ကမ္ဘာ့ Facility ထောက်ပံမှု အကောင်းဆုံး ကုမ္မဏီအဖြစ် Google ကို မဲပေးကြပါတယ်။ ရုံးထဲမှာလည်း ကစားကွင်းလို လုပ်ထားပေမယ့် အစား အသောက်များကိုလည်း အခမဲ့ စားသုံးခွင့် ပေးပါတယ်။
ဒီထက် ထူးခြားတာ တစ်ခုကတော့ Google ရဲ့ ဝန်ထမ်း တစ်ဦး သေဆုံးရင် ကျန်ရှိတဲ့ သူ မိန်းမ သို့မဟုတ် ယောင်္ကျားက သူ့လစာ တစ်ဝက်ကို တစ်သက်လုံး ရမှာ ဖြစ်ပါတယ်။ အပြည့်တော့ မဟုတ်ပါဘူး။ တစ်ဝက် တိတိ ဖြစ်ပါတယ်။
ပြီးတော့ သားသမီး ရှိရင်လည်း အသက် ၁၉ နှစ်မပြည့်မချင်း ပညာသင် ထောက်ပံ့ကြေး အနေနဲ့ တစ်လကို ဒေါ်လာ တစ်ထောင် ထောက်ပံ့ ပါတယ်။ အခြေအနေအချိန်ကို ကြည့်ပြီး လိုအပ်ရင် ထောက်ပံ့ကြေးကို အကန့်အသတ်တောင် မထားပါဘူး။ ဝန်ထမ်း ခင်ပွန်းသည်က ဖျားနေတာမျိုး၊ ဆေးရုံတက်ရတာမျိုး ရှိရင်လည်း လစာကို ပုံမှန်ပေး ပါတယ်။ ထောက်ပံ့စရိတ် လည်း ပေးပါတယ်။
ယင်းအတွက် Google က အကျိုးအမြတ်မရပေမယ့် သက်သက်ကို ငွေကြေး အကုန်ကျခံလို့ ပြုလုပ်ပေးတဲ့ ပရဟိတ တစ်ခု ဖြစ်ကြောင်း သိရပါတယ်။

Myanmar Online News
No comments:
Post a Comment