လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

မိုက်ခရိုဆော့ဖ်က ၂၅ နှစ်အတွင်း ပထမဆုံး လိုဂိုဒီဇိုင်းပြောင်းလဲ

ဝင်းဒိုးစ်အသစ်နှင့် ဟာ့ဒ်ဝဲများပါထုတ်လုပ်တော့မည့် မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းသည် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပြောင်းလဲလိုက်သည့် လိုဂိုဒီဇိုင်းကို သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ပြသခဲ့သည်။
ဝါစိမ်းနီပြာ လေးရောင်ခြယ် အကွက်လေးကွက်ကို ပြောင်းလဲခြင်းမရှိသော်လည်း ယင်းအကွက်လေးကွက်ကို အလံလွင့်နေသလို စောင်းထားခြင်းကို ဆက်မသုံးတော့ဘဲ လေးထောင့်အတုံးလိုက်ပုံစံအဖြစ် ပြောင်းလဲလိုက်ပြီး ဘေးတွင် မိုက်ခရို ဆော့ဖ်ဆိုသော စာသားကိုရေးထိုးထားသည့်အသွင်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
မိုက်ခရိုဆော့ဖ်သည် မကြာမီလပိုင်းအတွင်း ၀င်းဒိုးစ်-၈ ကွန်ပျူတာမောင်းနှင်စနစ်၊ Office စနစ်သစ်၊ ဖုန်းဆော့ဖ်ဝဲသစ်နှင့် သင်ပုန်းကွန်ပျူတာများကို ထုတ်လုပ်တော့မည်ဖြစ်သည်။
၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လိုဂိုဒီဇိုင်းပြောင်းလဲမှုကို ယခုအခါ မိုက်ခရိုဆော့ဖ်ဝက်ဘ်ဆိုက်တွင် စတင်သုံးစွဲနေပြီဖြစ်သည်။ 

Ref: Reuters

No comments:

Related Posts Plugin for WordPress, Blogger...