လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

၂၀၁၂ ခုနှစ်၏ လူကြည့်အများဆုံး Youtube ဗီဒီယို ၁၀ ခု

၂၀၁၂ ခုနှစ်အတွက် လူကြည့်အများဆုံး Youtube က ဗီဒီယို ၁၀ ခုကို အစဉ်အတိုင်း ဖော်ပြလိုက်ပါတယ်။

၁။ ထိပ်ဆုံးမှာတော့ အားလုံး သိပြီးတဲ့အတိုင်း PSY ရဲ့ Gangnam Style ဖြစ်ပါတယ်။
 

၂။ "Somebody That I Used to Know - Walk off the Earth (Gotye - Cover)"
Walk off the Earth အဖွဲ့ရဲ့  သီချင်းဖြစ်ပြီး ဂီတာ တစ်လက်ကို အားလုံး ပေါင်းတီးပြတဲ့ Performance လေး တော်တော်လူကြိုက်များပါတယ်။


၃။ "KONY 2012"
ယူဂန်ဒါမှာ ကလေးသူပုန်မွေးထုတ်တဲ့ ကိုနီနဲ့ ကလေးတွေရဲ့ အကြောင်းကို ဒရာမာ ဆန်ဆန် ရိုက်ကူးထားတဲ့ ရုပ်ရှင်တိုလေး တစ်ခု ဖြစ်ပါတယ်။ နာရီနီးပါးကြာပါတယ်။ ဗီဒီယိုကိုတော့ ရှည်လို့ တင်မပေးတော့ပါဘူး။

၎။"Call Me Maybe' by Carly Rae Jepsen - Feat. Justin Bieber, Selena, Ashley Tisdale & MORE!" 
Carly Rac အပြင် Featuring အဖြစ် Justin Bieber, Selena, Ashley အစရှိသဖြင့် အနုပညာရှင် တော်တော်များများ ပါဝင်သီဆိုတဲ့ သီချင်း ဖြစ်ပါတယ်။ ဗီဒီယို ရိုက်ထားတာ Resolution မကောင်းပေမယ့် ခပ်မြူးမြူး သီချင်းမို့လို့ လူကြိုက် များပါတယ်။


၅။ "Barack Obama vs Mitt Romney. Epic Rap Battles Of History Season 2."
အမေရိကန် သမ္မတ အိုဘားမားနဲ့ အမတ် မစ်ရွန်မနီတို့ ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်မှုကို သရော်ထားတဲ့ ရပ် သီချင်းလေး ဖြစ်ပါတယ်။

၆။ "A DRAMATIC SURPRISE ON A QUIET SQUARE"
ဘယ်လ်ဂျီယမ် မြို့ လယ်ခေါင်မှာ ရိုက်ကူးထားတဲ့ တစ်ခန်းရပ် ပြဇာတ်ဆန်ဆန် ဟာသလေး ဖြစ်ပါတယ်။ လူနာတင်ယာဉ် ရောက်ရှိလာပြီး တစ်ခုပြီး တစ်ခု ဆက်တိုက်ဖြစ်သွားတဲ့ ဖြစ်ရပ်များက ရယ်ရခက်၊ ငိုရခက် ဖြစ်ပါတယ်။


၇။ "WHY YOU ASKING ALL THEM QUESTIONS? .. #FCHW"
လူငယ်တို့ နေထိုင်မှုစရိုက်ကို သရော်ထားတဲ့ ဗီဒီယိုတိုလေး ဖြစ်ပြီး ဒါလည်း လူကြိုက်များပါတယ်။



 
 

၈။ "Dubstep Violin- Lindsey Stirling- Crystallize"
 Lindsey Stirling ရဲ့  သီချင်းကောင်း ဖြစ်ပါတယ်။ တယောတီး တော်တဲ့ အဆိုတော်မလေး ဖြစ်ပြီး အမေရိကန်နဲ့ ဥရောပမှာ လက်ရှိ လှည့်လည် ဖျော်ဖြေလျက် ရှိပါတယ်။


၉။ "Facebook Parenting: For the troubled teen."
ဖခင်တစ်ယောက်က သမီးရေးထားတဲ့စာကို ဖတ်ပြတဲ့ ဗီဒီယို ဖြစ်ပါတယ်။ မိဘနဲ့ သားသမီးကြား မေတ္တာကို လူငယ်တွေ heart ထိအောင် ဖော်ပြနိုင်တဲ့အတွက် လူကြိုက်များခဲ့ပါတယ်။ 

၁၀။ "Felix Baumgartner's supersonic freefall from 128k' - Mission Highlights"
ကမ္ဘာ့အပြင်ကနေ ကမ္ဘာထဲ ခုန်ကျတဲ့ လေထီးသမားရဲ့ အဆင့်ဆင့် ဗီဒီယို ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့ သူ့ရဲ့  စွန့်စားမှုကလည်း ကမ္ဘာကျော် လုပ်ရပ်ဖြစ်မို့ လူကြည့်များပါတယ်။ 

နံပါတ် ၃ ဖြစ်တဲ့ Kony ကတော့ အရှည်ဆုံးမို့လို့ ဗီဒီယိုကို တင်မပေးတော့ပါဘူး...။

Ref: TechSpaceJournal

No comments:

Related Posts Plugin for WordPress, Blogger...