လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

တရုတ်နိုင်ငံတွင် အမှတ်ချေးငှားပြီး စာမေးပွဲအောင်နိုင်သည့်စနစ်တီထွင်

တရုတ်နိုင်ငံပညာရေးစနစ်တွင် မတော်တဆ စာမေးပွဲကျသွားခြင်းကို ကာကွယ်ပေးသည့် အနေဖြင့် ကျောင်း တစ်ကျောင်းတွင် အမှတ်ချေးငှားနိုင်သော “အဆင့်ဘဏ်” (Grade Bank) စနစ်ကို တီထွင်ထားကြောင်း The Guardian သတင်းတွင်ဖော်ပြထားသည်။

တရုတ်နိုင်ငံအရှေ့ပိုင်း အထက်တန်းကျောင်းတစ်ကျောင်းတွင် “အဆင့်ဘဏ်” စနစ်ကိုတီထွင်ပြီး မတော်တဆ စာမေးပွဲကျနေပါက အဆင့်ဘဏ်တွင် အပ်ထားသည့် အမှတ်ထဲမှ ကယ်မှတ်ကိုပြန်လည်တောင်းခံပြီး အအောင်ရစေရန် ဆောင်ရွက်နိုင်ကြောင်း ယင်းသတင်းကဆိုသည်။

ဘဏ်တွင် အမှတ်များကို အပ်ထားနိုင်ရန်အတွက် ကျောင်းသားများသည် လက်တွေ့ဓာတ်ခွဲခန်းအတွင်း စမ်းသပ်လုပ်ဆာင်ထားမှု ရလဒ်များ သို့မဟုတ် ပြည်သူ့အကျိုးဆောင်ရွက်မှုစသည့် လူမှုရေးဆိုင်ရာ လုပ်ငန်း များက ရရှိသော အမှတ်များကိုသာ သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။

တရုတ်ပညာရေးစနစ်သည် နောက်ဆုံးအတန်းတင်စာမေးပွဲနှင့် အထက်တန်းအောင်ပြီးပါကလည်း ကောင်းခေါင်ဟုခေါ်သည့် တက္ကသိုလ်ဝင်တန်းစားမေးပွဲတစ်ခုတည်းကို အဓိကအလေးထား သင်ယူနေကြ ရသည့် ပညာရေးစနစ်ဖြစ်ပြီး နည်းပညာမျိုးစုံနှင့် စောင့်ကြည့်မှုများကြားတွင် စာမေးပွဲများကို ဖြေဆိုနေကြရ ခြင်းဖြစ်သည်။

တရုတ်စာမေးပွဲစနစ်တွင် နောက်ဆုံးအတန်းတင်စာမေးပွဲများ၌ ဝတ်ဆင်လာသည့် လက်ဝတ်ရတနာများ၊ မျက်မှန်များ၊ ဘော့ပင်၊ နာရီ၊ ပေတံနှင့် အတွင်းခံဘောင်းဘီအထိ စစ်ဆေးစောင့်ကြည့်နေကြရသည့် အနေအထားများကို ရင်ဆိုင်နေကြရသည်။

စာမေးပွဲ၏ ရည်ရွယ်ချက်မှာ ကျောင်းသားများကို ရမှတ်ဖြင့် ပိုင်းဖြတ်သည့်စနစ်ဖြစ်ပြီး အမှတ်များမှ တော်သည်ဆိုသော စနစ်ကို ကျင့်သုံးနေဆဲဖြစ်သောကြောင့် အမှတ်ဖြင့် ကျောင်းသားတစ်ဦးကို ပိုင်းဖြတ်နေရ သည့်အနေအထားတွင် အခက်အခဲများကို ရင်ဆိုင်နေကြရသည်။

တရုတ်နိုင်ငံ နန်ကျင်း အမှတ် ၁ အထက်တန်းကျောင်းတွင် “အဆင့်ဘဏ်” စနစ်ကို ရှေ့ပြေးအစီအစဉ်အနေ ဖြင့် စတင်စမ်းသပ်လျက်ရှိကာ အမှတ်များကို ချေးငှားပေးနိုင်ရန် စီစဉ်ပေးနေကြောင်း The Guardian သတင်း တွင်ရေးသားထားသည်။

ကျောင်းသားတစ်ဦးဖြစ်သူ ဂေါင်ရီဆိုသူသည် ရူပဗေဒဘာသာရပ်တွင် အမှတ် ၆၀ ရမှအောင်မည်ကို ၇ မှတ်လျှော့နည်းနေသောကြောင့် အဆင့်ဘဏ်က အမှတ်ကိုချေးငှားပြီး အောင်မြင်လာခဲ့ရသည်ဟု ယင်း သတင်းကဆိုသည်။

စာမေးပွဲတွင် တစ်မှတ်ဆိုသည်ကလည်း အရေးကြီးကြောင်း၊ တစ်မှတ်ကြောင့် စာမေးပွဲကျသွားလျှင် ကျောင်းသားများ အနေဖြင့် စိတ်ဓာတ်ပိုင်းပါ ပျက်စီးသွားနိုင်ကြောင်း၊ ထိုသို့မဖြစ်စေရန် “အမှတ်နီ” ဟုခေါ်နေ သည့် အသက်ကယ်မှတ်ကို ဘဏ်ကတစ်ဆင့် ပြန်ဖြည့်ပေးနိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်ကြောင်း ရူပဗေဒဆရာ မေဟောင်းကပြောကြားသည်။


No comments:

Related Posts Plugin for WordPress, Blogger...