လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

သမ္မတ မပါတဲ့ ရာထူး အပ်နှင်းပွဲ

ဗင်နီဇွဲလားနိုင်ငံမှ ပြည်သူများသည် ဇန်နဝါရီ ၁ဝရက်က ဗင်နီ ဇွဲလား သမ္မတ ဟူဂိုချား ဗက်ဇ်၏ သမ္မတ သက်တမ်းသစ် ရာထူး အပ်နှင်းပွဲ အခမ်းအနားကို  သမ္မတ မပါဘဲ ကရားကာ့စ် မြို့တော်ရှိ လမ်းမကြီးတွင်  ကျင်းပခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ သမ္မတ ဟူဂိုချားဗက်ဇ်မှာ တက်ရောက် နိုင်ခဲ့ခြင်း မရှိပေ။ သမ္မတသည် ကင်ဆာ ရောဂါ ဝေဒနာကို ခံစားရနေပြီး ကျူးဘားနိုင်ငံ ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူလျက် ရှိသည်။ သို့သော် ၄င်းကို ချစ်သော ပြည်သူများက လမ်းမပေါ်တွင် အပြည့် အလျှံ ရှိနေခဲ့သည်။
ဗင်နီဇွဲလား ပြည်သူများသည် သမ္မတကို ချစ်ခင်ကြောင်း ပြသသည့် စာတန်းများကို ကိုင်ဆောင် ထားကာ သမ္မတ ကိုယ်စား ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့် ပုံစံမျိုး ဖြစ်ခဲ့ပါသည်။

နဖူးတွင် သမ္မတကို ချစ်မြတ်နိုးသည်ဟု စာတန်းများ ပါသော နဖူးစည်းများ စည်းထားသည့် ပြည်သူ များက နှုတ်မှလည်း သမ္မတ၏ အမည်ကို အကြိမ်ကြိမ် ရေရွတ် အော်ဟစ် ခဲ့ကြသည်။

ဒုတိယ သမ္မတ နီကိုလပ်မာဒူရိုက လက်ဝဲလက်ဘက် အမေရိကန် နိုင်ငံ သမ္မတများနှင့် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ ချားဗက်ဇ်အား ထောက်ခံသော လူအုပ်ကြီးက သမ္မတ နန်းတော် အပြင်ဘက်တွင် စုရုံးထောက် ခံလျက်ရှိသည်။ ဗဟို  ရုံးချုပ်က သမ္မတ ကျန်းမာရေး မကောင်း၍ ကျမ်းသစ္စာ ကျိန်ဆိုမှုကို ရွှေ့ဆိုင်း ထားကြောင်းနှင့် ချားဗက်ဇ် ကျန်းမာရေး ပြန်ကောင်းလာပြီး တာဝန်ထ မ်းဆောင် နိုင် သည့် အချိန်ထိ လက်ရှိ အစိုးရက ဆက်လက် ထိန်းသိမ်း လုပ်ဆောင် သွားမည်ဟု ပြောကြား ခဲ့သည်။

ဤလုပ်ဆောင်မှုမှာ ချားဗက်ဇ် ကျန်းမာရေး ချို့ယွင်း၍ တာဝန် ထမ်းဆောင် နိုင်ခြင်း မရှိသေးမီ လစ်ဟာမှု မဖြစ်စေရေး အုပ်ချုပ်ရေး အစီအစဉ် တစ်ရပ်ကို တရားဝင် ဆောင်ရွက်ခြင်း ဖြစ်သည်။

ထို့အပြင် သမ္မတ ရာထူး အပ်နှင်းပွဲအား ဆိုင်းငံ့ထားရေး ဆုံးဖြတ်ချက်ကို ဖတ်ကြားသူ ဗဟို တရားရုံးချုပ် ဥက္ကဋ္ဌ လူဆာအက်စ် တီလာမိုရေးလ်က သမ္မတ၏ ကျန်းမာရေး အခြေအနေအား အကဲဖြတ် ရန် ဆေးဘက်ဆိုင်ရာ အဖွဲ့နှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ သမ္မတ ဟူဂို ချားဗက်ဇ်အား ထောက် ခံသည့် အနေဖြင့် ဥရုဂွေး၊ အိုလီးဗီးယား နီတာရာဂွာ၊ ဟေတီ၊ အာဂျင်တီးနားနှင့် အက်ကွေ ဒေါနိုင်ငံ တို့မှ ခေါင်းဆောင်များ တက်ရောက် ခဲ့ကြသည်။

No comments:

Related Posts Plugin for WordPress, Blogger...