လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ယေးလ်နှင့် ဟားဗတ်တက္ကသိုလ်ကျောင်းများ ကမ္ဘာ့ထိပ်တန်းအဆင့်တွင်ရှိနေ


အမေရိကန် ဥပဒေကျောင်းများ ထဲတွင် ယေးလ်တက္ကသိုလ် ကလည်းကောင်း၊ ဆေးပညာ တက္ကသိုလ်များ ထဲတွင် ဟားဗတ်တက္ကသိုလ် တို့က လည်းကောင်း  ကမ္ဘာ့ထိပ်တန်း နံပါတ်ဝမ်း အဆင့်တွင်ရှိနေကြောင်း အမေရိကန် News & World Report မှ ထုတ်ဖော်ပြောကြားခဲ့သည်။
စီးပွားရေးကျောင်းများထဲတွင် ဟားဗတ်နှင့် စတန်းဖို့ဒ်တက္ကသိုလ်တို့သည်  ထိပ်တန်းတက္ကသိုလ်များ အဖြစ် သတ်မှတ်ခြင်း ခံရသည်။  နည်းပညာတွင် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီယာ ပညာရပ် တွင် ဘာကလေ၊ စတန်းဖို့ဒ်နှင့် ကာလီဖိုးနီးယား တက္ကသိုလ်တို့ ရရှိကြသည်။
Peabody ကောလိပ်နှင့် Vanderbilt တက္ကသိုလ်တို့ကို ပညာရေးတွင် ထိပ်တန်းအဖြစ်သတ်မှတ်ခံရသည်။
News & World Report မဂ္ဂဇင်းတွင် ထိုကျောင်းထွက်များသည် ကျောင်းပြီးပါက ဒေါ်လာ သိန်းချီပြီး ရနိုင်စွမ်းရှိ ကြောင်း၊ သို့သော် အများစုမှာ ကျောင်းတက်ရင်း ကြွေးပိကာ ဘဝပျက်သွားသူများလည်း ရှိကြောင်း ဖော်ပြထား သည်။ ကျောင်းသားများအနေဖြင့် ရွေးချယ်မှု အရေးကြီးကြောင်း၊ ဘဝအတွက် အာမခံချက်ရှိသည့် ဘာသာရပ် များကိုရွေးချယ်ခြင်းသည် အလုပ်အကိုင် အခွင့်အလမ်းများ အတွက်ပါ အဆင်ပြေနိုင်ကြောင်း ရေးသားထား သည်။

မည်သည့်ကျောင်းသို့ တက်သည်ဖြစ်စေ စည်းကမ်းလိုက်နာနိုင်ရန် အရေးကြီးကြောင်း၊ ကျောင်းတစ်ခုခု တက် တော့မည် ဆိုလျှင် ပညာရှင်များနှင့် တိုင်ပင် သင့်ကြောင်း၊ ဖြစ်ချင်တာ ထက် ဖြစ်သင့်တာ ကို ရွေးချယ်ရန်လည်း အရေးကြီးကြောင်း၊ မိမိနှင့် မလိုက်ဖက်သည့် ဘာသာရပ် များကို ရွေးချယ်ခြင်းကြောင့် ကြွေးတင်ပြီး ဒုက္ခရောက် ကာ ပန်းတိုင် မရောက်နိုင်ကြောင်း၊ ဝါသနာလည်းပါ၊ ဘဝအတွက် အာမခံချက်ရှိမည့် ဘာသာရပ်များကို ရွေးချယ်ရန် လိုအပ်ကြောင်း အကြံပြုရေးသားထားသည်။

ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရိုလာကိုစတာ


တစ်နာရီ ၉၃ မိုင်နှုန်းအထိ အမြန်ပြေးပါတယ်။ ပေ ၃၁၀ အထိ အပေါ် တက်ပြီး ပေ ၃၀၀ ပြန်ကျပါတယ်။ အရှည်ပေ ၆၅၉၅ ပေရှိပြီး တစ်ခါစီးရင် ကြာချိန်က ၂ မိနစ်နဲ့ စက္ကန့် ၂၀ပါ။

အမေရိကန်ပြည်ထောင်စု အိုဟီးအိုးပြည်နယ် Sandusky မြို့မှာ ရှိတဲ့ Cedar Point  အမည်ရ အပန်းဖြေကစားကွင်းမှာ တည်ရှိပြီး Millennium Force လို့ အမည်ရပါတယ်။ ကမ္ဘာ့အကောင်းဆုံး စတီးရိုလာကိုစတာ အဖြစ် ဆုများ ၇ ကြိမ်တိုင်တိုင် ရရှိထားပြီး ၂၀၀၀ ခုနှစ် မေလ ၁၁ ရက်နေ့က စတင် ဖွင့်လှစ် ပါတယ်။

စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂၅ သန်းတောင်ရှိပါတယ်။ ကမ္ဘာ့ လူစီးအများဆုံး ရိုလာကိုစတာ စာရင်းထဲမှာ ပါဝင်ပါတယ်။ ၈၀ ဒီဂရီ အထိတောင် စောင်းပြီး သွားလာတဲ့ ယင်း ရိုလာကိုစတာဟာ ကမ္ဘာ့ ကြောက်မက်ဖွယ် အကောင်းဆုံး ရိုလာကိုစတာ အဖြစ်လည်း လူသိ များကြောင်း သိရပါတယ်။

TechSpaceJournal

ဒိုလေးပေါက်စ

ခရစ်စတီယာနိုရော်နယ်ဒို ကစားပုံနဲ့ ဆင်တဲ့ ကောင်လေးပါ... အနာဂတ်မှာ တောက်ပလာနိုင်ပါတယ်...။


Samsung Galaxy S4



Samsung Galaxy S4 ကို တရားဝင်ထုတ်ဖော်ပြသပြီးသွားပါပြီ။ ဧပြီလ၂၆ ရက်နေ့ဆိုရင် စတင် ရောင်းချတော့မှာ ဖြစ်ပါတယ်။

ပုံစံ အရွယ်အစား

ယခင် Samsung Galaxy S3 ထက်ကြီးပါတယ်။ ၅ လက်မ မျက်နှာပြင် ဆိုတော့ တော်တော်လေးကြီးပါတယ်။ Samsung Galaxy Note 2 တောင် ၅.၅၅ လက်မပဲ ရှိတာ ဘာမှ သိပ်မကွာတော့ပါဘူး။ S pen သာပါရင် Note လို့တောင်ဆိုရမလို ဖြစ်ပါတယ်။ တိတိကျကျကတော့ 5.38 x 2.71 x 0.31 လက်မ ပတ်လည် ဖြစ်ပါတယ်။ အလေးချိန်က ၄.၆ အောင်စ ရှိပါတယ်။ ပလက်စတစ် ဘော်ဒီကိုပဲ ပြန်သုံးထားပါတယ်။ ရည်ရွယ်ချက်က အပူသက်သာပြီး ဘက်ထရီနဲ့ memory card အဖြုတ်အတပ်လွယ်ကူအောင်လို့ဆိုပါတယ်။

မျက်နှာပြင်

၅ လက်မ Full HD Super AMOLED ကို သုံးပါတယ်။ resolution အားဖြင့် 1,920x1,080 pixels, 441ppi ရှိပါတယ်။

ကင်မရာ

13 megapixel တောင်ရှိပါတယ်။ Samsung တို့ထုံးစံအတိုင်း ကင်မရာအတွက် Feature ဟောင်းများအပြင် အသစ်များလည်း ပါဝင်လာပါမယ်။ ရှေ့ ကင်မရာက 2 megapixel အထိတောင် ရှိသွားပါတယ်။

Processor

1.9GHz quad-core Snapdragon Fusion Pro သို့မဟုတ် 1.6GHz octa-core Exynos 5 Octa ပါဝင်ပါတယ်။ အရင် S3 က 1.5 GHz ပဲရှိခဲ့တာ ဖြစ်ပါတယ်။

Memory and Storage

16GB, 32GB, 64GB သုံးမျိုး ရှိပြီး 64GB အထိ ထပ်းတိုးနိုင်ပါတယ်။ RAM ကတော့ 2GB ပါပဲ။

ဘက်ထရီ

၂၆၀၀ mAh ရှိပြီး S3 ထက် ၅၀၀ တောင်တိုးလာပါတယ်။ Power usage ပိုသက်သာပြီး အရင် Samsung Galaxy စီးရီးအားလုံးထက် ပိုအသုံးခံမယ့် ဘက်ထရီဖြစ်တယ်လို့ ဆိုပါတယ်။

Connectivity

NFC, 4G, Wi Fi , Bluetooth တို့ပါဝင်ပါတယ်။ မြန်မာပြည်မှာဆိုရင် GSM သုံးလို့အဆင်ပြေပါမယ်။ Samsung ကနေ CDMA အတွက်ထုတ်တဲ့ ဖုန်းက နည်းပါတယ်။ Galaxy Amazing တို့လို ခပ်ရှားရှားဖုန်းမှာသာ CDMA ရခဲ့ပြီး ယခု Samsung Galaxy S4 ကတော့ GSM ပဲရနိုင်အုံးမှာ ဖြစ်ပါတယ်။

ထူးခြားဆန်းသစ်မှုများ

Eye control tech လို့ခေါ်ရမလားပါပဲ။ ဗီဒီယိုကြည့်နေရင်း မျက်စိက မျက်နှာပြင်မဟုတ်တဲ့ အခြားတစ်နေရာကို ရောက်သွားရင် အလိုအလျောက် ခဏရပ် Pause ပေးတယ်လို့ ဆိုပါတယ်။ စာဖတ်တဲ့အခါ လက်နဲ့ Scroll လုပ်စရာ မလိုပဲ မျက်လုံးကနေ အောက်ကိုဆွဲကြည့်သွားရင် အလိုအလျောက် Scroll လုပ်တယ်လို့ ဆိုပါတယ်။ ကင်မရာကို တော်တော်လေး နည်းပညာ အဆင့်မြင့်ထားပါတယ်။

S translation App တို့လိုဟာ ပါဝင်လာမယ်လို့ ဆိုပါတယ်။ Google Translate လိုပါပဲ။ ဝင်သမျှ၊ ဖတ်သမျှ စာကို ကိုယ်စိတ်ကြိုက်ဘာသာသို့ ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာစာတော့ ရမှာ မဟုတ်ပါဘူး။ Google Translate မှာတောင် မပါသေးတာ Samsung မှာ ပါဖို့ကျ လိုပါသေးတယ်။

ကင်မရာမှာဆိုရင်လည်း dubbed Dual Shot and Dual Recording တို့အပြင် picture-in-picture modes တို့လည်းပါဝင်ပါတယ်။ Samsung Store နဲ့တိုက်ရိုက်ချိတ်ပြီး S4 အတွက် သီးသန့်လုပ်ထားပေးတဲ့ App and Feature တွေကိုလည်း ထပ်မံ ပေါင်းထည့်နိုင်ပါသေးတယ်။ Hand free access တို့လည်းပါဝင်ပြီး ကားမောင်းနေရင်း ဖုန်း ဖြေတာတို့၊ ပြောတာတို့ အသုံးပြုလို့ရပါမယ်။ အရင် Samsung Galaxy တွေမှာ ပါခဲ့သလိုပဲ လေမှာ ဝေ့ရမ်းလိုက်ရုံနဲ့ Answer Buttom ကိုနှိပ်ပြီးသား ဖြစ်နေတာ တို့လည်းပါဝင်ဦးမှာပါ။

ဈေးနှုန်း

ဈေးနှုန်းကတော့ တရားဝင် မကြေညာ ထားသေးပါဘူး။ သေချာတာကတော့ iPhone 5 ထက် ဈေးသက်သာနေဦးမှာပါ လို့ ခန့်မှန်းထားကြပါတယ်။ Samsung Galaxy S3 က မြန်မာပြည်မှာ ၄ သိန်းကျော်နဲ့ ရနေပါပြီ။ ယခု Samsung Galaxy S4 ရဲ့ တန်ဖိုးက S3 ထွက်တုန်းကလို ၄၅၀ ဝန်းကျင်မဟုတ်တောင် ၆၀၀ USD ဝန်းကျင်ထက် မပိုနိုင်ဘူးလို့ ခန့်မှန်း ထားကြပါတယ်။ Google Nexus ဖုန်းကလည်း ထွက်ဦးမယ်ဆိုတော့ ပြိုင်ဘက်တွေကြားမှာ S4 ကိုဈေးတင်မှာ မဟုတ်ပါဘူး။

ဧပြီလ ၂၆ ရက်နေ့ထွက်မယ့် S4 နဲ့ ပက်သက်လို့ ဓာတ်ပုံနဲ့ သတင်း အသေးစိတ် သိချင်ရင်အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.samsung.com/global/microsite/galaxys4/

TechSpaceJournal

Maroon 5 - Payphone (မြန်မာဗားရှင်း)

မူရင်းဗားရှင်း



မြန်မာဗားရှင်း


ကမ္ဘာ့ပထမဆုံး ရေအောက် နိုက်ကလပ်


 အမေရိကန်နိုင်ငံ နယူးယောက်မြို့က ရေကူးကန် တစ်နေရာမှာ စတူဒီယို တစ်ခု ဖန်တီးပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ဇွန်လတုန်းက ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက ပြည်သူများ အနေနဲ့ ရေအောက် သဘာဝကို ပိုမို စိတ်ဝင်စားလာအောင် ရည်ရွယ်ချက်နဲ့ လုပ်လိုက်တဲ့ marketing video သာဖြစ်ပြီး စိတ်ဝင်စားသူ အများအပြား ရှိခဲပါတယ်။

အထဲမှာ တကယ့် နိုက်ကလပ်ထဲကလို ခံစားစေရမယ်လို့ ဆိုပါတယ်။ အားလုံး ခေါင်းကို စွတ်ထားပေမယ့် တစ်ယောက်အသံ တစ်ယောက် ကြားရပါတယ်။ ကန်ပတ်ပတ် လည်မှာ sound box တွေတပ်ပြီး တစ်ယောက်ချင်းဆီမှာလည်း Hearing Device ပါရှိပါတယ်။ ဒါကြောင့် အထဲမှာ ဘယ်သူတွေ ဘာပဲ ပြောပြော ကုန်းပေါ်မှာ နေရသလို ကြားရပါမယ်။ ဖုန်းတွေရော၊ ကင်မရာတွေရော အားလုံး အသုံးပြုလို့ ရပါမယ်။ ကပြဖျော်ဖြေတဲ့သူနဲ့၊ အရက်ဘားနဲ့၊ စားပွဲခုန်တွေနဲ့ အပြင်အဆင် ထူးထူးခြားခြား မြင်တွေ့ရတဲ့ ကမ္ဘာ့ပထမဆုံး ရေအောက် နိုက်ကလပ် ဖန်တီးထားမှုကို အောက်မှာ ကြည့်ရှု နိုင်ပါတယ်။



TechSpaceJournal

ကမ္ဘာ့အသက်အကြီးဆုံးအဘိုး ကျန်းမာရေးစောင့်ရှောက်မှု အငြင်းပယ်ခံရ


ကမ္ဘာ့အသက်အကြီးဆုံးဟု ယူဆရသည့် အသက် ၁၂၈ နှစ်အရွယ်အဘိုး ဂျူးလိယပ်စ် ဝမ်ယွန်ဒူ ဂါတုံဂါသည် ယခုအခါ အသက် ၈၉ နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ဘာ့သ် ဝမ်ဂျီရူနှင့်အတူ ကင်ညာနိုင်ငံ တွင် နေထိုင်လျက်ရှိသည်။ ဂါတုံဂါ၏ မှတ်ပုံတင်ကတ်အရ သူ့အသက်မှာ ၁၂၈ ရှိပြီဟုဆိုနိုင်သည်။
ယခု အဘိုး ဂါတုံဂါသည် အသက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်ကို အငြင်းခံနေရကြောင်း သိရသည်။ ကင်ညာအမျိုးသားဆေးရုံကြီး၏ အာမခံဌာန ကွန်ပျူတာစနစ်က ဂါတုံဂါ၏ကတ်ကို လက်မခံသဖြင့် ကျန်းမာရေးအတွက် ဆေးရုံသို့ပြရန် အခက်အခဲဖြစ်နေရသည်။ ထိုကွန်ပျူတာစနစ်တွင် ၁၈၉၀ ပြည့်နှစ်မှ နောက်ပိုင်းမွေးဖွားလာသူများ အတွက်သာ ထည့်ထားသဖြင့် ၁၈၈၄ ခုနှစ်မွေးသော အဘိုးကို ကွန်ပျူတာက လက်ခံရန် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကွန်ပျူတာမှ လက်မခံသောကြောင့် ကင်ညာအမျိုးသားဆေးရုံ ကလည်း လက်မခံဝံ့ကြောင်း၊ မိသားစု များက အဘယ်ကြောင့် ဤသို့ဖြစ်ရသည် ကို နားမလည်ကြောင်း၊ အာဏာပိုင်များသို့ သွားရောက် တိုင်ကြားကာ ကန့်ကွက်ထားကြောင်း၊ လူငုတ်တုတ် ရှိနေပါလျက် ကျန်းမာရေး အာမခံထားသူအား စောင့်ရှောက်မှု မပေးနိုင် ဆိုခြင်းမှာ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ပြောကြားကြသည်။
ကင်ညာဆေးရုံ အာမခံဌာနကလည်း အသက်ကိုကန့်သတ်ခြင်းမှာ လက်ခံနိုင်ဖွယ် မရှိသဖြင့် ကုမ္ပဏီကို ကန့်ကွက် ထားကြောင်း သိရသည်။ ဆေးကုသခွင့်အာမခံကို ထိုကုမ္ပဏီက ဝန်ဆောင်မှု စတင်ပေးနေသည်မှာ တစ်နှစ်ခန့်သာ ရှိသေးပြီး အသက်အရွယ်နှင့် ပတ်သက်၍ အတွေ့အကြုံ မရှိသေးသောကြောင့် ဤသို့ ကွန်ပျူတာ တွင် မှားယွင်းစွာ ခုနှစ်ကို သွင်းထားခြင်းဖြစ်မည် ဟု ဆေးရုံတာဝန်ရှိသူများက ဆိုသည်။

Maukkha.org
Related Posts Plugin for WordPress, Blogger...