လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

CNET Asia ရဲ့ Top 10 Phones

CNET Asia ကနေရွေးချယ်လိုက်တဲ့ Top 10 Phones များစာရင်းမှာတော့ Samsung ရဲ့ နာမည်ကြီး ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy S3 က ထိပ်ဆုံးနေရာမှာ ရှိနေတာကို တွေ့ ရပါတယ်။ Galaxy S3 နဲ့အပြိုင်ဖြစ်တဲ့ Apple ရဲ့ iPhone 5 ကတော့ တတိယနေရာမှာသာ ရှိတာကိုတွေ့ ရပါတယ်။ CNET Asia မှပြောကြားထားတာကတော့ ယခုစာရင်းသည် မိုဘိုင်းဖုန်းများ ရောင်းချရမှုနှုန်း နှင့် CNET Asia တွင်လာရောက်၍ ဖတ်ရှုသူများရဲ့ စိတ်ဝင်စားမှုနှုန်းများကို အခြေခံ၍ ရွေးချယ်ထားတာ ဖြစ်ကြောင်း သိရပါတယ်။ ယခု CNET Asia Top 10 Phones စာရင်းတွင် Samsung မှ ဖုန်းအရေအတွက် ၄လုံးဖြင့် ဦးဆောင်ထားပြီး HTC မှ ၂လုံး၊ Sony မှ ၂လုံး၊ Apple မှ ၁လုံး နှင့် LG မှ ၁လုံးတို့ ဖြင့် အသီးသီး ပါရှိနေပါတယ်။ CNET Asia မှရွေးချယ်ထားတဲ့ Top 10 Phones များ စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) Samsung Galaxy S3
(၂) Samsung Galaxy Ace 2
(၃) Apple iPhone 5
(၄) Samsung Galaxy Note 2 LTE
(၅) Sony Xperia go
(၆) HTC Desire X
(၇) LG Optimus 4X HD
(၈) Samsung Galaxy S2
(၉) Sony Xperia J
(၁၀) HTC One X+

Ref:Info Tech For Myanmar (IT4M)

No comments:

Related Posts Plugin for WordPress, Blogger...