လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

(၁ဝ)တန်းအောင် ကျောင်းသားများအတွက် အနာဂတ်ပညာရေး GLOBAL EDUCATION FAIR 2014

“(၁ဝ)တန်းအောင်ကျောင်းသားများအတွက် အနာဂတ်ပညာရေး GLOBAL EDUCATION FAIR 2014(ရန်ကုန်- မန္တလေး) တွင်ဆွေးနွေးပေးမည်”

(၁ဝ)တန်းဖြေဆိုအောင်မြင်ပြီးသော ကျောင်းသားများအတွက် အနာဂါတ်ပညာရေးဆိုင်ရာ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို CROWN Education နှင့် Kaplan Global အဖွဲ့အစည်းတို့ ပူးပေါင်းစီစဉ်သည့် Global Education Fair 2014 တွင် ရှင်းလင်းပြောကြားမည်ဖြစ်ပါသည်၊၊ အဆိုပါဆွေးနွေးပွဲတွင် မိဘများနှင့် ကျောင်းသူကျောင်းသားများ၊ နိုင်ငံတကာပညာရေးစနစ်များကို သိရှိနားလည်ပြီး မှန်ကန်သော ပညာရေး ကိုစနစ် တကျရွေး ချယ်နိုင်ရန် ရည်ရွယ်၍ စင်ကာပူ-ယူကေ-အမေရိကန်-သြစတြေးလျတက္ကသိုလ်များ ပါဝင်သော ကမ္ဘာတစ်ဝှမ်းရှိ Kaplan တက္ကသိုလ်များနှင့် CROWN Education တို့ပူးပေါင်းစီစဉ်ပြီး ဇွန်(၂ဝ)၊ သောကြာနေ့ တွင် ရန်ကုန်မြို့ရှိ Summit Parkview Hotel တွင်လည်း ကောင်း၊ ဇွန်(၂၂) ၊တနင်္ဂနွေနေ့တွင် Hotel Mandalay(စံပယ်ဖြူခန်းမ)တွင် လည်းကောင်း၊ နံနက်(၁ဝ)နာရီမှ နေ့လည်(၁)နာရီထိ ကျင်းပသွားမည်ဖြစ် ပါသည်။

မြန်မာနိုင်ငံမှခလေးများ၏ ပညာရေးအနာဂါတ်နှင့် ပတ်သက်ပြီးလွတ်လပ်စွာ ဆုံးဖြတ်နိုင်သည့်အခွင့် အရေးများ ရရှိလေ့ မရှိကြပဲ၊ ပညာရေး စနစ်၏အားနည်းချက်များ၊ မိဘများ၏လွှမ်းမိုးမှု၊ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှု များပေါ်မှ များဖြင့် ဘာသာရပ်ရွေးချယ်ခြင်း၊ တက္ကသိုလ်ရွေးချယ်ခြင်း များပြုလုပ်ကြရလေ့ရှိသည်၊၊ ဝါသနာအပေါ် အခြေခံသည့် ပညာရပ်နှင့် အသက်မွေးဝမ်းကြောင်းမှုမျိုး မဖြစ်သဖြင့် ကျောင်းသားအများစု၏ အနာဂတ်များမရေရာ မှုများနှင့် ရင်ဆိုင်တွေ့ကြုံရလေ့ရှိသည်၊၊

“မူလတန်းအလယ်တန်းပညာရေးစနစ်တွေမှာ အလွတ်ကျက်စနစ်တွေနဲ့ ဖြတ်သန်းခဲ့ကြရတော့ ကျောင်းသူ ကျောင်းသူများ အများစုအနေက ရှေ့ဆက်သင်ယူရမည့် အဆင့်ပညာရေးကို ရွေးချယ်ရာမှာ အတွေ့အကြုံကလည်း မရှိကြတော့ မှားယွင်းဆုံးဖြတ်လေ့ရှိကြပါတယ်၊၊ ဘာသာရပ်တွေ ရွေးချယ်ရာမှာလည်း အမှတ်စနစ် တစ်ခုတည်းအပေါ်တွင် ဆုံးဖြတ်တဲ့ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကြောင့် ကျောင်းသားအများစု ဘာသာရပ်များ ရွေးချယ်တာ၊ တက္ကသိုလ်များရွေးချယ် လျောက်ထားတဲ့အခါ ကိုယ့်ဝါသနာနဲ့ ကိုက်ညီမှု ရှိမရှိ စဉ်းစားမဆုံးဖြတ်နိုင်ဘဲ အဆင်ပြေသလိုသာ ရွေးချယ် လျှေက်ထားကြရတော့ ကျောင်းသူကျောင်းသား အများစုပညာ ရေးလမ်းကြောင်းမှန်ပေါ်ရောက်ဖို့ ခက်ခဲ့လေ့ ရှိကြပါတယ်၊၊ ဒါမျိုးအချက်အလက်တွေ ကိုသိရှိနိုင်ဖို့ ဒီဆွေး နွေးပွဲမှာ ရှင်းလင်းပြောကြား ပေးမည်ဖြစ်ကြောင်း” CROWN Educationမှပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ ပြောကြားသည်၊၊

ပြပွဲလာရောက်မည့်သူများအား နိုင်ငံတကာ ပညာရေးလမ်းညွှန် ၂၀၁၄ စာအုပ်များအခမဲ့ပေးဝေ သွားမည် ဖြစ်ပြီး ရန်ကုန်နှင့်မန္တလေးမြို့များတွင် စီစဉ်ကျင်းပမည့် Global Education Fair နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက် များကို CROWN Education ဖုန်း ဝ၁ ၅၂၇ ၈၃၈၊ ဝ၉ ၇၃၂ ၇၃၂ ၇၇ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်၊၊

No comments:

Related Posts Plugin for WordPress, Blogger...