လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဂဏန်းစတိုင်အက အစ ဘယ်သူက


ပုံမှာ မြင်တွေ့နေရတဲ့ ရှေးဟောင်းအမွေအနှစ် ဗိသုကာ လက်ရာ ကတော့ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့  က Seokbulsa အမည်ရ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ခုကလို့ ဆိုပါတယ်။

ယင်း ဗိသုကာ လက်ရာထဲမှာ ဘယ်ဘက်က ကလေးပုံဟာ ဘုရားလောင်းမွေးဖွားစဉ် လက်တစ်ချောင်း ထောင်နေတဲ့ပုံ ဖြစ်ပြီး ညာဘက်ကပုံ အတွက်တော့ ဖြေရှင်းချက် ပေးမထားပါဘူး။

နောက်တစ်မျိုး ကတော့ ယင်းဟာ တောင်ကိုရီးယားရဲ့ နာမည်ကျော် စစ်သူကြီး Jim Rim Hoon မှ တိုက်ပွဲမှ ပြန်လာတိုင်း အောင်ပွဲစဉ်တဲ့ အကလို့ ဆိုပါတယ်။

နောက်တစ်မျိုးကျတော့ တောင်ကိုရီးယားမှ ရှေးပြည်သူများဟာ ဗုဒ္ဓဘာသာ ပွဲတော်များ ကျင်းပတဲ့အခါ အုတ်ရုပ်တုထဲကလို ကခုန်ကြတယ်လို့ ဆိုပါတယ်။

ယင်း လူရုပ်နှစ်ရုပ် ထွင်းထုထားတဲ့ ကျောက်တိုင်ရဲ့  သက်တမ်းကတော့ နှစ် ၁၀၀၀ (တစ်ထောင်) ရှိပြီလို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊ Gangnam ပြည်နယ်နေ လူချမ်းသာများရဲ့ ဘဝနေထိုင်မှု ပုံစံကို ရည်ညွန်းတဲ့ Gangnam Style အက ဟာ PSY အတွက် အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ ဂန်းနမ်းစတိုင် အက (မြင်းစီးအက) နဲ့ ကမ္ဘာကျော်သွားတဲ့ PSY ရဲ့ အက ဘယ်က စတယ်ဆိုတာ ကို တောင်ကိုရီးယား မီဒီယာများမှ မွှေနှောက်ရှာဖွေ ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။
Ref: International News for Myanmar

No comments:

Related Posts Plugin for WordPress, Blogger...