လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

လေယာဉ်နဲ့ပို့တဲ့ပီဇာ

အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ်က ပီဇာကုမ္မဏီတစ်ခုပါ။ အော်ဒါမှာတဲ့ စားသုံးသူတွေထံကို လေယာဉ်ပျံနဲ့ တကယ် အရောက်ပို့ပေး ပါတယ်။

Airport Pizza အမည်ရ ကုမ္မဏီမှ ဖြစ်ပါတယ်။ မိုင် ၂၀၀ အထက်ခရီးဝေးတဲ့ နေရာတိုင်းကို လေယာဉ်ပျံနဲ့ အရောက်ပို့ပါတယ်။ လေယာဉ်ဆင်းသက်လို့မရတဲ့ နေရာတွေကျ အနီးဆုံး လေဆိပ်မှာ ဆင်းပြီး သုံးဘီးဆိုင်ကယ်နဲ့ဆက်လက် ခရီးထွက်ပါတယ်။

တစ်နှစ်တာ ကာလ စလုံးအတွက် သက်မှတ်ထားတဲ့ ပီဇာ တစ်ခု ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃၀ ပါ။ ဘယ်တော့မှ မပြောင်းပါဘူး။ လေယာဉ်စရိတ် ကာမိအောင် ဖြစ်ပါတယ်။ တစ်ရက်ကို ပျမ်းမျှအားဖြင့် ၁၀ ခုပို့ရပါတယ်။ သို့ပေမယ့် လေယာဉ်စရိတ် ပြန်ကာမိစရာ အကြောင်း မရှိသေးပါဘူး။

လေယာဉ်စရိတ်ကာမိအောင် Frontier Flying Service အမည်ရ ကုမ္မဏီနဲ့ထပ်မံ ပူးပေါင်း ပါတယ်။ ယင်းသို့ပူးပေါင်းမှုကြောင့် ပီဇာပို့ခြင်းအပြင် ရောက်လေရာ လေဆိပ်ကနေ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးသည့် ဝန်ဆောင်မှုလည်း ပူးတွဲ လုပ်ကိုင်ကြောင်း သိရပါတယ်။

International News for Myanmar

No comments:

Related Posts Plugin for WordPress, Blogger...