လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

Gangnam စတိုင်နှင့် ကျန်းမာရေး

လတ်တလော ရေပန်းစားနေတဲ့ Gangnam စတိုင် ကကွက်တွေဟာ ကျန်းမာရေးအတွက်လည်း အကျိုးရှိကြောင်း အမေရိကန် လေ့ကျင့်ခန်းဆိုင်ရာ ကောင်စီက ဆိုပါတယ်။ Gangnamစတိုင် ကတာကြောင့် နာရီဝက်ကြာတိုင်း ၁၅၀-၂၀၀ ကယ်လိုရီကို လောင်ကျွမ်းစေတယ်လို့ အဆိုပါလေ့လာမှုအရ သိရပါတယ်။ Gangnam စတိုင်ကကွက်ဟာ ပေါင်အဆီတွေကို လောင်ကျွမ်းစေတဲ့ အကျိုးအာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် တချို့တိုင်းပြည်က အားကစားစင်တာတွေမှာ Gangnam စတိုင် ကကွက်တွေကို ထည့်သွင်း ကစားလာကြပါတယ်။ Gangnam စတိုင်ကကွက်မှာ သီဆိုတဲ့သီချင်းကလည်း ကချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ပေးပါတယ်။ Gangnam စတိုင်ကကွက်တွေဟာ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းသူတွေအတွက် အတော် အဆင်ပြေတဲ့ ကကွက်တွေ ဖြစ်ပါတယ်။ လေထဲ မြင်းစီးသလို ကကွက်၊ ဆောင့်ကြောင့်ထိုင်တဲ့ ကကွက်၊ ဘေးတိုက်လှုပ်ရှားရတဲ့ ကကွက်တွေဟာ ပျော်ရွင်စရာကောင်းသလို ခန္ဓာကိုယ် အတွက်လည်း တကယ် အလုပ်ဖြစ်ပါတယ်။ ခုန်ပေါက် လှုပ်ရှား နေရ တာကြောင့် ပေါင် အဆီတွေကို လျော့ကျစေပြီး ခြေတံတွေကို ကျစ်လစ် သွယ်လျ စေပါတယ်။


Ref: Pyimyanmar

လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ

Stone Man Syndrome လို့လည်း လူသိများတဲ့ Fibrodysplasia ossificans progressiva (FOP) ဟာ တကယ်ပဲ ကျောက်တုံး ဖြစ်စေ တဲ့ ရောဂါ ဖြစ်ပါတယ်။

ကျောက်တုံးရယ်လို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ် တစ်ခုလုံးက အသား၊ ကြွက်သား၊ တစ်ရှုးအားလုံးကို အရိုးအဖြစ်သို့ ပြောင်းလဲ သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရောဂါ စာရင်းထဲမှာ ပါဝင်ပါတယ်။ လူ ၂ သန်းမှာ ၁ ယောက် ဖြစ်တတ် တဲ့ ရောဂါ ဖြစ်ပြီး ယနေ့ချိန်အထိ စစ်တမ်းအရ FOP ဝေဒနာသည် ၂၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။ သူ့ကို ကင်ဆာရောဂါ တစ်မျိုးထဲ ထည့်သွင်း သတ်မှတ်ထားပါတယ်။ ရှားရှားပါးပါး ရောဂါမို့လို့ ဖြစ်ပါတယ်။

ကမ္ဘာကျော် လူသိများသွားသူကတော့ အမေရိကန်နိုင်ငံ၊ Philadelphia မြို့ က Harry Raymond Eastlack, Jr. (1933 – 1973) ဖြစ်ပါတယ်။ အသက် ၁၀ နှစ်တုန်းက ဆော့ကစား ရင်း ခြေထောက်မှာ အရိုးဒဏ်ရာ အနည်းငယ် ဖြစ်ခဲ့ပါတယ်။ ယင်း အရိုးဒဏ်ရာကနေ အရိုး ဖြစ်ပေါ်စေတဲ့ ဖိုက်ဘာ တစ်ရှုးများ တဖြည်းဖြည်း ဆပွား တိုးလာပြီး တစ်ကိုယ်လုံးကို အရိုး အဖြစ်သို့ တဖြည်းဖြည်း ချင်း ပြောင်းလဲစေပါတယ်။ အသက် ၄၀ ပြည့်ဖို့ ရက်ပိုင်း အလိုမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ခါနီး ကာလမှာဆိုရင် နှုတ်ခမ်းက လွဲလို့ ကျန်တဲ့ ဘယ် ခန္ဓာကိုယ် အစိတ်အပိုင်းမှ လှုပ်ရှားလို့ မရတော့ပါဘူး။ Harry ကိုအခြေခံလို့ Tell-Tale အမည်ရ ရုပ်ရှင်ကိုလည်း ၂၀၀၉ ခုနှစ်က ရိုက်ကူး ခဲ့ပါတယ်။ မင်းသား Josh Lucas က သရုပ်ဆောင်ပေးထားပါတယ်။

FOB အတွက် ယနေ့အထိလည်း ဆေးမတွေ့ သေးပါဘူး။ Harry ကတော့ သူ့အလောင်းကို Philadelphia ပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။ ယနေ့တိုင် လည်း ရောဂါအတွက် အဖြေရှာဆဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ငါးမန်းမှာ ရှိတဲ့ ဓာတ်တစ်မျိုးက ပျောက်စေမယ်လို့ တွေ့ရှိပြီး ဆန်းသပ်ခဲ့ရာ ဘာမှ မထူးခြားခဲ့ပါဘူး။

FOP က မွေးရာပါလည်း ဖြစ်တတ်ပါတယ်။ အသက် ၁၀ နှစ်အောက်မှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါ လက္ခဏာကတော့ ခြေမ အရွယ်အစားက သာမန်ထက် ပိုမိုကြီးထွားလာခြင်း ဖြစ်ပါတယ်။ တစ်ကိုယ်လုံး အရိုးဖြစ်သွားပုံကတော့ လည်ပင်းက စပါတယ်။ လည်ပင်မှ ပုခုံး၊ ပုခုံးမှ လက်မောင်း၊ လက်မောင်းမှ ဗိုက်၊ ဗိုက်မှ ခြေထောက် အထိ နောက်ဆုံး အပေါ်ကနေ အောက်အထိ တဖြည်းဖြည်း ကူးစက် တာ ဖြစ်ပါတယ်။ ခေါင်းပါပါဝင်ပြီး နှုတ်ခမ်းသာ လှုပ်ရှားလို့ ရတဲ့အထိလည်း အခြေအနေ ဆိုးပါတယ်။

ဒါကြောင့် လူတစ်ကိုယ်လုံးကို အရိုးစု အဖြစ်သို့ ပြောင်းလဲစေတဲ့ FOP (ကျောက်တုံး ရောဂါ) ကို ကြောက်စရာကောင်းတဲ့ ရောဂါ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ 

Ref: International News for Myanmar

သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ

ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်း တစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။ သူအဲလို ရပ်လိုက်တာ နောက်ဆက်တွဲ ရမယ့် သင်ခန်းစာ ပုံပြင်ရဲ့ အစဖြစ်လာတယ်။
Market research သင်ခန်းစာတစ်ခုကို တက်လိုက်ရသလိုပါပဲ..။ အဲဒီ သူတောင်းစားရဲ့ မူရင်း အဓိပ္ပါယ် မပျောက် ရလေအောင် ကျွန်တော် အတတ်နိုင်ဆုံး ပြန်စဉ်းစားပြီး သူ့စကားအတိုင်း ပြန်ပြောပြပါမယ်..။

"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်။ ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်။ အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်။ ".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်။ သိလား။ ခင်ဗျားကို ကျွန်တော် အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော် သိတယ်..............."

ကျွန်တော် အရမ်းအံ့သြသွားပြီး ပြောမိတယ်..."ခင်ဗျား နားလည်တာ များသားပဲ.."
"သူတောင်းစား လုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ်ဗျ"လို့သူကပြောတယ်..။
ကျွန်တော်ကြောင်သွားတယ်...။ စိတ်ဝင်စားသွားပြီး သူ့ကို "ဘယ်လို သိပ္ပံနည်းကျလဲဗျ၊ လုပ်စမ်းပါဦး"လို့ မေးလိုက်တယ်..။
သူက "ကျွန်တော့်မှာ တစ်ခြား သူတောင်းစားနဲ့ မတူတဲ့အချက် ဘာတွေရှိလဲ ခင်ဗျား အရင် ကြည့်ပါဦး" လို့ပြန်ပြောတယ်။
ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်။ ဆံပင်တွေ ရှုပ်ပွနေတယ်၊ အင်္ကျီအ၀တ်အစားတွေ စုတ်ပြတ်နေတယ်။ အရမ်းပိန်တယ်..။ ဒါပေမယ့် ပေရေမနေဘူး။
သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ ဖြတ်လိုက်တယ်..။ "လူတွေက သူတောင်းစားဆို ရွံကြတယ်ဗျ၊ ဒါပေမယ့် ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော် ပြောရဲတယ်..။ အဲဒါက ကျွန်တော် တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ..။"

ကျွန်တော် ခေါင်းငြိမ့်ဝန်ခံလိုက်တယ်။ အဟုတ်ကို ရွံစရာမကောင်းပါဘူး..။ မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ် သူတောင်းစား တစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ..။
" ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကို နားလည်တယ်။ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့ strength ဟာ ရွံစရာကောင်းမနေတာပါ။ Opportunities နဲ့ Threats ကတော့ အပြင်က အခြေအနေတွေပါ။ ဒီမြို့မှာ လူဦးရေများတာတို့၊ မြို့ရဲ့အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ"
"ကျွန်တော် အသေးစိတ် တွက်ချက်ဖူးတယ်ဗျ။ ဒီနေရာမှာ တစ်နေ့ကို လူဦးရေ သောင်း ဂဏန်းလောက် ဖြတ်သန်းသွားလာနေတာ။ ဆင်းရဲတဲ့သူတွေများတယ်။

ဒါပေမယ့် ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ.. သီအိုရီအရ ပြောရရင် အကယ်၍ ကျွန်တော်ဟာ တစ်ရက်ကို လူတစ်ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ ၁လကို သုံးသိန်းလောက်ဝင်နိုင်တယ်..။ ဒါပေမယ့် လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်တော်လည်းတစ်နေ့တည်းနဲ့ လူအဲလောက်အများကြီးဆီက တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး.။ အဲဒါကြောင့် ကျွန်တော် ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential customers ဆိုတာပေါ့ဗျာ"

သူက တံတွေးမျိုပြီး ဆက်ပြောပြန်တယ်.."ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ target customers က စုစုပေါင်း ဖြတ်သန်းသွားလာနေတဲ့လူအရေအတွက်ရဲ့ ၃၀ရာခိုင်နှုန်းပေါ့..၊ အောင်မြင်နိုင်ခြေက ၇၀%ရှိတယ်..။ potential customers က ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက ၅၀%၊ ကျန်တဲ့ ၅၀%ကတော့ကျွန်တော် လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်။ ကျွန်တော့်မှာ သူတို့နဲ့ ကံစမ်းနေဖို့ အချိန်မလောက်လို့ "အဲဒါဆို ခင်ဗျားရဲ့ customer ကို ခင်ဗျား ဘယ်လို သတ်မှတ်လဲ" ကျွန်တော် မေးလိုက်မိတယ်..။

"အရင်ဆုံး target customer ကို ပြောပြမယ်။ ခင်ဗျားတို့လို လူငယ်တွေပေါ့၊ ၀င်ငွေရှိတယ်။ ရက်ရောတယ်။ ဒါ့အပြင် စုံတွေရောပဲ။ သူတို့က တစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊ ရက်ရက်ရောရော ပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းမလှလေးတွေကို ကျွန်တော်က potential customer လို့ သတ်မှတ်ထားတယ်..။ သူတို့က ရှုပ်ရှုပ်ယှက်ယှက်တွေကြောက်တတ်ကြတော့၊ အများအားဖြင့် ပေးတတ်ကြတယ်။ အဲဒီ လူအုပ်စု၂မျိုးလုံးကို အသက် ၂၀ ကနေ ၃၀ ကြားကို ထားတယ်။ သိပ်အသက် ငယ်ရင်လည်း ၀င်ငွေ သိပ်မရှိတတ်ကြ ဘူးလေ။ အသက် အရမ်းကြီးရင်လည်း အိမ်ထောင် ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမက ထိန်းချုပ်နေပြီ။ အဲလို လူတွေက ဘာမှ မျှော်မှန်းစရာ သိပ်မရှိဘူး"
"အဲဒါဆို ခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက် ရတတ်သလဲ"ကျွန်တော် မေးလိုက်တယ်။
"Monday to Friday ကတော့ နည်းနည်း ပါးတယ်ဗျ၊ ၂၀၀လောက်တော့ ရတာပေါ့..။ စနေ၊ တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ ရတာပေါ့ဗျာ"

"အဲလောက်တောင် များများ ရလား"
ကျွန်တော်နည်းနည်း သံသယရှိနေတာ တွေ့တော့ သူက ကျွန်တော့ကို တွက်ပြတယ်..။"ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း တစ်ရက်ကို ၈ နာရီ အလုပ်လုပ်တယ်ဗျာ။ မနက် ၁၁ နာရီကနေ ည ၇ နာရီထိ၊ စနေ၊တနင်္ဂနွေလည်း မနားဘူး။ ကျွန်တော် တစ်ခါတောင်းတဲ့ ကြာချိန်က ၅ မိနစ်ပေါ့။ လမ်းလျှောက်ပြီး ပစ်မှတ်ရှာတဲ့ အချိန်တွေကို နှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁ မိနစ်ကို ၁ ယောက်၊ ၁ ကျပ်နှုန်းနဲ့ရတယ်။ ၈ နာရီဆိုတော့ ၄၈၀ ရတာပေါ့။ ပြီးတော့မှ အောင်မြင်နိုင်ခြေ ၆၀% (၅၀%+၇၀%)/၂ နဲ့ မြှောက်လိုက်ရင် ၊ ၃၀၀ နီးပါးလောက်ရတာပေါ့။ customer ကို အမြီးဆွဲပြီး တစ်လမ်းလုံး လျှောက်လိုက်နေလို့ လုံးဝမဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူသာ ပေးချင်ရင် အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့် ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှ အောင်မြင်မှာကိုး။ အဲဒါကြောင့် အကန့်အသတ်ရှိတဲ့ အချိန်တွေကို မပေးချင်တဲ့ customer ဆီမှာ မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှ ဟုတ်သေးတယ်။"

ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင်မလိုက်ဘူး။ ပြောတဲ့စကားတွေက ၀ါရင့် Marketing Supervisor လားကျနေတာပဲ..။
"ခင်ဗျား ဆက်ပြောပါ။" ကျွန်တော် ပိုစိတ်ဝင်စားလာတယ်..။ ဒီနေ့တော့ ပညာတွေရပြီ..။
"တစ်ချို့က သူတောင်းစားဟာ ကံကိုမှီပြီး စားရတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲလို မသတ်မှတ်ဘူး။ ဥပမာ ပြောမယ်ဗျာ..။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ အမျိုးသားချောချောတစ်ယောက်နဲ့၊ ကောင်မလေး ချောချောလေး တစ်ယောက်ရပ်နေရင် ဘယ် တစ်ယောက်ကို ခင်ဗျား တောင်းမလဲ။" ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ ဖြေလိုက်တယ်..။

"ခင်ဗျား ယောက်ျားလေးကို သွားတောင်းသင့်တယ်။ ဘေးမှာ မိန်းမချောလေး ရပ်နေတော့၊ သူမပေးဘဲ နေရမှာ ရှက်လိမ့်မယ်။ ကောင်မလေးသာ သွားတောင်းလို့ ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေး ရှောင်သွားလို့ရတာပေါ့။"
"ခင်ဗျားကို နောက်ဥပမာတစ်ခု ထပ်ပေးမယ်။ တစ်နေ့က shopping mall တစ်ခု ရှေ့မှာ ပစ္စည်းဝယ်ပြီးခါစ ထွက်လာတဲ့ အထုပ်တွေနဲ့ မိန်းမငယ် တစ်ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့ လူငယ်ပိုင်း စုံတွဲ တစ်တွဲရယ်၊ သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ laptop အိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော် လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်။ ပြီးတော့ ကောင်မလေးဆီကို သွားတောင်းလိုက်တယ်။ သူက အိတ်ထဲက အကြွေစေ့ ၂စေ့ကို နှိုက်ပေးပြီး ထူးဆန်းတကြီး ကျွန်တော့်ကို ဘာလိုသူ့မှတောင်းတာလဲလို့ မေးတယ်။ ကျွန်တော်က ဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊ ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ ဟို ယောက်ျားကတော့ အရာရှိပိုင်း ကုမ္ပဏီ ၀န်ထမ်းဆိုတော့ အကြွေမပါလောက်ဘူး၊ မင်းကတော့ ခုမှ ပစ္စည်းဝယ်ပြီးထွက်လာတာဆိုတော့၊ သေချာပေါက် အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်"

ယုတ္တိရှိသား! ကျွန်တော်နားထောင်လေ စိတ်ဝင်စားလေ ဖြစ်လာတယ်.။
"သိပ္ပံနည်းကျ တောင်းရမယ်။ နေ့တိုင်း ဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။ ဘယ်သူက ဂုံးတံတားပေါ် အားယားယား သွားလျှောက်နေမလဲ။ လှေကား တက်လိုက် ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကိုယ်ကို ပညာနဲ့ တန်ဆာဆင်ထားရမယ်ဗျ၊ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကို ထက်မြက်လာစေတယ်။ ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုတသုတ ရှာမှီးနေမှ လူတော် ဖြစ်လာမှာပေါ့။၂၁ရာစုမှ အလိုအပ်ဆုံးက လူတော်တွေပဲလေဗျာ"
"တစ်ခါက လူတစ်ယောက် ကျွန်တော်ကို ငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေ လွမ်းလိုက်တာလို့ အခါ ၁၀၀ သွားအော် ပေးရမတဲ့။ ကျွန်တော် တွက်ကြည့်လိုက်တယ်။ တစ်ခါအော်ရင် ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော် တစ်ခါတောင်းတာနဲ့ ညီမျှတယ်။ ရတာကကျတော့ ပြား၅၀ပဲရတယ်။ အဲဒါနဲ့ ကျွန်တော် ငြင်းလိုက်တယ်။"

"ဒီ စိန်းကျိန့်မြို့မှာ သာမာန် သူတောင်းစားဆိုရင် တစ်လကို ၈၀၀၊ ၁၀၀၀ ရအောင် တောင်းနိုင်တယ်။ ကံကောင်းရင်တော့ ၂၀၀၀ စွန်းစွန်းရတာပေါ့..။ စိန်းကျိန့် တစ်မြို့လုံး သူတောင်းစား အယောက် တစ်သိန်းမှာ ၁၀ ယောက်လောက်ပဲ တစ်လကို တစ်သောင်းအထက်ရအောင် တောင်းနိုင်တယ်။ ကျွန်တော်က အဲဒီ ၁၀ ယောက်ထဲက တစ်ယောက်ပဲ..။ ပြီးတော့ ၀င်ငွေက ငြိမ်တယ်။ အများအားဖြင့် အရမ်းကြီး အတက်အကျမရှိဘူး။"
မိုက်လှချည်လား။ ကျွန်တော် ဒီသူတောင်းစားကို တော်တော် လေးစားသွားတယ်။
"ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ပျော်ရွှင်တဲ့ သူတောင်းစားလို့ အမြဲပြောတယ်။ အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါ ပိုက်ဆံများများ ၀င်လို့ပျော်တာလို့ ပြောကြတာပေါ့။ ကျွန်တော်က သူတို့ကို ပြန်ပြောတယ်။ ခင်ဗျားတို့ မှားနေတယ်။ ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့ စိတ်ရှိနေလို့ ၀င်ငွေများနေတာလို့။"
အပြောကောင်းချက်ဗျာ

"တောင်းတယ်ဆိုတာ ကျွန်တော့်အလုပ်ပဲဗျ။ အဲဒီတော့ အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို ခံစားတတ်ရတယ်။ မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ၊ တခြား သူတောင်းစားတွေက ညည်းတဲ့သူညည်း အိပ်တဲ့သူ အိပ်နေကြတယ်။ အဲလို လုပ်လို့ လုံးဝမဖြစ်ဘူးဗျ။ စိတ်ထဲကနေ ဒီမြို့ရဲ့အလှကို ခံစားရမယ်..။ ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့ ကလေးကို ခေါ်ပြီး ဈေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း တစ်မိသားစုလုံး ပျော်ပျော်ပါးပါးပေါ့..။ အဲလိုဆိုရင် ဒီဘ၀ အသက်ရှင်ရတာ အဓိပ္ပါယ်မမဲ့တော့ဘူးပေါ့ဗျာ။ အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေး ဘာလေး ပစ်ပေးလိုက်တာပေါ့။ သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကို တွေ့တော့လည်း ကိုယ့်ကိုယ်ကို ပြန်မြင်နေသလိုပေါ့"

"ခင်ဗျားက မိန်းမနဲ့ ကလေးနဲ့?"
ကျွန်တော် အလန့်တကြားမေးလိုက်မိတယ်။ လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။
"ကျွန်တော်မိန်းမက အိမ်ရှင်မ တာဝန်ကို အပြည့်ယူထားတယ်။ ကလေးက မူလတန်းတက်နေပြီ။ ကျွန်တော် ဖူထျန် ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installment နဲ့ ၀ယ်ထားတယ်။ ၁၀နှစ်ခွဲပေးရမယ်။ နောက် ၆ နှစ်ဆို ကြေပြီဗျ။ ကျွန်တော် ကြိုးစားမှဖြစ်မယ်။ ကျွန်တော့သားလေး ကြီးလာရင် တက္ကသိုလ်မှာ Marketing Major ယူခိုင်းရမယ်။ ပြီးရင် အဖေ့အမွေဆက်ခံပြီး ကျွန်တော့်ထက်သာတဲ့ သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်။"

"လွန်ခဲ့တဲ့ ၅နှစ်တုန်းက PROFIBUS ဆိုတဲ့ ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းကတော့ Sales Manager အဖြစ် promotion ရတယ်ဗျ။ တစ်လကို ၅၀၀၀ နဲ့ပေါ့..။ အဲချိန်တုန်းက တစ်သောင်းကျော်တန် Samsung Laptop တစ်လုံးကို installment နဲ့ ၀ယ်ခဲ့တယ်။ တစ်လကို ၂၀၀၀ သွင်းရတယ်။ သေမလိုရှင်မလိုပဲဗျာ..။ နောက်တော့ ကျွန်တော် စဉ်းစားတယ်။ ဒီလိုသာဆက်သွားရင်တော့ တစ်သက်လုံး လူမွှေးလူတောင် ပြောင်မှာ မဟုတ်ဘူး လို့။ အဲဒါနဲ့ အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကို ပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။
ကျွန်တော်က အဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ.. "
သူ့စကားလည်း ဆုံးရော ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက...
"ကျွန်တော့်ကို တပည့်အဖြစ်လက်ခံနိုင်မလားဗျာ...."

မောက္ခပညာရေးဆိုက်မှ ကူးယူဖော်ပြပါသည်။

ဝက်ခြံနှင့် ပတ်သက်သော အယူအဆမှားများ

လူတိုင်းလိုလို ၀က်ခြံပေါက်ဖူးကြပြီး ၀က်ခြံနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေလည်း အများအပြားရှိပါတယ်။ သင်ကြားဖူးနေတဲ့ အဲဒီအယူအဆတွေထဲက ဘယ်အချက်တွေကမှန်ပြီး ဘယ်အချက်တွေက မှားနေလဲဆိုတာ သိရအောင် ၀က်ခြံနဲ့ ပတ်သက်တဲ့ အယူအဆမှားတွေကို ဖော်ပြလိုက်ပါတယ်။

အယူအဆမှား (၁)
- ၀က်ခြံပေါက်တာဟာ တစ်ကိုယ် ရေသန့်ရှင်းရေး မကောင်းလို့ အပျင်းထူပြီး ညစ်ပတ်လို့ ဖြစ်တယ်။

သင်ဟာ ညစ်ပတ်လို့ ၀က်ခြံပေါက်တာထင်ပြီး သင့်မျက်နှာကို ၀က်ခြံပျောက်ချင်ဇောနဲ့ မကြာခဏ ပွတ်တိုက်ဆေးကြော၊ သန့်ရှင်းနေရင်တော့ ၀က်ခြံတွေ ပိုဆိုးလာပါလိမ့်မယ်။ အမှန်တော့ အညစ်အကြေးတွေနဲ့ အရေပြား မျက်နှာပြင်က အဆီတွေဟာ ၀က်ခြံဖြစ်စေတဲ့ အကြောင်းရင်းမဟုတ်ပါဘူး။ တစ်နေ့တာအတွင်း စုမိနေတဲ့ အညစ်အကြေးတွေနဲ့ အရေပြား ဆဲလ်သေတွေဟာ ရှိနေတဲ့ ၀က်ခြံတွေကိုလည်း ပိုမဆိုးစေပါဘူး။ အလွန်အကျွံ မျက်နှာကို ဆေးကြောနေခြင်းကသာ အရေပြားကို ယားယံစေပြီး ၀က်ခြံတွေကို ပိုဆိုးလာစေနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး အတွက်ရော ၀က်ခြံအတွက်ပါ အကောင်းဆုံးကတော့ တစ်နေ့နှစ်ကြိမ် (မနက်အိပ်ရာထနဲ့ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်စီ) မျက်နှာသစ် ဆပ်ပြာ အပျော့စားနဲ့ ညင်ညင်သာသာ ဆေးကြော သန့်ရှင်းပေးဖို့နဲ့ ၀က်ခြံအတွက် သင့်တော်တဲ့ ကုသမှုခံယူဖို့ပါ။

အယူအဆမှား (၂)
 - အစားအသောက်က ၀က်ခြံပေါက်စေတဲ့ အဓိကအကြောင်းရင်းပဲ။

ကြော်ထားတဲ့အစာတွေ၊ ငန်တဲ့အစာတွေနဲ့ ချောကလက်တွေဟာ ၀က်ခြံပေါက်စေနိုင်တယ်လို့ လူအများက ယုံကြည်ထားပေမယ့် သိပံ္ပနည်းကျလေ့လာမှုတွေက အစားအသောက်နဲ့ ၀က်ခြံအကြားဆက်စပ်မှုကို သက်သေမပြနိုင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစာအသောက်တွေကို စားပေးရင်တော့ သင့်ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာရေးကောင်းအောင် ကူညီနိုင်မှာဖြစ်ပါတယ်။

အယူအဆမှား (၃)
- ၀က်ခြံကိုညှစ်ပြီး အဆံထုတ်မှသာ ပျောက်နိုင်ပါတယ်။

အမှန်တော့ သင့်ဝက်ခြံကို ထိတွေ့ကိုင်တွယ်ခြင်း၊ ညှစ်ခြင်းတွေဟာ သင့် အရေပြားအောက်ကို ရောဂါပိုးတွေ တွန်းထည့်နေသလိုဖြစ်ပြီး ၀က်ခြံကို ပိုမို နီရဲ နာကျင်စေကာ ရောဂါပိုးတွေ ပြန့်ပွားစေပါတယ်။ ဒါ့အပြင် ၀က်ခြံကို ညှစ်ခြင်းကြောင့် အမာရွတ်လည်း ကျန်ခဲ့နိုင်ပါတယ်။

အယူအဆမှား (၄)
- ၀က်ခြံဟာ ဆယ်ကျော်သက် အရွယ်မှာသာ ပေါက်တတ်တယ်။

အမှန်ကတော့ ဆယ်ကျော်သက်အရွယ်ကနေ အသက် ၄၀ ကျော်အရွယ် အထိ ၀က်ခြံပေါက်နိုင်ပါတယ်။ ဆယ်ကျော်သက်တွေမှာ ၀က်ခြံ အများဆုံးပေါက်တတ်ပေမယ့် လူကြီးတွေမှာလည်း ၀က်ခြံပေါက်နိုင်တာပါပဲ။

အယူအဆမှား (၅)
- လိင်ဆက်ဆံခြင်းနဲ့ စိတ်ဖြေခြင်းတွေက ၀က်ခြံပေါက်စေတယ်။

လေ့လာမှုတွေအရ လိင်ဆက်ဆံခြင်း၊ စိတ်ဖြေခြင်းနဲ့ ၀က်ခြံအကြားမှာ ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ်။

သဘာဝရဲ့အားအင် မှကူးယူဖော်ပြပါသည်။

ကော်ဖီချစ်သူတွေအတွက် ကဖင်းဓာတ်အကြောင်း

ညဘက်မှာ အိပ် မပျော်တာမျိုး ဖြစ်လေ့ရှိတယ် ဆိုရင် နေ့လယ် ၁ နာရီ ကျော်ပြီးချိန်မှာ ကဖင်းပါတဲ့ အရည်တွေကို မသောက် သင့်ပါ။ ကဖင်းဓာတ်ဟာ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာအခြေခံတဲ့ ဖျော် ရည်နဲ့ ချောကလက်တွေထဲမှာ ပါဝင်ပါ တယ်။ ကဖင်းဓာတ်ဟာ အသင့်အတင့်စွဲ လမ်းစေတတ်တဲ့ အာနိသင်ရှိပါတယ်။ ကဖင်းကို အလွန်အမင်း သောက်မယ် ဆို ရင် ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေ နိုင်ပါတယ်။

ကဖင်းဓာတ်ဟာ သံဓာတ်စုပ်ယူမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါ ကြောင့် သံဓာတ်ချို့တဲ့မှု မဖြစ်အောင် က ဖင်းပါတဲ့ အရည်ကို ထမင်းစားချိန်တစ်ဝိုက် မသောက်သင့်ပါဘူး။ ကဖင်းဟာ ဗဟိုအာရုံကြော စနစ်ကို လှုံ့ဆော်ပေးတာကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို တိုးမြင့်စေပါတယ်။

ကဖင်းဓာတ်များရင် အစာအိမ်ကို မအီမသာဖြစ်စေပြီး ခေါင်းကိုက်တာနဲ့ အိပ်မပျော်တာကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းဓာတ် ကို အလွန်အမင်း မှီဝဲတာက ပေါင်မပြည့် ကလေးမွေးနှုန်းနဲ့ ဆက်စပ်မှုရှိပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ စီစဉ်ထားတဲ့ အမျိုးသ မီးတွေအနေနဲ့ တစ်နေ့မှာ ကဖင်းဓာတ် ၂ဝဝ မီလီဂရမ်ထက် ပိုမမှီဝဲသင့်ပါ။

ကဖီးဓာတ်၏ကောင်းကျိုး

လက်ဖက်ရည်နဲ့ ကော်ဖီမှာ ဖလေ ဗိုးနွိုက်ခေါ်တဲ့ အင်တီအောက်ဆီးဒင့်ပါ ဝင်နေပါတယ်။ ဖလေဗိုးနွိုက်ဟာ နှလုံး ရောဂါနဲ့ ကင်ဆာရောဂါ တို့လို နာမကျန်း မှုတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ကဖင်းဓာတ်နဲ့ မတည့်တဲ့ သူတွေအနေနဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ လက် ဖက်စိမ်းလို ကဖင်းမပါတဲ့ လက်ဖက်ရည်တွေကို သောက် သုံးနိုင်ပါတယ်။ အဲဒီအစားအ သောက်ထဲမှာ အင်တီအောက်ဆီးဒင့်ပါ ဝင်မှု များလို့ပါ။

ကော်ဖီ ကို များများ သောက်သင့်လား

တစ်နေ့မှာ ကဖင်းဓာတ်ပါတဲ့ အစား အသောက်တွေကို လေးကြိမ်ထက် ပိုမှီဝဲ ရင် လျှော့ဖို့ သင့်နေပါပြီ။ ညဘက်မှာ အိပ်ပျော်ဖို့ ခက်နေရင် နေ့လယ် ၁ နာရီကျော်ပြီးချိန်မှာ ကဖင်း ဓာတ်ကို မသောက်သင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်၊ မိခင်နို့တိုက် ချိန်နဲ့ သွေးတိုးတာ၊ ဆီးမထိန်းနိုင်တာ၊ ပူပင်သောကများတာတို့လို ရောဂါခံစား နေရသူတွေမှာ ကဖင်းဓာတ်မပါတဲ့ အရည်တွေကိုပဲ သောက်သင့်ပါတယ်။

ကဖင်းဓာတ်ကို လျော့ ချနည်း

တစ်နေ့မှာ ကော်ဖီတစ်ခွက်ပုံမှန် သောက်နေကျဖြစ်ရင် တစ်နေ့ ကော်ဖီ ခွက်တစ်ဝက်ပဲ သောက်ပြီး ကဖင်းဓာတ် ကို လျှော့ချသင့်ပါတယ်။ ကဖင်းဓာတ်ပါတဲ့ အရည်အစား သစ် သီးဖျော်ရည်နဲ့ ရေများများသောက်ပါ။ ကဖင်းဓာတ် အစား ဆေးဖက်ဝင် လက်ဖက်ရည်ကို သောက်မယ် ဆိုရင် အင်တီ အောက်ဆီးဒင့် အပိုကို ရရှိစေပါတယ်။

တစ်ပတ်မှာ ကဖင်းဓာတ်ပါတဲ့ အ ရည်ကို ငါးခွက်ထက် ပိုမသောက်ပါနဲ့။

ကဖင်းဓာတ်ကို လျှော့ချပြီးချိန်မှာ ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်နေချိန်မှာ ရေကို များများ သောက်ပေးပါ။ နှစ်ရက်လောက်ကြာရင် သက်သာသွားပါလိမ်မယ်။

Samsung Galaxy S3 ကမ္ဘာ့အကြမ်းခံဖုန်း ဖြစ်ကြောင်း သက်သေပြသွား

Samsung Galaxy S3 ကို iPhone 5 နဲ့ ယှဉ်ပြီး အကြမ်းခံမှုမှာ လိုက်မမှီဘူး လို့ ဝိုင်းဝန်းပြောဆိုခဲ့ကြပါတယ်။ ယခုတော့ ယင်းပြောဆိုချက်ကို ပယ်ဖျက်အောင် Samsung တို့ သက်သေပြလိုက်ပြီ ဖြစ်ပါတယ်။

အပြင်းဆုံး အကြမ်းခံ စမ်းသပ်မှုလို့ခေါ်တဲ့ (Extreme Test) ကို Samsung Galaxy S3 နဲ့ လုပ်ပြသွားပါတယ်။ ပလပ်စတစ် ကိုယ်ထည်နဲ့ ပြုလုပ်ထားပေမယ့် ဘယ်လောက်ထိ အကြမ်းခံတယ် ဆိုတာကို ဗီဒီယိုထဲမှာ မြင်တွေ့ရ မှာ ဖြစ်ပါတယ်။

သာမန် ၁၀၀ ဂရမ်လောက် လူလက်နဲ့ ဖိတဲ့ Buttom ကို ၁၀၀၀ ဂရမ် Pressure နဲ့ အကြိမ် ၂ထောင် ဖိပြပါတယ်။ ပြောင်းဖူးကြိတ်စက်ထဲ ထည့်ပြပါတယ်။ ရေစက်ပေါင်း သန်းနဲ့ချီပြီး Screen ပေါ် ကျစေပါတယ်။ မိုးပေါက်များအောက် ထားပြပါတယ်။ Connection ဘယ်လောက်ခံတယ် ဆိုတာကို ပြသပါတယ်။ ဘယ်လောက် ကွေးဆန့်နိုင်မှု ဒဏ်အား ခံနိုင်တယ် ဆိုတာကို ပြသပါတယ်။ ဖိအား ဘယ်လောက်ပေးပေမယ့် ကွေးမသွားဘဲ သူ့နဂိုအတိုင်း ရှိတယ်ဆိုတာကို ပြသပါတယ်။ အပေါ်ကနေ ပစ်ချပြပါတယ်။ Samsung Galaxy S3 တစ်လုံးတည်းနဲ့တင် မဟုတ်ပဲ အလုံးပေါင်းများစွာနဲ့ သက်သေပြထားတဲ့ Samsung ရဲ့  ဗီဒီယို ကို အံ့သြသွားကြပါတယ်။

ဒါကြောင့် iPhone 5 ကိုကျော်လွန်ပြီး ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်းအဖြစ် စံချိန် တင်နိုင်ခဲ့ခြင်းဟာ အကြောင်းမဲ့ မဟုတ်ဘူး ဆိုတာကို အောက်ပါ ဗီဒီယိုနဲ့ သက်သေပြသွားခဲ့ကြောင်း သိရပါတယ်။


Ref: TechSpaceJournal

Lenovo က ကမ္ဘာ့ရောင်းအား အကောင်းဆုံး Laptop အမှတ်တံဆိပ် ဖြစ်လာ

တရုတ်ပြည်အခြေဆိုက် Lenovo အီလက်ထရောနစ်ကုမ္မဏီဟာ ယခု ၂၀၁၂ ခုနှစ် နောက်ဆုံးလေးလပတ် မှာ ကမ္ဘာ့ရောင်းအား အကောင်းဆုံး Laptop - အမှတ်တံဆိပ် တစ်ခုဖြစ်လာပြီလို့ သိရပါတယ်။

ယခင်က နံပါတ် ၁ နေရာမှာ အမေရိကန် အခြေဆိုက် HP မှ ရှိနေပြီး နောက် ဆုံးလေးလပတ်အတွင်း ကျော်တက်သွားခြင်း ဖြစ်ပါတယ်။ PC ဈေးကွက် တစ်ခုလုံးကို လွမ်းမိုးဖို့လည်း အလားအလာ ရှိပါတယ်။ လက်ရှိ ကမ္ဘာ့ PC ဈေးကွက် ရဲ့  ၁၅.၇ ရာခိုင်နှုန်းကို Lenovo ကို ပိုင်ဆိုင်ထားပါတယ်။ ဒုတိယ လေးလပတ်မှာလည်း ကုမ္မဏီအတွက် အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း၁၆၀ ကျော် ရှာဖွေပေးနိုင်ခဲ့ ပါတယ်။ နိုင်ငံပေါင်း ၆၀ ကျော်မှာ Lenovo အော်ပရေးရှင်း စက်ရုံများ ရှိပြီး နိုင်ငံပေါင်း ၁၆၀ ကျော်ကို ဖြန့်ဖြူးရောင်းချလျက် ရှိပါတယ်။

၁၉၈၄ ခုနှစ်က ပေကျင်းမြို့ မှာ ကုမ္မဏီစတင် တည်ထောင်ပြီး ၁၉၈၈ ခုနှစ်ရောက်တော့ ဟောင်ကောင်မှာ ရုံးစတည်နိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊  North Carolina မှာလည်း သုတေသန ရုံးနဲ့ ဓာတ်ခွဲခန်းများ ထားရှိပြီး နည်းပညာသစ်များကို တီထွင်ကြိုးပမ်း လျက် ရှိပါတယ်။

တရုတ်ပြည်မှ ZTE, Huawei တို့ကဲ့သို့ အီလက်ထရောနစ် ကုမ္မဏီကြီ များ အောင်မြင်လာခြင်းနဲ့အတူ Lenovo လည်း အောင်မြင်လာ တာ ကိုတွေ့ရပါတယ်။ လက်ရှိမှာ Huawei က ကမ္ဘာ့ အကြီးဆုံး ဖုန်း ထုတ်လုပ်ရေး ကုမ္မဏီဖြစ်ပါတယ်။ Lenovo ကလည်း PC ဈေးကွက်ကို လွမ်းမိုးလာပါတယ်။ တရုတ်ပြည်မရဲ့  အီလက်ထရောနစ် ကုမ္မဏီများဟာ ကမ္ဘာ့ဈေးကွက် ထိပ်တန်းကို ရောက်ရှိရန် အခွင့်အလှမ်းရှိပေမယ့် အရည် အသွေးက အဓိက အလေးထားရမယ့် အပိုင်း ဖြစ်လာပါတယ်။

Lenovo ဟာ PC မှာတင် မကပဲ စမတ်ဖုန်းဈေးကွက်မှာပါ အောင်မြင်လာဖို့ ဆက်လက် အကောင်ထည်ဖော်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း Lenovo စီအီးအို Yang Yuanqing က ပြောကြားခဲ့ပါတယ်။

Related Posts Plugin for WordPress, Blogger...