လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

Gravity Light

ကမ္ဘာ့မြေဆွဲအားကို အသုံးပြု၍ မီးလင်းနိုင်သည့် မီးလုံးကို ဗြိတိန် ကုမ္ပဏီတစ်ခုက တီထွင်လိုက်ရာ ထို မီးလုံးကြောင့် ကမ္ဘာတစ်ဝန်းလျှပ်စစ် ဓာတ်အားကို လက်လှမ်းမမီ၍ လျှပ်စစ်မီး မထွန်းနိုင်သော လူသား သန်း ထောင့်ငါးရာကျော်ကို အလင်းပေး နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ထိုမြေဆွဲအားသုံး အယ်လ်အီးဒီ မီးလုံးတွင် ကြိုးဖြင့် ချိတ်ထားသော သဲအိတ်ငယ်တစ်ခု ပါဝင်သည်။ ထိုသဲအိတ်ငယ်ကို မီးလုံးတွင် ပါသော ဒိုင်နမိုတွင် ကြိုးဖြင့် ချိတ်ဆက်ထားသည်။ မြေဆွဲအားကြောင့် သဲအိတ်ငယ်သည် အောက်ကို တဖြည်းဖြည်းချင်း လျှောကျ သွားသည်တွင် ဒိုင်နမိုကို လှည့်ပေးသကဲ့သို့ ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထွက်လာကာ မီးလုံးလင်း လာမည်ဖြစ်သည်။ သဲအိတ်ငယ် အောက်ဆုံးသို့ ရောက်ရှိသွားပါက အပေါ်ဆုံး ပြန်ရောက်အောင် သုံးစက္ကန့်ခန့်သာ ပြန်ရစ်တင်ရပြီး ပြန်လွှတ်ထား ပေးပါက နာရီဝက်ခန့်ထိ မီးလင်းနေ နိုင်စွမ်းရှိကြောင်းလည်း သိရသည်။
ထိုမီးလုံးကို GravityLight ဟု အမည် ပေးထားသည်။ ထိုမီးလုံးကို လန်ဒန် အခြေစိုက် Deciwatt.org က တီထွင်ခြင်းဖြစ်သည်။
ထိုမီးလုံးသည် လျှပ်စစ် ဓာတ် အားရှိရန် မလိုအပ်ဘဲ မီးလင်းနိုင် မည်ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်း လျှပ်စစ်ဓာတ်အား လက်လှမ်းမမီ သော လူသား သန်းထောင့်ငါးရာကျော်ထံသို့ အလင်းရောင် ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်သည်။
မိုဘိုင်းဖုန်းများကို ဓါတ်အားပေးသွင်းနိုင်စွမ်း ရှိ- မရှိ မေးခွန်းထုတ်နေကြသည်။


Ref: Maukkha

No comments:

Related Posts Plugin for WordPress, Blogger...