လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဒီလိုမျိုးမှာ စင်ကာပူလို မဖြစ်စေနဲ့...


ကျွန်တော်တို့ သမ္မတကြီးကတော့ မြန်မာပြည်ကို စင်ကာပူလို ဖြစ်အောင် ကြိုးစားမယ်လို့ ပြောခဲ့တာရှိပါတယ်။ လူနေမှုစနစ် တိုးတက်မှုတွေ၊ ပညာရေးစနစ်ကောင်းမွန်မှုတွေကိုသာ အတုယူပြီး ဒါမျိုးဖြစ်စဉ်တွေ၊ လုပ်ရပ်တွေ ကိုတော့ အတုမယူမိစေ၊ မဖြစ်စေဖို့တော့ သတိပြုဖို့ လိုမယ်ဗျာ...။


စင်ကာပူနိုင်ငံ ထိပ်တန်း နာမည်ကျော် ဥပဒေကျောင်းမှ လူကြိုက်များသည့် ပါမောက္ခတစ်ဦးနှင့် အခြား ကျောင်းဆရာ ၅ ဦးကို မိမိတို့ ကျောင်းသို့ လာတက်သည့် ကျောင်းသားများအား မတော်မတရား ဖောက်ပြန်မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း သတင်းရရှိသည်။
စင်ကာပူအမျိုးသားတက္ကသိုလ်မှ ပါမောက္ခ တေ ဆန်ဟန်း (၄၁ နှစ်) သည်တန်ဖိုးကြီးမားသည့် MontBlanc ဖောင်တိန်မျိုး၊ iPod touch ကဲ့သို့သော တန်ဖိုးကြီးသည့် ပစ္စည်းမျိုး၊ ဆိုင်ချုပ်အင်္ကျီများကို အသက် ၂၃ နှစ် အရွယ်ရှိ ကျောင်းသူတစ်ဦးဖြစ်သူ ဒါရင်း ကို ထံမှ ရယူကာ အဆင့်ကောင်းကောင်းပေးခဲ့ကြောင်း သိရသည်။
သူ့ လာဘ်ပေး လာဘ်ယူမှုကို လာမည့် ဇန်န၀ါရီ ၁၀ ရက်နေ့တွင် တရားရုံး၌ စတင် စစ်ဆေးမည်ဟု ဆိုသည်။ ပါမောက္ခကြီးကဲ့သို့ပင် အခြား ဆရာမနှစ်ဦးမှာလည်း လိင်ဖောက်ပြန်မှုဖြင့် တရားရုံးတွင် တရား ရင်ဆိုင် ရန်ရှိနေသည်။
ဆရာမတစ်ဦးမှာ ထိပ်တန်းကျောင်းကြီး တစ်ကျောင်းမှဖြစ်ပြီး အသက် ၁၅ နှစ် အရွယ် ကျောင်းသား တစ်ဦးနှင့် ပြီးခဲ့သည့် အောက်တိုဘာလ နိုင်ငံရပ်ခြားသို့ လေ့လာရေးခရီးသွားစဉ်က စခဲ့သည့် ဇာတ်လမ်းတစ်ခုဖြစ်သည်။ ထိုဆရာမမှာ အသက် ၃၂ နှစ်ရှိနေပြီဖြစ်ပြီး သူတို့နှစ်ဦးသည် မကြာခဏ ချိန်းတွေ့ကြကြောင်း၊ လူမြင်ကွင်းတွင် တွဲသွား တွဲလာမှုကို ရှောင်ရှားကြကြောင်း၊ ဆရာမ အိမ်တွင် မကြားခဏချိန်းတွေ့ကြပြီး လိင်ဆက်ဆံခဲ့ကြ ကြောင်း၊ မိဘများက သားဖြစ်သူ မူပျက်နေသဖြင့် စောင့်ဖမ်းကာ ကျောင်းသို့ တိုင်သဖြင့် ထိုဆရာမကို ထောင် ၁ နှစ် အပြစ်ပေးခံရကြောင်း သိရသည်။
အခြား အသက် ၃၂ နှစ်အရွယ် ဆရာမတစ်ဦးမှာလည်း အသက် ၁၃ နှစ်အရွယ် တပည့်တစ်ဦးနှင့် တိတ်တဆိတ် လိင်ဖောက်ပြန်နေသည်ကို ကျောင်းလှေကား အဆင်းတွင် မိသဖြင့် လာမည့် လတွင် တရားရုံး၌ အမှု ရင်ဆိုင်ရန် ရှိနေသည်။
အစမ်းခန့် ဆရာနှစ်ဦးမှာလည်း မိမိတို့ကျောင်းသူနှစ်ဦး အပေါ် အလားတူ လိင်ဖောက်ပြန်မှုများ ကျူးလွန်နေ သဖြင့် တရားရုံးတွင် အမှုရင်ဆိုင်ရတော့မည်ဖြစ်သည်။ အသက် ၂၆ နှစ်အရွယ် အစမ်းခန့်ဆရာသည် အသက် ၁၃ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးကို ကျောင်းလှေကားအဆင်းတွင် မဖွယ်မရာ လုပ်နေသည်ကို ဖမ်းမိခြင်း နှင့် အခြားဆရာတစ်ဦးဖြစ်သည့် အသက် ၃၀ အရွယ် ခရစ်စတိန်းဆန် ဆိုသူသည် အသက် ၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦးနှင့် လိင်ဆက်ဆံမှုအကြိမ်ကြိမ် ကျူးလွန်ခြင်းတို့ကြောင့် ရုံးတော်တွင် အမှုရင်ဆိုင်ရန်ရှိ နေသည်။
ပီချွန်း ပုဂ္ဂလိကကျောင်းမှ ကျောင်းအုပ်ဖြစ်သူ လီ လစ်ဟောင် ဆိုသူမှာလည်း အရွယ် မရောက်သေးသည့် ပြည့်တန်ဆာ မိန်းကလေး တစ်ဦးကို ကာမ ဆက်ဆံရန် ငွေပေးခဲ့ပြီး ပျော်ပါးစဉ် မိခဲ့သဖြင့် ဧပြီလ ကတည်းက တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။
လာမည့် ၂၀၁၃ ခုနှစ်မှ စတင်ကာ ပညာရေးဝန်ကြီးအနေဖြင့် အစမ်းခန့်ဆရာများ ခန့်အပ်မှုအတွက် ဥပဒေ သစ်များ ထုတ်ပြန်နိုင်ရန် မျှော်လင့်လျက် ရှိကြောင်းသိရသည်။

Ref: Maukkha

No comments:

Related Posts Plugin for WordPress, Blogger...