လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ အပန်းဖြေ ကစားကွင်း


Ferrari World လို့ အမည်ရတဲ့ အပန်းဖြေ ကစားကွင်း ဖြစ်ပြီး ကမ္ဘာ့အကြီး ဆုံး အပန်းဖြေကစားကွင်း လို့လည်း စံချိန်တင်ထား ပါတယ်။

တည်နေရာကတော့ အာရပ်ဇော်ဘွားနိုင်ငံ၊ အဘူဒါဘီမြို့ က Yas ကျွန်းပေါ် မှာ ဖြစ်ပါတယ်။ အမိုးနဲ့တင် စုစုပေါင်း ဧရီယာက စတုရန်း ၂သိန်း မီတာ ကျယ်ဝန်းပါတယ်။ အမြင့်ပေ ၁၆၄ ပေ ဝန်းကျင်လောက် အမြင့်ကနေ ဖုံးအုပ်ထားပေးတာ ဖြစ်ပါတယ်။ အထဲမှာ တစ်နာရီ မိုင် ၁၅၀ ကျော်ပြေးတဲ့ ကမ္ဘာ့အမြန်ဆုံး ရိုလာကိုစတာ လည်း ရှိပါတယ်။ အခြားသော အပန်းဖြေ ကစားကွင်းများလည်း ရှိပါတယ်။


အီတလီအခြေဆိုက် Ferrari ပြိုင်ကားထုတ် ကုမ္မဏီက တည်ဆောက် ထားခြင်း ဖြစ်ပြီး Ferrari ကုန်အမှတ်တံဆိပ် ကို လူသိများစေတဲ့ အခြား ကြော်ငြာနည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် နှောင်းပိုင်းက စဆောက်ပေမယ့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ လောက်မှ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

အထဲမှာ Ferrari ကုမ္မဏီရဲ့ နာမည်ကြီး ကားများကို ပြသထား တဲ့ ပြတိုက် လည်း ရှိပါတယ်။ Ferrari World ရဲ့  တည်ဆောက်မှု ပုံစံဟာ ယခုလို သားသားနားနား ရှိနေတာကိုလည်း မြင်တွေ့ရပါတယ်။

Ref: www.ferrariworldabudhabi.com

No comments:

Related Posts Plugin for WordPress, Blogger...