မြတ်စွာဘုရားကို စပျစ်သီးမလှူနဲ့... ပျက်စီးတတ်တယ်။
ဖရဲသီးမလှူနဲ့- ဖရိုဖရဲဖြစ်တတ်တယ်။
မာလကာသီးမလှူနဲ့- မာလကာ(သေဆုံး)သွားတတ်တယ်။
လိမ္မော်သီးမကပ်နဲ့- အလိမ်ခံရလိမ့်မယ်..
ပန်းသီးမလှူနဲ့- ကိုယ်စိတ် ပန်းတတ်တယ်။
နှင်းဆီပန်းမလှူရ- ဆူပါတဲ့နှင်းဆီပန်းကို လှူရင် အနှောင့်အယှက်တွေ့တတ်တယ်။
ကြာပန်းလှူရင်- ကြန့်ကြာတတ်တယ်လို့
ယူဆကြပြီး တစ်ချို့မလှူကြဘူး။ အဓိပ္ပါယ်မရှိတဲ့ အယူအဆတွေပါ။
စကာလုံးရဲ့ အသံထွက်အတိုင်းသာ ဖြစ်ရစတမ်းဆိုရင် လူတိုင်း "မင်း"ဖြစ်ကုန်မှာပေါ့။
လာလို့လဲဆိုတော့ လူတိုင်း "ထမင်း"နေ့တိုင်း စားနေကြတာပဲမဟုတ်လား။
ဘယ်သူမှ "ထ" ပြီး "မင်း" မဖြစ်ပါဘူး။
မင်းဖြစ်ထိုက်တဲ့ ဘုန်းကံပါရမီ ပါတဲ့ပုဂ္ဂိုလ်တွေပဲ မင်းဖြစ်ကြတာပါ။
ဒီတော့ စကားလုံးတွေရဲ့အသံထွက်ပေါ်မှာ ကောင်းကျိုးဆိုးပြစ်ဆုံးဖြတ်တာ ၀ါသနာပါတယ်၊
မစွန့်နိုင်ဘူးဆိုရင်လည်းပဲ အဆိုးအမြင်ဝါဒနဲ့မကောတ်ပဲ
ကောင်းတဲ့ဘက်ကို အဓိပ္ပါယ်ကောင်းရင် ကောင်းမှာပါပဲ။
ဖရဲသီးလှူရင် ဖရိုဖရဲမဖြစ်တော့ဘူး....
စပျစ်သီးလှူရင် စ ကတည်းက ပျစ် ပျစ်နှစ်နှစ်လေး...ဆိုပြီး စသည်ဖြင့်
ဒါပေမဲ့ ရွှေတစ်ပြုံကြီး ရအောင် ရွှေဖရုံသီးလှူတယ်ဆိုပြီး ဘုရားစင်ပေါ် ဖရုံသီး အလုံးလိုက် လချီတင်ထားတာမျိုး၊
ကံစွမ်းအောင် ကန်စွန်းရွက်လှူတယ်ဆိုပြီး ကန်စွန်းရွက် အစိမ်းလိုက်တွေကို ဘုရားရှေ့ ရက်ရှည်တင်ထားတာမျိုး.....
နေ့ချင်း၊ညချင်း ကြီးပွားအောင်ဆိုပြီး နေ့မှာ ချင်းတစ်တက်၊ ညမှာ ချင်း တစ်တက်လှူထားတာမျိုး လုံးဝမသင့်တော်ပါဘူး။
လှူချင်သပဆိုရင် ရွှေဖရုံသီးချက်ပြီးကပ်၊ ကန်စွန်းရွက်ကြော်ပီးလှူမယ်ဆိုရင် ဆွမ်းလှူခြင်းအကျိုး ရရှိမည် မဟုတ်ပါလော။
(ကျမ်းကိုး==> ဆရာတော် အရှင်ဆန္ဒာဓိက၏ "ကြာလိုလူ"စာအုပ်မှ)
No comments:
Post a Comment