လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

Galaxy S4 Camera

ကင်မရာလိုလည်း သုံး စမတ်ဖုန်းလိုလည်းသုံး Galaxy S4 Camera

နောက်တစ်မျိုးထပ်လာပါပြီ။ Galaxy ရဲ့ နောက်ထပ် ကြယ်တာရာ မိသားစုဝင် အသစ်တစ်ခုပေါ့။ Samsung Galaxy S4 Camera လို့ခေါ်ပါတယ်။

စမတ်ဖုန်းအနေနဲ့လည်း သုံးမယ်။ ကင်မရာလည်း အသစ် တကူးတက မဝယ်ချင်တော့ဘူးဆိုတဲ့သူများအတွက် ဖြစ်ပါတယ်။
1.5GHz dual-core processor,
1.5GB RAM,
4.3in sAMOLED screen - 960x540 resolution,
8GB of internal storage
(up to 64GB via microSD expand)

အထက်ပါ Feature များက သာမန်စမတ်ဖုန်းတစ်လုံးမှာပါမယ့် Feature တွေပါ။ ကင်မရာအနေနဲ့သုံးဖို့အတွက် အောက်ပါအချက်များ ပါဝင်ပါတယ်။

The Galaxy S4 Zoom packs - 16MP CMOS sensor,
10x optical zoom,
optical image stabilization
a xenon flash

စတာတွေ ပါဝင်ပါတယ်။ အရင် Galaxy Camera က ပါဝင်ခဲ့တဲ့ ဒီဂျစ်တယ် ကင်မရာ တစ်လုံးရဲ့  App နဲ့ Feature တွေကိုပဲ ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။ Jelly Bean 4.2 OS ကို အသုံးပြုပါတယ်။ Optical Zoom ၁၀ ဆဆိုတော့ နောက်ဆုံးပေါ် ဒီဂျစ်တယ်ကင်မရာများနဲ့ မထူးမခြားနား ယှဉ်လို့ ရပါတယ်။

အရွယ်ကိုတော့ Compact ဖြစ်အောင်လုပ်မှာပါ။ ဘာလို့လည်းဆို ဖုန်းအနေနဲ့ကော၊ ကင်မရာအနေနဲ့ကော အသုံးပြုနိုင်စေဖို့ ရည်ရွယ်လို့ ဖြစ်ပါတယ်။ လာမယ့် ဇွန် ၂၀ Samsung Event မှာ အသေးစိတ် ရှင်းလင်းမိတ်ဆက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

TechSpaceJournal

No comments:

Related Posts Plugin for WordPress, Blogger...