လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

မိုဘိုင်းဖုန်းနှင့် ဆက်စပ်သော စိတ်ရောဂါသစ် တွေ့ရှိ

ရယ်စရာ မဟုတ်ပါဘူး။ တကယ် ရောဂါ စစ်စစ်ဖြစ်ပါတယ်။ ဟန်းဖုန်း မရှိတော့ တာမျိုး၊ ဟန်းဖုန်း ပါဝါကုန်သွားတာမျိုး၊ ဟန်းဖုန်း ဘေလ်ကုန် သွားတာ မျိုးကျရင် စိတ်ဓာတ်ကျဆင်းမှုနဲ့ အခြား မအီမသာ ခံစားချက် တစ်ခု ဖြစ်ပေါ်ပြီး ယင်းစိတ်ရောဂါကို Nomophobia လို့ အမည်ပေး ထားပါ တယ်။ 

အရှည်ခေါ်ကတော့ no-mobile-phone phobia ဖြစ်ပါတယ်။ ဖုန်း ပါဝါ ကုန်သွားလို့ ဘက်ထရီ အားမဖြည့်ရသေးတာမျိုး၊ ဖုန်းဘေလ် ကုန်သွားလို့ စိတ်ညစ်ရတာမျိုး ကတော့ တော်များများ တွေ့ကြုံရပါတယ်။ နောက် တစ်နေရာရာ သွားတဲ့အခါ ဖုန်းမေ့ခဲ့တာတို့၊ ဖုန်းပျောက်သွားတာ တို့ ဖြစ်ရင် လည်း ပိုဆိုးတဲ့ စိတ်ခံစားချက် တစ်ခုကို ရပါတယ်။ ပြီးတော့ အသံတစ်ခုခု ကြားတာနဲ့ မက်ဆေ့ခ်ျဝင်တယ်၊ ဖုန်းလာ တယ်လို့ ထင်နေရာကလည်း ယင်း Nomophobia စိတ် ရောဂါ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ 

ဖုန်းရဲ့ လူ့ဘဝ လုပ်ငန်းဆောင်တာမှာ ပါဝင်တဲ့ အစိတ်အပိုင်းက ကြီးမား လာပြီး စိတ်ပိုင်းဆိုင်ရာ တစ်ခုလုံးကို လွမ်းမိုးလာတာမျိုးတို့ ဖြစ်တတ်ပါ တယ်။ ဖုန်းမရှိရင်၊ ဖုန်းလေးမှ မဆက်ရရင် အထီးကျန်တယ် လို့ ထင်မြင် လာတတ်ကြပြီး ဖုန်းကိုအခြေပြုလို့ နေထိုင်မှုများ ပြုလုပ်ပါတယ်။ Nomophobia ရဲ့ နောက်ဆက်တွဲကတော့ အထီးကျန်တယ်လို့ ခံစားရတဲ့ စိတ်ရောဂါ အခြေအနေ တစ်ခုသို့ ရောက်ရှိနိုင်စေတယ်လို့ လေ့လာသူတို့က ဆိုထားပါတယ်။ 

No comments:

Related Posts Plugin for WordPress, Blogger...