လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

တစ်နာရီ ၂၈ မိုင်နှုန်းပြေးတဲ့ လျှပ်စစ်စက်ဘီး


Specialized Turbo Electric Bike လို့ အမည်ပေးထားတဲ့ စက်ဘီး ဖြစ် ပါတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မှု အားအဖြစ် တစ်နာရီ ၂၈ မိုင်အထိ တောင် မြင့်တင်ထားပါတယ်။

လျှပ်စစ်ဂီယာ စက်ဘီး ဖြစ်ပြီး တစ်ခါ အားသွင်းပြီးရင် မိုင်၃၀ လောက်ခရီးကို နင်းစရာမလိုဘဲ မောင်းနှင် နိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီက ၂၅၀ ဝပ်အား ပါ။ Full Charing အတွက် တစ်နာရီ ဝန်းကျင်လောက်သာ ကြာမြင့်မှာ ဖြစ် ပါတယ်။ စက်ဘီးရဲ့  အလေးချိန်က ပေါင် ၅၀ ရှိပါတယ်။ အနောက်က မော်တာက၁၂ ပေါင် လေးလို့ပါ။ မော်တာကလည်း နောက်ဘီးကို မောင်းနှင်ခြင်း ဖြစ်ပါတယ်။

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၉၀၀ ဝန်းကျင်မှာ ရှိပါတယ်။ အမေရိကန်မှာ ထုတ်လုပ်တဲ့ စက်ဘီး ဖြစ်ပါတယ်။ အစီးရေလည်း သိပ်များများ စားစားမရှိပါဘူး။ သွားရေးလာရေး ကားကြပ်တည်းတဲ့ မြို့ လမ်းမ တွေမှာ အသုံးပြုလို့ အဆင်ပြေအောင် ဖန်တီးထားခြင်း ဖြစ်ကြောင်း သိရ ပါတယ်။

Ref: mashable
Aung Kham (International news for myanmar)

No comments:

Related Posts Plugin for WordPress, Blogger...