လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

မီးတောက်မဲ့ချက်ပြုတ်ရေးအိတ်



Flame less Ration Heaters အား အမေရိကန်တပ်မတော်၏ MRE ရိက္ခာများအတွက် ရည်ရွယ်၍ ရာစုနှစ်တစ်ခုစာ ကျော်လွန်ပြီး ယနေ့အချိန်အထိ အသုံးပြုနေဆဲပင် ဖြစ်ပါသည်။ ယခုအခါ အဆိုပါ မီးတောက်မဲ့ချက်ပြုတ်ရေးအိတ်ကို အများပြည်သူအသုံးပြုနိုင်ရန်အတွက် ဈေးကွက်အတွင်း ရောင်းချတော့မည် ဖြစ်ပါသည်။

အဆိုပါ Heaters တွင် ထုတ်ပိုးထားသော အစားအစာများကို ချက်ပြုတ်ရန်အတွက် လျင်မြန်ပြီး၊ ရိုးစင်းသော ဓာတုဗေဒသဘောတရားကို အခြေခံထားသော အပူပေးနည်းတစ်မျိုးကို အသုံးပြုထားပါသည်။ ၄င်းအိတ် Mealspec Heater Bag တွင် လှုပ်ခတ်ခြင်းဖြင့် အပူထွက်ပေါ်လာပြီး ကြက်ဥနှင့် ငါးများကို ကျက်စေ နိုင်သည့် ဂုဏ်သတ္တိရှိပါသည်။

Flameless Ration Heater အနေဖြင့် အသင့်စား အစားအစာများကိုချက်ပြုတ်နိုင်ရန် အတွက် ၁၀ မိနစ်အတွင်း အပူချိန် ၁၀၀ ဒီဂရီ အထိရောက်၇ှိနိုင်မည်ဖြစ်ပါသည်။ သမားရိုးကျ Heaters (ဥပမာ Trekmates Flameless Outdoor Cooker) အနေဖြင့် အပူချိန် 200º F (93º C) အထိသာ ရောက်ရှိပါသည်။ Flame less Heaters များ၏ အကျိုးသက်ရောက်မှုသည် အသင့်စားရိက္ခာများ၏ အမျိုးအစားများပေါ်တွင် မှီခိုသက်ရောက်မှု ရှိပြီး ၄င်းတို့သည် မီးဖိုချောင်တွင် ချက်ပြုတ်ခြင်းကဲ့သို့ ဖြစ်ပေါ်မည် မဟုတ်ပေ။

Meal spec ဟုခေါ်သော Heater Bag သည် လက်ရှိဈေးကွက်တွင်ရှိနေသော အခြားသော Flame less Meal Heater များထက် စွမ်းဆောင်နိုင်မှုသည် အမြင့်ဆုံးအခြေအနေတွင် ရှိပါသည်။ အခြားသောစနစ်များနှင့် အချက်အလက်များ နှိုင်းယှဉ်ပါကလည်း အရွယ်အစားအားဖြင့် သေးငယ်သည်ကိုလည်း တွေ့ရှိနိုင်မည် ဖြစ်ပါသည်။

Mealspes အတွင်းသို့ရေပေါင်းထည့်လိုက်သည့်အခါ ဓာတုဗေဒ တုံ့ပြန်မှုဖြစ်ပေါ်လာပြီး ၁၂ စက္ကန့်အတွင်း ရေဆူမှတ်အထက် အပူချိန် 220º F (104º C) အထိ ရေက်ရှိပြီး ချက်ပြုတ်ရန်အတွက် ၁၂ မိနစ် အတွင်း အပူချိန် 180º F (82º C) အထိရောက်ရှိမည်ဖြစ်ပါသည်။ မကြာမီအချိန်အတွင်း Heater Bag အား ရောင်းချတော့မည်ဖြစ်ပြီး စတင်ရောင်းချမည့်ဈေးနှုန်းမှာ ၁၂ ခုအတွက် ၁၈ ဒေါ်လာကျသင့်မည် ဖြစ်ပါသည်။

TechSpaceJournal

No comments:

Related Posts Plugin for WordPress, Blogger...