လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

စာဖတ်လွန်သည့်ကျောင်းသား ရဲများကထိန်းသိမ်းရ

ဗြိတိန်နိုင်ငံ ကျောင်းတစ်ကျောင်းမှ ရဲအဖွဲ့ကို စာစွဲလမ်းလွန်းသည့် ကျောင်းသားတစ်ယောက်အား စာကြည့်တိုက် အတွင်းမှ ထုတ်ပေးပါရန် အကြောင်းကြားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဂျမေး ဂါလီယာဒီ အမည်ရှိ ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် အင်္ဂလန်နိုင်ငံတောင်ပိုင်း အိုင်ဖီး ကွန်မြူနတီကောလိပ်မှ ကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းစာကြည့်တိုက်အတွင်းမှ မထွက်တန်း စာကြည့် နေသောကြောင့် ကျောင်းအာဏာပိုင်များက ရဲအဖွဲ့ထံ အကူအညီတောင်းရခြင်းဖြစ်သည်။

ဂါလီယာဒီသည် စာကို အလွန်အမင်းကြိုးစားသူ တစ်ယောက်ဖြစ်ပြီး၊ ဆရာများ စိတ်ထဲတွင် ငြိုငြင် ရလောက် အောင် စာဖတ်နေကြောင်း၊ သူသည် ကျောင်းပြီးလျှင်လည်း စာကြည့်တိုက်ထဲ သွားကာ စာဖတ်နေတတ် ကြောင်း၊ သူ့ကို ဆရာများက ထိုသို့မလုပ်ရန် တောင်းပန်သော်လည်း သူက လူတော် တစ်ယောက်ဖြစ်ရန် ကြိုးစားနေကြောင်းပြောကာ အိမ်ပြန် ခိုင်းသည်ကို ငြင်းဆန်ကြောင်း၊ ကျောင်း စာကြည့်တိုက်ထဲမှ မထွက်ဘဲ စာကြည့်နေသဖြင့် ကျောင်းအုပ်ကြီး ကိုယ်တိုင် အရေးပေါ် အစည်းအဝေးခေါ်ကာ ဆရာများနှင့် တိုင်ပင်ခဲ့ရ ကြောင်း သိရသည်။

ကျောင်းအုပ်ချုပ်ရေး ဒါရိုက်တာတစ်ဦးက “သူ့ကို သွားပြောတော့လည်း ကျယ်ကျယ်လောင်လောင်နဲ့ အော်ထုတ်တယ်” ဟုပြောကြားသည်။
ဂါလီယာဒီသည် ကျောင်းတွင် အတော်ဆုံးဖြစ်ရန် ကြိုးစား အားထုတ်နေပြီး၊ လက်ရှိအနေအထားတွင်လည်း ဘာသာရပ်ဆိုင်ရာ ရမှတ်များအနေအထား ကောင်းမွန်ကြောင်း၊ သို့သော် စာကြည့်တိုက်ထဲမှ မထွက်ဘဲ စာဖတ်နေမည် ဆိုခြင်းက ကျောင်းရှိ အုပ်ချုပ်သူနှင့် ဆရာများကို စိတ် အနှောင့်အယှက်ဖြစ်စေကြောင်း ပြောကြားသည်။

ရဲတပ်ဖွဲ့မှ ထိုကျောင်းသားကို စာကြည့်တိုက်ထဲမှ ဖယ်ရှားပေးမည်ဖြစ်သော်လည်း အရေးမယူပါဟု ပြောကြားခဲ့ သည်။

Ref: Maukkha

သမ္မတ မပါတဲ့ ရာထူး အပ်နှင်းပွဲ

ဗင်နီဇွဲလားနိုင်ငံမှ ပြည်သူများသည် ဇန်နဝါရီ ၁ဝရက်က ဗင်နီ ဇွဲလား သမ္မတ ဟူဂိုချား ဗက်ဇ်၏ သမ္မတ သက်တမ်းသစ် ရာထူး အပ်နှင်းပွဲ အခမ်းအနားကို  သမ္မတ မပါဘဲ ကရားကာ့စ် မြို့တော်ရှိ လမ်းမကြီးတွင်  ကျင်းပခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ သမ္မတ ဟူဂိုချားဗက်ဇ်မှာ တက်ရောက် နိုင်ခဲ့ခြင်း မရှိပေ။ သမ္မတသည် ကင်ဆာ ရောဂါ ဝေဒနာကို ခံစားရနေပြီး ကျူးဘားနိုင်ငံ ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူလျက် ရှိသည်။ သို့သော် ၄င်းကို ချစ်သော ပြည်သူများက လမ်းမပေါ်တွင် အပြည့် အလျှံ ရှိနေခဲ့သည်။
ဗင်နီဇွဲလား ပြည်သူများသည် သမ္မတကို ချစ်ခင်ကြောင်း ပြသသည့် စာတန်းများကို ကိုင်ဆောင် ထားကာ သမ္မတ ကိုယ်စား ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့် ပုံစံမျိုး ဖြစ်ခဲ့ပါသည်။

နဖူးတွင် သမ္မတကို ချစ်မြတ်နိုးသည်ဟု စာတန်းများ ပါသော နဖူးစည်းများ စည်းထားသည့် ပြည်သူ များက နှုတ်မှလည်း သမ္မတ၏ အမည်ကို အကြိမ်ကြိမ် ရေရွတ် အော်ဟစ် ခဲ့ကြသည်။

ဒုတိယ သမ္မတ နီကိုလပ်မာဒူရိုက လက်ဝဲလက်ဘက် အမေရိကန် နိုင်ငံ သမ္မတများနှင့် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ ချားဗက်ဇ်အား ထောက်ခံသော လူအုပ်ကြီးက သမ္မတ နန်းတော် အပြင်ဘက်တွင် စုရုံးထောက် ခံလျက်ရှိသည်။ ဗဟို  ရုံးချုပ်က သမ္မတ ကျန်းမာရေး မကောင်း၍ ကျမ်းသစ္စာ ကျိန်ဆိုမှုကို ရွှေ့ဆိုင်း ထားကြောင်းနှင့် ချားဗက်ဇ် ကျန်းမာရေး ပြန်ကောင်းလာပြီး တာဝန်ထ မ်းဆောင် နိုင် သည့် အချိန်ထိ လက်ရှိ အစိုးရက ဆက်လက် ထိန်းသိမ်း လုပ်ဆောင် သွားမည်ဟု ပြောကြား ခဲ့သည်။

ဤလုပ်ဆောင်မှုမှာ ချားဗက်ဇ် ကျန်းမာရေး ချို့ယွင်း၍ တာဝန် ထမ်းဆောင် နိုင်ခြင်း မရှိသေးမီ လစ်ဟာမှု မဖြစ်စေရေး အုပ်ချုပ်ရေး အစီအစဉ် တစ်ရပ်ကို တရားဝင် ဆောင်ရွက်ခြင်း ဖြစ်သည်။

ထို့အပြင် သမ္မတ ရာထူး အပ်နှင်းပွဲအား ဆိုင်းငံ့ထားရေး ဆုံးဖြတ်ချက်ကို ဖတ်ကြားသူ ဗဟို တရားရုံးချုပ် ဥက္ကဋ္ဌ လူဆာအက်စ် တီလာမိုရေးလ်က သမ္မတ၏ ကျန်းမာရေး အခြေအနေအား အကဲဖြတ် ရန် ဆေးဘက်ဆိုင်ရာ အဖွဲ့နှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ သမ္မတ ဟူဂို ချားဗက်ဇ်အား ထောက် ခံသည့် အနေဖြင့် ဥရုဂွေး၊ အိုလီးဗီးယား နီတာရာဂွာ၊ ဟေတီ၊ အာဂျင်တီးနားနှင့် အက်ကွေ ဒေါနိုင်ငံ တို့မှ ခေါင်းဆောင်များ တက်ရောက် ခဲ့ကြသည်။

ပိန်တဲ့သူ မော်ဒယ်မလုပ်ရ...

အစ္စရေးမှာ ပိန်သူများ မော်ဒယ်မလုပ်ရ ဆိုတဲ့ ဥပေဒ တားမြစ်ထုတ်ပြန် ထားပါတယ်။ အမျိုးသားရော၊ အမျိုးသမီးကိုရော ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အမျိုးသမီးတွေကို ရည်ရွယ်ပြီး ထုတ်ပြန်တဲ့ ဥပဒေ ဖြစ်ပါတယ်။

ဘော်ဒီအချိုးအစား Index ၁၈.၅ သတ်မှတ်ထားပြီး အဲ့ထက်လျော့ရင် မော်ဒယ်လုပ်လို့ မရပါဘူး။ ရှိုး လည်း လျှောက်လို့ မရပါဘူး။ မပိန်တာကို ပိန်အောင် Photoshop တို့လို ဟာနဲ့ ပြန်လည် ပြုပြင် ဖန်တီးရင်လည်း ဖန်တီးသူက ပြစ်မှုမြောက်ပါတယ်။

၂၀၀၆ ခုနှစ်က တောင်အမေရိကန်မှ မော်ဒယ် နှစ်ဦးဟာ ပိန်အောင် အစာလျော့စားမှုကြောင့် Anorexia အမည်ရ ရောဂါနဲ့ ကွယ်လွန်သွား ပါတယ်။ ယင်းအကျိုးဆက်ကြောင့်ပဲ အိန္ဒိယနဲ့ အီတလီမှာ ပေါင်မပြည့်တဲ့ မော်ဒယ်များကို ပိတ်ပင် တားဆီးခဲ့ပါတယ်။ Bulimia အမည်ရ ရောဂါ တစ်မျိုး လည်း ရှိနေပါသေးတယ်။

ဒီတော့ အစ္စရေးကလည်း ယင်း အပိန်လွန်တဲ့ ရောဂါတစ်မျိုး ရှိလာမှာ မလိုလားပါဘူး။ ပိန်တဲ့ ဖက်ရှင်သာ ခေတ်စားလာရင် ကုလို့မရတဲ့ Anorexia, Bulimia အပြင် အခြားသော အပိန်လွန်ရောဂါများ ပိုဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် အစ္စရေးမှာဆိုရင် မော်ဒယ်ရှိုးမှာတင်မကပဲ ဘယ်နေရာ ဖြစ်ဖြစ် သာမန်ထက် ပိန်တဲ့ မော်ဒယ်တွေကို လက်မခံတော့ပဲ ဥပေဒေဖြင့် တားမြစ်လိုက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

Ref: International News for Myanmar

Facebook ပို့စ်ကြောင့် ကျောင်းထုတ်ခံရ


ဗီယက်နမ်နိုင်ငံက ၈ တန်းကျောင်းသူတယောက် သူ ဖေ့စ်ဘွတ်မှာ တင်လိုက်တဲ့ စာတစ်ပုဒ်ကြောင့် ကျောင်းတစ်နှစ် ထုတ်ခံ လိုက်ရပါတယ်။

ဒီကျောင်းသူလေးဟာ ဖေ့စ်ဘွတ်ပေါ်မှာ ခေါင်းဆောင်ကြီး ဟိုချီမင်းရဲ့ ၁၉၄၆ ခုနှစ်က မိန့်ခွန်းကို ပြောင်ပျက်ရေးထားတယ် လို့ ဗီယက်နမ် အစိုးရမီဒီယာကနေ ရေးပါတယ်။

ဒီကျောင်းသူရဲ့ ရေးသားချက်ဟာ သမိုင်းကို ထင်ယောင်ထင်မှား မမှန်မကန် ဖြစ်အောင် လုပ်ရုံသာမက ဆရာတွေ ကိုလည်း ပြင်းပြင်းထန်ထန် စော်ကားရာ ရောက်တယ် လို့ ဆိုပါတယ်။ ကျောင်းသူလေးကတော့ သူ အပျော်အပျက် နောက်ပြောင်ရေးခဲ့တာလို့ ပြောပါတယ်။

ဒီကျောင်းသူက သူ့ဖေ့စ်ဘွတ်ပေါ်မှာ ဟိုချီမင်းရဲ့ စကားထဲက တချို့ကို ယူသုံးထားပြီး နောက်ဘယ်တော့မှ စာမေးပွဲဖြေစရာ မလိုတော့ဘူး လို့လည်း နောက်ပြောင် ရေးသားထားတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်နိုင်ငံက လက်ရှိ ကွန်မြူနစ်အစိုးရလက်အောက်မှာ လွတ်လပ်စွာ ပြောဆို ရေးသားခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

Ref: Myawady

Lenovo ထုတ် စမတ်ဖုန်း IdeaPhone K900


၅.၅ လက်မ အရွယ်ရှိတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ 1080p resolution ဆိုတော့ ယနေ့ထွက်ရှိနေတဲ့ အဆင့်မြင့် စမတ်ဖုန်းများနဲ့ အတူတူပါပဲ။

အထူက ၆.၉ မီလီမီတာဆိုတော့ တော်တော်လေး ပါးတဲ့အနေအထားမှာ ရှိပါတယ်။ iPhone ထက်တောင် ၁ မီလီမီတာ နီးနီး ပါးနေပါသေးတယ်။ ကမ္ဘာ့ အပါးဆုံး ထိပ်တန်းဖုန်း စာရင်းထဲမှာ ပါဖို့တော့ ကြိမ်းသေနေပါတယ်။ အသုံးပြုတဲ့ Processor ကတော့ 2.0GHz Intel Atom ဖြစ်ပါတယ်။


ကင်မရာ ဘယ်လောက်ရှိမယ်။ Storage ဘယ်လောက်ရှိမယ်ဆိုတာတော့ မဖော်ပြထားပါဘူး။ သို့ပေမယ့် 13 megapixel ထက်တော့ မနည်းနိုင်ဘူးလို့ ခန့်မှန်းထားကြပါတယ်။ Storage အနေနဲ့ကတော့ 2GB RAM, နဲ့ 32 GB built in ပါဝင်မယ်လို့ ယူဆ ထားကြပါတယ်။ CES မှာ အများကြည့်ရှုလို့ ရအောင် ယခုလို ပြသထားပြီး မကြာမီ ဈေးကွက် ဖြန့်ချိမယ့် ဖုန်း ဖြစ်ကြောင်း သိရပါတယ်။

Ref: Myanmar Online News

ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ အပန်းဖြေ ကစားကွင်း


Ferrari World လို့ အမည်ရတဲ့ အပန်းဖြေ ကစားကွင်း ဖြစ်ပြီး ကမ္ဘာ့အကြီး ဆုံး အပန်းဖြေကစားကွင်း လို့လည်း စံချိန်တင်ထား ပါတယ်။

တည်နေရာကတော့ အာရပ်ဇော်ဘွားနိုင်ငံ၊ အဘူဒါဘီမြို့ က Yas ကျွန်းပေါ် မှာ ဖြစ်ပါတယ်။ အမိုးနဲ့တင် စုစုပေါင်း ဧရီယာက စတုရန်း ၂သိန်း မီတာ ကျယ်ဝန်းပါတယ်။ အမြင့်ပေ ၁၆၄ ပေ ဝန်းကျင်လောက် အမြင့်ကနေ ဖုံးအုပ်ထားပေးတာ ဖြစ်ပါတယ်။ အထဲမှာ တစ်နာရီ မိုင် ၁၅၀ ကျော်ပြေးတဲ့ ကမ္ဘာ့အမြန်ဆုံး ရိုလာကိုစတာ လည်း ရှိပါတယ်။ အခြားသော အပန်းဖြေ ကစားကွင်းများလည်း ရှိပါတယ်။


အီတလီအခြေဆိုက် Ferrari ပြိုင်ကားထုတ် ကုမ္မဏီက တည်ဆောက် ထားခြင်း ဖြစ်ပြီး Ferrari ကုန်အမှတ်တံဆိပ် ကို လူသိများစေတဲ့ အခြား ကြော်ငြာနည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် နှောင်းပိုင်းက စဆောက်ပေမယ့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ လောက်မှ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

အထဲမှာ Ferrari ကုမ္မဏီရဲ့ နာမည်ကြီး ကားများကို ပြသထား တဲ့ ပြတိုက် လည်း ရှိပါတယ်။ Ferrari World ရဲ့  တည်ဆောက်မှု ပုံစံဟာ ယခုလို သားသားနားနား ရှိနေတာကိုလည်း မြင်တွေ့ရပါတယ်။

Ref: www.ferrariworldabudhabi.com

ဂဏန်းစတိုင်အက အစ ဘယ်သူက


ပုံမှာ မြင်တွေ့နေရတဲ့ ရှေးဟောင်းအမွေအနှစ် ဗိသုကာ လက်ရာ ကတော့ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့  က Seokbulsa အမည်ရ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ခုကလို့ ဆိုပါတယ်။

ယင်း ဗိသုကာ လက်ရာထဲမှာ ဘယ်ဘက်က ကလေးပုံဟာ ဘုရားလောင်းမွေးဖွားစဉ် လက်တစ်ချောင်း ထောင်နေတဲ့ပုံ ဖြစ်ပြီး ညာဘက်ကပုံ အတွက်တော့ ဖြေရှင်းချက် ပေးမထားပါဘူး။

နောက်တစ်မျိုး ကတော့ ယင်းဟာ တောင်ကိုရီးယားရဲ့ နာမည်ကျော် စစ်သူကြီး Jim Rim Hoon မှ တိုက်ပွဲမှ ပြန်လာတိုင်း အောင်ပွဲစဉ်တဲ့ အကလို့ ဆိုပါတယ်။

နောက်တစ်မျိုးကျတော့ တောင်ကိုရီးယားမှ ရှေးပြည်သူများဟာ ဗုဒ္ဓဘာသာ ပွဲတော်များ ကျင်းပတဲ့အခါ အုတ်ရုပ်တုထဲကလို ကခုန်ကြတယ်လို့ ဆိုပါတယ်။

ယင်း လူရုပ်နှစ်ရုပ် ထွင်းထုထားတဲ့ ကျောက်တိုင်ရဲ့  သက်တမ်းကတော့ နှစ် ၁၀၀၀ (တစ်ထောင်) ရှိပြီလို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊ Gangnam ပြည်နယ်နေ လူချမ်းသာများရဲ့ ဘဝနေထိုင်မှု ပုံစံကို ရည်ညွန်းတဲ့ Gangnam Style အက ဟာ PSY အတွက် အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ ဂန်းနမ်းစတိုင် အက (မြင်းစီးအက) နဲ့ ကမ္ဘာကျော်သွားတဲ့ PSY ရဲ့ အက ဘယ်က စတယ်ဆိုတာ ကို တောင်ကိုရီးယား မီဒီယာများမှ မွှေနှောက်ရှာဖွေ ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။
Ref: International News for Myanmar
Related Posts Plugin for WordPress, Blogger...