လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အင်္ဂါဂြိုဟ်ပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်နှင်း ကျဆင်းကြောင်း နာဆာထုတ်ပြန်

အင်္ဂါဂြိုဟ်ပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်နှင်း ကျဆင်းမှုရှိခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းသည့် အထောက်အထားရရှိ ပြီဖြစ်ကြောင်း အမေရိကန်အမျိုးသားအာကာသအေဂျင်စီ (နာဆာ)က ထုတ်ပြန်ခဲ့သည်။

လူသားတို့ နေထိုင်ရာ ကမ္ဘာပါဝင် သည့် နေအဖွဲ့အစည်းအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ဒ်နှင်း ကျဆင်းမှုနှင့်ပတ်သက်သည့် တစ်ခုတည်းသော အထောက်အထားလည်းဖြစ်သည်ဟု ဆိုသည်။

ရေခဲခြောက်ဟု ထင်ရှားသည့် အေးခဲနေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဖြစ်ရန်မှာ အပူချိန် အနုတ် ၁၂၅ ဒီဂရီစင်တီဂရိတ် (အနုတ် ၁၉၃ ဒီဂရီဖာရင်ဟိုက်)ရှိရန်လို အပ်ပြီး ရေခဲမှတ်ထက် ပိုမြင့်သည်။

ကာဗွန်ဒိုင်အောက်ဆိုက်ဒ်နှင်း ကျခြင်းက ဖော်ပြနေသည်မှာ အင်္ဂါဂြိုဟ်၏ အချို့သော အစိတ်အပိုင်းများသည် ကမ္ဘာမြေနှင့်တူနိုင်သည်ဟု ပညာရှင်များက မျှော်လင့်နေကြသော်လည်း အလွန်ကွဲပြားခြားနားသည့် ပတ်ဝန်းကျင်ရှိနေသည့်အချက်ကို ပြသနေသည်ဟု နာဆာကထုတ်ပြန်ခဲ့သည်။

''ဒီတိမ်ထုတွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်နဲ့ ဖွဲ့စည်းထားတယ်ဆိုတာ ကျွန်တော်တို့ ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်။ ဒီတိမ်ထုတွေဟာ ဂြိုဟ်မျက်နှာပြင်အပေါ် နှင်းအဖြစ် ရွာချဖို့ လုံလောက်တဲ့အနေအထားထိ ထူထဲမှုလည်း ရှိပါတယ်''ဟု ယင်းအစီရင်ခံစာကို ဦးဆောင်ထုတ်ပြန်ခဲ့သည့်နာဆာ Jet Propulsion ဓာတ်ခွဲခန်းမှ ပေါလ်ဟေးန်က ဆိုသည်။

အင်္ဂါဂြိုဟ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ရေခဲထုများရှိသည်ကို သိရှိသည်မှာ ကြာပြီဖြစ်ပြီး ၂၀၀၈ ခုနှစ်က နာဆာ၏ စူးစမ်းရေးယာဉ် ဖီးနစ်က ဂြိုဟ်မြောက်ပိုင်းတွင် ရေခဲနှင်းကျသည်ကို မှတ်တမ်းတင်နိုင်ခဲ့ဖူးသော်လည်း ယခုအခါတွင်မှ တွေ့ရှိချက်အား လုံးကို စုပေါင်းကာ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

Ref: Eleven

No comments:

Related Posts Plugin for WordPress, Blogger...