လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

Motorola Phone X ရဲ့ သတင်းအစအနများ



Google ကနေ ပိုင်ဆိုင်ထားတဲ့ ဖုန်းထုတ်လုပ်သူဖြစ်တဲ့ Motorola ဟာ အခု ထွက်ရှိလာတဲ့ သတင်းပေါက်ကြားမှုတွေ မှန်ကန်ခဲ့မယ်ဆိုရင် Smartphone သရဖူကို အရယူတော့မယ့်ပုံ တွေ့ရပါတယ်။

အခုနှစ် November မှာ ထွက်ရှိလာမဲ့ X Phone လို့အမည်ရတဲ့ ဖုန်းဟာ အရည်အသွေးပိုင်းမှာ အလွန်အမင်းကြီးကို ကောင်းမွန်နေတာ တွေ့ရပါတယ်။

PhoneArena ဆိုက်မှာ ဖော်ပြထားချက်အရ X Phone မှာ 2GHz Snapdragon 800 processor ပါဝင်မယ်လို့ ဆိုပါတယ်။ ဒါဟာ လက်ရှိ Smart Phone တွေအားလုံးထပ် ပိုမြန်ပြီး (4K video တွေကို ပြသနိုင်မဲ့ Processor ဖြစ်ပါတယ်။)

4000mAh battery ဆိုတာဟာလည်း လက်ရှိ Smart Phone Battery တွေရဲ့ ၂ဆနီးပါးလောက် ဖြစ်နေပါတယ်။ နောက်ပြီး Sapphire Glass screen ကိုလည်း ထည့်သွင်းထားမယ် ဆိုပါတယ်။ ဒါဟာ လက်ရှိ အမာကြောဆုံး အသုံးအများဆုံး Gorilla Glass ထက် ၃ဆ ပို မာကြောမှာ ဖြစ်ပါတယ်။

Motorola အမြင့်ပိုင်း ဖုန်းတွေ အတိုင်း ရေစိမ်ခံပြီး carbon fibre နဲ့ ပြုလုပ်ထားတဲ့ ကြောပြင်ပါဝင်မှာဖြစ်ပါတယ်။ ဒီအချက်အလက်တွေဟာ ယုံရခက်လောက်အောင်ကို အကောင်းလွန်နေသလို ဖြစ်နေတယ် မဟုတ်ပါလား။

ဒါ့အပြင် တခြားသတင်းတွေအရ customisible device မိမိကိုယ်တိုင် ပြင်ဆင်လို့ရတဲ့ Smartphone တစ်လုံးလည်း ဖြစ်မယ်လို့ ဆိုပါတယ်။ ကားတစ်စီးကို မ၀ယ်ခင် မိမိစိတ်ကြိုက် အစိတ်အပိုင်းတွေကို ပြင်ဆင်ပြောင်းလဲ တပ်ဆင်နိုင်မဲ့ ပုံစံမျိုးပါ။ Motorola ရဲ့ အကြံပေး Guy Kawasaki ကလည်း သူ့ရဲ့ G+ Page မှာ အဆိုပါ သတင်းကို သေချာစေလောက်တဲ့ စကားတွေ ပြောခဲ့ပါတယ်။ Customisible Porsche ကားတစ်စီးလို သင့်ရဲ့ ဖုန်းကို စိတ်ကြိုက်တပ်ဆင်ရရင် မကောင်းဘူးလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

အခု သတင်းရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဆက်လက် စောင့်မျှော်နိုင်ပါတယ်။

Stuff Myanmar
Via: PhoneArena

ကမ္ဘာ့ အဆိပ်အပြင်းဆုံး သစ်ပင် (Manchineel)


ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။

၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။ ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်ကလည်း တော်တော်ပြင်းပါတယ်။

သူ့မှာ ပေါက်တဲ့ အသီးဟာ ပန်းသီး ပုံသဏ္ဍန်နဲ့ နီးစပ်ပြီး Manchineel Apple လို့လည်း လူသိများပါတယ်။ ယင်းပန်းသီး တစ်လုံးဟာ လူ အယောက် ၂၀ ကို သေစေနိုင်ပါတယ်။ မိုးရွာနေတဲ့အချိန် ယင်း အပင်အောက် သွားမခိုဖို့ တားမြစ်ထားပါတယ်။ မိုးရွာချိန်သွာခိုမိရင် ခန္ဓာကိုယ် အရေအပြားမှာ မီးလောင်ဒဏ်ရာလို အရေကြည်ဖု များ ပေါက် မှာ ဖြစ်ပါတယ်။

အပင်ကနေ နို့ရည် အရောင် အဆင်းရှိတဲ့ အရည်များ ကျဆင်းလို့ ဖြစ်ပါတယ်။ ပင်စည်ကိုလည်း သွားမကိုင်ဖို့ တားထားပါတယ်။ ပင်စည်ကို ကိုင်မိရင် လက်မှာလည်း အရည်ကြည်ဖု ထပါတယ်။

အပင်ကို မီးရှို့  ရင် ယင်းအပင်က အငွေ့ တစ်မျိုးထွက်ပြီး ယင်းအငွေ့က မျက်စိကန်းစေပါတယ်။ ရှုရှိုက်မိရင်လည်း မူးမေ့ပြီး အချိန်မှီ ဆေး မပေးနိုင်ရင် သေပါတယ်။ ဒါကြောင့် လူတိုင်းကြောက်တဲ့ သစ်ပင်
လည်း ဖြစ်ပါတယ်။ ယင်း Manchineel (မန်ချင်းနီးလ်) သစ်ပင်များ ပေါက်ရောက်ရာ တောများသို့ မသွားရောက်ရန်လည်း တားမြစ် ထားပါတယ်။

မြေဆီလွှာအား ရေတိုက်စားခြင်းကို အဓိကကာကွယ်ပေးတဲ့ လုပ်ငန်း တစ်ခုကြောင့်လည်း ယင်းအပင်များကို မရှင်းလင်းပါဘူး။ ရှင်းလင်းရန်လည်း ခက်ခဲ အန္တရာယ်ကြီးတဲ့ အပင်များ ဖြစ်ပါတယ်။ သဘာဝအတိုင်းပေါက်ရောက်တာ ဖြစ်တဲ့အတွက်လည်း မပျက်ဆီးစေဖို့ စောင့်ရှောက်ထားပါတယ်။

ဒါကြောင့် Manchineel (မန်ချင်းနီးလ်) သစ်ပင်နဲ့ ပန်းသီးကို ခေတ်သစ် ဧဒင် သစ်ပင် နဲ့ ပန်းသီးလို့ တင်စားခေါ်ဝေါ်ကြကြောင်း သိရပါတယ်။

Ref: wiki
ရိုးရာလေး ဗဟုသုတ

ငှက်ပျောသီး ဖြင့် ၀ိတ်ချခြင်း


ဒီ plan ဟာ ၀ိတ်ကျတာ မြန်ပေမယ့် (၁) ပတ် (၂) ပတ် ထက်ပိုပြီး စားနိုင်ဖို့ မလွယ်ပါဘူး။ အမြဲအလွန်အကျွံလုပ်ရင်လည်း ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဒီတော့ ပုံမှန်လေးလည်း စားချင်တာစားမယ်။ ပုံမှန်လေးနဲ့ ဖြည်းဖြည်းချင်းကျမယ့် plan မျိုးကို တောင့်တ ခဲ့ပါတယ်။

၂၀၀၈ ခုနစ်က စပြီး ဂျပန်နိုင်ငံမှာ ခေတ်စားလာတဲ့ The Morning Banana Diet plan ဟာ စိတ်ဝင်စားလည်းကောင်း၊ကိုယ်တိုင် လက်တွေ့ လိုက်လုပ်ကြည့်တာမှာ လွယ်လည်းလွယ်ပြီး ကျန်းမာရေးနဲ့ လည်း ညီညွတ်လို့ အားလုံးကို ကဗျာ ဒီကနေပဲ ပြန်လည်ဝေမျှချင်ပါတယ်။


စိတ်ကြိုတင်ပြင်ဆင်ခြင်း

တကယ်တော့ ၀ိတ်ဆိုတာ ခဏလေးနဲ့ တက်လာတာမဟုတ်သလို ခဏလေးနဲ့ လည်း မကျနိုင်ပါဘူး။ ဒီသဘောတရားကို အရင် နှလုံးသွင်းထားဖို့ လိုပါတယ်။စိတ်ရှည်ရမယ်။ အချိန် ယူပြီး ပုံမှန် လုပ်သွားနိုင်ရမယ်။ diet plan rule ကို နားလည်သဘောပေါက်ပြီး တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။

(၁) ငှက်ပျောသီး ကို မနက်စာ အဖြစ် သုံးဆောင်ပါ။

ငှက်ပျောသီး ဟာ အစာခြေခြင်း၊ အစာဖျက်ခြင်း ဖြစ်စဉ်တွေကို ပိုမိုလွယ်ကူစေတဲ့ အပြင် သူ့မှာပါဝင်တဲ့ ကစီမျှင် ဓာတ်ဟာ ရင်ပြည့်တဲ့ စိတ်ကို ဖြစ်စေပါတယ်။ မနက်မိုးလင်း စားထားတဲ့ ငှက်ပျောသီး ဟာ တစ်နေ့တာလုံးမှာစားတဲ့ နေ့လည်စာ နဲ့ ညစာမှာစားတဲ့ ကိုယ်စားတဲ့ အစာ ထဲက carbohydrate စုပ်ယူမှုကိုလည်း တားဆီးပေးထားနိုင်ပါတယ်။ ကဲ ဒီ ပထမ rule ကတော့ မနက်စာ ငှက်ပျောသီး ကို ကိုယ်ရင်ပြည့်တဲ့ အထိ မနက်စာစာပေးဖို့ ပါပဲ။

(၂) တစ်နေ့တာလုံး သာမာန် အပူချိန်ရှိတဲ့ ရေ တစ်မျိုးတည်းကို သာ သောက်ပါ။

ရေ ဟာ လည်း ဗိုက်ဆာမှုကို လျော့ကျစေပြီး စားသမျှကို ခြေဖျက် နိုင်ဖို့ အကူအညီပေးပါတယ်။ ရေခဲရေ မဟုတ်ရပါဘူး၊ ပူခြစ်တောက်နေတဲ့ ရေ ပူလည်း မဟုတ်ရပါဘူး၊ ကိုယ့် အခန်း အပူအချိန်နဲ့ တစ်ထပ်တည်းကျတဲ့ ရိုးရိုးရေ ကိုသောက်ရမှာဖြစ်ပါတယ်။ တချို့ က မနက်စာကို ငှက်ပျောသီးကို နွားနို့ နဲ့ သောက်ပါတယ်။ ဒီဟာ ၀ိတ်ကို ပို တက်စေတဲ့ အသားတိုး အားဆေး ပါ။ ကဗျာတို့ က၀ိတ်ချနေတာဆိုတော့ ဒီဟာ နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။” Dairy products and alcohol are also not allowed on this diet. ” နို့ ထွက် ပစ္စည်းများ ၊ alcohol ပါဝင်သော အရည်များ လုံးဝ သောက်လို့ မရပါဘူး။ လဖက်ရည် ၊ ကော်ဖီ သောက်နေကျ ကို ဖြတ် ဖို့ မလွယ်ကူဘူးဆိုရင် လျှော့သောက်ပါ။ တတ်နိုင်ရင် ရေ ကလွဲပြီး တခြား ဘာမှ မသောက်ရင် ပို ၀ိတ်ကျ မြန်စေပါတယ်။

(၃) နေ့ လည်စာ နဲ့ ညစာ ပုံမှန်စားပါ။

ဒီ plan မှာ ကဗျာ အကြိုက်ဆုံးက တော့ နေ့လည် စာ ညစာ ကို ပုံမှန် ကြိုက်တာ စားခွင့်ပေးတာပါပဲ။ စိတ်ပင်ပန်း လူပင်ပန်း သိပ်မခံရတော့ဘူး ပေါ့။ ဒါပေမယ့် ပုံမှန် ဆိုတဲ့ နေရာမှာလည်း တန်ရင် ဆေး လွန်ရင်ဘေး ဆိုတာကို သတိချပ်လို့ အစားပမာဏကို ချင့်ချိန်ပြီး ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အသား၊ငါး၊ အရွက်၊သီးနှံ မျှမျှတတ စားဖို့ တော့ ဂရုစိုက်စေချင်ပါတယ်။

(၄) ညစာ စားချိန် ၈ နာရီထက်နောက်မကျပါစေနဲ့။

ည ၈ နာရီကျော် ရင် ကိုယ်ထဲက အစာချေဖျက်မှု လုပ်ငန်းစဉ် အလုပ်မလုပ်တော့ ပါဘူး။ အဲဒီ အချိန်မှာ စားသမျှဟာ ၀ိတ်တက်စေနိုင်ပါတယ်။ ၈ နာရီမတိုင်ခင်မှာ ကိုယ့်ရဲ့ ညစာကို အချိန်မှန်စားဖို့ ဟာ အလွန်အရေးကြီးသော်လည်း လူတိုင်း သတိမမူ မေ့လျှော့တတ်တဲ့ အလေ့အထ ဖြစ်တတ်ပါတယ်။ ဒီအချက်ကို ပုံမှန်လေး လိုက်နာသွားမယ် အမြဲတမ်း လုပ်သွားနိုင်မယ်ဆိုရင်တော့ ပျိုမေတို့ ကိုယ်မှာ ၀ိတ် တက်ဖို့ အကြောင်း နောက် သိပ်မရှိတော့ပါဘူး။

(၅) ည ၁၂ နာရီ မကျော်ခင် အိပ်ပါ။

အိပ်ချိန် မမှန်ခြင်း၊ အိပ်ချိန်နောက်ကျခြင်း တို့ဟာ ၀ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရာတွေထဲမှာပါကြောင်း Scientists တွေက စမ်းသပ်တွေ့ရှိထားပြီးသားပါ။ ဒါပေမယ့်လည်း လူတိုင်းက ဒီအချက်ကို မေ့လျော့ ပေါ့ဆ ပြီး ဂရုမစိုက်တတ်ကြပါဘူး။ ည ၁၂ မတိုင်ခင် အိပ်ခြင်းဟာ ၀ိတ် ကျခြင်း ကို အများကြီး အထောက်အကူပြုစေပါတယ်။ ဒါကြောင့် ပျိုမေတို့ ၀ိတ်ကျဖို့ ည၁၂ နာရီမတိုင်ခင် တတ်နိုင်သလောက် ကြိုးစားပြီး အိပ် ပေးပါ။

ဘယ်အတိုင်းအတာထိ ဘယ်အချိန် ထိ ဒီ plan ရဲ့ rule တွေကို လိုက်နာရမလဲ လို့ မေးဖို့ ရှိပါတယ်။ တကယ်တော့ ဒီ plan ဟာ အမြဲတမ်းလုပ်သွားနိုင်လေလေ ၀ိတ်ကို ပုံမှန်ထိန်းသွားနိုင်လေ ဖြစ်တဲ့ plan မျိုးပါ။ တစ်ယောက်နဲ့ တစ်ယောက် အကျိုးသက်ရောက်မှု မတူသော်ငြားလည်း ဒီ diet plan ရဲ့ rule တွေဟာ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ၀ခြင်း ကို ကာကွယ်ပေးလို့ ဂျပန်နိုင်ငံ က ပျိုမေများ နေ့စဉ် လိုက်နာကျင့်သုံးနေတဲ့ plan ဖြစ်ပါတယ်။

စိတ်အားလည်း ထက်သန်တယ်။ စိတ်ကို လည်း ကြိုတင်ပြင်ဆင်မယ်။ Rule တွေ အားလုံးကို လည်း အတတ်နိုင်ဆုံး လိုက်နာမယ်။ ကိုယ့် ၀ိတ်ကို လည်း တစ်ပတ် တစ်ခါ တိုင်းပြီး စောင့်ကြည့်မယ် ဆိုရင် ပျိုမေတို့ ၀ိတ်ကျဖို့ သေချာပါတယ်။

credit to Shwe Beauty

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ

၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)

သာသနာတော်သုံးရပ်

၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း

ရတနာသုံးပါး

၁။ ဘုရား
၂။ တရား
၃။ သံဃာ


ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ

မြတ်စွာဘုရား၏ ဖခမည်းတော်အမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ဘမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီနော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင်

သံဝေဇနိယ လေးဌာန

၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၎။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ

သတ္တဌာန ခုနှစ်ပါး

၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ
၎။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်

ဘုရားဂုဏ်တော်ကိုးပါး

၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၎။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာ သတ္တ၀ါတို့ကို ယဉ်ကျေးအောင် ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။

တရားဂုဏ်တော် ခြောက်ပါး

၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၎။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။

သံဃာ့ဂုဏ်တော် ကိုးပါး

၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၎။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလ၀န္တတို့အား လှူအပ်သော ပစ္စည်းကို
ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။

အနှစ်သုံးပါး

၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ

ပစ္စည်းလေးပါး

၁။ ဆွမ်း ၂။ ဆေး ၃။ သင်္ကန်း ၄။ ကျောင်း

ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး

၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း


ဆွမ်းအကျိုး ငါးပါး

၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၎။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်း

ပန်းလှူရသည့် အကျိုးသုံးပါး

၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။

သီလရှိသူ ရနိုင်သောအကျိုး ငါးပါး

၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၎။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။

တရားနာခြင်း၏ အကျိုး ငါးပါး

၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၎။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။

မေတ္တာအကျိုး ၁၁ ပါး

၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၎။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။

သည်းခံခြင်းအကျိုး ငါးမျိုး

၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၎။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘ၀သို့လားရခြင်း။

အပယ်လေးပါး

၁။ ငရဲ ၂။ တိရိစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ်

ကပ်သုံးပါး

၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်

ရပ်ပြစ်ရှစ်ပါး

၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တ၀ါ
၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တ၀ါ
၎။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု
၇။ ၀ိကလိနြ္ဒိယ = သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။

ရန်သူမျိုး ငါးပါး

၁။ ရေ ၂။ မီး ၃။ မင်းဆိုး ၄။ သူခိုး ၅။ မချစ်မနှစ်သက်သောသူ

ဝိပတ္တိတရား လေးပါး

၁။ သီလ၀ိပတ္တိ = သီလပျက်ခြင်း
၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရ၀ိပတ္တိ = အကျင့်ပျက်ခြင်း
၎။ အာဇီ၀၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း

ဗျသနတရား ငါးပါး

၁။ ဥာတိဗျသန = ဆွေမျိုးဥာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၎။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း

ကိလေသာ သုံးပါး

၁။ လေဘ ၂။ ဒေါသ ၃။ မောဟ

ကာလ သုံးပါး

၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ

အဂတိတရား လေးပါး

၁။ ဆန္ဒ ၂။ ဒေါသ ၃။ ဘယာ ၄။ မောဟ

မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး

၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း

သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး

၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်း

ကံသုံးပါး

၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း

အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ

၁။ ရှုပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၎။ ရသာရုံ = အရသာအာရုံ
၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ

ပိဋကတ် သုံးပုံ

၁။ သုတ္တန် ၂။ ၀ိနည်း ၃။ အဘိဓမ္မာ

စေတနာ သုံးတန်

၁။ ပုဗ္ဗ = ကြိုတင်စေတနာ
၂။ မုဉ္စ = ပြုဆဲစေတနာ
၃။ ပရ = ပြုပြီးစေတနာ


လောကပါလ တရားနှစ်ပါး ( လောကကို စောင့်ရှောက်သော တရား။ )

ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊

လောက သုံးပါး

၁။ သတ္တလောက = လူသတ္တ၀ါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တ၀ါအားလုံးရှိသောလောက

ဗြဟ္မစိုရ်တရား လေးပါး

၁။ မေတ္တာတရား ၂။ ကရုဏာတရား ၃။ မုဒိတာတရား ၄။ ဥပက္ခာတရား

သမ္ပတ္တိတရား လေးပါး

၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ္ပတ = လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၎။ ပယောဂသမ္ပတ = ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။

သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)

၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လ၀ီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၎။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု

ခန္ဓာ ငါးပါး

၁။ ရူပက္ခန္ဓာ
၂။ ဝေဒနာက္ခန္ဓာ
၃။ သင်္ခါရက္ခန္ဓာ
၎။ သညာက္ခန္ဓာ
၅။ ၀ိညာဏက္ခန္ဓာ

သစ္စာ လေးပါး

၁။ ဒုက္ခသစ္စာ
၂။ သမုဒယသစ္စာ
၃။ နိရောဓသစ္စာ
၎။ မဂ္ဂသစ္စာ

စေတီ လေးမျိုး

၁။ ဓမ္မစေတီ
၂။ ဓါတုစေတီ
၃။ ဥဒ္ဓိဿစေတီ
၎။ ပရိဘောဂစေတီ

ဥပါယ်တံမျဉ် လေးမျိုး

၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ ပြောဆို စည်းရုံးခြင်းနည်းလမ်း။
၎။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။

Myanmar News Updates

မိတ္ထီလာအရေးကိစ္စအပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီးမှ ပြည်သူလူထုထံသို့ ရှင်းလင်း ပြောကြားခြင်း


နေပြည်တော် မတ် ၂၈

မိတ္ထီလာအရေးကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများ ကူးစက်ပြန့်ပွားရန် ကြိုးပမ်းလာတဲ့ အခြေအနေများနဲ့စပ်လျဉ်းပြီး ကျွန်တော့်အနေနဲ့ ပြည်သူလူထု တရပ်လုံးကိုလိုအပ်တဲ့ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။ သာမန်ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို စိတ်မချမ်းမြေ့ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဒီကိစ္စများနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်းပြောကြား သွားမှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သား စွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။

ဒီမိုကရေစီရဲ့ ရေသောက်မြစ်လို့ဆိုရမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါးကို ထိခိုက်မှုမရှိပဲ လွပ်လပ်ခြင်းရဲ့ အရသာကို အားလုံးခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အား နိုင်ငံသားအခွင့်အရေး အနေနဲ့ အာမခံချက် အပြည့်အဝ ပေးထားပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေးပြောကြား လိုပါတယ်။

ဒီလိုပဋိပက္ခတွေ၊ အခက်အခဲအကျပ်အတည်းတွေဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ မဖြစ်မနေကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ၊ ပြဿနာတွေထဲက တစ်ခုလို့ ရှုမြင်ရမှာ ဖြစ်ပြီး အားလုံးအတူ ပူးပေါင်းကျော်လွှား ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့ အခါမှာလည်း နိုင်ငံတည်ဆောက်ရေးမှာ နှစ်ပေါင်းခြောက်ဆယ်လုံးလုံး ကျွန်တော်တို့ နိုင်ငံကို နောက်ကျကျန်စေခဲ့တဲ့ မတူတဲ့အင်အားစုတွေအကြား ထိပ်တိုက်ရင်ဆိုင်ပြီး အချင်းချင်း ဖယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ အနိုင်-အရှုံးသတ်မှတ်တဲ့ အလေ့အကျင့်ကို အတိတ်မှာ ချန်ထားခဲ့ပြီး မတူညီတဲ့ အားတွေကို စုစည်းပြီး အချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင် ရွက်ခြင်းနဲ့ အားလုံးအတွက် အကောင်းဆုံး အဖြေကိုရှာတဲ့ ဒီမိုကရေစီအလေ့အကျင့်ကို ကျင့်သုံးခြင်း ကသာ ပေါ်ပေါက်လာတဲ့ အကျပ်အတည်းတွေ ကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းခြင်း ဖြစ်စဉ်ကို ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထား ပါတယ်။

ယခုမိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ကို ဖြေရှင်းတဲ့နေရာမှာ ယခင်ကနဲ့မတူဘဲ အသိုက်အဝန်းတွေကြားမှာ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။ တချို့ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ အထိတ်တလန့် ဖြစ်အောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင်၊ ကောလာဟလတွေနဲ့ သွေးထိုးလှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေကတဆင့် အကြမ်းဖက်မှုတွေအဖြစ် ရောက်ရှိ မသွားရအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ်ပေးနေ ကြတာတွေကိုလည်း အပြု သဘောဆောင်သော ဖြစ်ရပ်များအဖြစ် တွေ့မြင်နေရပါတယ်။

ဒါ့အပြင် သွေးထိုးမှုတွေ လှုံ့ဆော်မှုတွေကြောင့် အခြားမြို့ကြီးများကို ပဋိပက္ခများ ကူးစက်မယ့် အန္တရာယ်ကိုလည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကာကွယ် လုပ်ဆောင်နေကြတာကို လည်း တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အကြား အချင်းချင်း အပြန်အလှန်လေးစားမှု၊ နားလည်မှုရှိတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ဖို့အတွက် ကြိုးပမ်းနေကြတယ်ဆိုတာကိုလည်း သက်သေထူရာ ရောက်ပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ အင်အားသုံးဖြေရှင်း ကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ယခုကာလတို အတွင်း မြေစမ်းခရမ်းပျိုးနေတဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်းမေတ္တာ ရပ်ခံပါတယ်။

မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံနဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ယဉ်ကျေးမှုပေါင်းစုံ စုစည်းတည်ဆောက်ထားတဲ့ နိုင်ငံတော် တစ်ရပ် အနေနဲ့ နိုင်ငံသားအားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ကသာလျှင် တည်ငြိမ်အေးချမ်းမှုကို အာမခံနိုင်တဲ့ ဒီမိုကရေစီစနစ် ဖြစ်လာမယ်ဆိုတာကို အားလုံးက အလေးအနက် ခံယူထားကြရမှာ ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ ရှိနေပေမယ့်လည်း အဆင်ပြေပြေ ယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် ဒီမိုကရေစီ နည်းလမ်းကျကျ၊ ငြိမ်းငြိမ်းချမ်းချမ်း ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တွေရဲ့ မတူကွဲပြားမှုတွေကို ဂုဏ်ယူကြရမှာဖြစ်သလို တစ်ပြိုင်နက် တည်းမှာပဲကွဲပြားတဲ့ အင်အားတွေကို စုစည်းပြီး ပေါင်းစည်းအားအဖြစ် အသုံးပြုနိုင်မယ်ဆိုရင် ကျွန်တော်တို့ လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားသွားနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ရာနှုန်းပြည့် ယုံကြည်ပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်သူလူထုအားလုံးကို ပြောကြားလိုတာကတော့ အခုချိန်မှာ ကျွန်တော်တို့ မြန်မာ့လူအဖွဲ့အစည်းကို ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ကြိုးစားနေတာဖြစ်တဲ့အတွက် အစိုးရကလည်း ဖြစ်စဉ်ဖြစ်ရပ် အမှန်တွေကိုအချိန်နဲ့ တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိရှိ သတင်းပေးပြန်ကြားသွားမှာ ဖြစ်သလို ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့လည်း ကောလာဟလတွေရဲ့ အန္တရာယ်ကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင် ရှိရှိနဲ့ ရင်ဆိုင်တုံ့ပြန်သွားကြရင် ကျွန်တော်တို့အားလုံး ဒီစိန်ခေါ်မှုတွေကို သမိုင်း အစဉ်အလာအရ သဟဇာတရှိရှိ နေထိုင်ခဲ့တဲ့ လူအဖွဲ့အစည်းတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ အတူလက်တွဲ ကျော်လွှားသွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

အချိန်တစ်နာ၇ီလောက် ပိုအိပ်ရင် ဘာတွေပြောင်းလဲနိုင်သလဲ

ကျွမ်းကျင်သူတွေကတော့ ဘဝ မှာ အချိန်တစ်နာရီ ပိုအိပ်ရုံဖြင့် ပြောင်း လဲနိုင်တာတွေဟာ အများကြီးပါလို့ ဖြေခဲ့ပါတယ်။ အချိန်တစ်နာရီပို၍ အိပ်စက်ရုံဖြင့် သင့်ရဲ့ကျန်းမာရေး၊ ကိုယ်အလေးချိန်၊ အိမ်ထောင်ရေးသာယာမှု တို့အပေါ် သက်ရောက်မှုရှိပါ တယ်။ တကယ်လို့သင့်ရဲ့အချိန်ဟာ (၇)နာရီနဲ့ (၈)နာရီအောက်ရောက်နေ ရင်တော့ အောက်မှာ ကွန်ပျူတာ စောစောပိတ်ပြီး စောစော အိပ်သင့်တဲ့ အကြောင်းပြချက် (၉)မျိုးကို ဖော်ပြလိုက် ပါတယ်။

(၁) လုံလောက်စွာ အိပ်စက်ခြင်းက ကျန်းမာရေးကို ပိုကောင်းစေတယ်

လုံလောက်စွာမအိပ်သူတွေမှာ သွေးတိုး၊ ဆီးချို၊ ကိုယ်အလေးချိန်တိုး ခြင်း နှလုံးရောဂါစတဲ့ ဆိုးဝါးတဲ့ ရောဂါတွေ ပိုဖြစ်လေ့ရှိတယ်လို့ ဆိုပါ တယ်။ လေ့လာမှုတစ်ခုအရ နေ့ဆိုင်း အလုပ်ဆင်းသူ ကျန်းကျန်းမာမာ အလုပ်သမားလူငယ် (၁ဝ)ဦးကို ည တိုင်းဆင်းခိုင်းပြီး ရက်အနည်းငယ်ကြာ သောအခါ ထိုသူတို့၏ သွေးတွင်း သကြားဓာတ်မှာ ဆီးချိုဖြစ်ခါနီး လူ တစ်ယောက်ရဲ့သကြားဓာတ်နီးပါးမြင့် တက်နေကြောင်းတွေ့ရပါတယ်။

(၂) လုံလောက်စွာအိပ်စက်ခြင်းက အိပ်ထောင်ရေးသုခပိုရနိုင်

National Sleep Founda tion မှ ပြောပြချက်အရ လူအားလုံးရဲ့ ၂၆%ဟာ အိပ်ရေးမဝဘဲ ပင်ပန်းနွမ်းနယ်နေမှုကြောင့် အိမ်ထောင်ရေး သုခ လုံလောက်စွာ မရကြောင်း တွေ့ရ တယ်။ အိပ်ချိန်လုံလောက်စွာ မရ သောသူများတွင် testosterone ဟုခေါ်သည့် လိင်နှင့်ပတ်သက်သော hormone ကျလာကြောင်းလည်း သိရပါတယ်။

(၃) အိပ်စက်ခြင်းဖြင့် နာကျင်မှုဝေ ဒနာများကို သက်သာစေနိုင်

တကယ်လို့များ သင့်မှာ လတ် တလော ဒါမှမဟုတ် ယခင်ရရှိခဲ့သော ဒဏ်ရာတစ်ခုခုကြောင့် နာကျင်မှု ဝေဒနာ ခံစားနေရတယ် ဆိုရင် အိပ် ပျော်အောင်သာ အိပ်လိုက်ပါ။ အိပ်စက်ခြင်းဖြင့် နာကျင်မှုဝေဒနာ ခံစားရမှု လျော့နည်းလာကြောင်းကို လေ့လာမှုတွင် အများကြီး လုပ်ပြီး သက်သေပြခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာဘဲ နာကျင်နေခြင်းက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေး ပါတယ်။

(၄) လုံလောက်စွာအိပ်စက်ခြင်းက မတော်တဆထိခိုက်ဒဏ်ရာရမှုကိုလည်း လျော့ကျစေနိုင်

US Institute of Medicine မှ လေ့လာမှုတစ်ခုအရ ယာဉ်တိုက်မှု(၅)မှုဖြစ်တိုင်း (၁)မှုမှာ အိပ်ရေးမဝသည့် အတွက်ကြောင့် ဖြစ်ရသည်ဟုသိရပါတယ်။

(၅) အိပ်ရေးဝလျှင် တက်တက်ကြွကြွ ရှိစေပါတယ်။

အိပ်ရေးဝဝအိပ်တဲ့နေ့တိုင်း စိတ် ချမ်းသာဖွယ်ရာ တက်တက်ကြွကြွ ရှိလိမ့်မယ် လို့တော့ အာမခံနိုင်ပေမယ့် အိပ်ရေးမဝလျှင်တော့ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်တယ် ဆိုတာ သတိ ထားမိမှာပါ။ သင့်ရဲ့ သူဌေးကို စိတ်မ ထိန်းနိုင်ဘဲ ပြန်ပြောမိတာ မျိုးတွေ၊ စိတ်ကို ထိန်းချုပ်ရခက်ခဲတာ မျိုးတွေဟာ အိပ်ရေးမဝတဲ့နေ့တွေမှာ ပိုဖြစ်တတ်ပါတယ်။

(၆) အိပ်ရေးဝဝအိပ်ခြင်းက ကိုယ်အ လေးချိန်ထိန်းနိုင်

အိပ်ရေးဝဝအိပ်လျှင် ကိုယ်အ လေးချိန် ထိန်းနိုင်ပါတယ်။ အပြန်အ လှန်အားဖြင့် ကောင်းကောင်းမအိပ်တဲ့ သူတွေမှာ ကိုယ်အလေးချိန် ပိုတိုးတတ် ပါတယ်။ ဘာကြောင့်လဲ။

(က) သင်ပင်ပန်းတဲ့နေ့တွေမှာ ပင်ပန်းတာကို ပြေပျောက်စေရန် အရသာရှိတဲ့ အစားအစာတွေကို ပိုစားဖြစ်ပါတယ်။
(ခ) Leptin ဆိုတဲ့ hormone က ကျွန်တော်တို့ရဲ့ အစာစားချင်စိတ်ကို တင်းတိမ်စေရန် ဆောင်ရွက်ပေးပါ တယ်။

တကယ်လို့အိပ်ရေးဝဝမအိပ် ထားတဲ့ သူတွေမှာတော့ Leptin ပမာဏကျသွားပါတယ်။ ဒါကြောင့် အိပ်ရေးမဝ ပင်ပန်းနေတဲ့လူတွေဟာ တင်းတိမ်တယ် မရှိဘဲ အဆက်မပြတ် အဆီများတဲ့ အစာတွေ၊ ကယ်လိုရီများတဲ့ အစာတွေ စားလေ့ရှိပါတယ်။

(၇) အတွေးအခေါ်များကို ပိုကြည် လင်စေ

အိပ်ရေးပျက်ခြင်းက သင့်ရဲ့ အတွေးအခေါ်၊ သင်ယူနိုင်စွမ်း၊ ဆုံးဖြတ်ချက်ရမှုတို့အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။

(၈) မှတ်ဉာဏ်ပိုကောင်းစေနိုင်

သင်ခဏခဏမေ့တတ်နေပြီး လား၊ အဲဒါဆိုရင်တော့ ကိုယ့်ရဲ့အိပ် ရေးပျက်ခံတတ်တဲ့ အကျင့်ကို အရင် ဆုံး အပြစ်တင်လိုက်ပါ။ လေ့လာမှု တစ်ခုအရ အိပ်ပျော်နေစဉ်မှာ ကျွန်တော် တို့ ဦးနှောက်က နေ့ခင်းကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို စနစ်တကျသိုလှောင်ပေးပါတယ်၊၊ အိပ်ရေးပျက်သူတွေ မှာတော့ ဦးနှောက်က ကောင်းကောင်းသိုလှောင်ချိန် မရှိတဲ့အတွက် မှတ်ဥာဏ် ကို ကျစေနိုင်ပါတယ်။

(၉) ခုခံအားစနစ်ကိုအားပေးပါတယ်

လေ့လာမှုအသေးစားတစ်ခု တွင် လူ(၁၅ဝ)ဦးအား နှစ်ပတ်ကြာ သူတို့ရဲ့ အိပ်စက်မှုကို စောင့်ကြည့်ပြီး ထိုသူများအား အအေးမိခြင်းဖြစ်စေ သည့် Cold Virus နှင့် ထိတွေ့စေ သည့်အခါ တစ်ညလျှင် ည၇နာရီသာ အိပ်သောသူ များသည် ၈နာရီအိပ် သောသူများထက် အအေးမိခြင်း ဖြစ်နိုင်ချေ သုံးဆခန့် ပိုများကြောင်း တွေ့ရပါတယ်။ ဒီလေ့လာမှုက သေး ငယ်တဲ့အပြင် တရားဝင်ထုတ်လွှင့်ဖို့ ဆိုရင်တော့ လေ့လာမှုတွေ အများကြီး လုပ်ဖို့လိုပါသေးတယ်။

သေနတ်ပစ်တတ်သော လင်းပိုင်များ



လင်းပိုင်တွေကို သေနတ်ပစ်တတ်အောင် သင်ပေးတာတွေ ကမ္ဘာမှာ တကယ် လုပ်ကြပါတယ်။ အထူးသဖြင့် ဆီုဗီယက်နဲ့ အမေရိကန်တို့မှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်မကက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ယခုတော့ အမေရိကန်မှာ မရှိတော့ပဲ ဆိုဗီယက်ပြိုကွဲနိုင်ငံအချို့မှာသာ ကျန်ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့် ယူကရိန်းနိုင်ငံမှာ ယနေ့တိုင် လင်းပိုင်များကို လက်နက် တပ်ဆင်ပေးပြီး လေ့ကျင့် သင်ကြားလျက် ရှိတယ်လို့ သိရပါတယ်။ ခေါင်းနဲ့ တောင်ပံမှာ တပ်ဆင်ပြီး လင်းပိုင်တို့ ကလည်း တကယ် ပစ်ခတ်နိုင်ပါတယ်။ တစ်ခါတစ်ရံ ပင်လယ်ငါးဖမ်း သင်္ဘောအချို့ဟာ သေနတ်တပ်ဆင်ထားတဲ့ လင်းပိုင်များကို ထူးဆန်း စွာ မြင်တွေ့ရကြောင်း သိရပါတယ်။ 

ဒီအတွက် ယူကရိန်းမှလည်း ပြန်လည်ငြင်းဆိုထား ပါတယ်။ ရေငုပ်သင်္ဘော နဲ့ ရေပြင်သွား သင်္ဘောနဲ့ ကမ်းခြေက ရန်သူတွေကို တိုက်ခိုက်ဖို့အတွက် လင်းပိုင်များကို သေချာ လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်ပါတယ်။ လင်းပိုင်ဟာ ဥာဏ်ရည်မြင့်တဲ့ တိရစ္ဆာန်များထဲမှာ ပါဝင်တဲ့အတွက် ဖြစ် ပါတယ်။ ယူကရိန်းတင်မကပဲ အခြားသော ဆိုဗီယက်နဲ့ ဥရောပ နိုင်ငံများ ကလည်း ရေသတ္တဝါများကို လက်နက်တပ်ဆင်ပေးသည့် စီမံကိန်း များ ပြုလုပ်နေကြဆဲ ဖြစ်ကြောင်း သိရပါတယ်။

TechSpaceJournal
Related Posts Plugin for WordPress, Blogger...