လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

iPhone 5 စတင်မိတ်ဆက်

Apple Company ဟာ သူ့ရဲ့ iPhone နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ iPhone 5 ကို မနေ့က (12.9.2012) မြန်မာအချိန် ည ၁၁ နာရီခွဲ၊ ဆန်ဖရန်စ္စကိုမြို့မှာ စပြီး မိတ်ဆက်ပြသခဲ့ပါတယ်။



သူ့ရဲ့ အထူက ၇.၆ မီလီမီတာပဲရှိပြီး လက်ရှိဖုန်းတွေထဲမှာ အပါးဆုံးဖြစ်ပါတယ်။ ဖုန်းရဲ့ Processor ကတော့ A6 processor ဖြစ်ပြီး Screen အကျယ်က အရင် iPhone တွေထက်ပိုကြီးလာကာ ၄ လက်မထိ ရှိလာခဲ့ပါတယ်။ AG LTE စနစ်လဲ ပါဝင်လာပါတယ်။ ဖုန်းတခုလုံးကို မှန်၊ အလူမီနီယမ်တို့နဲ့သာ ပြုလုပ်ထားပြီး အလေးချိန် ၁၁၂ ဂရမ်သာ ရှိပါတယ်။ အရောင်ကတော့ အဖြူနဲ့ အနက်နှစ်မျိုးရပါတယ်။ Touch Screen ကို သူ့ဖန်သားထဲမှာ ပေါင်းထည့်ပြီး ထုတ်လုပ်ထားတာပါ။ Ultrafast Wireless နည်းပညာသုံးထားပြီး ဘက်ထရီကတော့ 3G နဲ့ပြောရင်၊ အင်တာနက်သုံးရင် ၈ နာရီ၊ LTE နဲ့ဆို ၁၀ နာရီ အသုံးပြုနိုင်ပါတယ်။ ဖုန်းနဲ့ ချိတ်ဆက်ကြိုးတွေက ကြိုးခေါင်းတွေ သိသိသာသာသေးသွားတာကို တွေ့ရမှာပါ။ သူ့ရဲ့ iOS 6 ကို ဒီလ ၁၉ ရက်နေ့ကစပြီး ဒေါင်းလုတ်ယူနိုင်မှာဖြစ်ပြီး သူ့ကို iPhone 4S, iPhone4, New iPad, iPad2, 4th Generation iPod တွေမှာ သုံးနိုင်ပါတယ်။ Sim Card က အရင်လို Micro မဟုတ်တော့ဘဲ Nano အဆင့်ထိ သေးငယ်အောင် ပြုလုပ်ထားပါတယ်။ 
ကင်မရာက 8 Megapixel 3264x2448 resoultion ဖြစ်ပြီး ဗီဒီယိုရိုက်နေတုန်း ဓာတ်ပုံရိုက်နိုင်ကာ မြင်ကွင်းကျယ်ရိုက်ဖို့အတွက် 28 megapixel ထိရိုက်နိုင်ပါတယ်။ ဗီဒီယိုကတော့ 1080p HD ပါ။
Siri အဆင့်မြှင့်ပြီး နှုတ်ကနေ ပြောကာ အသုံးပြုနိုင်ကာ Facebook Post စတာတွေကို တင်နိုင်ပါတယ်။ 3 D မြေပုံသစ်စနစ်လည်း ပါဝင်လာခဲ့ပါတယ်။
Microphone သုံးခုအထိပါဝင်လာမှာဖြစ်ပြီး နားကျပ်ပုံစံပြောင်းလဲကာ earpods သုံးထားပါတယ်။
Passport Application အသစ်ပါဝင်လာပြီး ပွဲလက်မှတ်အနေနဲ့ နေရာတော်တော်များများမှာ သုံးနိုင်လာကာ ၊ လေယာဉ်ခရီးမှာ Boarding Pass အဖြစ်အသုံးပြုနိုင်ပါတယ်။
နှစ်နှစ်ဖုန်းလိုင်းစာချုပ်နဲ့ဆို ၁၆ Gb ကို ၁၉၉ ဒေါ်လာကျမှာဖြစ်ပြီး ဖုန်းအလွတ်ဈေးကတော့ မထုတ်ပြန်ရသေးပါဘူး၊ ၁၄ ရက်နေ့မှာ စပြီး ဖုန်းကို မှာယူနိုင်မှာပါ။




 

အရင်ထုတ်ခဲ့တဲ့ iPhone တွေနဲ့ ဘာကွာခြားသွားလဲဆိုတာ သိချင်ကြသူများအတွက် ဒီလင့်လေးမှာ iPhone 4, 4s, 5 တို့၏ ကွာခြားချက်တွေကိုကြည့်ရှုနိုင်ပါတယ်...။

No comments:

Related Posts Plugin for WordPress, Blogger...