လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ရွှေတိဂုံဘုရားပေါ် လင်းလငှက် ဘာဖြစ်လို့ နားရတာလဲ

အရှင်ဆန်နီနေမင်း ဖြေပေးထားတာပါ...။

မေး။ ။ အရှင်ဘုရား ခု ရွှေတိဂုံဘုရားပေါ်မှာ လင်းတငှက်များ နားနေပုံနဲ့ပတ်သတ်ပြီး လူတော်တော်များများ ပြောနေကြတာ မကောင်းတဲ့ နိမိတ်လို့ ပြောကြတယ်ဘုရား။ အဲဒါ အရှင်ဘုရားတို့ ပိဋကတ်မှာ လင်းတနဲ့ ပတ်သတ်ပြီး ဘယ်လို အကြောင်းအရာတွေများ ရှိသလဲ ဆိုတာ ပြောပြပေးပါလားဘုရား။

ဖြေ။ ။ အဲဒီလို ထင်မြင်ယူဆစေတာဟာ ဗေဒင်ယတြာယုံကြည်တဲ့သူတွေက လင်းတငှက်ဟာ မကောင်းတဲ့ သတ္တ၀ါလို့မြင်နေကြလို့ လင်းတနားတာ ဟာ မကောင်းတဲ့နိမိတ်လို့ မြင်နေကြတာပါ။ လင်းတငှက်က မကောင်းတဲ့ အရာတွေ စားသောက်လို့ မကောင်းတဲ့ ငှက်ဆို လူတွေ ခုခေတ်မှာ ခွေးတွေ မွေးထားကြတာရော မကောင်းတဲ့ သတ္တဝါမို့ မကောင်းတဲ့နိမိတ် မဖြစ်ဘူးလား။ ခွေးလည်း မကောင်းတဲ့ အရာ စားသောက်တဲ့သတ္တ၀ါပဲလေ။ ဖွတ်သတ္တ၀ါကျတော့ နာမည်ကကိုက ဖွတ်ဖြစ်နေလို့ ဖွတ်တတ်ရင် ဖွတ်ဖြစ်တယ်လို့ ယူဆကြတယ်လေ။ တကယ်တမ်းသာ နာမည်အတိုင်းဖြစ်နေပါက အားလုံးရဲ့ နာမည်တွေဟာ ချမ်းသာ၊ သုခ၊ လိမ်မာ၊ သူတော်ကောင်း၊ ကျန်းမာချမ်းသာ ဆိုတဲ့ နာမည်တွေပဲ ပေးခေါ်ကြမှာပေါ့နော်။

ခု လင်းတငှက် ဘုရားပေါ်နားတာ ဘာများ ဆန်းလို့လဲနော်။ သူတို့ပျံသန်းရတာ မောပန်းသွားလို့ နီးစပ်ရာကို အနားယူတာပဲ ဖြစ်မယ်လို့ ဦးဇင်းက မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လင်းတငှက်တွေဟာ သူတို့ပျံသန်းနိုင်မှု စွမ်းအားထက် ပိုမိုပျံသန်းမိရင် ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်ပြီး သေရတတ်ပါတယ်။ ဒီအကြောင်းအရာကိုတော့ ဦးဇင်း ဇာတကအဋ္ဌကထာ၊ တတိယအုပ်၊ စာမျက်နှာ(၂၄၀) မိဂါလောပဇာတ် အကြောင်းမှာ တွေ့ဖူးထားလို့ပါ။ အဲဒီဇာတ်တော်ထဲမှာ ဘုရားလောင်း လင်းတမင်းက သူ့သားဖြစ်သူ လင်းတငှက်ကို မိမိပျံသန်းနိုင်တဲ့ စွမ်းအားထက် ပိုမိုမပျံသန်းဖို့ရာ ပြောထားပေမယ့် သားဖြစ်သူ လင်းတငှက်ဟာ ဆုံးမစကား နားမထောင်ဘဲ ကောင်းကင်ပေါ်မှာ မြင့်သထက်မြင့်အောင် ပျံသန်းတဲ့ အတွက် လေထုထဲမှာ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်ကာ သေခဲ့ရကြောင်း တွေ့ရှိရတဲ့ အတွက် ယခု ရွှေတိဂုံ ဘုရားပေါ်မှာ လင်းတငှက်များ နားနေတာဟာ သူတို့ပျံသန်းရင်း မောပန်းလို့ အနားယူ တာပဲ ဖြစ်လိမ့်မယ် လို့ ထင်မိပါကြောင်း ဖြေဆိုပေးလိုက်ပါတယ်။

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ

ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ပူနေပြီ ဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြု လိုက်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ် အလေးချိန်တွေ လျော့ကျစေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက် ကက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့်ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံး နည်းပါ။ ဒါက ကိုယ် အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်။

(၂) အမျှင်ဓာတ်များများ စားပါ


အမျှင်ဓာတ် များများပါတဲ့ အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ ကောက်နှံ တစ်ခုလုံးနဲ့ လုပ်တဲ့ အစာတွေက ဗိုက်မြန်မြန် ပြည့်စေပြီး ဟင်းသီး ဟင်းရွက်တွေက ကယ်လိုရီ ပါဝင်မှု နည်းပါး ပါတယ်။

(၃) ဆားလျှော့စားပါ

လူအများစုဟာ ဆိုဒီယမ်ကို လိုအပ် တာထက် နှစ်ဆပိုစား နေကြတယ်လို့ ကျွမ်းကျင်သူ တွေက အကြံပြု ထားပါတယ်။ ဆားအများကြီး စားတာကြောင့် သွေးတိုး စေနိုင်သလို လေပွ စေနိုင်ပါတယ်။ ဆားပါဝင်မှု များတဲ့ အဓိက ရန်သူက တာရှည် ခံအောင် ပြုပြင်ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရ တန်ဖိုးကို အရင် ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ် ရပ်ဖို့အတွက် အကောင်းဆုံးက လတ်ဆတ်တဲ့ ပါဝင် ပစ္စည်းတွေကို သုံးပြီး အိမ်မှာ မိမိ ဘာသာ ချက်ပြုတ်ပြင်ဆင်ပြီး စားတာပဲ ဖြစ်ပါတယ်။ ရေများများသောက် တာက ဆိုဒီယမ် ပမာဏကို လျော့ကျ စေပါတယ်။

(၄) အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

ညစာကို များများ စားတာကြောင့် ဗိုက်ပူ နေတယ်ဆိုရင် နည်းနည်းနဲ့ မကြာ ခဏစားတဲ့ အလေ့အထကို ပြောင်းလဲ ကြည့်ပါ။ နေ့စဉ် အချိန် ၃-၄နာရီကြာ တိုင်း အစာနည်းနည်း စားပေးပါ။ ဒါဆိုရင် ဗိုက်ဆာတာနဲ့ အစာကို စားသင့်တာ ထက်ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်း သွားပါလိမ့်မယ်။

(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ

ကိုယ်အလေးချိန် လျော့ကျပေမယ့် ခါးအတိုင်း အတာက လျော့ကျမှု မရှိဘူး ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

Ref: Myawady

မိန်းကလေးများအတွက် အရေးကြီးသည်

ခုတလောမှာ မုဒိန်းမှု၊ လုယက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းတွေ တော်တော်များများ ကြားမိကြမှာပါ။ အထုးသဖြင့် အန္ဒိယနိုင်ငံက အဖြစ်အပျက်မျိုးတွေ လိုမျိုးပေါ့...။ ကျွန်တော်တို့နိုင်ငံမှာလည်း သူများနိုင်ငံတွေမှာလောက် မဆိုးပေမယ့် အနည်းနဲ့ အများတော့ ရှိကြပါတယ်။ ဒီတော့ ပြည်တွင်းမှာပဲ ဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ မိကောင်းဖခင် မိန်းမပျိုလေးများ၊ အမျိုးသမီးများအနေနဲ့ ကိုယ့်အန္တရာယ်ကို ကိုယ်ကာကွယ် ရှောင်ရှားလို့ ရစေရန်အတွက် ဖြစ်ပါတယ်။ မူရင်းပို့စ်ကတော့ FB က Illumination Lack က အင်္ဂလိပ်လိုကနေ ဘာသာပြန်ပြီး ရှယ်ထားတာပါ။

 “မုဒိန်းကောင်ရဲ့သားကောင်မဖြစ်စေဖို့” 
(ကျေးဇူးပြုပြီး ဒီစာကို ဆုံးအောင် အချိန်ပေးဖတ်စေချင်ပါတယ်။ ဘ၀ တစ်ခုကို ကယ်တင်နိုင်ဖို့ ရည်ရွယ်ထားတာပါ။)

လူတော်တော်များများဟာ စာဖတ်ပျင်းကြပါတယ်။ မြန်မာလိုရေးထားတာတောင်မှ စာပိုဒ်ရှည်ရင် အများစုက မဖတ်ချင်ကြပါဘူး။ ဒီစာထဲက အကြောင်းအရာတွေက ကျွန်တော် ကိုယ်တိုင်ရေးတာ မဟုတ်ပါဘူး။ မူရင်းက English လိုရေးထားတာပါ။ အဲ့ဒီမှာလည်း အရှည်ကြီးေ ရေးထားပါတယ်။ ကျွန်တော် ကိုယ်တိုင်တောင် စစ ကြည့်မိတုန်းက ဖတ်ရမှာ ပျင်းပါတယ်။ ဒါပေမယ့် facebook ပေါ်က တစ်ချို့မုဒိမ်းကျင့်ခံရတဲ့ သတင်းတွေ ဖတ်ပြီးတဲ့နောက်မှာ စိတ်မကောင်းဖြစ်နေတဲ့ အချိန်နဲ့ ဒီစာကို ပြန်တွေ့တဲ့အချိန်နဲ့ တိုက်ဆိုင်သွားလို့ စိတ်ရှည်ရှည်ထားပြီး ဖတ်ဖြစ်ခဲ့တာပါ။ တကယ်အသုံးဝင်တဲ့ နည်းလမ်းတွေ အများကြီး ပါပါတယ်။ တစ်ချို့ဟာတွေကတော့ ကျွန်တော့်အနေနဲ့ မလွယ်ကူဘူး ထင်ရပေမယ့် မူရင်းစာရေးသူ ဆီက ကျွန်တော်ခွင့်မတောင်း ဘဲ ဘာသာပြန်တာဖြစ်တဲ့အတွက် သူ့အာဘော်အတိုင်း တက်စွမ်းသမျှ ပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ကျွန်တော် စေတနာရှေ့ထားပြီး ကိုယ်ချင်းစာစိတ် တစ်ခုတည်းနဲ့ ဘာသာပြန် ထားတာပါ။ ကျွန်တော် အင်္ဂလိပ်စာ မကျွမ်းကျင်ပါဘူး။ ဒါကြောင့် အလွဲအမှားတွေ အများကြီး ပါနိုင်ပါတယ်။ ခွင့်လွှတ်သည်းခံပြီး ဆုံးအောင် ဖတ်ဖို့တော့ တိုက်တွန်းပါရစေ။
 
မူရင်း >> https://www.facebook.com/photo.php?fbid=3781363495243&set=a.1266602347786.40365.1311602057&type=1&ref=nf

အကြမ်းဖက်သမား အများစုဟာ သူတို့ အကြမ်းဖက် တိုက်ခိုက်မှုအတွက် နည်းလမ်းအချို့ကို အသုံးပြုကြပါတယ်။ လူတော်တော် များများက ဒီလို အရေးအန္တရာယ်နဲ့ ကြုံရတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ် ဆိုတာကို ရုတ်တရက် မဆုံးဖြတ်တတ်ကြပါဘူး။ ကျွန်တော်တို့ အကုန်လုံး ဒီစာကို ဖတ်သင့်ပါတယ်။ အထူးသဖြင် မိန်းကလေး တွေ ပိုလို့သာ ဖတ်ထားသင့်ပါတယ်။

ဒီစာထဲမှာ အခုလို အန္တရာယ် အချိန်မှာ ဘယ်လိုကျော်ဖြတ်ရမလဲ ဆိုတဲ့ အချက်အလက်ကောင်းတွေ ရေးပေးထားတာပါ။ “မုဒိမ်းကောင်ရဲ့သားကောင်မဖြစ်စေဖို့” မုဒိမ်းမှု ကာကွယ်ရေး အဖွဲ့ဟာ ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို အင်တာဗျူး လုပ်ခဲ့ပါတယ်။ သူတို့ဆီက အကြမ်းဖက်မှု ဖြစ်စေနိုင်တဲ့ အချက်အလက် တွေကိုလေ့လာပြီး ပြန်လည် ဝေမျှလိုက်ရခြင်းဖြစ်ပါတယ်…

(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်း စုစည်းပြီး ဆံပင် အရှည်ချထားတဲ့ပုံစံ၊ ဆံထုံး ထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်ဆွဲလို့ ကောင်းတဲ့ ပုံစံတွေကို ရွေးချယ် တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေး ထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူတို့ရဲ့ သားကောင်အဖြစ် ပိုရွေးချယ်တတ်ကြပါတယ်။

(၂) ဒုတိယတစ်ချက်ကတော့ အ၀တ်အစားပါ။ မုဒိမ်းကောင်တွေဟာ အ၀တ်အစား အလွယ်တကူ ချွတ်ပစ်လို့ရမယ့် မိန်းကလေးမျိုးကို ရွေးချယ်ကြပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ မုဒိမ်းကောင် အများစုဟာ အ၀တ်အစားတွေကို ဖြတ်ပစ်ဖို့ ကတ်ကြေး ယူဆောင် လာတတ်ကြပါတယ်။

(၃) မုဒိမ်းကောင်တွေဟာ ဖုန်းအသုံးပြုနေတဲ့ မိန်းကလေးမျိုး၊ ပိုက်ဆံအိတ်ထဲက တစ်ခုခု ရှာဖွေနေတဲ့ မိန်းကလေးမျိုး ဒါမှမဟုတ် လမ်းလျှောက်ရင်း တစ်ခုခု အာရုံစူးစိုက်မှု လုပ်နေတဲ့ မိန်းကလေးမျိုးကို ရှာဖွေကြပါတယ်။ အဲ့လိုမျိုး တစ်ခုခု အာရုံစူးစိုက်နေတဲ့ မိန်းကလေးဟာ ရုတ်တရက်မို့ သူကိုယ့်သူ ကာကွယ်ဖို့ မလွယ်ပါဘူး၊ ရုတ်တရက်မို့လို့ မွှန်ထူပြီး တုန့်ပြန်မှုနည်းတဲ့အတွက် မုဒိမ်းကောင်တွေ အတွက် လွယ်ကူပါတယ်။

(၄) မုဒိမ်းကောင်တွေ အမျိုးသမီးတွေကို မုဒိမ်းကျင့်ဖို့ အများဆုံးခေါ်သွားတဲ့ နံပါတ်တစ်နေရာကတော့ ကုန်တိုက်တွေ ရဲ့ ကားပါကင်ပါပဲ။ (မှတ်ချက် ။ ။ ဒါကတော့ သူတို့နိုင်ငံတွေ အတွက်ပြောတာပါ။ ကျွန်တော်တို့နဲ့တော့ သိပ်မကိုက်သေးသလိုပါပဲ။)

(၅) နံပါတ် ၂ နေရာကတော့ ရုံးခန်းတွေရဲ့ကားပါကင်နေရာ၊ ဓာတ်ဆီဆိုင်လိုနေရာမျိုးတွေပါ။

(၆) နံပါတ် ၃ နေရာကတော့ အများပြည်သူသုံး နားနေခန်းတွေပါ။

(၇) နောက်တစ်ခုကတော့ မုဒိမ်းကောင်တွေဟာ ဒုတိယနေရာ (သူတို့အတွက် မဖမ်းမိစေရန် လုံခြုံ စိတ်ချရတဲ့နေရာ) ကို မိန်းကလေးတွေကို အလျင်အမြန် ဆွဲခေါ်သွားကြပါတယ်။

(၈) တကယ်လို့သာ သင်ဟာ နည်းလမ်းပေါင်းစုံ/ ရုန်းကန်မှု မျိုးစုံနဲ့ မုဒိမ်းကောင်ကို တက်နိုင်သမျှ တိုက်ခိုက်နေခဲ့မယ် ဆိုရင် သူတို့အတွက် စိတ်ဓာတ်ကျ/ စိတ်ကုန် အားလျော့မှုကို ဖြစ်စေနိုင်ပါတယ်။ သင်ရုန်းကန် တိုက်ခိုက်နေတဲ့ အချိန်က တစ်မိနစ် ဒါမှမဟုတ် ၂ မိနစ်လောက်ပဲ ကြာနေပါစေ သင်ဟာ သူတို့ထင်သလောက် လွယ်ကူမှု မရှိဘူး ဆိုတာကို သူတို့ သဘောပေါက်လာနိုင်ပါတယ်။ ဒါကတော့ မုဒိမ်းးကောင်ကို စိတ်ဓာတ်ကျသွားစေဖို့ အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်ခြင်းနဲ့ ကာကွယ်နည်းတစ်မျိုးပါပဲ။  

(၉) မုဒိမ်းကောင်တွေဟာ ထီး(သို့) အလားတူပစ္စည်း တစ်ခုခုလက်မှာ ကိုင်ထားတဲ့ မိန်းကလေးတွေကို မရွေးချယ် တတ်ကြပါဘူး။ အဲ့ဒီလို ပစ္စည်းတွေဟာ သူတို့ကို အဝေးကနေတောင်မှ တိုက်ခိုက်နိုင်လို့ပါပဲ။

(၁၀) သော့ချောင်းတွေဟာ လက်နက်တစ်ခုအနေနဲ့ သူတို့ကို ဟန့်တားအောင် လုပ်ဖို့ ဆိုရင် အလွန်နီးကပ်မှ ဖြစ်နိုင်တယ် ဆိုတဲ့အတွက် လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Something is better than nothing ဆိုသလိုပေါ့။ ဘာမှမလုပ်တာထက် စာရင် တစ်ခုခု လုပ်လိုက်တာက ပိုကောင်းတဲ့ သဘောပါပဲ။ အဲ့လို ပြန်လည်တိုက်ခိုက်ခြင်း ဟာ အပေါ်မှာပြောခဲ့သလိုပဲ သူတို့ ထင်သလောက် လွယ်ကူမှုမရှိတဲ့ အတွက် စိတ်ဓာတ်ကျမှုကို အနည်းနဲ့အများဖြစ်စေနိုင်ပါတယ်။

မှတ်ထားသင့်သော အချက်အလက်များ

(၁) လမ်း၊ဓာတ်ဆီဆိုင်၊ဓာတ်လှေခါးနဲ့ အဆောက်အအုံတွေရဲ့လှေခါး အကွေ့နေရာ မျိုးတွေမှာ တစ်စုံ တစ်ယောက်က သင့်အနောက်ကနေ လိုက်လာနေတယ် ဆိုပါစို့။ အဲ့ဒီလူရဲ့မျက်နှာကို သေချာကြည့်ပါ ထို့နောက် သူ့ကို မေးခွန်း တစ်ခု တစ်လေလောက်မေးပါ (စကားစမြည်သဘောမျိုးပေါ့)၊ ဥပမာ - ဘယ်အချိန်ရှိပြီလဲ? ၊ အပြင်မှာ အရမ်းအေးတယ်နော်၊ ဒီနှစ်ဆောင်းရာသီက တော်တော်ဆိုးတာပဲ စသဖြင့်ပေါ့ဗျာ။ အဲ့လိုပြောခြင်းအားဖြင့် ပထမအချက်က သင်အဲ့ဒီလူရဲ့မျက်နှာကို သေချာမြင်ဖူးသွားပြီ၊ ဒုတိယအချက်အနေနဲ့ အဲ့ဒီလူကို အကဲခတ်နိုင်မယ်။ ဒါကြောင့် မုဒိမ်းကောင်ဟာ ပစ်မှတ်ပြောင်းသွားနိုင်ပါတယ်။

(၂) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ဆီကို ဦးတည်လျှောက်လာပြီး သင့်လက်တွေကို ချူပ်ကိုင် ထားလိုက်မယ် ဆိုရင်တော့ အကျယ်ကြီးအော်ပစ်ပါ၊ “ရပ်စမ်း.. ဝေးဝေးသွားစမ်း” စသဖြင့် အမိန့်ဆန်ဆန်ပြောဆိုပါ။ မုဒိမ်းကောင် အများစုပြောကြတာကတော့ အရမ်းအော်ဟစ်တဲ့ မိန်းကလေးတွေ၊ ပြန်လည်တိုက်ခိုက်ဖို့ ကြောက်ရွံမနေတဲ့ မိန်းကလေးတွေဆိုရင် ဆက်မကြိုးစားချင်တော့ပါဘူး။ ထားခဲ့လိုက်ပါတယ်။ သူတို့ထက်ပိုလွယ်တဲ့ တစ်ခြား မိန်းကလေး တစ်ယောက်ကိုပဲ ထပ်ရှာပါတယ်။

(၃)     တကယ်လို့ သင့်မှာ ငရုတ်ကောင်းရည်ဖျန်းဘူး ( spray တစ်ခုခုပေါ့ ) ပါခဲ့မယ်ဆိုရင် အဲ့ဒါကို လက်မှာ ကိုင်ထားပြီး “ငါ့မှာ ဒီ spray ဘူးရှိတယ်..” လိုအော်ပြီး မုဒိမ်းကောင်ကို သတိပေးပါ။ မဆိုင်းမတွ ဖျန်းပက်ပစ်ပါ။ (မူရင်းစာရေးသူကတော့ ဒီ Pepper Spray လို့ခေါ်တဲ့  Spray ဘူး ကိုပြည့်အ၀ အားပေးထောက်ခံထားပါတယ်။ )

(၄) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ကိုဆွဲခေါ်သွားနေပြီ၊ ခွန်အားချင်းမမျှလို့ သင်သူ့ကို ပြန်လည်ရိုက်နှက် တိုက်ခိုက်လို့ မရနိုင်ပေမယ့် ကိုယ်တက်နိုင်တာနဲ့ ထိရောက်အောင် လုပ်နိုင်ပါသေးတယ်။ အဲ့ဒါကတော့ ဆွဲဆိတ်ခြင်းပါပဲ။ ဆွဲဆိတ်တယ်ဆိုတာက အင်အားလည်း အများကြီး မလိုပါဘူး။ ခံရသူအဖို့လည်း တော်တော်ဆိုးပါတယ်။ ခါးပိုင်းနေရာ ၊ လက်မောင်းကနေ တစ်တောင်ဆစ်ချိုး မရောက်ခင်နေရာ ၊ ပေါင်အတွင်းပိုင်း နေရာတို့ကို ပြင်းပြန်ထန်ထန်ကို ဆွဲဆိတ်ပစ်ပါ။

သွေးထွက်အောင် အထိ အားကုန်သုံးပြီး ဆွဲဆိတ်ပစ်ပါ။ ဘယ်လောက်ပဲ သန်မာတယ်ပြောပြော၊ ခွန်အားကြီးတယ်ပြောပြော၊ အဲ့လိုနေရာမျိုးတွေကို ဆွဲဆိတ်တဲ့ ဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။ သင်မယုံရင် သင့်ကိုယ်သင်သာ အရင်ဆုံး ဆွဲဆိတ်ကြည့်လိုက်ပါ။

(၅) ဆွဲဆိတ်ခြင်း၊ ပေါင်ခြံလိုနေရာမျိုးကို ရိုက်နှက်ခြင်းတွေဟာ ဒီလိုအဖြစ်အပျက်မျိုးကို မမျှော်လင့်ထားတဲ့ လူတစ်ယောက်အတွက် မလွယ်ကူလှပေမယ့် အဲ့ဒါတွေဟာ တကယ်ပဲ သူ့ကို နာကျင်စေမှာပါ။ သင်ကတော့ သူ့ကို နာကျင်စေတာဟာ သူ့ကိုဒေါသပိုထွက်စေတယ်လို့ ထင်နေမှာပါ။ ဒါပေမယ့် လေ့လာစမ်းစစ်မှု အရတော့ မုဒိမ်းကောင်တွေဟာ သူတို့ကို ဒုက္ခရောက်အောင်၊ အချိန်ကြန့်ကြာအောင် မလုပ်တဲ့ မိန်းကလေးမျိုးကိုပဲ အလွယ်တကူ အလိုရှိတာပါ။ သူတို့ကို ဒုက္ခတွေ အများကြီးရောက်အောင် ရိုက်နှက်ပြီး နောက်ဆုံးအချိန်ထိ ရုန်းကန်နေတဲ့ မိန်းကလေးမျိုး ဆိုရင်တော့ စွန့်ခွာသွားတတ်ကြပါတယ်။

(၆) မုဒိမ်းကောင်ရဲ့လက်ဟာ သင့်အပေါ်သို့ ကျရောက်လာပြီ ဆိုရင်တော့ သူ့လက်ချောင်း ၂ ချောင်းကို ဆောင့်ဆွဲပါ၊ လိမ်ချိုးပစ်ပါ၊ ဟိုဘက်ဒီဘက် ဆွဲဖြဲပစ်ပါ၊ တက်နိုင်သမျှ အားအကုန်သုံးပြီးတော့ ချိုးပါ။ အဲ့ဒီနည်းကလည်း အားသိပ်မပါဘဲနဲ့ စမ်းကြည့်တာတောင် နာလွန်းလို့ ဒူးထောက်ပီး အော်လိုက် ရပါသေးတယ်။

(၇) ပတ်ဝန်းကျင်ကို အမြဲတမ်း သတိမူပြီးနေပါ။ တစ်ခုခု ပုံမှန်မဟုတ်တဲ့/ အမူအယာထူးခြားတဲ့ လူတွေ့မိရင် ပေါ့ပေါ့လေး မနေပါနဲ့၊ သတိကြီးကြီး ထားနေပါ။ အဲ့ဒီအခြေအနေမှာ သင့်ကိုယ်သင် ကလေးကလား အကြောက်လွန် နေတယ်လို့မထင်ပါနဲ့၊ ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်ပါတယ်။  ဖြစ်နိုင်ရင်တော့ တစ်စုံတစ်ယောက်ကို သင်နဲ့အတူ အဖော်ခေါ်သွားပါ။
 
နောက်ဆုံးအနေနဲ့ ဒါလေးတွေကိုလည်း မှတ်သားထားစေချင်ပါတယ်…

သင်သိထားသင့်တဲ့ အချက်အလက်တွေပါ။ သင်ဖတ်ပြီးသွားရင်လည်း သင်ဂရုစိုက်ရတဲ့ လူတွေဆီကို ဆက်လက် မျှဝေပေးလိုက်ပါ။ ကျွန်တော်တို့နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ သတိဆိုတာ ပိုတယ်လို့မရှိပါဘူး -

(၁) တိုက်ကွန်ဒို သိုင်းပညာမှာတော့ တံတောင်ဆစ်ဟာ လူ့ခန္ဒာကိုယ်ရဲ့ အသန်မာဆုံး အပိုင်းလို့ ဆိုပါတယ်။ ဒါကြောင့် တံတောင်ဆစ်နဲ့ တွတ်လို့ရမယ့်အခြေအနေမျိုးဆိုရင် လက်လွတ်မခံပါနဲ့။

(၂)     နယူးအော်လန်မြို့ရဲ့ ခရီးသွား လမ်းညွှန်ထဲမှာ ဖတ်ရတာတော့ - တကယ်လို့သာ ခါးပိုက်နှိုက်တွေ လုယက်တဲ့လူတွေ၊ ဓားပြ တွေက သင့်ပိုက်ဆံအိတ်ကိုတောင်းမယ်ဆိုရင် သင့်လက်နဲ့ ပိုက်ဆံအိတ်ကို ကမ်းမပေးပါနဲ့။ သင်နဲ့ဝေးတဲ့နေရာကို လွှင့်ပစ်ပြီးပေးပါ။ ဒီဒုစရိုက်သမားဟာ လူထက် ပိုက်ဆံကို ပိုလိုချင်တယ်ဆိုရင်တော့ သူ ပိုက်ဆံအိတ်ကို သွားကောက်မှာပါ။ အဲ့ဒီအချိန်မှာ တွေဝေမနေဘဲ သူနဲ့ဆန့်ကျင်ဘက် ကိုသာ ပြေးပါ။

(၃) သင်ဟာ ကာနောက်ဖုံးထဲကို ထည့်ခံထားရတယ် ဆိုရင်တော့ ကားနောက်မီး ရှိတဲ့နေရာကို ကန်ကြောက်ပစ်ပါ၊ အဲ့ဒီ အပေါက်ကနေ လက်ကို ထုတ်ပြီးတော့ တတ်နိုင်သမျှ ဝေ့ရမ်းပါ။ ကားမောင်းတဲ့ လူကတော့ မမြင်နိုင်ပေမယ့် တစ်ခြားလူတွေက မြင်နိုင်ပါတယ်။ ဒါကလည်း သင့်ဘ၀ကို တစ်ဖက်တစ်လမ်းက ကယ်တင်နိုင်မှာပါ။

(၄) အမျိုးသမီး အများစုဟာ အလုပ်မှအပြန်၊ စားသောက်ဆိုင်မှ အပြန် နှင့် ဈေးဝယ်ခြင်းတို့မှအပြန်တွင် ကားပေါ်တက်ကာ ချက်ချင်း မောင်းမထွက်ဘဲ ထိုင်နေတတ်ကြပါတယ်။ မှတ်စုတွေ မှတ်နေတာမျိုး၊ စာတစ်ခုခု ကို ခဏ ဖတ်နေတာမျိုး စသဖြင့် လုပ်တတ်ကြပါတယ်။ အဲ့ဒီလိုမျိုးတွေ မလုပ်ပါနဲ့ ၊ တဏှာရူးကောင်တွေ လူယုတ်မာတွေက သင့်ကို စောင့်ကြည့်နေပါတယ်။ အဲ့ဒီလို အခြေအနေဟာ သူတို့အတွက် အကောင်းဆုံး အခွင့်အလမ်း ဖြစ်နေလို့ပါ။ သင့်နောက်ကခုံမှာ ၀င်ထိုင်ပြီး သင့်ခေါင်းကို သေနတ်နဲ့ ထောက်ကာ “ဘယ်နေရာကို မောင်းပါ” လို့ ပြောခံရနိုင်ပါတယ်။ ဒါကြောင့် ကားပေါ်မှာ တက်ထိုင်ပြီးပြီးချင်း ချက်ချင်း ဆိုသလို မောင်းထွက်သွားပါ။ ဆိုင်းငံ့မနေပါနဲ့။

(၅) ဒါကတော့ ကားပါကင် တွေ ဓာတ်ဆီဆိုင်တွေမှာ သင့်ကားထဲကို ပြန်ဝင်တော့မယ် ဆိုရင် သတိထားရမယ့် အချက်တွေဖြစ်ပါတယ်...
  • ကားထဲမ၀င်ခင် ကားထဲမှာ တစ်ယောက်ယောက်ပုန်းနေနိုင်တယ်ဆိုတဲ့စိတ်ဖြင့်   ကားဘေး ပတ်ပတ်လည်နဲ့ ခရီးသည် ထိုင်နေရာတွေ ၊ ကြမ်းပြင်တွေကို သတိနှင့် ချောင်းကြည့်ပါ။ (တက္ကဆီ ငှားစီးမယ် ဆိုလည်း ထိုနည်း၎င်း သတိထားကြည့်ပါ။ )
  • တကယ်လို့ သင့်ရဲ့ ကားဘေးနားမှာ van / town ace စတဲ့ကားမျိုးတွေ ရှိနေမယ်.. သင်္ကာမကင်းဖြစ်ရတယ် ဆိုရင်တော့ အဲ့ဒီကားရဲ့ တစ်ခြားဖက် အပေါက်မှ တဆင့်သာ သင့်ကားထဲသို့ ၀င်ပါ။ ( သင့်ကားရဲ့ ယာဉ်မောင်းဘက်ခြမ်းမှာ ရပ်ထားမယ်ဆိုရင် ခရီးသည်ထိုင်တဲ့ဘက်မှ ၀င်ပါ။) ဒုစရိုက်ကောင်တွေဟာ အမျိုးသမီးတွေ ကားထဲဝင်ခါနီးအချိန်တွေမှာ သူတို့ကားထဲကို ဆွဲခေါ်ပြီး တံခါးပိတ်တတ်ကြပါတယ်။ သတိထားနိုင်ဖို့ပါ။
  • သင့်ရဲ့ကား အနီးတစ်ဝိုက်ကို ရှာကြည့်ပါ။ အနီးဆုံးနေရာမှာ သူစိမ်းတစ်ယောက်က အကြောင်းမဲ့ ထိုင်နေတယ်ဆိုရင်တော့ ကားထဲ မ၀င်ပါနဲ့ဦး။ သင်လာခဲ့တဲ့ အလုပ်ဖြစ်စေ၊ ဈေးဝယ်စင်တာ တစ်ခုခုဖြစ်စေ ပြန်ဝင်သွားပါ။ ရဲတစ်ယောက်ယောက်၊ ဒါမှမဟုတ် အစောင့်တစ်ယောက်ယောက် ကို ခေါ်ပြီးမှ ပြန်လာပါ။ ဒါတွေဟာ အပိုအလုပ်တွေ မဟုတ်ပါဘူး။ စိတ်မကောင်းစရာ အဖြစ်အပျက် ဖြစ်သွားတာထက်စာ ရင် အများကြီး ပိုကောင်းပါတယ်။ သူများအပေါ် သံသယလွန်ကဲမှု / အယုံအကြည်နည်းမှု ဟာ မိမိကိုယ်တိုင် ဒုက္ခရောက်ရတာထက် စာရင် အများကြီး အကျိုးရှိပါတယ်။ 

(၆) ရိုးရိုးလှေခါးတွေအစား ဓာတ်လှေခါးကို အမြဲ အသုံးပြုပါ။ လှေခါးအကွေ့ တွေဟာ တစ်ယောက်ထဲ သွားဖို့ အတွက် မသင့်တော် ပါဘူး။ ဒုစရိုက်မှုတွေ အတွက် အကောင်းဆုံးနေရာတစ်ခုပါပဲ။

(၇) တကယ်လို့ အဲ့ဒီလူယုတ်မာဆီမှာ သေနတ်ပါလာတယ် ဆိုရင်လည်း သင်ဟာ သူ့ ထိန်းချူပ်မှု အောက်မှာ ရှိမနေ ပါဘူး။ ပြေးသာပြေးပါ။ လှုပ်ရှားနေတဲ့ပစ်မှတ်ကို ထိအောင် ပစ်ဖို့လည်းမလွယ်ပါဘူး။ အကြိမ် ၁၀၀ မှာ ၄ ကြိမ်သာ ထိနိုင်ပါတယ်။ ထိတယ်ဆိုရင်တောင်မှာ အရေးကြီး အစိတ်အပိုင်းတွေမဖြစ်နေပါဘူး။ ဒါကြောင့် ပြေးဖို့ တိုက်တွန်းချင်ပါတယ်။ ( မှတ်ချက်။ ။ မူရင်းစာရေးသူကတော့ အလျော့မပေးဖို့ကို ဆိုလိုချင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အနေနဲ့တော့ တစ်ချို့အရာတွေမှာ အခြေအနေနဲ့ အချိန်အခါကို သုံးသပ်ပြီးမှ ကိုယ့် ဆုံးဖြတ်ချက်ကို ကိုယ်မှန်အောင်ချနိုင်ဖို့ အကြံပေးချင်ပါတယ်။ )

(၈) အမျိုးသမီးတွေဟာ စာနာစိတ်၊ ကိုယ်ခြင်းစာ ကရုဏာစိတ် ၊ လိုက်လျောတဲ့ စိတ်တွေရှိပါတယ်။ ဒါပေမယ့် ဒါဟာ သင့်အတွက်မကောင်းပါဘူး။ Ted Bundy ဆိုတဲ့ လူသတ်သမားတစ်ယောက်ဟာ မိန်းကလေးတွေရဲ့ အဲ့ဒီစိတ်တွေကို အမြဲအသုံးချခဲ့ပါတယ်။ သူက ဒုတ်ကောက်တစ်ချောင်း ဒါမှမဟုတ် ခြေထောက် တစ်ဖက်ဆာပြီးတော့ လမ်းလျှောက်ပါတယ်။ ပြီးတဲ့နောက် သူဟာ သူ့ရဲ့ ပစ်မှတ်သားကောင် ဖြစ်တဲ့ မိန်းကလေး ကို သူ့ကားထဲကို ပို့ပေးဖို့ အကူအညီတောင်းပါတယ်။ ကားထဲရောက်သွားရင်တော့ သင့်ကို သူအတင်း ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခြေနှစ်ချောင်း မကယ်ကောင်း ဆိုတဲ့ စကားပုံအတိုင်း မလိုအပ်ရင် မသနားပါနဲ့လို့အကြံပေးပါရစေ။
 
ဒီစာကို ကျွန်တော်က အမျိုးသမီးတွေ ဖတ်ဖို့အတွက်ပဲ ရေးထားတယ် ဆိုပေမယ့် ဖတ်မိတဲ့ ညီ၊အကိုတွေမှာလည်း အမေ၊အမ၊နှမ၊သမီး နဲ့ ချစ်သူ၊ သူငယ်ချင်းတွေ ရှိမှာပါ၊ သူတို့တွေ အတွက်လည်း စေတနာရှေ့ထားပြီး ဖြန့်ဝေပေးစေချင်ပါတယ်။ ကျွန်တော်တို့ လောကကြီးမှာ ဒီလိုဒုစရိုက် တဏှာရူးကောင်တွေ အများကြီးပါပဲ။ တစ်ဖက်တစ်လမ်းက အခုလို ကူညီ အသိပေးခြင်းဟာ တစ်စုံတစ်ခု ဖြစ်ပြီးသွားတော့မှ စိတ်မကောင်းဘူး ပြောတာထက် စာရင် ပိုကောင်းပါတယ်။

တစ်စုံတစ်ခု ရင်ထဲရောက်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်

ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီ ဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလက် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။

ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့  သူများအတွက်က တော့ ဆိုးကျိုး ရှိပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဝမ်းနှင့် ဆက်စပ်ရောဂါ၊ နောက်ထပ် တစ်ခုကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။ ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါ များ ဖြစ်ပါ တယ်။ ကျောက် ကပ်ရောဂါဖြစ်ပုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဆီးမကြာခဏ သွားခြင်း (Urinate more often)
ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက်ကို တွန်း အားပေးပြီး တစ်ကိုယ်လုံးမှ ရှိတဲ့ ရေဓာတ်ကို အလျင်အမြန် စုပ်ယူပါတယ်။ ဒါကြောင့် မကြာခဏ ဆီးသွားစေပါတယ်။
 
ရေဓာတ်ဆုံးရှုံးခြင်း (Dehydration)
ကဖင်းက ရေဓာတ်စုပ်ယူတဲ့အတွက် ရေအမြဲဆာတတ်ပါတယ်။ ဒါကြောင့် dehydration မဖြစ်အောင် ရေလည်း ပုံမှန်သောက်ဖို့ လိုအပ်ပါတယ်။ အကယ်၍ ရေသောက် နည်းရင် ကျောက်ကပ် သန့်စင်ရေး လုပ်ဆောင်ချက် နှေးကွေးလာခြင်း ဆီးလမ်းကြောင်း စနစ်ကိုပါ ထိခိုက် စေပါတယ်။

ဆီးမသန့်ခြင်း (Urinary incontinence)
တစ်ရက်ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုသောက်သုံးမိရင် ဆီး သန့်ဖို့ မသေချာတော့ပါဘူး။ ဆီးထဲမှာ အမှုန်များ ပါလာတာမျိုး ဖြစ် တတ်ပြီး ဆီးလမ်းကြောင်း ပိတ်တဲ့အထိတောင် ဖြစ်စေပါတယ်။

ကျောက်တည်ခြင်း (Kidney stones)
ကျောက်တည်စေတဲ့ အကြောင်းတရားထဲမှာလည်း ကဖင်း သောက်သုံးမှု ပါဝင်တယ် ဆိုတာ သေချာနေပါပြီ။ calcium oxalate stones လို့ခေါ်တဲ့ ကျောက်ဟာ ကျောက်ကပ်မှာ တည်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကြွယ်ဝတဲ့ ကော်ဖီကို ပိုမသောက်သုံးမိစေဖို့ လိုအပ်ပါတယ်။

ကျောက်ကပ် ရောဂါ (Kidney disease)
polycystic kidney disease  ဆိုတဲ့ ကျောက်ကပ်ရောဂါ အမျိုးအစား တစ်ခု ဖြစ်စေပြီး ကျောက်အမှုန် အမွှားကနေ ကြီးကြီးမားမား အထိ ဖြစ် လာစေမှာ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက် ဟာလည်း ပုံမှန်မဖြစ်တော့ပါဘူး။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း အညစ်အကြေး များကို စွန့်ထုတ် သန့်ရှင်းတဲ့ လုပ်ဆောင်ချက် ကို လုပ်ဆောင်ပေးပါတယ်။ သူသာ အလုပ်မလုပ်တော့ရင် ပိတ်သွားရင် နောက်ဆက်တွဲ ကတော့ သေဖို့ ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကဖင်းဓာတ်ကို တစ်ရက် ၄၀၀ မီလီဂရမ်ထက် ပိုမသောက်သုံးမိဖို့ မှာထားပါတယ်။ တစ်ရက် ကော်ဖီ တစ်ခွက် စွဲသောက်တဲ့ အကျင့်ရှိ ရင်တောင် ၁ ရက်ခြား သောက်တဲ့သူတွေထက် ကဖင်းဓာတ် ဆက်စပ်ရောဂါ ဖြစ်ဖို့ ပိုအလားအလာများတယ်ဆိုတာကို လေ့လာတွေ့ ရှိထားပါတယ်။

ဒါကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ကျောက်ကပ်အပြင် အခြား ရောဂါများ မဖြစ်စေဖို့ ကော်ဖီကို Limit နဲ့ သောက်ရန် မျှဝေ ရေးသား လိုက်ရပါတယ်။

International News for Myanmar

အစ္စလာမ်ဘုရားကျောင်း မရှိတဲ့ ဥရောပမြို့

ဂရိနိုင်ငံရဲ့မြို့တော် အေသင်မြို့ ဟာ ဥရောပမှာ တစ်ခုတည်းသော အစ္စလာမ် ဘုရားရှိခိုးကျောင်း လုံးဝ မရှိတဲ့ မြို့တော်ဖြစ်ပါတယ်။

၁၈၃၂ ခုနှစ်မှာ Ottoman အင်ပါယာလက်အောက်မှ လွတ်လပ်ရေး ရခဲ့တဲ့နောက် မည်သည့်ဂရိအစိုးရမှ အစ္စလာမ်ဘုရားကျောင်းကို အေသင်မြို့ထဲမှာ ဆောက်ခွင့်မပေးခဲ့ပါဘူး။

ဒါပေမဲ့ ဂရိနိုင်ငံဟာ ဥရောပနိုင်ငံများဆီကို ပြောင်းရွေ့သူတွေရဲ့ ကြားနိုင်ငံတစ်ခု ဖြစ်နေတာကြောင့် အစ္စလာမ် လူမျိုး အရေအတွက် များလာပြီး လူဦးရေ ၅ သန်းရှိတဲ့ အေသင်မြို့ထဲမှာ မူဆလင်လူမျိုး ၃ သိန်းခန့် ရှိပါတယ်။ ယခု အချိန်မှာ အေသင်မှာ မူဆလင်ဘုရားကျောင်း တည်ဆောက်ခွင့် တောင်းဆိုသံတွေ တဖြည်းဖြည်း ကျယ်လောင် လာနေပါတယ်။

"ကျနော်တို့က လူ့အဖွဲ့အစည်းရဲ့ ပြင်ပရောက်နေသလို ခံစားမိပါတယ်။ ကျနော်တို့ရဲ့ ရိုးရာပွဲချိန်တွေမှာ သွားစရာစုရုံးရာနေရာ မရှိပါဘူး၊ ဒီက အသိုင်းအ၀ိုင်းတွေက ကျနော်တို့ကို လက်မခံသေးဘူး။" လို့ အာဆီဖားအာမက် က ပြောပါတယ်။

နိုင်ငံရဲ့ ၉၀ ရာနှုံးကျော်က Orthodox ခရစ်ယာန်ဘာသာဝင်များ ဖြစ်နေပြီး ခရစ်ယာန်ဂိုဏ်းချုပ် Seraphim ကတော့ "ဂရိဟာ တူရကီတွေ အုပ်စိုးခဲ့တဲ့ကာလမှာ နှစ်ပေါင်း ၅၀၀ ကျော် အစ္စလာမ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာ နေခဲ့ရပါတယ်။

အစ္စလာမ်ဘုရားကျောင်း တည်ဆောက်ခြင်းက ကျနော်တို့ကို လွတ်လပ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ သူရဲကောင်းတွေကို ဆန့်ကျင်ရာရောက်ပါမယ်။“ လို့ ပြောသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အေသင်မြို့မှာ အယူအဆတွေ အမျိုးမျိုးကွဲပြားနေပါတယ်။ ဂရိနိုင်ငံမှာ ဘာသာရေးနဲ့ အုပ်ချုပ်ရေး ဆက်စပ်နေပြီး အစ္စလာမ်ဘုရားကျောင်း ပြဿနာဟာ ဂရိက ဘယ်လိုနိုင်ငံလမ်းကြောင်းမျိုး ဆက်လက်ချီတက်သွားမယ် ဆိုတာနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။

Ref: MyawadyNews

တိရစ္ဆာန်မိုး (Raining Animals)

တိရစ္ဆာန်မိုး (Raning Animals) ဆိုတာ တိရစ္ဆာန်များ မိုးကဲ့သို့ ရွာသွန်းခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့အနှံ့မှာ ဖြစ်တတ်ပါတယ်။ အများစုကတော့ ဖား၊ ငါး ၊ တီကောင်များ ဖြစ်ပြီး ငှက်မိုးလးည်း ရွာတတ် ပါတယ်။ ပြင်းထန်တဲ့ လေမုန်တိုင်းဟာ ရေထဲမှ ငါးများ၊ ဖားများ၊ အကောင်များကို မိုးပေါ်သယ်ဆောင်ပြီး မိုးကဲ့သို့ အခြား တစ်နေရာမှာ ပြန်လည် ရွာသွန်းခြင်း ဖြစ်ပါတယ်။

အရှင် ဖြစ်နိုင်သလို၊ အသေလည်း ဖြစ်နိုင်ပါတယ်။ မရှင်မသေ ဖားများ၊ ငှက်များ၊ တိရစ္ဆာန်များလည်း ရွာတတ်ပါတယ်။ အေးခဲနေ တာမျိုး၊ ရေခဲရိုက် ထားသလိုမျိုး တို့အပြင် သာမန် အတိုင်း ကျလာတာမျိုး တို့လည်း ရှိပါတယ်။ Waterspout လို့ခေါ်တဲ့ ရေမိုင်တိုင်း (ရေပွေ) က သယ်ဆောင် ရေထဲမှာ စုပ်ယူ သယ်ဆောင် သွားခြင်း ဖြစ်တယ် လို့လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။

သို့ပေမယ့် တစ်ခါတစ်လေကျတော့ သာမန်အတိုင်း ပျံသန်းနေတဲ့ ငှက်များကို လေမုန်တိုင်းက မွေနှောက် သယ်ဆောင်ပြီး တစ်နေရာ မှာ ပြန်လည် ရွာကျ ပါတယ်။ စင်္ကာပူ၊ အမေရိကန်၊ ဗြိတိန်၊ မက္ကဆီကိုတို့မှာ တိရစ္ဆာန် အကောင် အရေအတွက် အများဆုံး တိရစ္ဆာန်မိုးရွာသွန်းမှုများ စံချိန်တင်ခဲ့ဖူးပါတယ်။ ငါးအကောင်ပေါင်း ထောင်ချီ၊ ဖား အကောင်ပေါင်း ထောင်ချီ ရွာကျတာမျိုးလည်း ရှိခဲ့ပါတယ်။ ဖားရော၊ ငါးရော၊ အခြားသော တိရစ္ဆာန်များ ရောယှက်လို့လည်း ရွာပါတယ်။

အနီးစပ်ဆုံးအနေနဲ့ကတော့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ဖိလစ်ပိုင်မှာ ငါးမိုးကြီး ရွာသွန်းခဲ့ကြောင်း သိရပါတယ်။
 
Ref: International News for Myanmar

ကမ္ဘာ့ပထမဆုံး စိန်ကိုယ်ထည် လက်စွပ်

ကမ္ဘာ့ပထမဆုံး ကိုယ်ထည်တစ်ခုလုံး စိန်နဲ့ပြုလုပ်ထားတဲ့ လက်စွပ် (All-Diamond Ring) ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေဆိုက် Shawish ကျောက်မြတ်ရတနာ company မှ တီထွင် ဖန်တီးခဲ့ပါတယ်။

စိန် ၁၅၀ ကာရတ် (150 carats) ရှိတဲ့ စိန်ကောင်းစိန်သန့်နဲ့ ပြုလုပ် ထားသော ယင်း စိန်လပ်စွပ် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၇၀ ရှိတယ်လို့ သိရပါတယ်။ တစ်ကိုယ်လုံး စိန်လက်စွပ်ဖြစ်အောင် ခက်ခက်ခဲခဲ ဖန်တီးခဲ့တာဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်နှစ်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ အမှားအယွင်း မရှိစေဖို့အတွက် Special လေဆာ စက်ပစ္စည်း တို့အသုံးပြုခဲ့ပါတယ်။

၂၀၁၂ခုနှစ် မတ်လ က ပွဲထုတ်ပြသပြီးနောက် ကမ္ဘာ့ပထမဆုံး စိန်တစ်ကိုယ် လုံး လက်စွပ် ( All Diamond Ring) လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။



Ref: TechSpaceJournal
Related Posts Plugin for WordPress, Blogger...