အိန္ဒိယ သမုဒ္ဒရာအတွင်းက ကျွန်းနိုင်ငံ ဖြစ်တဲ့ မောလဒိုက်နိုင်ငံ မှာ ၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
မောလဒိုက်နိုင်ငံမှ ဝန်ကြီးချုပ် အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က
သက်ဆိုင်ရာ အရာရှိများက ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ရေအောက် မှာ ဆွေးနွေး
နှီးနှောဖလှယ်မှု၊ စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်ခဲ့ ပါတယ်။
တော်တော်ခက်ခဲပြီး ကမောက်ကမ နိုင်တဲ့ အခြေအနေ တစ်ခု ဖြစ်ပေမယ့်
မဖြစ်ဖြစ်အောင် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအတွက် ရေစိုခံ စာရွက်စာတမ်း၊
စက်ပစ္စည်း၊ ဘောပင်၊ အစရှိသဖြင့်တို့ကို အသုံးပြုခဲ့ကြပါတယ်။
ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးပူနွေးလာမှုကို သတိပြုစေရန် ဖြစ်ပြီး Climate
Vulnerable Forum ရဲ့  ပထမဆုံး ဖိုရမ်ဆွေးနွေးပွဲ လည်း ဖြစ် ပါတယ်။
မောလဒိုက်နိုင်ငံဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ၇ ပေ သာ မြင့်ပြီး နောင်
နှစ်ပေါင်း ၅၀ ဆိုရင် မော်လဒိုက်နိုင်ငံ ဆက်ရှိမရှိဆိုတာ စိုးရိမ်ရတဲ့
အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ရေခဲမြစ်များ အရည်ပျော်ပြီး ပင်လယ်ရေ
မြစ်တက်လာမှုကို သတိပြုလာစေရန် ရေအောက်မှာ ယခုလို ထူးထူးခြားခြား
စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Ref: TechSpaceJournal

No comments:
Post a Comment