လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

iPhone 6 နှင့် iPhone 6 Plus ကြေညာပြီ

iPhone 6 နဲ့ iPhone 6 Plus ဆိုပြီးတော့ Apple မှ တရားဝင် ကြေညာလိုက်ပါပြီ။





၁) ပထမဆုံး ပေါ်ခဲ့ဖူးတဲ့ iPhone ထက် Processor က အဆ ငါးဆယ် မြန်ပါတယ်။
၂) 3D အမြင်ကဲ့သို့ ကောင်းမွန်သော မြင်ကွင်းကို ဂိမ်းအတွက် ထောက်ပံ့ထားသည်။
၃) Graphic က ပထမဆုံး iPhone ထက် ၈၄ ဆ ကြည်လင်သည်။
၎) A8 Chip က ယခင် Processor ထက် ၂၅ ရာခိုင်နှုန်းပိုမြန်၍ graphic ကို ၅၀ ရာခိုင်နှုန်း တက်စေ။
၅) iPhone 6 တွင် pixel တစ်သန်း ပါဝင်ပြီး iPhone 6Plus တွင် pixel ၂ သန်း ပါဝင်သည်။
၆) ကမ္ဘာ့ ဂိမ်း Developer ကုမ္ပဏီကြီး ၂၅ ခုမကနဲ့ သဘောတူညီချက်ရယူထားတာမို့ ဂိမ်မာ များအတွက် iPhone 6 နဲ့ 6 Plus ဟာ ဂိမ်းဆော့စရာ ပစ္စည်း တစ်ခုလည်း ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။
၇) iPhone 6 က ၄.၇ လက်မ၊ iPhone 6S က ၅.၅ လက်မ အရွယ် ရှိပါတယ်။
၈) M8 coprocessor မှ accelerometer, gyroscope, and compass တို့မှ Motion data များကို အဆက်မပြတ်ရယူနိုင်။ Sensor နည်းပညာ မြင့်တက်လာမှုကို Apple တို့ ရည်ညွန်းဖော်ပြခဲ့ပါတယ်။
၉) 802.11ac အရည်အသွေး ရှိတဲ့ Wi-Fi ပစ္စည်းဟာ လက်ရှိ iPhone 5S ထက် သုံးဆ မြန်တာကြောင့် အင်တာနက်လိုင်း စွဲအား အင်မတန် ကောင်းတဲ့ စမတ်ဖုန်း ဖြစ်လာပါလိမ့်မယ်။
၁၀) iPhone 6 မှာ 8MP iSight camera, 1.5µ pixels, ƒ/2.2 aperture ရှိပြီး Digital image stabling နည်းပညာ ပါဝင်ပါတယ်။
၁၁) ဗီဒီယို ရိုက်တဲ့အခါပဲ ဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်တဲ့ အခါပဲ ဖြစ်ဖြစ် ပြုံးနေတဲ့ ပုံတွေ၊ အကောင်းဆုံး ရိုက်ချက်ပုံတွေကို အကြံပေးတာမျိုးအထိ ကင်မရာမှာ မှတ်ဥာဏ် ပါဝင်လာပါတယ်။ 120 fps သို့မဟုတ် 240 fps အရည်အသွေးနဲ့ slow motion ဗီဒိယို ရိုက်နိုင်ပါတယ်။
၁၂) ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေမယ့် ကျန်းမာရေး App ဖြစ်တဲ့ Health App ဆိုတာလေး ပါဝင်လာပါပြီ။
၁၃) ကြိုတင် မှာယူမှုကို စက်တင်ဘာလ ၁၂ ရက်နေ့ဆိုရင် စလုပ်နိုင်ပါပြီ။
၁၄) စက်တင်ဘာလ ၁၇ ရက်နေ့က စလို့ iOS 8 ကို အခမဲ့ Download ဆွဲနိုင် ပါပြီ။
၁၅) Tim cook မှတ်ချက် - “These iPhones obviously have bigger displays, but more importantly, they’re amazing products in every single way.”
၁၆) ပိုက်ဆံအိတ်တွေကို အစားထိုးမယ့် အရာတစ်ခုလို့ Apple က စပြီး Payment အတွက် သုံးစရာ device တစ်ခု ဖြစ်အောင် ဖန်တီးထားကြောင်းလည်း ဆိုပါတယ်။
၁၇) iPhone 6 Plus ကို ၂ နှစ် စာချုပ်နဲ့ ရောင်းဈေးက 16GB ကို ၂၉၉ ဒေါ်လာ၊ 64GB ကို ၃၉၉ ဒေါ်လာ၊ 128GB ကို ၄၉၉ ဒေါ်လာ စီ ရှိပါတယ်။ စာချုပ်မပါ ၇၄၉ ဒေါ်လာ။
၁၈) iPhone 6 နဲ့ iPhone 6 Plus ဟာ memory တူရင် ဈေးနှုန်းအားဖြင့် ဒေါ်လာ ၁၀၀ သာ ကွာပါတယ်။ iPhone 6 ကို ၂ နှစ် စာချုပ်နဲ့ ရောင်းဈေးက 16GB ကို ၁၉၉ ဒေါ်လာ၊ 64GB ကို ၂၉၉ ဒေါ်လာ၊ 128GB ကို ၃၉၉ ဒေါ်လာ စီ ရှိပါတယ်။ စာချုပ်မပါ ၆၄၉ ဒေါ်လာ။
၁၉) ငွေပေးချေကဒ် အမျိုးမျိုးတို့ကို သယ်သွားစရာမလိုတော့ပဲလိုအပ်တာတွေကို Apple ထဲမှာပဲ save ပြီး သုံးနိုင်ပြီး Apple Pay ဆိုတဲ့ ငွေပေးချမှု ဝန်ဆောင်မှု ပါဝင်လာခြင်း ဖြစ်ပါတယ်။ Master Card, Visa, American Express အပြင် ကမ္ဘာ့ထိပ်သီးဘဏ် ၁၁ ခုကျော်နဲ့ ချိတ်ဆက်ထားပြီး ဒါကိုလည်း တိုးချဲ့သွားမှာကြောင့် နိုင်ငံတိုင်း အသုံးပြုနိုင်တဲ့ အနေအထား တစ်ခု အထိ ရောက်လာ နိုင်ပါတယ်။ လက်ဗွေနှိပ်ရုံနဲ့ ငွေပေးချေမှု၊ လွဲပြောင်းမှုကို ပြုလုပ်နိုင်ခြင်း ဖြစ်ပါတယ်။
၂၀) Apple Pay ကို iPhone 6 နဲ့ 6 Plus မှာ သုံးနိုင်ပြီး အောက်တိုဘာက စလို့ အမေရိကန်မှာ စသုံးနိုင်မှာ ဖြစ်ပါတယ်။ McDonald, Nike, Disney Land တို့လို အပြင် အခြား ကမ္ဘာ့ ထိပ်သီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု ကုမ္ပဏီများမှာ ဈေးဝယ်တဲ့အထိ ဝယ်ယူတဲ့အခါ အသုံးပြု နိုင်ပါတယ်။ Apple store တွေမှာလည်း သုံးနိုင်ပါတယ်။ အဓိက concept က အစောက ပြောခဲ့သလိုပဲ ပိုက်ဆံအိတ်ကို အစားထိုးမယ့် ပစ္စည်း ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

No comments:

Related Posts Plugin for WordPress, Blogger...