လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဆေးလိပ်ဖြတ်လိုက်သောအခါ


အမေရိကန် ကင်ဆာကာကွယ်ရေးအသင်းက သုတေသနပြုချက်အရ လူတယောက် ဆေးလိပ်ဖြတ်လိုက်သောအခါ ၄င်း၏ခန္ဓာကိုယ်တွင် အောက်ပါအတိုင်း အဆင့်ဆင့် တိုးတက်ပြောင်းလဲလာသည်ကို တွေ့ရသည်။

၁။ ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀-အကြာဝယ်
(က) အနည်းငယ်တိုးနေသော သွေးဖိအားသည် ပုံမှန်သို့ ပြန်ရောက်သွားသည်။
(ခ) သွေးခုန်နှုန်းမှာ ပုံမှန်သို့ ပြန်ရောက်သွားသည်။
(ဂ) သွေးလှည့်မှု နှေးသောကြောင့် မသိမသာအေးနေသော ခြေ၊ လက်တို့၏ အပူချိန်သည် ပုံမှန်သို့ ပြန်ရောက်လာသည်။

၂။ ဆေးလိပ်ဖြတ်ပြီး ၈-နာရီအကြာဝယ်
(က) ဆေးလိပ်ကြောင့် သွေးထဲရောက်နေသော ကာဗွန်မိုနော့ဆိုက်ဓာတ်များ လျော့ကျသွားသည်။
(ခ) သွေးတွင်း၌ လှည့်လည်နေသော အောက်ဆီဂျင်ပမာဏသည် မြင့်တက်လာသည်။

၃။ ဆေးလိပ်ဖြတ်ပြီး ၂၄-နာရီ အကြာဝယ်
(က) နှလုံး ရုတ်တရက် ဖော်ပြန်ခြင်း Heart Attack ဖြစ်နိုင်ခြေ သိသာစွာ ကျဆင်းသွားသည်။

၎။ ဆေးလိပ်ဖြတ်ပြီး ၄၈-နာရီအကြာဝယ်
(က) ဆေးလိပ်မီးခိုးသွားရာလမ်းဖြစ်သော အသက်ရှူလမ်းကြောင်းတလျှောက်၌ရှိသော အာရုံခံနဗ်ကြောများ ပြန်လည်အလုပ်လုပ် ရှင်သန်လာကြသည်။
အနံ့ခံအာရုံ ပိုမိုတိုးတက်လာသည်။
(ခ) လမ်းလျှောက်ရာတွင် ပိုမို၍ သက်လုံကောင်းလာသည်။

၅။ ဆေးလိပ်ဖြတ်ပြီး ၂-ပတ်မှ ၃-ပတ်အကြာဝယ်
(က) ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှု တိုးတက်လာသည်။
(ခ) အဆုတ်၏ လုပ်ငန်းသည် အထူးတိုးတက်လာပြီး အသက်ရှူရသည်မှာ အဆင်ပြေ ကောင်းမွန်လာသည်။

၆။ ဆေးလိပ်ဖြတ်ပြီး ၁-လမှ ၉-လအကြာဝယ်
(က) ချောင်းဆိုး သက်သာ ပျောက်ကင်းသည်။
(ခ) အသက်ရှူရခက်ခြင်း၊ နုန်းခြင်းတို့ သက်သာပျောက်ကင်းပါသည်။
(ဂ) နှာခေါင်းတွင် အမှေးပါးများ ကျန်းမာလာ၏။
(ဃ) အသက်ရှူလမ်းကြောင်းနံရံများ တိုးတက်ကျန်းမာလာ၍ ချွဲရှိက ကောင်းစွာ ဟတ်ထုတ်နိုင်ပြီ။
(င) အဆုတ်သည် ရောဂါပိုးဒဏ်ကို ခံနိုင်ရည်ရှိပြီး ကာကွယ်လာနိုင်သည်။

၇။ ဆေးလိပ်ဖြတ်ပြီး ၁-နှစ်အကြာဝယ်
(က) နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေသည် ဆေးလိပ်သောက်သူနှင့် စာသော် ထက်ဝက်သာရှိတော့ကြောင်း သိရသည်။

Credit to ဒေါက်တာထွန်းဝင်း

ဝေဘာဂီဆေးရုံတွင် တက်ရောက်နေသည့် မြန်မာနိုင်ငံသား ကျန်းမာရေး အခြေအနေ တိုးတက်မှု ရှိလာ

ဩဂုတ် (၁၉) ရက်က ဖျားနာခြင်း၊ အားအင်ချိနဲ့ခြင်း၊ သတိလစ်သကဲ့သို့ ဖြစ်ခြင်း စသည့် ရောဂါ လက္ခဏာများ ရှိသဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ကျန်းမာရေး အဖွဲ့က သံသယလူနာအဖြစ် သတ်မှတ်၍ ဝေဘာဂီ အထူးကု ဆေးရုံသို့ လွှဲပြောင်းပြီး လိုအပ်သော ဓာတ်ခွဲ စမ်းသပ် စစ်ဆေးမှုများ စစ်ဆေးခြင်းနှင့် ဆေးကုသခြင်း လုပ်ငန်းများကို အထူးကု ဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့က အထူးကြီးကြပ် ကုသပေးလျက် ရှိသည့် မြန်မာနိုင်ငံသားသည် ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာနမှ ဩဂုတ်လ (၂၀) ရက် ညနေပိုင်းတွင် ရရှိသော ဓာတ်ခွဲအဖြေအရ ငှက်ဖျားရောဂါပိုး နှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ်နှင့် ပလပ်စမိုဒီရမ်ဗိုင်းဘက် ရောဂါပိုး နှစ်မျိုး ကူးစက်ခံနေရ ကြောင်း တွေ့ရှိရသည်။

၎င်းအား လိုအပ်သော ငှက်ဖျားရောဂါ ကုသပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ပြီး ဆေးကုသ ပေးမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး အခြေအနေ တိုးတက်မှုများ ရှိလာပြီ ဖြစ်ကြောင်းနှင့် ၎င်းနှင့်အတူ စစ်ဆေးကုသနေသည့် အခြားလေးဦးမှာ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာနတွင် စစ်ဆေးသည့် ဓာတ်ခွဲအဖြေအရ မည်သည့် ရောဂါပိုးမျှ မတွေ့ရှိရကြောင်း သိရှိရသည်။
ထိုသို့ လူနာတွင်ငှက်ဖျားရောဂါ ဖြစ်ပွားနေကြောင်း တွေ့ရှိ၍ ဆေးကုသမှု ပေးနေခြင်း အပြင် ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း အစီအစဉ်အရ အီဘိုလာရောဂါနှင့် ပတ်သက်သော ဓာတ်ခွဲစစ်ဆေးမှုကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ရန် စီစဉ်လျက် ရှိကြောင်းနှင့် အီဘိုလာ ဗိုင်းရပ်စ် ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

Yangon Media Group
Ref : ပြန်ကြားရေး ၀န်ကြီးဌာန

EBOLA နှင့် ဆက်စပ်သော သတင်းများ ===>


အီဘိုလာ ကူးစက်သည်ဟု သံသယဖြစ်ခံရသူ ကိုဇင်မင်းဦး၏မိခင် ဒေါ်စန်းစန်းမော်နှင့် တွေ့ဆုံခြင်း

ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရကြောင်း သံသယ ရှိသည့်အတွက် မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီဆေးရုံတွင် ဆေးကုသမှု ခံယူနေရသူ အသက် ၂၂ နှစ်အရွယ် ကိုဇင်မင်းဦး၏ မိခင် ဒေါ်စန်းစန်းမော်နှင့် The Voice တို့ တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြအပ်ပါသည်။

Voice : ကိုဇင်မင်းဦးဖျားတာကို မိဘတွေက ဘယ်အချိန်က စသိတာလဲ။

DSSM : အာဖရိက ကနေပြန်လာပြီး ဘန်ကောက် ရောက်တော့ ဖုန်းဆက်တယ်။ သူ့အစ်ကိုက ဆက်တာ သူနေမကောင်း ဖြစ်နေပြောတယ်။ အရမ်းဖျားနေတယ်လည်း ပြောတယ်။ ဘန်ကောက် လေဆိပ်မှာလည်း သုံးခါလောက် ဆေးစစ်ခံခဲ့ရတယ် ပြောတာပဲ။ ရန်ကုန် လေဆိပ်ရောက်တော့ သူပိုဖျားလာတယ်။ ပြီးတော့ အဖျားကြီးပြီး ကယောင်ကတမ်းတွေ ဖြစ်နေလို့ လမ်းမလျှောက်နိုင်လို့ ဆိုပြီး ဝှီးချဲနဲ့ ခေါ်တင်သွားတာ တွေ့လိုက်တယ်။ ပိုးသတ်ထားတဲ့ အင်္ကျီသုံးလေးထပ် ဝတ်ထားတဲ့ ဆရာဝန် သုံး၊ လေးယောက်နဲ့ မှန်ခန်းထဲမှာ စစ်ဆေးနေတာ နှစ်နာရီခွဲလောက် ကြာပါတယ်။ ကျွန်မတို့ကလည်း ဒီဘက်ခြမ်းကနေပဲ လှမ်းမြင်နေရတာ။ ဘာပြောလဲ မကြားရဘူး။ သူ့ငယ်ချင်းတွေကတော့ လက်ဟန် ခြေဟန်နဲ့ ပြောပြတယ်။ မြင်သာမြင်ပြီး မကြင်ရဘူးပေါ့။ ထွေးထွေးပွေ့ပွေ့ မနေရဘူး။ တစ်ခါတည်း ဝေဘာဂီဆေးရုံကို ခေါ်သွားတယ်။

Voice : သူရဲ့ အလုပ်အကိုင်အကြောင်း ပြောပေးပါဦး။

DSSM : သူသင်္ဘောလိုက်ဖို့ လုပ်နေတာ မိသားစုတွေတောင် မသိဘူး။ သူအားလုံး စီစဉ်ပြီးမှ သွားမယ်ဆိုပြီး တစ်နှစ်ခွဲ စာချုပ်နဲ့ မနှစ်က ထွက်သွားတာ။ သူ့ဖုန်းဆက်တိုင်း ပြန်လာဖို့ ပြောနေရတာ။ အခုက သက်တမ်း တစ်နှစ်တစ်လ ရှိသွားတော့ ပြန်လာလို့ ရပြီလေ။ အဲ့ဒါကြောင့် ပြန်လာတာ။ ပြန်မလာခင် မိုးသည်းထဲမှာ အင်္ကျီမဝတ်ဘဲ အလုပ်လုပ်တာ ရှိတယ်လို့ သူပြောတာ ကြားဖူးတယ်။ နောက်ပြီး အိမ်ပြန်ရတော့မယ်ဆိုပြီး စိတ်လျှော့လိုက်ပုံ ပေါ်တယ်။ အဲဒါကြောင့် အပြင်းဖျားသွားတာပါ။ ရန်ကုန်မှာ နေကတည်းက လိမ္မာတဲ့ကလေး၊ အခု နေမကောင်းတာတောင် အမေ နေကောင်းအောင်နေလို့ ပြန်ပြောနေသေးတယ်။ အီဘိုလာ မဟုတ်ပါဘူး။ ရောဂါဖြစ်နေတဲ့ အာဖရိကနိုင်ငံက လာတာဆိုတော့ သံသယ ရှိတာပေါ့။ သူ့ဆီ ဖုန်းဆက်ရင် အမြဲပင်ပန်းတယ် ပြောတယ်။ Refer (ငါးဖမ်းသင်္ဘောလိုင်း) လိုင်း ငါးဖမ်းတဲ့ သင်္ဘောလိုင်းလေ ငါးဖမ်းဗုံးတွေကို မတင်ပေးရတာ ပင်လယ်ထဲမှာပဲ လုပ်နေရတယ်လို့ သူပြောဖူးတယ်။ အမေ အရင်ကတည်း ပြန်ခေါ်နေတာ သူဌေးက ပြန်မလွှတ်ဘူး။ အခုပြန်လာရတော့ ဖျားနေတယ်။ ပိုက်ဆံတွေလည်း တစ်ပြားမှတောင် သုံးမလာဘူး။ သားလေးက အရင်က ထောင်ထောင်မောင်းမောင်း ဖြူဖြူဝဝပါ အခုတော့ ပိန်ပြီးမည်းသွားတယ်။ သူ့ရောဂါတွေကို အစားယူလိုက်ချင်တယ်။ အန်တီ့ရင်ထဲမှာ မီးတောက်နေတယ် ဘာရောဂါလဲ သေချာမှ တွေ့ခွင့်ရမှာ။ အရင်ကလည်း ဘာရောဂါမှ မရှိပါဘူး။ ဘာမှမဖြစ်ပါစေနဲ့ ဆုတောင်းနေတယ်။

Voice : ဝေဘာဂီဆေးရုံ ရောက်တော့ သူနဲ့အဆက်အသွယ် ရသေးလား မသိဘူး။

DSSM : ကျွန်မ ဆေးရုံမသွားခင် ဖုန်းဆက်ပြီး သူ့ကို ဘာစားမလဲတော့ ဆက်သွယ်ဖူးတယ်။ ဘာစားချင်လဲမေးပြီး ကြက်သားနဲ့ ငါးပိရေ တို့စရာမှာလို့ ဒီမနက် (သြဂုတ်လ ၂၀ ရက်နေ့) ပဲ ဆေးရုံ သွားတွေ့လာတာ။ လူကို တွေ့ခွင့်မရဘူး။ အထူးကြပ်မတ်ဆောင်ထဲမှာ ကလေးနဲ့ကို အခုထိ မတွေ့ရသေးဘူး။ ဖြူသလား၊ မည်းသလား မသိရဘူး။ အခုက မတွေ့ရလို့ ပိုစိတ်ပူနေရတယ်။ သားတစ်ယောက်တည်း ရှိတာ၊ အခုထိဘာမှ မသိသေးဘူး။ အိန္ဒိယကို ဆေးစစ်ဖို့ ပို့ထားတယ် ပြောတယ်။ အခုတော့ အဲ့အဖြေပဲ စောင့်ရမယ်။ ကလေးအတွက် နေပြည်တော်က ဆရာဝန်ကြီးတွေ ရောက်လာတယ်။ မစိုးရိမ်ဖို့လည်း ပြောတယ်။ အဲဒီနိုင်ငံက ဖြတ်လာလို့ သေချာစစ်ဆေးရတာပါတဲ့။

Voice : မိဘနဲ့ တွေ့ခွင့်မရဘူးဆိုတော့ သူ့ကျန်းမာရေးအတွက် ဘယ်သူက စောင့်ရှောက်ပေးနေလဲ။

DSSM : သူ့အစ်ကိုကို အစောင့်ထားရတယ်။ ကိုဇင်မင်းဦးနှင့် အတူပြန်လာတဲ့ လေးယောက်မှာ သူ့အစ်ကို တစ်ဝမ်းကွဲဖြစ်တဲ့ ကိုဇော်လတ်က စောင့်ရှောက်ပေးနေတယ်။ ကျန်တဲ့ သုံးယောက်ကို တစ်ခန်းစီထားတယ်လို့ သူတို့ပြောတာ ကြားမိတာပဲ။

(ဥမ္မာလွင်)

Beautiful MYANMAR ! (စင်ကာပူလူငယ်ဒါရိုက်တာ Kelvin Ng Jia Quan ရဲ့ အနုပညာပြကွက်)

စင်ကာပူက လူငယ်ဒါရိုက်တာ Kelvin Ng Jia Quan ရိုက်ကူးထားတဲ့ ၂ မိနစ်ခွဲကျော်ကြာ ဗီဒီယိုဖိုင် အတိုလေးပါ...။ မြန်မာပြည်ရဲ့ အလှ သဘာဝတွေကို ပေါ်လွင်အောင် ဖန်တီးထားပါတယ်...။
ဘုန်းကြီးဆိုင်ကယ်စီးသွားတဲ့ အခန်းလေးကတော့ ကားနဲ့ သွားလာရတာ ခက်ခဲတဲ့ နယ်ဘက်တွေမှာ ဒီလိုပဲ ဒီဘက်ခေတ်မှာ စီးနေကျမို့လို့ အဲဒါလေးတကွက်တည်းနဲ့တော့ ဒီ Movie လေးရဲ့ ရသကို မပျက်စီးစေလောက်ပါဘူး...။
၂ မိနစ်ခွဲလောက် အချိန်ပေးပြီး ကြည့်ကြည့်ကြပါဦး...။


Credit - Original Uploader


အနီရောင်နှင့် အစိမ်းရောင် စပျစ်သီး ဘာကွာခြားသလဲ


အနီရောင် စပျစ်သီးနှင့် အစိမ်းရောင် စပျစ်သီး ဘာကွာခြားသလဲ- ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေဟာ အနီ ရောင် စပျစ်သီးမှာ များစွာ ပါဝင်ပေမယ့် အစိမ်းရော င်စပျစ်သီးမှာ အနည်းငယ် သာ ပါဝင်ပါတယ်။
- ကယ်လိုရီပါဝင်မှု ပမာဏဟာ အစိမ်း ရောင်စပျစ်သီးမှာ အနီရောင်စပျစ်သီး ထက် အနည်းငယ်ပိုမြင့်မား ပါတယ်။
- အန်သိုဆိုင်ရာနင် ပမာဏဟာ အနီ ရောင်စပျစ်သီးမှာ မြင့်မားစွာ ပါဝင်ပေမယ့် အစိမ်းရောင် စပျစ်သီးမှာ အနည်း ငယ်သာ ပါဝင်ပါတယ်။
- အနီရောင် စပျစ်သီးမှာ ရီဗက်စထရော၊ ကတ်တချင်နဲ့ ကွာစီတင် လိုမျိုး ဖလေ ဗိုနွိုက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်ပေမယ့် အစိမ်းရောင် စပျစ်သီးမှာ ကတ်တချင် တစ်မျိုးတည်းသာ ပမာဏ အနည်းငယ် ပါဝင်ပါတယ်။
- အနီရောင်စပျစ်သီးဟာ သွေးဖိအားကို ကျဆင်းစေနိုင်ပေမယ့် အစိမ်းရောင် စပျစ်သီးမှာမူ မကျဆင်းစေ နိုင်ပါ။
- အနီရောင် စပျစ်သီးက နှလုံးရောဂါ ဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေး နိုင်ပြီး ခန္ဓာကိုယ်အတွက် ကောင်းတဲ့ ကိုလက်စထရောတွေကို ကာကွယ်ထား နိုင်ပေမယ့် အစိမ်းရောင် စပျစ်သီးကတော့ မပြုလုပ် နိုင်ပါ။
- အနီရောင် စပျစ်သီးမှာ ပါဝင်တဲ့ ရီ ဗက်စထရောဟာ အယ်လ်ဇိုင်းမားရောဂါ ကို ကုသဖို့ ကူညီနိုင်ပေမယ့် အစိမ်း ရောင် စပျစ်သီး ကတော့ မပြုလုပ်နိုင်ပါ။
- အနီရောင် စပျစ်သီးမှာ ပါဝင်တဲ့ ရီဗက် စထရောဟာ မှိုရောဂါနဲ့ ကင်ဆာရောဂါကို ပျောက်ကင်းနိုင်တဲ့ ဂုဏ်သတ္တိ ရှိပေ မယ့် အစိမ်းရောင် စပျစ်သီးမှာ ရီဗက်စထ ရော မပါဝင်ပါ။
- အနီရောင် စပျစ်သီးမှာပါဝင်တဲ့ ကွာစိတင်ဟာ ဓာတ်မတည့်မှုကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ဓာတ်မတည့် မှု ပြဿနာ အမျိုးမျိုးကို ကုသနိုင်ပြီး အစိမ်း ရောင်စပျစ်သီးမှာမူ ကွာစိတင် မပါဝင်ပါ။
- အနီရောင် စပျစ်သီးမှာ ပါဝင်တဲ့ အန်သိုဆိုင်ဆိုင်ရာနင်ဟာ ရောင်ရမ်းမှုကို လျော့ကျနိုင် တဲ့ ဂုဏ်သတ္တိရှိ ပေမယ့် အစိမ်းရောင် စပျစ်သီးမှာ အန်သိုဆိုင်ရာနင် မပါဝင်ပါ။
- ဒါကြောင့်မို့ အနီရောင် စပျစ်သီးဟာ အစိမ်းရောင် စပျစ်သီးထက် အာဟာရ တန်ဖိုး ပိုမိုမြင့်မားပါတယ်။

The Express Times

လူတွေမသိသေးတဲ့ လူ့အကြောင်း

အမေရိကန်သတင်းတစ်ပုဒ်မှ ဆေးပညာအရ ရှုမြင်သုံးသပ်ကာ Weird facts about human body (ဝါ) လူတွေမသိသေးတဲ့ လူ့အကြောင်း ခေါင်းစဉ်ဖြင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာ စူးစမ်းပညာ ရှင် Brain Clegg ဆိုသူက အောက်ပါအတိုင်း ဖော်ပြထားခဲ့ပါတယ်။

၁။ ဦးနှောက်နှင့် အာရုံကြောများအကြား အပြန်အလှန် လှုံ့ဆော်စေခိုင်းတုန့်ပြန်မှုတို့ရဲ့ အမြန်နှုန်း ဟာ တစ်နာရီလျှင် ၁၇၀ မိုင်နှုန်းဖြစ်ပါတယ်။

၂။ သွေးထဲမှပါလာသော အောက်စီဂျင်၏ ၂၀ ရာခိုင်နှုန်းကို ဦးနှောက်က အသုံးပြုလေ့ရှိပါတယ်။

၃။ လက်သည်းများက ခြေသည်းတွေထက် လေးဆပိုအရှည်မြန်ပြီး၊ အားလုံးထဲမှာ လယ်ခလယ်ရဲ့ လက်သည်းက အရှည်အမြန်ဆုံးပါပဲ။

၎။ သွေးထဲရှိ အငန်ပမာဏဟာ ပင်လယ်ရေငန်၏ အငန်ပမာဏနှင့် ထပ်တူညီပါတယ်။

၅။ ကလေးတွေက ဆောင်းရာသီမှာ အရပ်အရှည်မြန်ကြပါတယ်။ လူတစ်ယောက်ရဲ့ အရပ်အမောင်း အရှည်က နံနက်နှင့်ည လုံးဝမတူကြဘဲ၊ နံနက်ပိုင်းမှာ အရပ်တိုင်းကြည့်တဲ့အခါ တစ်စင်တီမီတာ ပိုရှည်ပါတယ်တဲ့။

၆။ ခန္ဓာကိုယ်တစ်ခုလုံးသို့ နှလုံးသွေးကြောစီးဆင်းလည်ပတ်မှုဟာ တစ်နေ့လျှင် အကြိမ် ၁၀၀၀ လောက်ရှိပါတယ်။

၇။ မျက်တောင်မွှေးရဲ့ သက်တမ်းဟာ ပျမ်းမျှရက်ပေါင်း ၁၅၀ ကြာမြင့်ပါတယ်။

၈။ မျက်ခုံးတစ်ဖက်တစ်ချက်စီမှာ မျက်ခုံးမွှေးအပင်ပေါင်း ပျမ်းမျှ ၅၀၀ စီရှိကြပါတယ်။

၉။ လူ့ခန္ဓာကိုယ်ထဲရှိ အာရုံခံဆဲလ်များမှာ ပျမ်းမျှ ၁၀၀ ဘီလီယံပါရှိပါတယ်။

၁၀။ မျက်လုံးဖွင့်ပြီး၊ ဘယ်သူမှနှာချေလို့မရနိုင်ပါ။ နှလုံးခုန်နေတာကလွဲလို့ နှာချေစဉ်မှာ ခန္ဓာကိုယ် တစ်ခုလုံးအလုပ်လုပ်ခြင်း ခေတ္တရပ်ဆိုင်းသွားလေ့ရှိပါတယ်။

၁၁။ အရိုးများဟာ ကွန်ကရစ်ထက်လေးဆမျှ ပို၍ခိုင်ခန့်သန်မာပါတယ်။ လူတစ်ယောက်ရဲ့ အမာဆုံး အရိုးဟာမေးရိုးဖြစ်ပြီး၊ အသေးဆုံးအရိုးက နားရွက်ပါဘဲ။ အရိုးများကျိုးအက်ခြင်းက သူ့အလိုလိုပြန် ဆက်လေ့ရှိသော်လည်း သွားအကျိုးများကတော့ နဂိုအတိုင်းပြန်ဖြစ်မလာတော့ပါ။

၁၂။ မွေးဖွားလာချိန်မှာ ဒူးဆစ်ရှေ့ရှိ ခုံညင်းရိုးပါပေမယ့် အသက် ၂ နှစ်မှ ၆ နှစ်ရောက်တဲ့အထိ ခုံညင်း ရိုးကို သိသိသာသာမမြင်ရနိုင်ပါ။

၁၃။ အသက်အရွယ်ကြီးလာတာနဲ့အမျှ နှာခေါင်းနှင့်နားတို့က လိုက်၍ကြီးလာသော်ငြား၊ မျက်လုံးရဲ့ အရွယ်အစားကတော့ တသမတ်တည်း အရွယ်ပြောင်းလဲမှုမရှိပါ။

၁၄။ မွေးဖွားလာချိန်မှာ အရိုးအဆစ်ပေါင်း ၃၀၀ ရှိကြပေမယ့် အရွယ်ရောက်လာတဲ့အချိန်မှာတော့ ၂၀၆ မျှသာရှိပါတော့တယ်။

၁၅။ ဦးခေါင်းခွံကို မတူညီသော အရိုးပေါင်း ၂၆ ခုဖြင့် ဖွဲ့စည်းထားပါတယ်။

၁၆။ ဆံပင်ကိုဖွဲ့စည်းထားတဲ့ အရာဝတ္ထုပစ္စည်းများဟာ လက်သည်းခွံမှာပါတဲ့ အရာဝတ္ထုများနှင့် တူတူ ပါပဲ။

၁၇။ လူ့ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးကြွက်သားက တင်ပါးဖြစ်ပြီး၊ အသန်မာဆုံးကြွယ်သားက လျှာဖြစ်ပါ တယ်။

၁၈။ တစ်နေ့တာသောက်သုံးလိုက်သောရေ၏ ၁ ဒသမ ၅ လီတာပမာဏကို ဆီးအဖြစ်စွန့်ထုတ်လေ့ရှိ ပြီး၊ ပျမ်းမျှလူတစ်ယောက်က တစ်နေ့လျှင်အနည်းဆုံး ရှုး (အပေါ့) ခြောက်ခါစွန့်ထုတ်လေ့ရှိပါတယ်။

၁၉။ ခံတွင်းထဲက မျိုချလိုက်တဲ့ အစာကအစာအိမ်ကိုရောက်ဖို့ ခုနှစ်စက္ကန့်ကြာပါတယ်။

၂၀။ ကလေးများက လူကြီးများထက် အရသာခံအာရုံ ပိုမိုကောင်းမွန်ပါတယ်။

၂၁။ နှာခေါင်းထဲမှ နှပ်ချေးညှစ်ထုတ်တဲ့ ပြင်းအားကတစ်နာရီလျှင် မိုင် ၁၀၀ နှုန်းနဲ့ ညီမျှပါတယ်။

၂၂။ ဆံပင်တစ်ပင်၏ သက်တမ်းဟာ ၃ နှစ်မှ ၇ နှစ်အထိရှိတတ်ပြီး၊ ရာသီဥတုပေါ်မူတည်၍ အမျိုး သားများက တစ်နေ့လျှင် ပျမ်းမျှဆံပင် ၄၀ ကျွတ်ကြပြီး၊ အမျိုးသမီးများက အပင် ၇၀ ကျွတ်ကြပါ တယ်။

၂၃။ဘလိပ်ဓားဟာ အစာအိမ်ထဲက အစာချေအက်စစ်ရည်ထဲမှာ ပျော်ဝင်နိုင်ပါတယ်။

၂၄။ အမျိုးသမီးများရဲ့ နှလုံးခုန်နှုန်းဟာ အမျိုးသားများထက် ပိုမြန်ပါတယ်။

၂၅။ ခန္ဓာကိုယ်အတွင်းကလီစာတွေမှာ အသည်းကအလုပ်အရှုပ်ဆုံးပါတဲ့။

၂၆။ အဆုတ်ထဲမှာ ဆံချည်ပြွန်သွေးကြောမျှင် သန်း ၃၀၀ ပါရှိပြီး၊ ဘယ်ဘက်အဆုတ်က ညာဘက်အ ဆုတ်ထက် ပိုသေးပါတယ်။

၂၇။ လူတစ်ယောက်ဟာ တစ်မိနစ်လျှင် ပျမ်းမျှ ၁၃ ကြိမ်မျှ မျက်တောင်ခတ်လေ့ရှိပြီး၊ အမျိုးသမီးက နှစ်ဆပိုပါတယ်တဲ့။

၂၈။ ခြေဖဝါးမှာ ချွေးကလင်းပေါင်း ငါးသိန်းမျှပါရှိပါတယ်။

၂၉။ တံတွေးဟာ ခံတွင်းရဲ့စက်ဆီ၊ ချောဆီကဲ့သို့ ခံတွင်းကိုစိုစွတ်စေကာ၊ အစာများအလွယ်တကူ ဝါးခြေမျိုချနိုင်အောင် ကူညီပေးပါတယ်။ လူ့ဘဝတစ်သက်တာအတွင်း တံတွေးထွက်ရှိမှုဟာ ရေကူး ကန်နှစ်ကန်စာနှင့် ညီမျှပါတယ်။

၃၀။ ခန္ဓာကိုယ်တစ်ခုရဲ့ အကြီးဆုံးဆဲလ်က မမျိုးဥဖြစ်ပြီး၊ အသေးဆုံးဆဲလ်က ဖိုသုတ်ရည်ထဲရှိ လိင် ကလပ်စည်း ဖြစ်ပါတယ်။

၃၁။ မိခင်ဝမ်းတွင်းသန္ဓေသားဘဝ မမွေးဖွားခင် ၆ လ အလိုမှာကတည်းက သွားပေါက်ဖို့ အရှိန်ယူနေ ပါပြီ။

၃၂။ အမျိုးသား ၁၀ ဦးမှာ ၉ ဦးခန့်က အချိန်နာရီတိုင်းမှာ ရာဂစိတ်နိုးကြွလေ့ရှိပြီး၊ ၁၀ ဦးမှာ ၅ ဦးက အိပ်နေစဉ်မှာတောင် ရာဂစိတ်နိုးကြွပါတယ်။

၃၃။ စားပိုးနှင့်နေအောင်စားခြင်းက အကြားအာရုံကို လျော့နည်းစေပါတယ်။

၃၄။ လူတစ်ယောက်ရဲ့ အနံ့ခံအာရုံက မတူညီသောအနံ့ငါးသောင်းခန့်ကို ခွဲခြားမှတ်မိနေတတ်ပြီး၊ အမျိုးသမီးများက အမျိုးသားများထက် အနံ့ခံစွမ်းအားပိုအားကောင်းပါတယ်။ အသက် ၆၀ ကျော်ရင် တော့ ကျား၊ မ အားလုံးအနံ့ခံအာရုံ လျော့ကျလေ့ရှိပါတယ်။

၃၅။ အသက် ၆၀ ရောက်လာတဲ့အခါ အမျိုးသားများ၏ ၆၀ ရာခိုင်နှုန်းက အိပ်ပျော်စဉ်ဟောက်လေ့ရှိ ပြီး၊ အမျိုးသမီးများမှာတော့ ၄၀ ရာခိုင်နှုန်း ဟောက်လေ့ရှိပါတယ်။

၃၆။ ကလေးငယ်၏ ဦးခေါင်းအရွယ်အစားဟာ သူ့အရပ်ရဲ့ လေးပုံတစ်ပုံမျှ ရှိပြီး၊ အသက် ၂၅ နှစ်မှာ တော့ ဦးခေါင်းအရွယ်က အရပ်အရှည်ရဲ့ ရှစ်ပုံတစ်ပုံဖြစ်သွားပါတယ်။

၃၇။ ရောဂါဝေဒနာစွဲကပ်ရခြင်း၏ ၉၀ ရာခိုင်နှုန်းဟာ စိတ်ဓာတ်ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာရပါ တယ်။

၃၈။ အရေပြားအပေါ်ယံဆဲလ်များက ၂၇ ရက် တစ်ကြိမ်ကြွေကျအသစ်လဲလေ့ရှိပြီး၊ တစ်ကိုယ်လုံးရဲ့ အရေပြားပေါ်သို့ နေ့စဉ်ဗက်တီးရီးယားပိုးမွှားပေါင်း ၃၂ သန်း အလည်လာလေ့ရှိပါတယ်။

၃၉။ အရွယ်ရောက်သူများအားလုံး မိနစ်တိုင်းမှာကိုယ်တွင်းရှိဆဲလ်ပေါင်း သန်း ၃၀၀ မျှ သေကြပြီး၊ တစ်နေ့လျှင် ဆဲလ်သစ်ပေါင်း ၃၀၀ ဘီလီယံ မွေးဖွားလာလေ့ရှိပါတယ်။

၄၀။ နှုတ်ခမ်းများ အနီရောက်သန်းနေခြင်းမှာ နှုတ်ခမ်းအရေပြားအောက်မှာ အလွန်သေးငယ်သော သွေးကြောမျှင်များ စုဝေးနေခြင်းကြောင့်ပါပဲ။

၄၁။ နွေးနွေးထွေးထွေး အိပ်စက်ခြင်းက အိပ်မက်ဆိုးတွေမမက်စေပါဘူး။

၄၂။ လက်နှစ်ဘက်ဆန့်တန်းတဲ့ အကျယ်အဝန်းက အရပ်အမောင်းအရှည်နှင့် ထပ်တူညီပါတယ်။

၄၃။ အမျိုးသမီးများ၏ အဆီလောင်ကျွမ်းမှုက အမျိုးသားများထက် နှေးကွေးကြလို့ ခန္ဓာကိုယ်မှာ အဆီပိုစုဝေးနေကြပါတယ်။

၄၄။ သွေးနီဥဆဲလ်တစ်ခုဟာ ခန္ဓာကိုယ်တစ်ပတ်ပြည့်ဝစွာ လည်ပတ်ဖို့ ၆၀ စက္ကန့်မျှအချိန်ကြာပါ တယ်။

၄၅။ ကျန်းမာသန်စွမ်းသော အမျိုးသားတစ်ယောက်ဟာ တစ်နေ့လျှင် သုတ်ကောင်ရေ ၁၀ သန်းမျှရှိပါ တယ်။

၄၆။ IQ မြင့်သူတွေက အိပ်ပျော်နေစဉ် မကြာခဏ အိပ်မက်မြင်မက်လေ့ရှိကြပါတယ်။

မှီငြမ်း။ ။ (American}s News: human body)
Weird facts about

ကြေးမုံသတင်းစာ
သြဂုတ် (၂) ရက်၊ ၂၀၁၄ ခုနှစ်

ကြောင်လေးတွေ အမြီးနဲ့ ဘာတွေး

၀၁. အမြီးကလေးက ထောင်နေရင်
သူစိတ်ပျော်နေတဲ့အချိန်ဖြစ်မှာပါ။ အမြီးကလေးကိုထောင်ပြီး ကိုယ်အနားမှာ ပွတ်ကပ်နေရင်တော့ သူ့ကို ကိုင်စေချင်လို့ဒါမှမဟုတ် အစာလိုချင်တာလား အတူတူ ကစားချင်နေတာပါ။

၀၂. ကြမ်းပြင်ပေါ်မှာ အမြီးလေးကို ဘယ်ညာရမ်းနေရင်တော့
တခုခုကို စဉ်းစားနေတာပါ။ များသောအားဖြင့် စိတ်ပျော်နေတဲ့အချိန်ဖြစ်တတ်ပါတယ်။ ဗိုက်ဝနေချိန်၊ ကိုယ်ခန္ဓာသန့်ရှင်းရေးလုပ်ပြီးတဲ့အချိန်ဖြစ်တဲ့အတွက် အေးအေးဆေးဆေးနေသောအချိန်ပါ။

၀၃. အားထည့်ပြီး အမြီးလေးကို ဘယ်ညာရမ်းနေရင်တော့
စိတ်ဆိုးနေတဲ့အချိန် ဖြစ်မှာပါ။ စိတ်ဆိုးနေရင် အဲဒီလိုလုပ်တတ်ပါတယ်။ သူ့စိတ်ဘဝင်မကျလို့ ဖြစ်နေတာပါ။ သူ့ကို ပွတ်သပ်ပေးနေတဲ့အချိန်မှာ အဲဒီလိုမျိုးဖြစ်နေရင် သူ့ကိုမကိုင်စေချင်လို့ပါ။ သတိထားနော်။

၀၄. အမြီးလေးက ဖောင်းကားနေရင်တော့
သူရန်ဖြစ်ချင်နေပါပြီ။ တဖက်သားထက် ကိုယ်ကကိုယ်ခန္ဓာကြီးမားတယ်ဆိုတာကို ပြချင်လို့ပါ။ တခြားကြောင်တွေနဲ့ ရန်ဖြစ်ချင်နေတဲ့အချိန်၊ ကိုယ်မကြိုက်တာကို လုပ်လိုက်ရတဲ့အချိန်၊ တခြားတိရစ္ဆာန်တွေနဲ့တွေ့ချိန်မှာ ဖြစ်တတ်ပါတယ်။

၀၅. အမြီးက တောင်ပုံလေးဖြစ်နေမယ်ဆိုရင်တော့
နည်းနည်းကြောက်နေတဲ့အချိန်ဖြစ်မှာပါ။ ရန်စဖြစ်ရင် တွေ့ရတဲ့အမြီးအနေအထားဖြစ်ပါတယ်။

၀၆. အမြီးလေးကို ခြေထောက်နှစ်ချောင်းကြားထဲ ညှပ်ထားရင်
အဲဒီအချိန်ကတော့ အရမ်းကိုကြောက်နေတဲ့အချိန်ဖြစ်မှာပါ။ ကိုယ်ကအားနည်းနေတဲ့အချိန်ဖြစ်တဲ့အတွက် သူ့ရဲ့ကိုယ်ခန္ဓာကို ကျုံ့ပြပြီး သူကိုမနှောက်ယှက်ပါနဲ့လို့ပြောနေတာပါ။ 

၀၇. အမြီးလေးက အားမရှိပဲ အောက်ကို တည့်တည့်လေးကျနေရင်
အဆူခံထားရလို့ပါ။ ကျန်မားရေးမကောင်းရင်လည်း အဲဒီလို ဖြစ်တတ်ပါတယ်။ 

၀၈. ချီထားရင် အမြီးလေးနဲ့ ဗိုက်ကိုဖုံးထားရင်
မမြင်သင့်တဲ့နေရာကို မြင်ရမှာစိုးပြီး ရှက်လို့ဖုံးထားတာမဟုတ်ပဲ ကြောက်လို့ပါ။ အမြီးလေးက အောက်ကိုကျနေရင်တော့ ပျော်နေလို့ပါ။

၀၉. ချီထားရင် အမြီးလေးက မြန်မြန်လှုပ်နေတယ်ဆိုရင် 
ချီတာကို မကြိုက်လို့ပါ။ ဖြေးဖြေးလေးလှုပ်နေရင်တော့ သူသဘောကျလို့ပါ။

၁၀. အမြီးလေးက နှေးနှေးနဲ့မသိမသာလေးသာ လှုပ်နေရင်တော့
စိတ်လှုပ်ရှားရင်တော့ မြန်မြန်နဲ့သိသာအောင်လှုပ်ပြီး စိတ်မပါရင်တော့ နှေးနှေးနဲ့ မသိမသာလေးသာ လှုပ်နေတာပါ။

၁၁. အမြီးထိပ်က ဓာတ်လိုက်သလို လှုပ်သွားရင်တော့
သူဖမ်းချင်တဲ့အကောင်ကိုတွေ့သွားရင် ဒါမှမဟုတ် စဉ်းစားနေရင် ဖြစ်တတ်ပါတယ်။

၁၂. သူအိပ်နေတဲ့အချိန်မှာ အမြီးလေးကို ဖြေးဖြေးလေးလှုပ်နေရင်တော့
သူအိပ်နေတဲ့အချိန်မှာ သူနာမည်ကိုခေါ်လိုက်တဲ့အခါ ပြန်ပြီးထူးတဲ့သဘောနဲ့ အမြီးလေးကို လှုပ်ပြတာပါ။ မထချင်လို့ပါ။

from Chelmo

Related Posts Plugin for WordPress, Blogger...