လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အမေရိကန်ရေတပ်မှ ဒီဇိုင်းဆန်း သယ်ယူပို့ဆောင်ရေးရေယာဉ်



အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များအနေဖြင့် မကြာသေးမီက ၄င်းတို့၏ ကုန်းရေနှစ်သွယ်သွားလာသော ကုန်တင်ရေယာဉ်တစ်မျိုး Ultra Heavy-lift Amphibious Connector (Uhac) ကို ဟာဝိုင်အီရှိ မရိန်းတပ်ဖွဲ့များ လေ့ကျင့်ရာနေရာ၌ ကျင်းပပြုလုပ်သော ပြပွဲတွင် ထုတ်ဖော်ပြသခဲ့သော်လည်း ၄င်းရေယာဉ်အနေဖြင့် မည်သည့်အချိန်၌ စတင်တာဝန်ထမ်းဆောင်မည်ကို မသိရှိရပေ။

Uhac အနေဖြင့် တစ်နာရီလျှင် အမြန်နှုန်း ၂၅ မိုင် (၄၀ ကီလိုမီတာ) မောင်းနှင်နိုင်ပြီး ၃ မီတာအမြင့်ရှိ သော အတားအဆီးများကို ကျော်လွှားနိုင်ပေသည်။ ပြပွဲတွင် နိုင်ငံပေါင်း ၂၀ ကျော်ပါဝင်ခဲ့ပြီး သင်္ဘော ၄၀ စင်း၊ ရေငုပ်သင်္ဘောများ နှင့် လေယာဉ်အစီး ၂၀၀ ထက်မနည်းပါဝင်ခဲ့ပြီး လူပေါင်း ၂၅၀၀၀ ကျော်ရှိကာ တီထွင်လျက်ရှိသော နည်းပညာများနှင့် ထုတ်လုပ်နေမှုအခြေအနေများအကြောင်း ဆွေးနွေးခဲ့ကြသည်။
ရေယာဉ်အနေဖြင့် တပိုင်းပုံစံအခြေအနေတွင်ရှိနေပြီး အလူမီနီယံဖြင့် တည်ဆောက်ထားကာ အလျား ၁၃ မီတာ၊ အကျယ် ၈ မီတာ နှင့် အမြင့် ၅ မီတာရှိသည်။ တစ်စီးလုံးပုံစံအနေဖြင့်ဆိုပါက အမေရိကန်၏ထုတ် ကမ္ဘာ့ပေါ်ရှိ အကောင်းဆုံးတင့်ကားဖြစ်သော M1A1 တင့်ကားသုံးစီး၊သို့မဟုတ် ကုန်တန်ချိန် ၂၀၀ တန်ကို သယ်ဆောင်နိုင်မည်ဖြစ်ပြီး အတိုင်းအတာအနေဖြင့် အလျား ၂၅ မီတာ ၊ အမြင့် ၁၀ မီတာ ရှိမည်ဖြစ်သည်။

ရေယာဉ်အနေဖြင့် ကုန်းပေါ်သို့ရောက်ရှိသွားသည့်အခါ တင့်ကားကဲ့သို့ပင် ခက်ခဲကြမ်းတမ်းသော သဲ နှင့် ရွံမြေများကိုပင် ဖြက်ကျော်မောင်းနှင်နိုင်မည်ဖြစ်ပါသည်။ လက်ရှိထုတ်လုပ်ထားသော နမူနာယာဉ်အနေဖြင့် တစ်နာရီလျှင် ၅ မိုင်သာ ရောက်ရှိသေးသော်လည်း နောက်ဆုံးအဆင့်ထွက်ရှိလာပါက ၄င်းနှုန်းထက် ငါးဆ ပိုမိုရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Related Posts Plugin for WordPress, Blogger...