေ) က သယ်ဆောင် ရေထဲမှာ စုပ်ယူ သယ်ဆောင် သွားခြင်း ဖြစ်တယ် လို့လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။

သို့ပေမယ့် တစ်ခါတစ်လေကျတော့ သာမန်အတိုင်း ပျံသန်းနေတဲ့ ငှက်များကို လေမုန်တိုင်းက မွေနှောက် သယ်ဆောင်ပြီး တစ်နေရာ မှာ ပြန်လည် ရွာကျ ပါတယ်။ စင်္ကာပူ၊ အမေရိကန်၊ ဗြိတိန်၊ မက္ကဆီကိုတို့မှာ တိရစ္ဆာန် အကောင် အရေအတွက် အများဆုံး တိရစ္ဆာန်မိုးရွာသွန်းမှုများ စံချိန်တင်ခဲ့ဖူးပါတယ်။ ငါးအကောင်ပေါင်း ထောင်ချီ၊ ဖား အကောင်ပေါင်း ထောင်ချီ ရွာကျတာမျိုးလည်း ရှိခဲ့ပါတယ်။ ဖားရော၊ ငါးရော၊ အခြားသော တိရစ္ဆာန်များ ရောယှက်လို့လည်း ရွာပါတယ်။

အနီးစပ်ဆုံးအနေနဲ့ကတော့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ဖိလစ်ပိုင်မှာ ငါးမိုးကြီး ရွာသွန်းခဲ့ကြောင်း သိရပါတယ်။
 
Ref: International News for Myanmar

No comments:

Related Posts Plugin for WordPress, Blogger...