လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

မျက်နှာမှာ အရေးအကြောင်း နည်းလိုသူများအတွက်


ဘယ်သူမဆို မိမိရဲ့မျက်နှာလေးမှာ အရေးအကြောင်းတွေထလာမှာ စိုးရိမ်တတ်ကြပါတယ်။ အထူးသဖြင့် မိန်းကလေးတိုင်း အရေးအကြောင်းတွေကို မရှိစေချင်၊ နည်းစေချင်ကြတာ အမှန်ပါပဲ၊
ဒီအတွက် မျက်နှာပေါင်းတင်လွာလေးတွေနဲ့ အရေးအကြောင်းမရှိအောင် ကာကွယ်တတ်ကြပါတယ်၊ မျက်နှာပေါင်းတင်လွာတွေနဲ့ လုပ်ကြတဲ့တစ်ချိန်တည်းမှာ အခြားအချက်တွေကိုလည်း သတိပြုလိုက်နာဖို့လိုပါတယ်။
ပထမဦးစွာ အသားအရေခြောက်သွေ့တာဟာ မျက်နှာမှာ အတွန့်အရစ်တွေ၊ အရေးအကြောင်းတွေပေါ်စေတဲ့ အဓိကအကြောင်း ဇစ်မြစ်ဖြစ်ကြောင်း သိရှိဖို့လိုပါတယ်။ အရေပြားမှာ ရေဓါတ်မလုံလောက်ရင် ရွှန်းစိုပြောင်လက်မူနဲ့ ကြွကန်အားတွေ လျှော့ပါးကင်းမဲ့နေလို့ အေ၇းအကြောင်းတွေထလာတတ်တာ အမှန်ပါပဲ။ ဒါကြောင့် မျက်နှာ စိုပြေစေမယ့် အစိုထိန်း မျက်နှာပေါင်းတင်လွာကို နေ့စဉ်ပြုလုပ်ပြီး ရေဓါတ်ပံ့ပိုးပေးပါ။ ရေ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေး၊ သောက်ပေးပါ။
မျက်နှာသစ်တဲ့အခါ သိပ်အားမစိုက်ဖို့လည်း သတိထားပါ။ မျက်နှာကို အားနဲ့ပွတ်တိုက်ရင်၊ အသားအရေကို အားနဲ့ဆွဲလွန်း၊ဖိလွန်းရင် အရေပြားမှာစုကပ်မူကြောင့် အရေးအကြောင်းလေးတွေ ထလာတတ်ပါတယ်။ ဒါကြောင့်ဒီအချက်ကို အလေးအနက်ထားရှောင်ရှားပါ။
နောက်တစ်ချက်ကတော့ မျက်နှာသစ်တဲ့အခေါက်ရေ များလွန်းရင် (သို့) အပူချိန် မြင့်လွန်းတဲ့ရေပူနဲ့ မျက်နှာသစ်ရင် မျက်နှာပေါ်က အဆီတွေဆုံးပါးကုန်မှာမို့ အသားအရေမှာ အဆီဓါတ်ကင်းပြီး ခြောက်သွေ့နေလိမ့်မယ်။ အဲဒီအခါ အတွန့်အရစ်၊ အရေးအကြောင်းတွေထလာတတ်ပါတယ်။
ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်နဲ့ အထိများရင် (နေပူခံလွန်းရင်) လည်း အရေးအကြောင်း ပေါ်တတ်ပါတယ်။ ခရမ်းလွန်ရေင်ခြည်ဟာ အရေပြားအတွင်းက ကော်လိုက်ဖိုင်ဘာမျှင်ကို ဖျက်ဆီးပစ်နိုင်လို့ပါပဲ။ ဒါကြောင့် အကာအကွယ်မပါဘဲ နေပူထဲမထွက်ပါနဲ့။ ဦးထုပ်ဆောင်းပါ။ နေဒဏ်ခံ အရည်၊ ခရင်(မ်)တစ်မျိုးမျိုးလိမ်းပေးပါ။
ဆေးလိပ်သောက်တာဟာလည်း အသားအရေ အလှအပကို ဖျက်ဆီးပစ်နိုင်တယ်။ ဆေးရွက်ကြီးမှာပါတဲ့ နီကိုတင်းဓာတ်ဟာ သွေးလည်ပတ်မှုကိုထိပါးနိုင်လို့ အရေပြားလျော့ရဲတွဲကျကာ၊ အရေးအကြောင်းပေါ်တာတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် မျက်နှာမှာ အရေးအကြောင်းကင်းချင်၊ နည်းချင်ရင် ဆေးလိပ်ကို ဝေးဝေးရှောင်ပါ။
အခုဖော်ပြပေးတဲ့ အချက်လေးတွေကို လိုက်နာကြည့်မယ်ဆိုရင် အသက်အရွယ်ကြောင့် အရေးအကြောင်းလေးတွေ ထတတ်တာနဲ့ သဘာဝတရားကြောင့် ထတတ်တဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေကို အတိုင်းအတာတခုအထိ သိသိသာသာ ကာကွယ်နိုင်ပါတယ်...။

from Facebook 

No comments:

Related Posts Plugin for WordPress, Blogger...