လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အမေရိကန်မှ ကမ္ဘာ့အသန့်ရှင်းဆုံးရေကန်

ပုံမှာ ကြည့်လိုက်ရင် ရေတိမ်တယ်လို့ ထင်ရပါတယ်။ အမှန်တော့ ယင်း ကန်ဟာ ပေ ၃၇၀ နက်တဲ့ Flathead Lake ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ Montana ပြည်နယ်၊ မစ္စစပီမြစ်အနောက်ဘက်မှာ တည်ရှိပြီး ၁၉၁.၅ စတုရန်းမိုင် ကျယ်တဲ့ ရေကန် ဖြစ်ပါတယ်။ သူ့အရွယ်၊ သူနေရာဒေသနဲ့ ယှဉ်လိုက်မယ်ဆိုရင် သာမန်ထက် သန့်ရှင်းနေပြီး အလွန်ကြည်လင်နေ ပါတယ်။ ယင်း Crystal Clear water ကြောင့် ရေ နက်တာကို တိမ်တယ်လို့ ထင်ရပြီး ပုံမှာ မြင်တွေ့ရ တဲ့အတိုင်း သန့်ရှင်းနေ ပါတယ်။

ကုန်းတွင်ပိတ် ရေအိုင်ကြီး တစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်း ကတည်ရှိနေတာ ဖြစ်ပါတယ်။ သဘာဝအလျောက်လှပနေပြီး သူ့ရဲ့  ထူးခြား ကြည်လင်တဲ့ ရေကြောင့် Flathead Lake ဟာ လူသိများပါတယ်။ ကမ္ဘာ့အသန့်ရှင်းဆုံး ရေကန်များထဲမှာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။

Ref: International News for Myanmar

သိင်္ဂုတ္တရကုန်းတော်နဲ့ပတ်သက်လို့

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီး ကိန်းဝပ်စမ္ပယ်တော်မူသော ကုန်းမြေကို သိင်္ဂုတ္တကုန်းတော်ဟု ခေါ်ဆိုပါပါသည်။ ထိုသိင်္ဂုတ္တ ကုန်းတော်သည် အမည်(၇)ပါးတွင်၏။ ၎င်းတို့ကား...
၁။ တရိဟကုမ္ဘ
၂။ သတ္တဘုမ္မိ
၃။ ဓညဝတီ
၎။ ပေါက္ခရဝတီ
၅။ ဘူရိဒတ္တ
၆။ သီဟရာဇာ
၇။ သိင်္ဂုတ္တရ
တို့ ဖြစ်ကြသည်။

- တရိဟကုမ္ဘဟု တွင်သည်ကား ဟိမဝန္တတောင်၏ အဆုံးဖြစ်သော တောင်စွယ်တောင်ထိပ် သုံးလုံး တို့သည် ဤကုန်းကို ညွတ်တွား ဦးခိုက် နေသကဲ့သို့ ရှိသောကြောင့် ဖြစ်၏။
- သတ္တဘုမ္မိဟု တွင်သည်ကား ရွှေ၊ ငွေ၊ အနီ၊ အဖြူ၊ အမည်းအဆင်းများနှင့် ချဉ်သော၊ ဖန်သော အရသာများ ရှိသည်။ မြေခုနှစ်မျိုး ပါဝင်သော ကုန်းတော်ဖြစ်သောကြောင့် ဖြစ်၏။
- ဓညဝတီဟု တွင်သည်ကား ကောက်နှံ၊ ရတနာပစ္စည်း၊ သစ်ပင်၊ ပန်းမန်တို့ ပေါများ ကြွယ်ဝ သောကြောင့် ဖြစ်၏။
- ပေါက္ခရဝတီ ဟုတွင်သည်ကား သိင်္ဂုတ္တရကုန်းတော်ကို ၉၉ ကုံးရံ၍နေသောကြောင့်ဖြစ်၏။
- ဘူရိဒတ္တဟု တွင်သည်ကား ဤကုန်းသို့ ရောက်လာသော သတ္တဝါတို့သည် ရန်သူပင် ဖြစ်သော် လည်း ရန်ပြေငြိမ်းစေတတ် သောကြောင့်ဖြစ်၏။
- သီဟရာဇာဟု တွင်သည်ကား ထိုကုန်းကိုမြင်လျှင် ရဲရင့်ခြင်းနှင့် ပြည့်စုံသောကြောင့်ဖြစ်၏။
- သိဂုင်္တ္တရဟု တွင်သည်ကား ထိုအရပ်၌ တစ်ခုသော ကင်းကြီးသည် ဆင်များကို သတ်ဖြတ် စားသောက်၍ အစွယ်များကို စုပုံထားရာ ဖြစ်သောကြောင့် ကင်းကြီးနှင့် ဆင်စွယ်များကို အကြောင်းပြု၍ မှည့်ခေါ်ခြင်း ဖြစ်သည်။
(အဆိုပါ သိင်္ဂုတ္တကုန်းတော်ကို သိကြားမင်း၏ အမိန့်ဖြင့် ဝိသကြုံနတ်သား ရှင်းလင်းသောည၌ တဖုဿနှင့် ဘလ္လိကညီနောင်တို့သည် တောင်ကုန်းကို မိမိတို့ကိုယ်တိုင် တွေ့ရှိရပြီဟု အိပ်မက်မြင်မက် ကြလေသည်။ နံနက် မိုးသောက်သည်နှင့် ထိုနေရာသို့ သွားကြသောအခါ စည်မျက်နှာကဲ့သို့ ညီညာပြန့်ဖြူးစွာ ရှင်းလင်းထားသော ကုန်းမြေကို အံ့ဘွယ် တွေ့ရှိရလေသည်။

Credit to >>>>> ဆရာ နန္ဒမိုးကြယ်ရေးသားပြုစုသောသိမှတ်ဖွယ်ရာ

မြန်မာ့လျှို့ ဝှက်ချက်(၁၀၀) စာအုပ်မှာကောက်နှုတ်တင်ပြသည် ။

ရုရှားတွင် အများပြည်သူ နေရာများတွင် ဆေးလိပ်သောက်ခြင်း တားမြစ်


အများပြည်သူများ သွားလာလှုပ်ရှား ရပ်နားသည့်နေရာများတွင် ဆေးလိပ်သောက်ခြင်း၊ ရောင်းချခြင်း များအား လာမည့် ၂၀၁၄ ခုနှစ် နှစ်လည်မှ စတင်ပြီး ပိတ်ပင်သွားမည် ဖြစ်ကြောင်း၊ ဆေးလိပ်သောက်သုံးဖြင်းဖြင့် ရောဂါဘယ အဖြစ်များကို သေဆုံးသည့်နှုန်း မြင့်တက်လာသဖြင့် ထိုသို့ ပိတ်ပင်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အများပြည်သူသွားလာလှုပ်ရှားနေသည့် နေရာများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်သည့် ဥပဒေကို ရုရှားဒူးမားလွှတ်တော်မှ ပြဋ္ဌာန်းနိုင်ရေးအတွက် ရုရှားအောက်လွှတ်တော်မှ တင်သွင်းသွားမည်ဖြစ်ပြီး၊ ဆေးလိပ်ကြော်ငြာများ ကပ်ခွင့်၊ အရက်ဆိုင်၊ စားသောက်ဆိုင်၊ ဆေးဆိုင်၊ အားကစားရုံများ၊ ပညာရေးဌာနများ အနီးတစ်ဝိုက်တွင် ဆေးလိပ်ရောင်းချခွင့် များကိုပါ ပိတ်ပင်သွားမည်ဟု ဆိုသည်။

လက်ရှိ ကလေးကစားကွင်းအနီး၊ ခန်းမများနှင့် လှေကားအတက်အဆင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး နေရာများတွင်  ဆေးလိပ်သောက်သုံးသည်ကို တွေ့ရှိပါက ဒေါ်လာ ၅၀ မှ ဒေါ်လာ ၁၀၀ အတွင်း ဒဏ်ရိုက် ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနကလည်း ဆေးလိပ်သောက်သုံးမှုများ လျှော့ကျစေရေးအတွက်  နှစ်စဉ်ဆေးလိပ်ခွန်ကို ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ရာ ယခုအခါ စီးကရက်တစ်ဘူးနှုန်းသည် ၁ ဒသမ ၇ ဒေါ်လာနှုန်းသို့ရောက် ရှိနေပြီဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံချက်အရ ရုရှားနိုင်ငံသား ၃၉ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်ကြောင်း၊ ထို့ကြောင့် ဆေးလိပ်အသောက်ဆုံးနိုင်ငံစာရင်းတွင် ထည့်သွင်းနိုင်သည်ဟုဆိုသည်။ နှစ်စဉ် ဆေးလိပ်သောက် သုံးခြင်းကြောင့် ဖြစ်တတ်သည့် ရောဂါများဖြင့် ရုရှား ၄ သိန်းခန့် သေဆုံးနေရကြောင်း၊ နှစ်စဉ် ရုရှားလူဦးရေ၏ သုည ဒသမ ၃ ရာခိုင်နှုန်းခန့် သေဆုံးနေရခြင်းဖြစ်သဖြင့် စိုးရိမ်ဖွယ်ရာ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။


Ref: Maukkha

Facebook တွင် Unfriend လုပ်ခြင်း၏ အကျိုးဆက်

သင့်ကို Facebook မှာ သင့်ရဲ့ သူငယ်ချင်း တစ်ယောက်လောက်က Unfriend လုပ်သွားတာ သင်သိရပြီဆိုရင် အဲ့ဒီအကြောင်းကို တအုံ့နွေးနွေးနဲ့ အမြဲတမ်း ပြန်စဉ်းစားမိနေတာ ဖြစ်ဖူးတယ် မဟုတ်ပါလား....

Colorado တက္ကသိုလ်က လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့တာက Online မှာ ဆက်ဆံရေး ရပ်ဆဲလိုက်မယ်ဆိုရင် တကယ့်လက်တွေ့ဘ၀နယ်ပယ်မှာပါ အကျိုးသက်ရောက်မှုရှိပြီး အခင်အမင်တွေ ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

အလားတူပဲ Facebook မှာ Unfriend လုပ်ခြင်းဟာ Digital နည်းလမ်းအားဖြင့် သူငယ်ချင်း မိတ်ဆွေအချင်းချင်း ဒေါသထွက်အောင် လုပ်နည်းတစ်မျိုးလိုလဲ ဖြစ်နေပါတယ်။

Facebook မှာ Unfriend လုပ်လိုက်တာဟာ အမှန်တကယ်လည်း လူတွေကို အဆက်အဆံတွေ ပျက်ဆီးစေနိုင်ပါတယ်။

တကယ်လို့များ ကိုယ့်ကို Unfriend လုပ်လိုက်တာ သိသွားတယ်ဆိုရင် "အင်း ဒီလူကတော့ ငါနဲ့ ဆက်ပြီး အပြောအဆို အဆက်အဆံ မလုပ်ချင်တော့တာ ငါ့ကို သိအောင် လုပ်ပြလိုက်တာပဲ ဖြစ်မှာ“ လို့ ပြောမိမှာပါဘဲ။ အဲ့ဒီနောက်မှာတော့ သူ့ကို မတွေ့ချင်၊ မမြင်ချင်၊ အဆက်အဆံမလုပ်ချင်တော့အောင် ခပ်စိမ်းစိမ်းတွေ ဖြစ်သွားကြ တက်ပါတယ်။

သုတေသန ပညာရှင် Christopher Sibona ရဲ့ လေ့လာမှုမှာ လူတွေ Facebook မှာ Unfriend လုပ်ရတဲ့အကြောင်းအရင်း လေးမျိုးရှိကြောင်း တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

1) အရေမရ အဖတ်မရ အရေးမကြီးတဲ့ အကြောင်းအရာတွေပဲ အမြဲတင်နေတဲ့အတွက်ကြောင့်

2) နိုင်ငံရေးတွေ၊ ဘာသာရေး အကြောင်းတွေပဲ အာပေါင် အာရင်း သန်သန် လျှောက်ပြောနေတဲ့ အတွက်ကြောင့်

3) လိင်ကိစ္စတွေ၊ လူမျိုးရေးအကြောင်းတွေပဲ တင်နေတဲ့အတွက်ကြောင့်

4) ထွေထွေထူးထူး မရှိဘဲ ပြင်းရိငြီးငွေ့ စရာကောင်းတဲ့ အကြောင်းအရာတွေပဲ တင်နေတဲ့အတွက်ကြောင့်

အဲ့ဒီလို အကြောင်းအရာတွေကိုပဲ အမြဲတမ်းတင်နေမယ်ဆိုရင် သူတို့ တင်ချင်တာတင်ပစေ မဖတ်ဘဲ၊ မကြည့်ဘဲ ထားတက်ကြပါတယ်။ နောက်ဆုံး မျက်စိနောက်လာတဲ့ အချိန်မှာတော့ Unfriend လုပ်တက်ကြတယ်လို့ ဆိုပါတယ်။

တကယ်တော့ အဲ့ဒီအကြောင်းအရာလေးမျိုးအပြင် အမှန်တကယ် မုန်းတီးလို့ Unfriend လုပ်တာမျိုးလဲ ရှိတက်ပါတယ်။

အဲ့ဒီလိုမျိုး Unfriend လုပ်တဲ့နေရာမှာ အမျိုးသားတွေထက် အမျိုးသမီးတွေဟာ Unfriend ဖြစ်ပြီးသွားရင် အဲ့ဒီလူကို မတွေ့မမြင်ချင် လောက်အောင် ပိုပြီး ရှောင်ကြဉ်လိုကြတယ်လို့ ဆိုပါတယ်။

Social လောကမှာ ကြဉ်ဖယ်ခြင်းခံရတာကလည်း မိမိကိုယ်ကို အထင်ကြီးလေးစားခြင်း (Self-esteem) ကို လျော့ကျစေတယ်လို့ လေ့လာမှုတွေက ညွန်ပြနေပါတယ်။ အဲ့ဒါကြောင့် လေ့လာသူတွေက Social Media တွေကတစ်ဆင့် ဖြစ်ပွားလာတဲ့စိတ်ခံစားမှုတွေဟာ လေးနက်မှု၊ အကျိုးသက်ရောက်မှု ဘယ်အတိုင်းအတာအထိ ရှိမယ်ဆိုတာကို နားလည်နိုင်အောင် ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

အဲ့ဒါကြောင့် Online မှာ Unfriend လုပ်တာဟာ ဘာမှ မဖြစ်ပါဘူးလို့ မတွေးဘဲ တကယ့်ဘ၀မှာမှာ သက်ရောက်မှုတွေ ရှိတယ်ဆိုတာ သိရှိပြီး၊ မိမိရဲ့ Online ဘ၀က ခင်မင်ရင်းနှီးမှုတွေကိုလည်း အလေးအနက်ထားပြီး နေထိုင်ဆက်ဆံနိုင်ကြဖို့ မျှဝေလိုက်ရပါတယ်။

Ref: Fox 31News Denver 
TechSpaceJournal

တီဗီ ၁ နာရီကြည်တိုင်း အသက် ၂၂ မိနစ်တို

ထူးထူးခြားခြား လေ့လာတွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေးပညာရှင်များက စစ်တမ်းအရ ရှာဖွေတွေ့ရှိ ထားခြင်း ဖြစ်ပါတယ်။

တီဗီကို တစ်နာရီပတ်လုံး ထိုင်ကြည့်တဲ့အခါ ကိုယ်လက် လှုပ်ရှားမှုများ မရှိတဲ့ အတွက် အဆီတက်စေပါတယ်။ ကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှု အားနည်းပြီး သွေးကြော ပိတ်ခြင်း၊ သွေးကြော ကျဉ်းခြင်း၊ Fatty acid တိုးခြင်း တို့ ဖြစ်စေပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ်စဉ်များ ဆက် တိုက် ဖြစ်ရင် ကိုယ်တွင်း ဇီဝလောင်ကျွမ်းမှု စနစ် အလုပ်လုပ်ဆောင် မှု နှေးကွေးပြီး အကြောအားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့ အတွက် ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။

ဒါကြောင့် ဘာမှ မလှုပ်မလျှက်ပဲ တီဗီ ၁ နာရီထိုင်ကြည့်လိုက်ခြင်းဟာ ပျှမ်းမျှ အားဖြင့် တီဗီမကြည့်တဲ့ လူထက် ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်း ကျော် လျော့နည်းသွားပြီး အသက်နဲ့တွက်လိုက်ရင် ၂၂ မိနစ်စာ အသက် လျော့သွားစေပါတယ်။ ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီ ကြည့်သူဟာ သာမန်လူတွေထက် ငါးနှစ်လောက် အသက်တိုတာကို လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ကွန်ပြူတာ အသုံးပြု အလုပ်လုပ်သူတွေထက် တီဗီကြည့်သူများ ပိုဖြစ်ပြီး ကွန်ပြူတာ အသုံးပြုလုပ်ကိုင်သူများကလည်း ကိုယ်လက်လှုပ်ရှားမှု ရှိရန် လိုအပ်တယ်လို့ဆိုပါတယ်။ ရုံးချိန်ဆက်တိုင် ထိုင်ရာမှ မထ တည်တည် အလုပ်လုပ်ခြင်းကလည်း တီဗီကြည့်သူနဲ့ မထူးမခြားနား ကျန်းမာရေး ချို့ယွင်းလို့ အသက်တိုနိုင်ကြောင်း သိရပါတယ်။
--
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး

ဖေဖော်ဝါရီလ ၁၉ တွင် ပြသမည့် HTC M7


HTC က မြန်မာပြည်မှာလည်း အတော်လေး ရေပန်းစားနေပါပြီ။ ထိုနည်းတူစွာ ကမ္ဘာမှာလည်း HTC က အတော်လေး ဈေးကွက် ထိုးဖောက်နေပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ နောက်ဆုံးထွက် HTC M7 ကို ထုတ်ဖော်ပြသအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။

၎.၇ လက်မ 1080p ရုပ်ကြည် Display, RAM - 2GB, Processor က quad-core ဆိုတော့ specification အမြင့်စား ဖုန်းတစ်မျိုးပါပဲ။ ကင်မရာ ကတော့ အထူးခြားဆုံးပဲ ဖြစ်ပါတယ်။ 13 megapixel ကင်မရာ ဖြစ်ပေမယ့် Megapixel က Ultrapixel လို့ပြောင်းခေါ်ရလောက်အောင် ကင်မရာ လုပ်ဆောင်ချက်အတွက် ထောက်ပံ့ပေးမယ့် Option နဲ့ UI အသစ်တွေ တိုးအုံးမှာ လို့ ဆိုပါတယ်။

အတွင်း မှတ်ဥာဏ် 32GB ကဒ်က 64GB ထပ်ဆိုက်နိုင်ပြီး HTC မှ ကိုယ်တိုင် develop လုပ်ထားသော graphical user interface နောက်ဆုံးထွက် Sense 5 ကို ထည့်သွင်းပေးထားမယ်လို့ ဆိုပါတယ်။

ဒီတော့ ဈေးကြိမ်းသေကြီးမယ့် ဖုန်းပါပဲ။ သို့ပေမယ့် အခြား high class smartphone များနဲ့စာရင်တော့ သူက နည်းနည်း သက်သာတဲ့ သဘော ရှိပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ထုတ်ဖော်ပြသမှ သူ့ရဲ့ ဈေးနဲ့ Specification ကို စုံစုံလင်လင် သိရှိရမှာ ဖြစ်ကြောင်း သိရ ပါတယ်။ 

Ref: TechSpaceJournal

လက်ချောင်းဖြင့် တစ်လောကလုံးကို ဖန်တီးမည့် နည်းပညာ SixthSense


ဒီနည်းပညာလည်း တော်တော်ကို လေးစား အံ့သြရမယ့် နည်းပညာ ဖြစ်ပါတယ်။ လက်ချောင်း လေးများပေါ်မှာ ယင်း ပစ္စည်းလေး စွတ်ထားရုံနဲ့-

- သတင်းစာပေါ်မှာ ရုပ်လုံးရုပ်ကြွနဲ့ စာများ ဗီဒီယိုများ မြင်တွေ့ရပါမယ်။ 
- လက်ချောင်းလေးချောင်းကို လေးထောင့်ပုံစံ လုပ်ပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။ 
- စာရွက်ပေါ်မှာ ဂိမ်းဆော့နိုင်ပါမယ်။ ရုပ်ရှင်ကြည့်နိုင်ပါမယ်။ ကွန်ပြူတာ အသုံးပြုနိုင်ပါမယ်။ 
- စာကြည့်တိုက်ဝင်တဲ့အခါ ဘယ်စာအုပ်ပဲဖတ်ဖတ် သူ့ရဲ့ အသေးစိတ် အချက်အလက်များကို စာရွက်ပေါ်မှာ အလိုအလျောက် ပေါ်စေပါမယ်။ 

အစရှိသဖြင့် သုံးလို့ကို မကုန်နိုင်တဲ့ Function ပေါင်းများစွာကို ရရှိမှာ ဖြစ်ပါတယ်။ အလွယ်ကူဆုံး ဥပမာ ကတော့ ဒီလို ဖြစ်ပါတယ်။ 

ပထမဆုံး တီထွင်လိုက်တဲ့ နည်းပညာက စာရွက်ကို ကွန်ပြူတာနဲ့ ဆက်ထားပြီး စာရွက်ပေါ်မှာ ဘာပဲ ရေးရေး ကွန်ပျြူတာ မျက်နှာပြင်က Note pad မှာ ရေးသလိုပဲ စာလုံးတွေပေါ်ပါမယ်။ ရုံးအဝင်အထွက် လက်မှတ်ထိုးတာတို့၊ လက်ဗွေနှိပ်တာတို့ကို လုပ်သလိုကစတာ ဖြစ်ပါတယ်။ 

နောက်တော့ ဘာကြိုးမှ ဆက်စရာမလိုပဲ Wireless နည်းပညာနဲ့ Xbox တို့လို ဂိမ်းအတိုင်း ခန္ဓာကိုယ်ရဲ့  လှုပ်ရှားမှုကို အသုံးပြုမှာ ဖြစ်ပါတယ်။ Xbox က လှုပ်ရှားမှုကို အသုံးပြုရုံပါပဲ။ နောက်ထပ်တစ်ဆင့်တပ်လိုက်တာကတော့ လှုပ်ရှားမှုအပင် လက်ညိုးက တစ်ချက် ကွေးဆန့်လုပ်လိုက်ရင် ကွန်ပြူတာ မျက်နှာပြင်မှာ ကလစ်တစ်ချက်ထောင်သလိုပဲ ဖြစ်ပါတယ်။ ဒါတွေက လိုသလို Option ပေးလို့ရပါတယ်။ နောက်ထပ်တစ်ဆင့်ကတော့ ကွန်ပြူတာ တောင် မလိုတော့ပဲ ပရိုဂျက်တာ သေးသေးလေး တစ်လုံး ရှိရင်ရပြီ ဖြစ်ပါတယ်။ 

လက်ချောင်းများရဲ့  လုပ်ရှားမှု sense ကို အသုံးပြုပါမယ်။ အသံရဲ့ တုန်ခါမှု၊ Sound wave လည်းပါဝင်ပါမယ်။ ဒီတော့ ကိုယ့်ရဲ့  လှုပ်ရှားမှုတိုင်းကို Track လုပ်လို့ အလိုအလျောက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဥပမာ အိပ်ကပ်ထဲက ဒီဂျစ်တယ် ကင်မရာကို ထုတ်ဖို့ ပျင်းတယ်ဆိုရင် လက်ချောင်းလေးကို ကင်မရာပုံစံလုပ်ရိုက်ရုံနဲ့ ကင်မရာထဲမှာ အလိုအလျောက်ဝင်သွား မှာ ဖြစ်ပါတယ်။ 

ဒီထက်မကတဲ့ အဆင့်ပေါင်းမြောက်များစွာ ရှိနေပါသေးတယ်။ ဒါကို  SixthSense လို့ခေါ်ပြီး ဖန်တီးသူကတော့ အမေရိကန်က MIT Meida Lab မှ အိန္ဒိယလူမျိုး Phd ကျောင်းသား Pranav Mistr ဆိုသူ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်ကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ 

Pranav ရဲ့  ရှင်းလင်းပြသမှုကို အောင်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 


Ref: TechSpaceJournal

Related Posts Plugin for WordPress, Blogger...