လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

Samsung တို့ ဘက်ထရီအား အကုန်မမြန်ပါ


တော်တော်များများက ပြောကြပါတယ်။ Samsung ရဲ့  ဘက်ထရီ သက်တမ်း ဟာ အခြားသော စမတ်ဖုန်းများနဲ့ စာရင် အကုန်မြန်တယ်လို့ ဆိုကြပြီး အမှန်တော့ ယင်းအချက်က မှားယွင်းပါတယ်။ 

Samsung မှာ Feature တစ်ခုပါပါတယ်။ Control Center မှာပါ။ ဘက်ထရီ အကုန် သက်သာအောင်လုပ်ရမယ့် နည်းလမ်း ကတော့ -

၁။ Menu ခလုပ်ကို ကြာကြာ ဖိနှိပ်ပါ။ 

၃။ ပေါ်လာသော Screen မှ စက်ဝိုင်းပုံသဏ္ဍန်ပြထားတဲ့ ဘယ်ထောင့်က icon ကိုနှိပ်ပါ 

၎။ ပြီးရင် အပေါ်က icon bar ကနေ RAM ဆိုတာကို ရွေးချယ် ရပါမယ်။

၅။ RAM အောက်ပါ Clear Memory ကို နှိပ်လိုက်ပါ။ 

ဒါဆိုရင် Background ကနေ ဘက်ထရီစားနေတဲ့ Application များကို အလို အလျောက် ပိတ်ပေးသွားမှာ ဖြစ်ပါတယ်။

နောက်ကွယ်က မပိတ်ရသေးတဲ့ Application တွေအင်မတန် များတာ ကြောင့် ဘက်ထရီစား အတော်များနေခြင်းပါ။ 

Samsung က Officially suggest လုပ်တာကတော့ Third Party Battery Saver များ သုံးတာထက် Samsung က ပေးတဲ့ Feature တွေပဲ သုံးဖို့ ဆိုထားပါတယ်။ အဓိကကတော့ နောက်ကွယ်မှာ Run နေတဲ့ (Multitasking) Application များကို ပိတ်ပေးဖို့လိုပါတယ်။ ဂိမ်းဆော့ပြီး Back ခလုပ်နဲ့ထွက်ထားတာမျိုး အရမ်းများလာတဲ့အခါ App အတော် များများ ပွင့်နေပြီး ဖုန်းဘက်ထရီအစားများနေခြင်း ဖြစ်ပါတယ်။ 

ဒီလိုဆိုရင် ဖုန်းဘက်ထရီ သိသိသာသာ တာရှည်ခံတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ 

အောင်ခမ်း
TechSpaceJournal

ဦးနှောက်၏ ထူးဆန်းသော အချက်များ


- ဦးနှောက်သည် နာကျင်မှုကို မခံစားရပေ။ အခြားနေရာမျိုးစုံ နာကျင်မှုများအား ဦးနှောက်ထံ သတင်းပေးပို့ ခြင်းဖြင့် အဆုံးသတ်သော်လည်း ဦးနှောက်ကိုယ်တိုင် နာကျင်မှုကို ခံစား သိရှိရခြင်း မရှိပေ။

- ဦးနှောက်သည် ခန္ဓာကိုယ်အလေးချိန်၏ နှစ်ရာခိုင်နှုန်းသာ ရှိသော်လည်း ခန္ဓာကိုယ်အောက်စီဂျင်နှင့် ကယ်လို ရီသုံးစွဲမှု စုစုပေါင်း၏ နှစ်ဆယ်ရာနှုန်းကို ရယူလျက်ရှိသည်။

- ဦးနှောက်သည် ပြင်ပလေနှင့် ထိတွေ့မှသာ အစိုင်အခဲသဏ္ဌာန် မြင်ရလေ့ရှိပြီး ဦးခေါင်းခွံ အတွင်း လုံလုံခြုံခြုံ ရှိနေသည့် ဦးနှောက်မှာ အရည်များဖြင့် (၈၀) ရာခိုင်နှုန်း ဖွဲ့စည်း ထားသော နူးညံ့သည့် အစိုင်အခဲ တစ်ခုဖြစ်သည်။

- ခန္ဓာကိုယ်သည် နေ့ဘက်တွင် အလုပ်လုပ်၍ ညဘက် အနားယူသော်လည်း ဦးနှောက်သည် အိပ်စက် အနားယူချိန် ရောက်မှ အလုပ်ပို လုပ်လေ့ရှိသည်။

- ဦးနှောက်နဗ်ကြောများသည် လျှပ်စီးကြောင်း များဖြင့် သတင်းပေးပို့ တတ်ကြပြီး ခန္ဓာကိုယ် ပြင်ပတွင် ဦးနှောက်ကို ရှင်သန်စေရန် အထောက်အပံ့ ပေးရမည်ဆိုပါက လျှပ်စစ် စွမ်းအား (၁၀) ဝပ် ခန့်လိုမည်ဖြစ်သည်။

- ဆယ်ကျော်သက် အရွယ်၌ ခန္ဓာ ကိုယ်ဖွံ့ဖြိုးမှု တစ်ရှိန်ထိုးမြန်ဆန် သကဲ့သို့ ဦးနှောက်ဖွံ့ဖြိုးမှုလည်း ရုတ်ချည်း ပြောင်းလဲတတ်သည် ဖြစ်ရာ ဆယ်ကျော်သက်များအား စွန့် စားလိုစိတ်၊ တဇွတ်ထိုးစိတ်များဖြစ် ပေါ် ခံစား ရစေသည်။

- မြင်သမျှ၊ ကြားသမျှ၊ ခံစားရသမျှ တို့ကို တစ်ခုမကျန် ဦးနှောက်က သိုမှီးထားနိုင်သော်လည်း မှတ်ဥာဏ်တွင်းမှ ပြန်လည် ထုတ်ယူနိုင်စွမ်း (recall) ကို မူတည်၍ သတိကောင်း ခြင်း၊သတိမေ့ခြင်းတို့ဖြစ်ပေါ်လာ ရသည်။

- ဦးနှောက်၏ အစိတ်အပိုင်း တစ်ခု နှင့် တစ်ခု မြန်နှုန်း မတူပါ။ သတင်းအချက်အလက် သယ်ယူသည့် နေရာချင်းလည်း မတူပါ။ ထို့ကြောင့် အချို့ ကိစ္စများကို သတိရ လွယ်ပြီး အချို့ ကို သတိရစေရန် အချိန် အတော်ယူရ လေ့ရှိသည်။

Maukkha.org

မြန်မာနိုင်ငံတွင် ကလေး နှစ်သန်းခွဲခန့် အရပ် ပုနေ


မြန်မာနိုင်ငံတွင် ကလေး နှစ်သန်း ခွဲခန့်သည် အရပ်ပု နေကြပြီး အနာဂတ်တွင် ယင်းကဲ့သို့ ပုသောသူများ များနေ ပါက ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ထိခိုက်ပြီး တိုင်းပြည်ဝင်ငွေ ကျဆင်း နိုင်ကြောင်း ယူနီဆက်ဖ် မြန်မာမှ အာဟာရ ပညာရှင် ဒေါက်တာ ကျော်ဝင်းစိန်က သတိပေးပြော ကြားလိုက်သည်။ အရပ်ပုခြင်းသည် အာဟာရ ချို့တဲ့ မှုကြောင့် သော်လည်းကောင်း၊ အစား အစာများ စားသုံး နေသော်လည်း အာဟာရ ရရှိရန် အထောက် အပံ့ မဖြစ်ခြင်းကြောင့်သော်လည်းကောင်း ဖြစ်ပွား ရခြင်း ဖြစ်ကာ အရပ်ပုသူ များသည် သာမန် ကလေးနှင့် ဉာဏ်ရည် ဖွံ့ဖြိုးမှု ကွာခြားခြင်းမှာလည်း အဓိက အချက် ဖြစ်ကြောင်း သိရသည်။

''မြန်မာမှာ ကလေး နှစ်သန်း ခွဲလောက် အရပ်ပု နေကြတယ်။ ပုတာက ပညာရေး ကို ထိတယ်။ ကျန်းမာရေး ကိုထိတယ်။ နိုင်ငံရဲ့ ကုန် ထုတ်လုပ်မှုကို ထိတယ်။ ဘာလို့လဲ ဆိုတော့ ပုတဲ့ ကလေး တွေရဲ့ ဦးနှောက်ဆဲလ်တွေက ပုံမှန် မဟုတ်ဘူး။ သာမန် ကလေးတွေရဲ့ ဦးနှောက်မှာဆိုရင် ဆဲလ်တွေက ဖြာထွက်နေတယ်။ အရပ်ပုတဲ့ ကလေးတွေက အခက်အလက်တွေ အဲလောက် မဖြာဘူး။ သူ့ရဲ့ပါဖော မန့်စ်က ကျသွားတယ်။ ဒါကြောင့် နောက် အနှစ်နှစ်ဆယ်၊ သုံးဆယ် မှာ ပုတဲ့ သူများရင် အဲဒီ ကလေးတွေ ရဲ့ဝင်ငွေက ကျကို ကျသွားမယ်။ ဒါကြောင့် အာဟာရ ချို့တဲ့တယ် ဆိုတာက တိုက်ရိုက် ကလေးသေ တာ မဟုတ်ဘူး။ သူ့ရဲ့သွယ်ဝိုက် ရရှိတဲ့ ဆိုးကျိုး တွေက အများကြီး ရှိတယ်''ဟု ဒေါက်တာ ကျော်ဝင်း စိန်က ပြော သည်။

နောက်ဆုံး အကြိမ် MICS  ကတရားဝင် ထုတ်ပြန် ထားသည့် ပြည်နယ်တိုင်း အလိုက် အာဟာရ ချို့တဲ့မှု နှုန်းထားများအရ ပိန်သော ကလေး များမှာ မြန်မာပြည် အလယ်ပိုင်းနှင့် ချင်းပြည်နယ်တွင် များပြီး ပုသော ကလေး များမှာ ချင်းနှင့် ရခိုင်တွင် များကြောင်း၊ ပိန်ပြီး လတ်တလော အာဟာရ ချို့တဲ့သော ကလေး များမှာ ရခိုင်၊ မကွေး၊ အပူပိုင်း ဒေသများ၊ ဧရာဝတီနှင့် ရှမ်းမြောက်ဒေသ များတွင် များကြောင်း သိရသည်။ ''အဲဒီ အနေ အထား သုံးခု လုံးခြုံပြီး တော့မှ ကြည့်ပြီး ဘယ်ဒေသသည် ဘယ်အကြောင်းရင်း ကြောင့်ဖြစ်မလဲ ဆိုတာကို စဉ်းစား ရတယ်။ ပြီးတော့ ဘယ်လို စီမံကိန်း တွေချမှတ် ဆောင်ရွက် မလဲ ဆိုတာကိုလဲ ကြည့်ရတယ်'' ဟု ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး (အာဟာရ) ဒေါက် တာ တင်လင်းက ပြောသည်။

ထို့ပြင် MICS  ၂၀၁၀-၂၀ ၁၁ အရ ကလေးများ ပုခြင်းသည် ၂၀၁ဝတွင် ၃၅ ဒသမ ၁ ရာခိုင်နှုန်း၊ ကလေးများ ပိန်ပြီး လတ်တလော အာဟာရ ချို့တဲ့ခြင်းသည် ၂၀၁၀-  ၂၀၁၁ တွင်  ၇ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်နေကြောင်း သိရသည်။ ''ငါးနှစ်အောက် ကလေး သုံးဦးမှာ တစ်ဦးသို့ မဟုတ် နှစ်ဦးက ပုနေတယ်။ အဲဒီရဲ့ အကျိုး သက်ရောက်မှုက တော်တော်ကြီး တယ်။ နောက်လာမယ့် အနှစ် သုံးဆယ်၊ လေးဆယ်၊ ငါးဆယ် ဘာဖြစ်လာ မလဲဆို တာ လုံးဝကို ပြောလို့ရတယ်။ ပညာရှင်တွေဝိုင်းပြီး တွက်ချက် ထားတာ ရှိတယ်။ နံပါတ်တစ် အချက် ပညာ ရေးကို သွားထိတယ်။ အဲဒီမှာ ပုတဲ့ နှုန်းက ၁၀ ရာခိုင်နှုန်း တက်သွားပြီ ဆိုရင် ပညာ ရေးမှာ Final Grade ကိုရောက်တဲ့ ကျောင်း သားက ရှစ်ရာခိုင်နှန်း ကျသွားတယ်။ ကျောင်းတက် နိုင်တဲ့ ကလေးတွေက ရှစ်ရာခိုင်နှုန်း ကျသွားတယ်'' ဟု ယူနီဆက်ဖ် မြန်မာမှ အာဟာရ ပညာရှင် ဒေါက်တာ ကျော်ဝင်းစိန်က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် မူလတန်း အဆင့်၏ Final Grade ကို ၅၄ ရာခိုင်နှုန်းသာ ရောက်ရှိ သောကြောင့် မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေး များ၏ တစ်ဝက်ခန့်သာ ကျောင်းတက် နိုင်သေးကြောင်း၊ ပုသည့်နှုန်း ကိုဆယ် ရာခိုင်နှုန်း ချနိုင်ပြီ ဆိုပါက ကျောင်း တက်နှုန်းမှာ ၇၅ရာခိုင်နှုန်း တက်သွားမည် ဖြစ်ကြောင်း သိရသည်။ ပုခြင်းသည် ကျန်းမာရေး တွင်လဲ ဆိုးကျိုးများ ဖြစ်ပွား နိုင်ပြီး ၁၅ ရာခိုင်နှုန်းသော ငါးနှစ်အောက် ကလေး သေနှုန်းသည် ပုခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

''ကလေးက ပိန်တယ်၊ လတ်တလော အာဟာရလဲ ချို့တဲ့မယ် ဆိုရင် သူ့ရဲ့ သေနှုန်းက သာမာန် ကလေးထက် ကိုးဆ ပိုမြင့်မယ်။ မြန်မာမှာ တစ်နှစ်ကို ပျှမ်းမျှ ကလေး ကိုးသိန်းလောက်ေ မွးနေတယ်။ အသက် သုံးနှစ် မတိုင်မီ ကလေးသုံး သောင်း ခုနစ်ထောင် လောက်ကို သေသွားတယ်။ တစ်ကယ်လို့ အာ ဟာရ မြှင့်တင်တဲ့ နေရာမှာ ၉၉ ရာ ခိုင်နှုန်း လွှမ်းခြုံမှု ရရင် တစ်နှစ်တစ် နှစ်မှာ ကလေး တစ်သောင်း လောက်ကို ကောင်းကောင်း ကယ်နိုင်မယ်'' အာဟာရ ပညာရှင် ဒေါက်တာ ကျော်ဝင်းစိန် က ဆက်လက်ပြော ကြားသည်။ ထို့ပြင် အရပ် ပုခြင်းသည် ကုန်ထုတ် စွမ်းအား စုနှင့် ဆက်နွယ်လျက် ရှိပြီး အရပ် ပုပါက အရွယ် ရောက်လာသည့်အ ခါတွင် ကုန်ထုတ်လုပ်မှုမှာ သာမာန် ကလေး ထက် ၂၂ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ ထိကျ သွား နိုင်ကြောင်း ပညာရှင်များက တွက်ချက် ထားကြသည်။

Yangon Media Group

အင်ဒိုကျောင်းသူများ အပျိုစင်ဟုတ် မဟုတ် စမ်းသပ်မည့်အပေါ် ဒေါသထွက်


ဆယ်ကျော်သက်ကျောင်းသူတွေ အထက်တန်းကျောင်းတက်ဖို့ အပျိုစင် စစ်မစစ် ဆေးစစ်မှုတွေ ပြုလုပ်ရမယ်လို့ အဆိုတင်သွင်းခဲ့တဲ့ အင်ဒိုနီးရှားမြို့တစ်မြို့က ပညာရေးမှူးကို အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။

အထက်တန်းကျောင်းသူ ခြောက်ဦးပြည့်တန်ဆာမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် သည်အစီအစဉ်ကို အကြံပြုတင်ပြခဲ့တဲ့ ပညာရေးမှူး မိုဟာမက်ရာဆစ်ကို တက်ကြွလှုပ်ရှားသူတွေက အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ ဆွယ်နေတာလို့ စွပ်စွဲလိုက်ပါတယ်။

'ဒီအဆိုပြုချက်ကို လက်ခံခဲ့မယ်ဆိုရင်တော့ လာမယ့်နှစ်မှာ ဆောင်ရွက်ဖြစ်မယ်လို့ စူမတြားကျွန်းရှိ ပရာဘူမူလီမြို့ရဲ့ ပညာရေးမှူး ရာဆစ်က ပြောပါတယ်။

'၂၀၁၄ ရ/သုံးမှန်းခြေစာရင်းမှာ ဒီအစီအစဉ်ပါလာအောင် ကျွန်တော်တို့ဆောင်ရွက်သွားမှာပါ။ ဒါပေမဲ့ မြို့တော်ဝန်နဲ့ ပြည်နယ်လွှတ်တော်က အတည်ပြုဖို့ လိုနေသေးတယ်' လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အဆိုပါစမ်းသပ်မှုတွေ ပြုလုပ်မှာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်စရာကိစ္စတွေ ဖြစ်လာနိုင်တယ်လို့လည်း ရာဆစ်က ဝန်ခံပါတယ်။

သူ့ရဲ့တင်ပြချက်ကြောင့် ရုတ်တရက် ဒေါသအကြီးအကျယ် ထွက်ခဲ့ကြရပြီး ပညာရေးဝန်ကြီးမိုဟာမက် နျူကလည်း 'မင်းအနေနဲ့ မင်းရဲ့ကလေးတွေကို အမှောင့်ပယောဂ ကင်းချင်တယ်ဆိုရင် တခြားနည်း တွေ အများကြီးရှိတယ်၊ ဒါကတော့စဉ်းစားဉာဏ်ကို မရှိဘူး' လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အပျိုစင်ဟုတ်မဟုတ် စစ်ဆေးမယ့်နည်းဟာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုပုံစံတစ်မျိုးဖြစ် ကြောင်းနဲ့ ဒါဟာအမျိုးသမီးတွေကို သိက္ခာချတာ၊ ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်ကြောင်း အမျိုး သမီးများ အကြမ်းဖက်ခံရမှုဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ မတ်ရူချခ်ျကပြောပါတယ်။

ဒေသခံ အာဏာပိုင်တွေက ဒါကိုမထောက်ခံကြပါဘူးလို့ ဒုတိယမြို့တော်ဝန် ဖီကရီက ပြောကြားခဲ့တာ ကြောင့် သည်အဆိုပြုချက်က အတည်မပြုဖြစ်ဖို့ များနေပါတယ်။

ဒါပေမဲ့မြို့ထဲမှာ အများအမြင် မတင့်တယ်အောင်လုပ်နေကြတဲ့လူတွေကို တားမြစ်ဖို့ ဘာသာရေးနဲ့ စာရိတ္တဆိုင်ရာ သင်ကြားမှု အစီအစဉ်တွေကို စီစဉ်နေတယ်လို့ ၎င်းကပြောပါတယ်။

'ကောင်လေးတွေနဲ့ ကောင်မလေးတွေဟာ လူငယ်ကောင်မှာ လက်ပွန်းတတီးပြုမူနေထိုင်ကြဖို့ မရှက် တော့ဘူး၊ သူတို့ရဲ့အကျင့်စာရိတ္တတွေက ပျက်ကုန်ပြီ' လို့သူက ဆက်ပြောပါတယ်။

၂၀၁၀ မှာတုန်းကလည်း စူမကြား၊ ဂျန်ဘိုင်ပြည်နယ်မှ ဥပဒေပြုအမတ်တွေက ဆယ်ကျော်သက် ကျောင်းသူတွေ အထက်တန်းကျောင်းတက်ဖို့ အပျိုစင်ဟုတ်မဟုတ်စစ်ဖို့ အဆိုပြုခဲ့ဖူးပေမဲ့ ဗဟိုအစိုးရ က လက်မခံတာကြောင့် ပျက်သွားခဲ့ပါတယ်။

ကုမုဒြာဂျာနယ်
အတွဲ(၃)၊ အမှတ်(၂၁)၊ သြဂုတ် ၂၇၊ ၂၀၁၃

အသားဖြူရန် ဆေးထိုးမှုအမျိုးသားများပါ ပြုလုပ်လာကြ

အသားအ ရေ ဖြူဖွေးကြည်လင်တောက်ပ စေရန်ဆေးထိုးမှုကို မိန်းကလေး များသာမက အမျိုးသားများပါ ပြုလုပ်မှု များလာကြောင်း Ama-ra International Company Limited မှ သိရသည်။

မြန်မာလူမျိုးအများစုမှာ အများအားဖြင့် အသားဖြူလိုကြ လေ့ရှိသော်လည်း နေရောင်ခြည် ကိုအများဆုံးခံရလေ့ရှိသဖြင့် အသားညိုသူများပြားကြသည့် အ တွက် အဆိုပါကုမ္ပဏီမှ ဝန်ဆောင်မှုအသစ် အနေဖြင့် အသားဖြူစေ ရန်နှင့် အသားကို ကြည်လင်ဝင်းပ စေရန်အတွက် Gluta-White-ning Vitamin Cocktail Treat-ment by Glutathione injec-tion ဟူသောဆေးဖြင့် ဝန်ဆောင်မှုပေးရာ ယင်းသို့ဆောင်ရွက်သူ များလာခြင်းဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ ဒါရိုက်တာ ဒေါက်တာ ရဲအောင်က ပြောသည်။

ယင်းမှာ အကြောအတွင်း သို့ ထိုးဆေးကဲ့သို့သွင်းရသော ဆေးတစ်မျိုးဖြစ်ပြီး ယိုးဒယား နိုင်ငံတွင် အဓိကအားဖြင့် ခေတ် အစားဆုံးအသုံးပြုကြလေ့ရှိပြီး ဆေး၏အာနိသင်သည် ချက်ချင်းအသားဖြူစေခြင်း မဟုတ်သော် လည်း အာဟာရ ဖြည့်တင်းပေး သောအနေဖြင့် ယင်းဆေးကို အသုံးပြုကြခြင်းဖြစ်ကာ ဘေးထွက် ဆိုးကျိုးမရှိကြောင်း သိရသည်။

''ငါးခါလောက်ထိုးပြီးရင် တော့တော်တော်လေးကို သိသာ သွားပါတယ်။ တစ်ခါသွင်းလိုက် တာနဲ့တင် သိသာပါတယ်။ ငါးခါ လောက်ဆိုတော့ ပိုပြီးတော့ သိသိသာသာကြီးကို အသားအရေ က ကြည်လင်တောက်ပသွားတယ် ပေါ့။ ယိုးဒယားနိုင်ငံမှာတော့ ဒီလို ဆေးမျိုးကို နှစ်နဲ့ချီပြီးတော့ ထိုး ကြတယ်။ တစ်နှစ်လောက်ကို ထိုးကြတယ်။ အထူးသဖြင့် သရုပ်ဆောင်တွေ၊ မော်ဒယ်တွေက အဓိက အသုံးများကြတယ်၊ အရင်တုန်း က သိပ်မသိဘူး။ လုပ်လေ့မရှိကြ ပေမယ့် အခုဆိုရင် အမျိုးသမီး တွေသာမက အမျိုးသားတွေပါ လုပ်လာကြပါတယ်''ဟု ဒေါက်တာ ရဲအောင်က ပြောသည်။

အဆိုပါဆေးသည် အသား ကိုဖြူစေရုံမက အသားအရေ ကျန်းမာကောင်းစေသည့်အပြင် ခန္ဓာကိုယ်တွင်ရှိသည့် အသည်း ကျောက်ကပ်တို့ကို အားကောင်း စေပြီး အားဆေးသဘောမျိုးနှင့် လည်းအသုံးပြုကြောင်း သိရသည်။

''ဒီဆေးက အသားကိုဖြူ စေတယ်၊ အသားအရေကျန်းမာ ရေးကို ကောင်းစေတဲ့အပြင် ခန္ဓာ ကိုယ်မှာရှိတဲ့ အသည်း၊ ကျောက် ကပ်တို့ကိုအားကောင်းစေတယ်။ အားဆေးသဘောမျိုးနဲ့လဲ အသုံး ပြုကြတယ်။ ဆေးကို ပုံမှန်တော့ တစ်ပတ်ကို တစ်ခါ ဒါမှမဟုတ် ရင်လဲ နှစ်ပတ်ကိုတစ်ခါလောက် သွင်းကြတယ်''ဟု ပြောသည်။တစ်နှစ်ခန့်သွင်းပါက ခန္ဓာ ကိုယ်အတွင်းရှိ အစိတ်အပိုင်း များကို ကာကွယ်ပေးသည့်အပြင် အရေပြားကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးကြောင်း၊ အခြား သောနိုင်ငံများတွင် လွန်စွာခေတ် စားနေပြီး မြန်မာနိုင်ငံတွင်လည်း ယခုနောက်ပိုင်းမှာ ခေတ်စားလာခြင်းဖြစ်ကြောင်း သိရသည်။

''လာပြကြတဲ့ ကာစတန်မာ တွေကလဲ ဒါကိုပိုပြီးစိတ်ဝင်စား လာကြပါပြီ။ အသားဖြူအောင် လုပ်လာကြပါတယ်။ အောင်မြင် ပြီး ပြုလုပ်ပြီးသူများလဲ စိတ်ကျေ နပ်မှုကိုရကြတော့ အမျိုးသားများ၊ အမျိုးသမီးများပါ ပြုလုပ်သူများ လာပါတယ်။ အခုခေတ်က ခေတ် အခြေအနေအရ အသားဖြူချင် ကြတယ်။
ယောက်ျားလေး၊ မိန်း ကလေးလုပ်ကြတယ်။ ဆရာဝန် ကိုယ်တိုင်မှကြီးကြပ်ပြီး သွင်းပေးတယ်၊ ဆေးသွင်းချိန်မှာ မိနစ် ၂၀၊ နာရီဝက်အတွင်း ကြာမြင့်ပြီး တော့ ထိုးရုံနဲ့ သိသိသာသာကြီး ဖြူဖွေးသွားခြင်းမျိုးမဟုတ်ဘဲ လေးငါးကြိမ်သွင်းပြီးပါက သိသိသာသာကို ဖြူစင်တဲ့ အသားအရည်ကို ရရှိနိုင်ပါတယ်''ဟုဒေါက် တာရဲအောင်က ဆက်လက်ပြောသည်။

ပထမအကြိမ်ထိုးပြီးသည် နှင့် ဆေး၏ အကျိုးသက်ရောက်မှုသည် ဒုတိယ အကြိမ်မထိုးမီ လေးငါးရက်ခန့်တွင် အကျိုးသက်ရောက်မှုအနေဖြင့် အသားပိုဖြူလာပြီး လက်ဖဝါးများ လက်ဖျံများတွင် ပိုမိုသိသာလာကာ တစ်ပတ်တစ် ခါသွင်းသူများသည် အသားအ ရေဖြူဖွေးကြည်လင်မှုကို ပိုမိုသိ သာစေနိုင်ကြောင်း သိရသည်။

ဆေးသွင်းလိုက်သည့်သ ဘောသည် ဆေးမှာ ခန္ဓာကိုယ် တွင်ရှိသော ဆဲလ်များကိုပြောင်း လဲပေးလိုက်ခြင်းဖြစ်ပြီး ဆဲလ်များ ကိုပိုအားကောင်းစေ ရန် ပြုလုပ် ပေးခြင်းဖြစ်သောကြောင့် ပြင်ပနေ ထိတွေ့မှုများပါက ဆဲလ်များ ပျက်စီးသွားစေနိုင်ကြောင်း သိရသည်။

အဆိုပါဆေးမှာ တစ်လုံး လျှင် လေးသောင်းဝန်းကျင်ခန့် ကျသင့်မည်ဖြစ်ပြီး ဆေးထိုးပြီးသူများသည် နေရောင်ခြည် တိုက်ရိုက် ထိတွေ့မှု များကို ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း သိရသည်။

Yangon Media Group

အွန်လိုင်းစတိုးမှာ ရေပန်းစားနေတဲ့ Magic Cup



လတ်တလောနိုင်ငံတကာအွန်လိုင်းစတိုးမှာ ရေပန်းစားနေတဲ့ ကော်ဖီခွက် အမျိုးစားပါ။ အပူချိန်အလိုက် အရောင်အမျိုးမျိုးပြောင်းလည်းပေးနိုင်မှာဖြစ်တဲ့ အတွက် မှော်ဆန်တဲ့ Magic Cup လို့ဆိုရမှာပါ။

ခွက်ဒီဇိုင်းကပုံစံတူထုတ်လုပ်ထားပေမယ့် ခွက်ပေါ်မှာရှိတဲ့ အသွင်အပြင်ဒီဇိုင်း အမျိုးစားပေါ် မှုတည်ပြီး ဈေးနှုန်းကအမျိုးမျိုးကွာဟပါတယ်။မိမိ ကြိုက်နှစ်သက်တဲ့ အသွင်ပြင်ဒီဇိုင်းတွေကို မှာယူလို့ရမှာဖြစ်သလို ယခုမိတ်ဆက်ပေးမယ့်ခွက်ကတော့ Mug လို့အမည်ရတဲ့ခွက်လေးပါ။

အကြောင်းကတော့ အဆိုပါခွက်ထဲကို ကော်ဖီဖြစ်ဖြစ်၊ရေနွေးဖြစ်ဖြစ် အပူရှိန် ရှိမယ့်ရေကို ထည့်လိုက်မယ်ဆိုပါက ပုံမှာမြင်တွေ့ရတဲ့အတိုင်း အဆင့်ဆင့် ပြောင်းလဲကာ Mug လို့ခေါ်တဲ့ ရှုံ့မဲ့ရာကနေ ပြုံးပျော်တဲ့ အနေထားကို ပြောင်းလည်းပေးသွားမှာဖြစ်ပါတယ်။

သာမန်ခွက်ထက်ထူးခြားတဲ့ ကော်ဖီခွက်မျိုးကိုကြိုက်နှစ်သက်သူတွေ အတွက်အဆင်ပြေစေမှာဖြစ်သလို လာရောက်လည်ပတ်တဲ့သူတွေကို ဖျော်ဖြေမှုတစ်ခုအနေနဲ့ ဧည့်ခံလို့ အဆင်ပြေမယ့် ခွက်အမျိုးစားဖြစ်ပါတယ်။

ဒီဇိုင်းအမျိုးစားလိုက်ဈေးနှုန်းကွာဟမှုရှိပြီး ယခုဖော်ပြထားတဲ့ Mug Cup ကတော့ မူရင်းပေါက်ဈေး ၂၅ ဒေါ်လာကျသင့်မှာဖြစ်ပေမယ့် အွန်လိုင်းစတိုး မှာတော့ လျှော့ဈေး ၆ ဒေါ်လာဝန်းကျင်နဲ့ ရောင်းချပေးနေတယ်လို့ တော့ သိရပါတယ်။

ပြည်တွင်းမှာလည်း အွန်လိုင်းစတိုးနဲ့ချိတ်ဆက်မှာယူလို့ရတဲ့ ဝန်ဆောင်မှုမျိုးတွေရှိသလို အဆိုပါခွက်မျိုးကို ဝန်ဆောင်မှုကနေမှာယူမယ်ဆိုရင် မှုရင်းဈေးနှုန်းထက် အနည်းငယ်ကွာဟမယ်လို့ ခန့်မှန်းမိပါတယ်။

Ref:techblog
Khun Nay(August Myanmar Media Group)

ဘယ်နိုင်ငံမှာ မွေးတဲ့ကလေး ကံအကောင်းဆုံး ဖြစ်မလဲ

၁၉၈၈ ခုနှစ်၌ မည်သည့်နိုင်ငံတွင် မွေးဖွားလျှင် ကလေး၏ အနာဂတ်အတွက် အကောင်းဆုံးဖြစ်မည်ကို စစ်တမ်း ကောက်ခဲ့ဖူးသည်။ ထိုစဉ်က အမေရိကန်သည် အကောင်းဆုံးနိုင်ငံများ စာရင်း၏ ထိပ်ဆုံးတွင် ရသွားသည်။ ၂ဝ၁၃ ခုနှစ်တွင် မည်သည့်နိုင်ငံ၌ မွေးဖွားသော ကလေးသည် တောက်ပြောင်သော အနာဂတ်ပိုင်ရှင် ဖြစ်မည်နည်းဟု ဟောကိန်းထုတ်ရန် အီကောနောမစ်မဂ္ဂဇင်းက ပညာရှင်များဖြင့် စစ်တမ်း ကောက်ယူ ဆန်းစစ်ခဲ့သည်။ ကောက်ယူ ရရှိခဲ့သော အချက်အလက်များအနက် ဘဝအရည်အသွေးညွှန်းကိန်း Quality of Life Index ကို တွက်ချက်ရာတွင် နေထိုင် နေရသော ဘဝအပေါ် မည်မျှ ကျေနပ်ပျော်ရွှင်မှု ရှိသည်ဆိုသော အချက်အပေါ်အခြေတည် ထားခြင်းဖြစ်သည်။ ဘဝအရည်အသွေး ညွှန်းကိန်းကို တွက်ချက်ရာတွင်လူများ၏ ပြောဆိုချက်သာမက ယင်းတို့ လက်တွေ့ဘဝကိုပါ ထည့်သွင်း တွက်ချက်သည်။

ငွေကြေးပြည့်စုံခြင်းသည် အေးချမ်းတည်ငြိမ်သော ဘဝအတွက် များစွာအထောက်အကူဖြစ်စေသည် မှန်သော်လည်း ရာဇဝတ်မှု ထူပြောခြင်း၊ အစိုးရဌာနများကို ယုံကြည် ကိုးစားနိုင်မှု အတိုင်းအတာ၊ မိသားစု ကျန်းမာရေးတို့သည်လည်း ဘဝပျော်ရွှင် ချမ်းမြေ့စေရန် အရေးပါသော အချက်များဖြစ်သည်။ တွက်ချက်ရာတွင် ထည့်သွင်းစဉ်းစားသော အချို့အချက်များသည် ပုံသေရှိနေသော အချက်များ (ဥပမာ- ပထဝီအနေအထား)၊ အချိန်အတန်ကြာမှ ပြောင်းလဲသော အချက်များ (ဥပမာ- လူဦးရေ၊ လူမှုရေးနှင့် ယဉ်ကျေးမှု အကျင့် စရိုက်)တို့ကိုလည်း ထည့်သွင်း စဉ်းစားထားသည်။ အချို့အချက်များသည် အစိုးရ၏ မူဝါဒနှင့် ကမ္ဘာ့စီးပွားရေးအပေါ်တွင် တည်မှီနေ သည်။ လက်ရှိ အချက်အလက်များကို ကောက်ယူရာတွင် လွယ်ကူသော်လည်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို မှန်းဆတွက် ချက်ရသည်မှာ အခက်ခဲဆုံး ဖြစ်သည်။

ဘဝအရည်အသွေး ကောင်းမွန်စေသော အချက်များသည် ပြောင်းလဲမှု ရှိသော်လည်း ဖြည်းဖြည်းချင်းသာ ပြောင်းလဲလေ့ရှိသည်။ ၂ဝ၁၃ ခုနှစ်တွင် မွေးဖွားမည့် ကလေးသည် ၂ဝ၃ဝ တွင် လူလားမြောက်ပြီး ကောလိပ်တက်မည့်အရွယ်၊ လုပ်ငန်းခွင်ဝင်လိုက ဝင်နိုင်သည့် အ ရွယ်သို့ ရောက်ရှိမည်ဖြစ်သည်။ ထိုအချိန်တွင်မွေးဖွားရာ တိုင်းပြည်၏ အခြေအနေမည်သို့ရှိမည်ကိုလည်း ခန့်မှန်းတွက်ချက်ထား သည်။ ထုံထိုင်းနေသော ကမ္ဘာ့စီးပွားရေး အခြေအနေကြောင့် ကမ္ဘာအဝန်း ကုန်ထုတ်လုပ်မှု ကျဆင်းနေသော်လည်း လူတစ်ဦးချင်း ဝင်ငွေမှာ စံချိန်တင်ရသည့် အနေအထားမျိုး ဖြစ်သည်။ လူ့ပျမ်းမျှသက်တမ်းမှာလည်း ဆက်လက်မြင့်တက်လာနေသည်။ နိုင်ငံရေး လွတ်လပ်မှု အသိစိတ်ဓာတ် ကမ္ဘာတစ်လွှား ပျံ့နှံ့လာနေသည်။ အာဖရိက မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတွင် ဒီမိုကရေစီရေး နိုး ကြားမှု ပြင်းထန်လာသည်။

ယူရိုငွေသုံးဒေသတွင် အလုပ်လက်မဲ့ဖြစ်မှုနှင့် လုံခြုံရေး အားနည်းခြင်းတို့သည် ဘဝအရည်အသွေးကို ထိခိုက်စေသည်။ ယင်းသို့သော အခြေအနေများ ကြားတွင် ၂ဝ၁၃ ခုနှစ်အတွင်း မွေးဖွားလာမည့် ကလေးများအနက် မည်သည့်နိုင်ငံတွင် မွေးဖွားသည့် ကလေးသည် ကံအကောင်းဆုံး ဖြစ်မည်ကို အီကော်နောမစ်မဂ္ဂဇင်းက စစ်တမ်း ထုတ်ကြည့်သည်။ ဆွစ်ဇာလန်နိုင်ငံတွင် မွေးဖွားသော ကလေးသည် ကံအကောင်းဆုံးဖြစ်မည်ဟု အဖြေထွက်လာသည်။ ဒုတိယ ကံအကောင်းဆုံးကလေးမှာ သြစတေးလျားတွင် မွေးဖွားသောကလေး ဖြစ် မည်ဟု ဟောကိန်း ထုတ်ထားသည်။

ထို့နောက် အစဉ်လိုက်အတိုင်း နိုင်ငံများမှာ သြစတေးလျား၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ စင်ကာပူ၊ နယူးဇီလန်၊ နယ်သာလန်၊ ကနေ ဒါ၊ ဟောင်ကောင်နှင့် ဖင်လန်တို့ ဖြစ်ကြသည်။ အောက်ဆုံးအဆင့် ဆယ်နိုင်ငံတွင် အဇာဘိုင်ဂျန် (၇ဝ)၊ အင်ဒိုနီးရှား (၇၁)၊ ရုရှား (၇၂)၊ ဆီးရီးယား(၇၃) ၊ ကာဇာစ တန် (၇၄)၊ ပါကစ္စတန် (၇၅)၊ အင်ဂိုလာ (၇၆)၊ ဘင်္ဂလားဒေ့ရှ် (၇၇)၊ ယူကရိန်း (၇၈)၊ ကင်ညာ (၇၉)၊ နိုင်ဂျီးရီးယား (၈ဝ) တို့ဖြစ်ကြသည်။ ထိပ်ဆုံး စာရင်းဝင် ဆယ်နိုင်ငံမှာ နိုင်ငံငယ်လေးများဖြစ်ကြသည်။ ယင်းတို့အနက် ငါးနိုင်ငံ မှာ ဥရောပတိုက်မှ ဖြစ်ပြီး ထိုငါးနိုင်ငံအနက် နယ်သာလန် တစ်နိုင်ငံသာလျှင် ယူရိုငွေသုံး ဒေသမှဖြစ်သည်။ ဥရောပ၏ စီးပွားရေး အင်အားရှင် နှစ်ဦးဖြစ်သည့် ဂျာမဏီ၊ (၁၆) ပြင် သစ် (၂၆) နှင့် ဗြိတိန် (၂၇) တို့သည် အဆင့်မကောင်းလှ။ စစ်ပြီးခေတ် မျိုးဆက်က ချန်ထားရစ်သော ကြွေးမြီများကို ၂ဝ၁၃ တွင် မွေးဖွားသော အမေရိကန် ကလေးများက ပေးဆပ်ရလိမ့်မည်။

အမေရိကန်သည် ဘဝအရည်အသွေး ညွှန်းကိန်းတွင် ဂျာမဏီနှင့် အတူတူအဆင့် ၁၆ တွင်ရှိသည်။ စာရင်းကောက်ယူခဲ့သော နိုင်ငံ ၈ဝ တွင်နိုင်ဂျီးရီးယားသည် နောက်ဆုံးအဆင့်တွင်ရှိသည်။ ၂ဝ၁၃ ခုနှစ်တွင် နိုင်ဂျီးရီးယားတွင်မွေးဖွားသောကလေးသည် ကံအဆိုး ဆုံး ဖြစ်ပေလိမ့်မည်။ စာရင်းထိပ်ဆုံးတွင် ရှိသည့်နိုင်ငံများ၏ ထူးခြားချက်မှာ အလွန်အမင်း တည်ငြိမ်ခြင်း၊ ပျင်းရိဖွယ်ရာ ငြိမ်သက်နေ ခြင်းတို့ အပြင် နေထိုင်သောလူမျိုးများအတွင်း ယဉ်ကျေးမှု ကွဲပြားခြင်းကြောင့်ဖြစ်ရသော ပဋိပက္ခမရှိခြင်းတို့ဖြစ်သည်။ အီတလီနိုင်ငံ သမိုင်းတွင် နှစ်ပေါင်း သုံးဆယ်ကြာမျှ မငြိမ်မသက်ဖြစ်ခြင်း၊ လူသတ်မှုနှင့်အကြမ်းဖက်မှုတို့ထူပြောစေ ကာမူ ထိုကာလ အတွင်း မိုက်ကယ် အင်ဂျလို၊ လီယိုနာဒိုဒါဗင်ချီကဲ့သို့ အနုပညာ အကျော်အမော်များ မွေးထုတ်နိုင်ခဲ့သည်။ ဥာဏ်သစ်လောင်းခေတ်ကို ပေါ်ထွန်းစေနိုင်ခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံသည် နှစ်ပေါင်း ငါးရာကျော် ငြိမ်းချမ်း တည်ငြိမ်စွာ နေနိုင်ခဲ့သော်လည်း အနုပညာ ထူးချွန်သူဟူ၍ မယ်မယ်ရရ မရှိခဲ့။ ထို့ကြောင့် တည်ငြိမ်လွန်းမက တည်ငြိမ်ခြင်းသည် လိုလားဖွယ် အခြေအနေဖြစ်ပါ၏လောဟု အမေးထုတ်စရာ ဖြစ်ရသည်။

မောက္ခပညာရေး ဆိုက်မှ ပြန်လည်ကူးယူဖော်ပြပါသည်...။
Related Posts Plugin for WordPress, Blogger...