လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

လက်သရဲ ဝင်ပူးသည့် ရောဂါ (ဂြိုလ်သားလက် ရောဂါ)

လက်သရဲဝင်ပူးတဲ့ ရောဂါဆိုတာ အမှန်တော့ Alien hand syndrome အမည်ရ ရောဂါ ဖြစ်ပါတယ်။ ဂြိုလ်သား လက် ရောဂါဝေဒနာ ဖြစ်ပါတယ်။

ဒီရောဂါကလည်း ကြောက်စရာ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်လက် သို့မဟုတ် ညာလက် သို့မဟုတ် ၂ ဘက်စလုံး ဖြစ်တတ်ပါတယ်။ ယင်း ဖြစ်တဲ့ လက်က ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပါဘူး။ သူလုပ်ချင်ရာ လုပ်ပါတယ်။ ဓားရှိနေရင် ဓားကိုကောက်ကိုင်ပြီး သူများကို ထိုးပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ထိုးတတ်ပါတယ်။ အကျီင်္ဝတ်ပေမယ့် ဝတ်လို့မရအောင် လက်က တားပါတယ်။ မီးခလုတ်ကို ပိတ်ပေမယ့် ပြန်ဖွင့် ပါတယ်။ ဘယ်လက်က လုပ်တာကို ညာလက်က ပြန်ပြန်လိုက်လုပ်ပါတယ်။ လိုက်နှောက်ယှက်ပါတယ်။

သွားရင်းလာရင်း တွေ့ကရာ ပစ္စည်း အကုန်ကောက်ပါတယ်။ ခါးပိုက်နှိုက်မိ ပါတယ်။ မီးထဲ လက်ထည့် မိပါတယ်။ လည်နေတဲ့ စက်ထဲ လက်က အတင်း ဝင်ပါတယ်။ တားလို့မရပါဘူး။ ဒါကို စိတ်ရောဂါလားလို့တောင် ထင်မြင် ခဲ့ကြ ပါတယ်။ ဂီတာ အရင်က မတီးဖူးပေမယ့် တီးတတ်တာမျိုး၊ စန္တယား တီးတတ်တာမျိုးတို့ လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ လက်မှာ ကိုယ်ပိုင် စိတ် ရှိနေတဲ့ ရောဂါမျိုး လို့လည်း ခေါ်ပါတယ်။

လက်က သူ့ဘာသာသူ အသက်ရှိနေသလို ဖြစ်ပြီး ကိုယ်က လုံးဝ ထိန်းချုပ်လို့ မရပါဘူး။ အချို့ကျတော့ ရက်ပိုင်းအတွင်း ဖြစ်ပြီး ပျောက်ပေမယ့် အချို့ ကျ လပိုင်းကြာပါတယ်။ အချို့ ကျ တစ်သက်လုံး မပျောက်ဘဲ ထင်ရင်ထင် သလို ရောဂါ ထဖောက်ပါတယ်။

စစ်တမ်းအရ ယင်းရောဂါဟာ ဦးနှောက်ခွဲစိတ်မှု၊ နှလုံးခွဲစိတ်မှု ခံယူပြီးသူတွေ မှာ အဖြစ်များပြီး အချို့ကျတော့ အလိုလို ကို ထပေါ်လာ တာ ဖြစ်ပါတယ်။ ကိုယ်က မခိုးပေမယ့် လက်က အလိုလို လုပ်မိသွားတာကို အချို့ကတောင် ရှေးဘဝ ဗီဇလို့ ထင်မြင်ကြပါတယ်။ သို့ပေမယ့် ယင်းလူဟာ Alien Hand Syndrom (ဂြိုလ်သားလက် ရောဂါ) ခံစားနေရသူ ဖြစ်ပါတယ်။ သူ့အတွက်လည်း ကြောက်ဖို့ ကောင်းသလို သူ့ပတ်ဝန်းကျင် အတွက် လည်း ကြောက်ဖို့ ကောင်းပါတယ်။

သေချာတာကတော့ ဘတ်စ်ကားစီးလို့ အဆင်ပြေမယ့် ရောဂါမဟုတ်ပါဘူး။ ယင်းရောဂါဝေဒနာ လူတိုင်း ခံစားရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုသာ မသိလိုက်တာ တစ်ခါတစ်လေကျ ဖြစ်ခဲ့ တာမျိုး တို့ ဖြစ်တတ် ပါတယ်။

ကမ္ဘာ့အနှံ့က နိုင်ငံအသီးသီးမှာ Alien hand syndrome  ရောဂါ ခံစားနေရသူပေါင်း များစွာရှိတယ်လို့ အမေရိကန် ဆေးပညာရှင်တို့ က ပြောဆိုထားကြောင်း သိရပါတယ်။ 

Facebook privacy shortcuts အသစ်များအကြောင်း



Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မယ့် privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။

ဒီလို privacy shortcuts များကို US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။

ဒါကြောင့် အသစ်ထည့်သွင်းထားတဲ့ Facebook privacy shortcuts တွေရဲ့ အသုံးဝင်မှုတွေကို NOM Fans တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

-Blocking

Facebook မှာ မိမိကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ သူတွေ၊အဆက်အသွယ်မလုပ်လိုတဲ့ သူတွေကို Block ချင်ရင် အရင်လို setting ထဲကနေ အရှည်ကြီး ၀င်နေစရာ မလိုတော့ပါဘူး။

Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး တတိယအကြောင်းမှာ မိမိ Block လိုတဲ့ user ရဲ့ နာမည်(သို့)သူ့ရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။

ဒါ့အပြင် သင်ယခင်က block ထားတဲ့ သူတွေရဲ့ စာရင်းကိုကြည့်နိုင်ဖို့ View All Blocked Users ဆိုတာကိုပါ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။

-Privacy Shortcuts

Facebook Privacy shortcuts pop-up box ရဲ့ ပထမအကြောင်းဖြစ်တဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းကို click နှိပ်လိုက်ပါ။

Who can see my future posts? ဆိုတဲ့ နေရာမှာ သင့်ရဲ့ post အသစ်အကုန်လုံးကို ဘယ်လို လုံခြုံရေးထားချင်သလဲဆိုတာကို မူတည်ပြီး လွယ်ကူစွာ ထိန်းချုပ်နိုင်အောင် လုပ်ထားပေးတာဖြစ်ပါတယ်။

နောက် Facebook Privacy shortcuts pop-up box ရဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ ဒုတိယ အကြောင်းဖြစ်တဲ့ Where can I review all my posts and things I'm tagged in? ဆိုတဲ့နေရာမှာတော့ သင်မတင်ခဲ့ဘဲ Tag လုပ်ခံထားရတဲ့ ပုံတွေ စာသားတွေကို ပါ ထိန်းချုပ်တာဖျက်ပစ်လို့ရမှာဖြစ်ပါတယ်။

ပြီးတော့ သင်မလိုတော့တဲ့ အတိတ်က ပိုစ့်အကုန်လုံးကို တစ်နေရာထဲကနေ ဖျက်ပစ်နိုင်မှာပါ။

Facebook Privacy shortcuts pop-up box ရဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ဆိုတဲ့ လုံခြုံရေးအတွက် အသုံးဝင်ပုံအကြောင်းကို ရှင်းပြသွားပါမယ်။

မိမိရဲ့ Profile ကို မည်သူက ၀င်ကြည့်ရင် ဘယ်လိုပေါ်နေလဲ ဆိုတာ သိချင်ကြပါတယ်။ ဒါကြောင့် "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ကိုဝင်ပြီး View As ကို နှိပ်လိုက်ပါ။

ဒါဆိုရင် သင့်ရဲ့ profile ကို ပေါ်လာပြီး This is what your timeline looks like to: ဆိုတဲ့နေရာမှာ မိမိသိလိုတဲ့ သူငယ်ချင်းနာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။

အခုပြောပြမှာကတော့ နောက်ဆုံးအချက်ပါ။

Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး ဒုတိယအကြောင်းဖြစ်တဲ့ "who can contact me" ကို click လိုက်ပါ။

ပထမဆုံးအကြောင်းဖြစ်တဲ့ Whose messages do I want filtered into my Inbox? ဆိုတာကတော့ မိမိကို message ပေးပို့နေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာပါ။

ဒုတိယအကြောင်းဖြစ်တဲ့ Who can send me friend requests? ဆိုတာကတော့ ဘယ်သူတွေက သူငယ်ချင်းဖြစ်ခွင့် ပို့လို့ရအောင် ထိန်းချုပ်မလဲဆိုတာပဲဖြစ်ပါတယ်။

ဥပမာအနေနဲ့ ပြောရရင် မိမိနဲ့ သူငယ်ချင်းဖြစ်လိုသူကြားမှာ ကြားခံသူငယ်ချင်း(Mutual) မရှိရင် friend request ဆိုတဲ့ button ကို နှိပ်ခွင့်ပေးဖို့ နေနေသာသာ တဘက်လူက buttomကို ရှာလို့ ရမှာတောင်မဟုတ်ပါဘူး။
  
Ref: News of Myanmar

သေကြောင်းကြံမှုအများဆုံးနေရာ

ကမ္ဘာ့သေကြောင်းကြံမှု အများဆုံးနေရာကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Golden Gate တံတားဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ ကြိုးတံတား Golden Gate ဖြစ်ပါတယ်။ ကြိုးတံတား စတင်ဖွင့်လှစ်တဲ့ ၁၉၃၇ မေလမှ စတင်ပြီး ယနေ့အထိ သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၁၆၀၀ ကျော်သွားပြီလို့ သိရပါတယ်။

အရှည် ၈၉၈၁ ပေ ရှည်တဲ့ ကြိုးတံတားမှာ သေကြောင်းကြံမှုဟာ ၂၀၁၁ ခုနှစ်စစ်တမ်းအရ သုံးလကို ၁၇ ယောက်နှုန်း ရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်အတွင်း သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၃၄ ဦး ကို ဆယ်ထုတ် တွေ့ရှိခဲ့ပေမယ့် ပျောက်ဆုံးသူအရေအတွက်က ပိုမိုများပြားခဲ့ ပါတယ်။ ရေနဲ့ တံတားအမြင့်ဟာ ၂၄၅ ပေရှိပြီး ခုန်ကျတဲ့အခါ တစ်နာရီ ၇၅ မိုင်နှုန်းနဲ့ ကျပြီး Trauma လို့ခေါ်တဲ့ ခန္ဓာကိုယ်ထိခိုက် ဒဏ်ရာကြောင့် သေ ဆုံးကြရပါတယ်။ ရေပေါ် ထိတဲ့အရှိန်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက အရိုးများ ကျိုးပြီး အူ၊အသည်း၊ နံရိုး၊ အဆုပ် စသည်ဖြင့် အားလုံး ဆုပ်ပြတ်သွား မှာ ဖြစ်ပါတယ်။ သေနိုင်ချေ ၉၈ ရာခိုင်နှုန်းရှိပြီး အသက်မသေသူ ၃၊ ၄ ဦးသာ ရှိပြီး ဒုက္ခိတ ဘဝကိုရောက်ရပါတယ်။
ဒုတိယသေကြောင်းကြံမှုအများဆုံး ဖြစ်တဲ့ ဂျပန်နိုင်ငံက ဖူဂျီတောင်အနီး တော မှာတောင် တစ်နှစ်ကို ၇၈ ဦးပဲ သေပါတယ်။ အရေအတွက် ရာဂဏန်းပဲ ရှိပါသေးတယ်။ Golden Gate မှာတော့ ၁၆၀၀ ကျော်သွားပြီး ဒါကလည်း စာရင်းအတိအကျမဟုတ်ပါဘူး။ အတိအကျသိချင်လို့ တံတားအောက်မှာ ကင်မရာတပ် ကြည့်လိုက်တော့ ဌာနဆိုင်ရာ ထုတ်ပြန်ချက်ထက် အရေအတွက်များများ ခုန်ချသက်သေနေကြ တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ယင်းသို့ဖြစ်ရပ်များမှ လွတ်ကင်းနိုင်ဖို့အတွက် ဒေသခံ အာဏာပိုင်တို့က အမျိုးမျိုး ကြိုးစားပါတယ်။ အောက်ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Suicide hotline ဖုန်းကိုထားရှိပါတယ်။
သကြောင်းကြံလိုသူတွေအနေနဲ့ နောက်ဆုံးအနေနဲ့ ဖုန်းခေါ်ဖို့ အကြံပေး ထားပြီး ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေးပေးတယ် လို့ဆိုပါတယ် ။ နောက်ထပ်ကြိုးစားမှုကတော့ စတီးခြင်ထောင် ပတ်ပတ်လည် တပ်ဖို့ဖြစ်ပါ တယ်။ ကင်းလှည့်လည်မှု ကိုလည်း နေ့ရောညပါ ပြုလုပ်ပါတယ်။ ပြီးတော့ ညဘက်ဆိုရင် တံတားပေါ် လမ်းလျှောက်ခွင့်မပြုပါဘူး။

အမေရိကန်ဒေါ်လာ သန်းချီကုန်ကျမယ့်အတွက် ခြင်ထောင်ဘေးကာ တပ်ဆင်ခြင်းကို မလုပ်နိုင်ခဲ့ ပါဘူး။ သို့ပေမယ့် တံတားအောက်မှာ ဘယ်ညာ ပေ ၂၀ အဝေးထိ သံမဏိစတီး ခံ ပလပ်စတစ် ကြိုးမျှင် ခြင်တောင် တပ်ဆင်ခြင်းကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ယင်းဟာလည်း ငွေကြေး ရရှိမှု အခက်အခဲကြောင့် နှောင့်နှေးခဲ့ရပါသေးတယ်။

သို့ပေမယ့် ၂၀၁၂ ခုနှစ်ရောက်တဲ့အခါမှာ လုံခြုံရေးအဆင့်မြင့်တင် လိုက်ပြီး နောက် သေကြောင်းကြံမှု ယခင်ကထက် သိသိသာသာ နည်းပါးသွားပြီလို့ သိရပါတယ်။ 
Ref: International News for Myanmar

၂၀၁၂ ခုနှစ်၏ လူကြည့်အများဆုံး Youtube ဗီဒီယို ၁၀ ခု

၂၀၁၂ ခုနှစ်အတွက် လူကြည့်အများဆုံး Youtube က ဗီဒီယို ၁၀ ခုကို အစဉ်အတိုင်း ဖော်ပြလိုက်ပါတယ်။

၁။ ထိပ်ဆုံးမှာတော့ အားလုံး သိပြီးတဲ့အတိုင်း PSY ရဲ့ Gangnam Style ဖြစ်ပါတယ်။
 

၂။ "Somebody That I Used to Know - Walk off the Earth (Gotye - Cover)"
Walk off the Earth အဖွဲ့ရဲ့  သီချင်းဖြစ်ပြီး ဂီတာ တစ်လက်ကို အားလုံး ပေါင်းတီးပြတဲ့ Performance လေး တော်တော်လူကြိုက်များပါတယ်။


၃။ "KONY 2012"
ယူဂန်ဒါမှာ ကလေးသူပုန်မွေးထုတ်တဲ့ ကိုနီနဲ့ ကလေးတွေရဲ့ အကြောင်းကို ဒရာမာ ဆန်ဆန် ရိုက်ကူးထားတဲ့ ရုပ်ရှင်တိုလေး တစ်ခု ဖြစ်ပါတယ်။ နာရီနီးပါးကြာပါတယ်။ ဗီဒီယိုကိုတော့ ရှည်လို့ တင်မပေးတော့ပါဘူး။

၎။"Call Me Maybe' by Carly Rae Jepsen - Feat. Justin Bieber, Selena, Ashley Tisdale & MORE!" 
Carly Rac အပြင် Featuring အဖြစ် Justin Bieber, Selena, Ashley အစရှိသဖြင့် အနုပညာရှင် တော်တော်များများ ပါဝင်သီဆိုတဲ့ သီချင်း ဖြစ်ပါတယ်။ ဗီဒီယို ရိုက်ထားတာ Resolution မကောင်းပေမယ့် ခပ်မြူးမြူး သီချင်းမို့လို့ လူကြိုက် များပါတယ်။


၅။ "Barack Obama vs Mitt Romney. Epic Rap Battles Of History Season 2."
အမေရိကန် သမ္မတ အိုဘားမားနဲ့ အမတ် မစ်ရွန်မနီတို့ ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်မှုကို သရော်ထားတဲ့ ရပ် သီချင်းလေး ဖြစ်ပါတယ်။

၆။ "A DRAMATIC SURPRISE ON A QUIET SQUARE"
ဘယ်လ်ဂျီယမ် မြို့ လယ်ခေါင်မှာ ရိုက်ကူးထားတဲ့ တစ်ခန်းရပ် ပြဇာတ်ဆန်ဆန် ဟာသလေး ဖြစ်ပါတယ်။ လူနာတင်ယာဉ် ရောက်ရှိလာပြီး တစ်ခုပြီး တစ်ခု ဆက်တိုက်ဖြစ်သွားတဲ့ ဖြစ်ရပ်များက ရယ်ရခက်၊ ငိုရခက် ဖြစ်ပါတယ်။


၇။ "WHY YOU ASKING ALL THEM QUESTIONS? .. #FCHW"
လူငယ်တို့ နေထိုင်မှုစရိုက်ကို သရော်ထားတဲ့ ဗီဒီယိုတိုလေး ဖြစ်ပြီး ဒါလည်း လူကြိုက်များပါတယ်။



 
 

၈။ "Dubstep Violin- Lindsey Stirling- Crystallize"
 Lindsey Stirling ရဲ့  သီချင်းကောင်း ဖြစ်ပါတယ်။ တယောတီး တော်တဲ့ အဆိုတော်မလေး ဖြစ်ပြီး အမေရိကန်နဲ့ ဥရောပမှာ လက်ရှိ လှည့်လည် ဖျော်ဖြေလျက် ရှိပါတယ်။


၉။ "Facebook Parenting: For the troubled teen."
ဖခင်တစ်ယောက်က သမီးရေးထားတဲ့စာကို ဖတ်ပြတဲ့ ဗီဒီယို ဖြစ်ပါတယ်။ မိဘနဲ့ သားသမီးကြား မေတ္တာကို လူငယ်တွေ heart ထိအောင် ဖော်ပြနိုင်တဲ့အတွက် လူကြိုက်များခဲ့ပါတယ်။ 

၁၀။ "Felix Baumgartner's supersonic freefall from 128k' - Mission Highlights"
ကမ္ဘာ့အပြင်ကနေ ကမ္ဘာထဲ ခုန်ကျတဲ့ လေထီးသမားရဲ့ အဆင့်ဆင့် ဗီဒီယို ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့ သူ့ရဲ့  စွန့်စားမှုကလည်း ကမ္ဘာကျော် လုပ်ရပ်ဖြစ်မို့ လူကြည့်များပါတယ်။ 

နံပါတ် ၃ ဖြစ်တဲ့ Kony ကတော့ အရှည်ဆုံးမို့လို့ ဗီဒီယိုကို တင်မပေးတော့ပါဘူး...။

Ref: TechSpaceJournal

ပညာရွှေအိုး ဘယ်သူခိုးသလဲ

မောက္ခပညာရေးဆိုက်မှာ တင်ထားတဲ့ တရုတ်နိုင်ငံရဲ့ လက်ရှိပညာရေး အခြေအနေလေးတွေကို ဖော်ပြထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါတယ်...။

တရုတ်မိဘများ ပညာရေးတွင် သည်းသည်းလှုပ်ဖြစ်နေသည်မှာ ကာလကြာခဲ့ပြီ။ တရုတ်တွေက ဂုဏ်တု ဂုဏ်ပြိုင်တွေ သိပ် မလုပ်ကြ။ ဤသည်မှာလည်း ကွန်မြူနစ်လောင်းရိပ်က လွှမ်းမိုးနေဆဲကြောင့် ဖြစ်မည်ထင် သည်။ တရုတ်တွင် ကလေးနှစ်ယောက်ထက် ပိုမယူရေး စီမံချက်တွေကလည်း ရှိနေသည်။ ယောက်ျားလေးမွေးမှ မြတ်သည်ထင်သော တရုတ် လူနေမှုစနစ်ကြောင့်လည်း မိန်းကလေးမွေးထားသူတွေ အခက်တွေ့နေကြရသည်။ သို့သော် တရုတ်တို့ သားသမီးချင်း ပညာရေးတွင် ပြိုင်ဆိုင်အားကတော့ ကြောက်စရာကောင်းလှသည်။ တရုတ် လူ့ဘောင်တွင် ငွေရှိရင်ရှိ၊ မရှိရင် အာဏာရှိရမည်ဟု ခံယူကာ အစိုးရ၀န်ထမ်းဖြစ်ရေး သို့မဟုတ် စီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်ရေးတို့အတွက်လည်း ဦးစားပေးပြီး သားသမီးများကို ခွင်ချလာကြသည်။ သို့ဖြစ်ရာ မိမိတို့ သားသမီးများကို အစိုးရကျောင်းများသို့ပို့ကတည်း မိဘများ၏ ပြိုင်ဆိုင်အားသည် ကြောက်မက် ဖွယ်ရာဖြစ်လာ သည်။

တရုတ်ပြည်တွင် ပညာရေးအတွက် ငွေပေးမှ ပညာရနိုင်သည်ဆိုသောစကားကို မိဘတိုင်း၊ ဆရာတိုင်း ပါးစပ် တွင် ပြောစမှတ်ဖြစ်နေကြသည်။ ကွန်မြူနစ်လူငယ်ဟု အမည်ခံထားသည့် အုပ်စု အတွင်းမှာပင် ခေါင်းဆောင် ပိုင်းနေရာရရန် ငွေလိုသည် ဟုဆိုသည်။ ထို့ပြင်ကျောင်းကောင်းကောင်း ၀င်ခွင့် ရရေးအတွက် ငွေဘယ်လောက် ပေးနိုင်သလဲဆိုသည့် ပြဿနာများကလည်း ရှိနေဆဲဖြစ်သည်။ မိမိတို့သားသမီးကို ရှေ့ဆုံးတန်းတွင် ထိုင်နိုင် ရေးနှင့် အတန်းခေါင်းဆောင် (မော်နီတာ) ဖြစ်ရေး တို့အတွက်ပင် သူ့ကြေးနှင့်သူရှိနေကြောင်း သိရသည်။

တရုတ်ကျေးလက်မှ ဘေကျင်းတွင် လာရောက်နေထိုင်သည့် ဇောင်ဟွားဆိုသူ၏ ရင်ဖွင့်သံကလည်း နားမခံသာ စရာ။ သူမသည် ဘေကျင်းသို့ရောက်လာပြီး အီလက်ထရောနစ် ဆိုင်လေးတစ်ဆိုင် ဖွင့်ထားသည်။ သူမသမီးကို ဘေကျင်းမူလတန်းကျောင်း သို့ပို့ချိန်တွင် ကျောင်းက ဘဏ်ငွေစာရင်းထဲသို့ ဒေါ်လာ ၄၈၀၀ အတင်း ထည့်ခိုင်း သည်။ ဘဏ်သို့ ရင်နာနာနှင့် သွားပြီး ငွေထည့်ချိန်တွင် ဒေသဆိုင်ရာ ပညာရေးကော်မတီက တရားဝင်ထုတ် ပြန်ထားသည့် ကျောင်းသားစာရင်းနှင့် ထိုကျောင်းသားများအတွက် မိဘများ ဘဏ်သို့ လာသွင်းကြရသည့် ငွေစာရင်းကို တွေ့လိုက်ရသောအခါ ဇောင်ဟွားတစ်ယောက် မူးမေ့လုနီးပါး ဖြစ်သွားခဲ့ရသည်။ ဘဏ်သို့ ငွေသွင်းပြီး ပြန်လာချိန် ကျောင်းသို့ ပြန် အရောက်တွင် ကျောင်းအာဏာပိုင် များက သူမကို ထိုငွေပမာဏအား “လှူဒါန်းပါသည်” ဆိုပြီး အတင်း လက်မှတ် ထိုးခိုင်းသည်။

“ဒီလုပ်ရပ်က တရားမ၀င်မှန်း ကျွန်မလည်း သိပါတယ်။ ဒါပေမယ့် ရှင်တို့ မပေးရင်၊ ရှင့်ကလေးတွေအတွက် တက်စရာ ကျောင်းမရှိဘူး” ဟု ၀မ်းနည်းစွာပြောရှာသည်။

တရုတ်ပြည်တွင် လာဘ်ပေး လာဘ်ယူမှုများ ထူပြောလာသည်နှင့်အမျှ ကွန်မြူနစ်ပါတီ ၏ ခေါင်းဆောင်သစ် ဖြစ်လာသူ ရှီ ကျင်ပင်း ကိုယ်တိုင်က ယခုလတွင် ပေါ်လစ်ဗြူရိုအဖွဲ့အား သတိပေးလာရသည် အထိ ဖြစ်လာ သည်။ အကယ်၍ စစ်ဆေးအရေးယူမှုများ မပြုလုပ်လျှင် ကွန်မြူနစ်ပါတီကြီး တစ်ခုလုံး ပျက်စီးသွားလိမ့်မည်ဟု သူကဆိုသည်။ တရုတ်ပြည်တွင် သာမန်ပြည်သူ တစ်ယောက်အနေဖြင့် အကျင့်ပျက် လာဘ်စားရန် မဖြစ်နိုင် သလို နိုင်ငံရေးနှင့် စီးပွားရေး တို့တွင်လည်း ပြဿနာရှာရန် မ၀ံ့မရဲဖြစ်ကြသည်ကများသည်။

သို့သော် ပညာရေးအပိုင်းတွင် ဆရာနှင့် ကျောင်းအုပ်ချုပ်ရေး အပိုင်းတို့ ပူးပေါင်းပျက်စီးလာခြင်းက စိတ်ပျက် စရာကောင်းလာသည့် အနေအထားဖြစ်သည်။ ဤအကြောင်းနှင့် ပတ်သက်ပြီး ဘေကျင်းမှ ပညာရေး အတိုင်ပင်ခံ တစ်ဦးဖြစ်သူ လီမော်ဆိုသူက

“ဆရာလောကမှာ ဒီလိုအကျင့်ပျက်တာတွေ ဖြစ်လာတာကတော့ စိတ်ပျက်စရာပဲဗျ။ ကျွန်တော်တို့က ဆရာ တွေကို မျှော်လင့်ထားတာ အကြီးကြီးတွေ။ ခု သူတို့လုပ်နေတာက…” ဟု စိတ်ပျက်စွာ ပြောရှာသည်။

အမေရိကန်ပြည်ထောင်စုတွင် ချမ်းသာသည့် မိသားစုများသည် မိမိတို့ သားသမီးများ ပညာရေးအတွက် သောကပွားကာ ကျောင်းကောင်းကောင်းတွင် ထားခြင်း၊ ကျူရှင်ထားခြင်း၊ စာမေးပွဲအတွက် ပြင်ဆင်သည့် အကြို စမ်းသပ် စစ်ဆေးမှုများကို ငွေကုန်ကြေးကျ ခံကာ ပြုလုပ်ခြင်းများ သည် မိမိတို့ သားသမီး အဆင့် (အမှတ်) နိမ့်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

သို့သော် တရုတ်ပြည် ပညာရေးစနစ်တွင် နိုင်ငံတော်က ချမှတ်ပေးထားသည့် ပညာရေးလမ်းစဉ်အတိုင်း သွားနေသော်လည်း တစ်နည်းအားဖြင့် ပြောရလျှင် ကွန်မြူနစ် လမ်းစဉ်ဖြင့် လူတော် လူကောင်းမွေးထုတ်ရေး များကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သော်လည်း လာဘ်ပေး လဘ်ယူမှုများနှင့် ခရိုနီတွေကောင်းစား၊ သူတို့သားသမီးများ မျက်နှာသာရမှုများ ရှိနေဆဲဖြစ်ကြောင်းတွေ့ရသည်။ သို့ဖြစ်ရာ ငွေကြေး တတ်နိုင်သူနှင့် မတတ်နိုင်သူများကြားတွင် ပညာတတ် သားသမီးများ မွေးထုတ်နိုင်ရေး သည် ကွာဟချက် များလွန်းနေသည်ဟု ဆိုသည်။ ထို့ကြောင့် မစ္စတာလီက

“အကျင့်ပျက်ခြစားမှုတွေ၊ လာဘ်ပေး လာဘ်ယူမှုတွေက နေရာအနှံ့ရှိနေတယ်။ ပညာရေးလောကမှာတောင် မကျန်တော့ဘူး” ဟုထောက်ပြဝေဖန်သွားသည်။

တရုတ်လူ့ဘောင်တွင် သားသမီးများကို ကျောင်းထားမည့် ပထမဆုံးအချိန်မှာပင် သောကတွေ များနေကြရ သည်။ မိမိတို့ကလေးများ ကျောင်းကောင်းကောင်းတွင် ၀င်ခွင့်ရနိုင်စေရေးအတွက် ကျောင်းဝင်ခွင့်တွေကို နည်း၏အမျိုးမျိုးဖြင့် ကြိုးစားကြရသည်။ အဆက်အသွယ် ဘယ်လောက်ကောင်းကောင်းရှိသလဲ၊ ဘယ်အာဏာပိုင်နဲ့ သိသလဲဆိုခြင်းက ကျောင်းအပ်ရာတွင် ပိုပြီးအခွင့်အလမ်းများနိုင်သည်။

နွေဦးရာသီရောက်တိုင်း နာမည်ကြီးတက္ကသိုလ်ကျောင်းကြီးများနှင့် ချိတ်ဆက်ထားသည့် မူလတန်း ကျောင်းများတွင် ၀င်ခွင့်ရရေးကို မိဘတွေ စတင်ကြိုးပမ်းကြရသည်။ ထိုကျောင်းတွင် တက္ကသိုလ်က ဆရာတွေ လာသင်ကြပြီး၊ အောင်လျှင်လည်း ထိုတက္ကသိုလ်သို့ရောက်ရန်များသဖြင့် မိဘတွေ အသည်းအသန် ဖြစ်နေကြရသည်။ ဥပမာ ဘေကျင်းရှိ ဆင်းဟွာတက္ကသိုလ်မှ ဖွင့်ထားသော CCK (Clean China Kindergarten) မူလတန်းကျောင်း မျိုးဖြစ်သည်။ ထိုကျောင်းဝင်ခွင့်အတွက် ပေါက်ဈေးမှာ ဒေါ်လာ ၂၄၀၀၀ ခန့်ရှိသည်။ ၀င်ခွင့်လျှောက်လွှာများကို စိစစ်ရွေးချယ်သူက ဆင်ဟွာ တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သည်။

မိဘများသည် မိမိသားသမီး ကျောင်းဝင်ခွင့်ရရေးအတွက် ၀င်ခွင့်လက်ခံရန် မည်သူမျှ တိုက်ရိုက် လာဘ်ပေး၍ မရပေ။ “အဆင့်တွေများတော့ ငွေပိုကုန်တာပေါ့” တက္ကသိုလ် ၀န်ထမ်းတစ်ဦးက ထောက်ပြသည်။ ကျောင်းဝင်ခွင့် လျှောက်လွှာကိုပင် သူ့ထုံးစံအတိုင်း အဆင့်ဆင့်ရောက်မလာလျှင် ပယ်ချခြင်း ခံရနိုင်သည်ဟု ဆိုသည်။

ကျောင်းဝင်ခွင့်သည် တက္ကသိုလ်ဝင်တန်းနှင့် နီးလာလေ ကြေးပိုကြီးလာလေဖြစ်သည်။ ယခုဆိုလျှင် နာမည်ကြီး တက္ကသိုလ် တစ်ခုဖြစ်သည့် ရန်မင်းတက္ကသိုလ်ဝင်ခွင့်သည် ဒေါ်လာ ၈၀၀၀၀ မှ ဒေါ်လာ ၁၃၀၀၀၀ အတွင်းဖြစ်သွားပြီဟု မီဒီယာတစ်ခုတွင် တွေ့လိုက်ရသည်။

အစိုးရတာဝန်ရှိသူများကိုယ်တိုင် ထိုစနစ်ကို ဂိမ်းတစ်ခုကဲ့သို့သဘောထားကာ ကစားနေကြသည်။ နိုင်ငံပိုင် သတင်းစာကြီးတစ်စောင်ဖြစ်သည့် ၂၁ ရာစုစီးပွားရေးသံတော်ဆင့်တွင် နိုင်ငံအတွင်းရှိ စီးပွားရေး ကုမ္ပဏီကြီး များနှင့် နိုင်ငံတော်မှ ပိုင်ဆိုင်သည့် လုပ်ငန်းကြီးများသည် ထိပ်တန်းကျောင်းကြီးများသို့  “ဖွံ့ဖြိုးရေးပူးပေါင်း ဆောင်ရွက်ချက်” ဆိုသည့် အစီအစဉ်ဖြင့် ငွေများ မကြာခဏ လှူဒါန်းနေကြရသည်ဟု သိရသည်။ ထိုသို့ ပူးပေါင်းသည့် အကျိုးဆက်မှာ ထိုကုမ္ပဏီများမှ ၀န်ထမ်းများ၏ သားသမီးများသည် ကျောင်းကောင်းကောင်း တွင် တက်ခွင့်ရခြင်းဖြစ်သည်။

အလားတူ ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် “ပူးပေါင်းဆောင်ရွက် အထောက်အပံ့” ပေးခြင်းဖြင့် ကျောင်းကောင်းကောင်း တွင် သားသမီးများကို ထားနိုင်မည်ဆိုခြင်းက မက်လုံး တစ်ခုလိုဖြစ်နေစေသည်။

တရုတ်ပြည်တွင် အလယ်တန်း ပညာရေးသည် အခမဲ့ဖြစ်သည်။ သို့သော် သတ်မှတ်ထားတာက တစ်ခြား၊ ကုန်ကျမှုတွေက များနေသေးသည့် အပိုင်းတွေ ရှိနေဆဲဖြစ်သည်။ မိမိတို့ သားသမီးတစ်ယောက် အရွယ်ရောက် လူလားမြောက်လာလျှင် ပညာရွှေအိုးနောက်သို့ ငွေအိုးထမ်းကာ စတင်လိုက်ကြရပြီဖြစ်သည်။ ပေးနိုင်သူ ကျောင်းကောင်းကောင်း တက်ရသဖြင့်၊ အခမဲ့ဆိုသည်မှာ မပေးနိုင်သူများအတွက်တော့ ဟုတ်ကောင်း ဟုတ်နိုင်သည်။ ဥပမာ ပေးနိုင်လျှင် ကိုယ့်ရပ်ကွက်ဒေသမဟုတ်သည့်ကျောင်းသို့လည်း ကျော်ပြီးတက်နိုင် သည်။ မပေးနိုင်လျှင် ရပ်ကွက်ထဲကျောင်းမှလွဲပြီး တစ်လှမ်းမျှ ရွှေ့နိုင်ရန် လမ်းမမြင်ပေ။

ကျောင်းကောင်းသို့ဝင်ချင်လျှင် ပိုက်ဆံကောင်းကောင်းပေးရသဖြင့် နယ်များမှတက်လာပြီး ကြုံရာကျပမ်း လုပ်နေကြရသည့် မိဘများမှာ သောကပွေကြရသည်။ ထို့ကြောင့် ကျောင်းကောင်းကောင်းရှိသည့် ရပ်ကွက်တွင်ပင် မနေ၀ံ့အောင် ဖြစ်ပြီး မြို့စွန်ရပ်ဖျား အလကားကျောင်း ရပ်ကွက်များသို့ ပြောင်းရွှေ့ နေကြရသည်အထိဖြစ်လာသည်။ ပညာရေးဝန်ကြီးနှင့် နိုင်ငံတော်ကောင်စီ၊ တစ်နည်းအားဖြင့် တရုတ်လွှတ်တော်က “ကျောင်းရွေးချယ်ခွင့်” ကိုကန့်သတ်ပိတ်ပင်ထားသည်။ ၂၀၀၅ ခုနှစ်ကတည်းက စည်းကမ်းမလိုက်နာလျှင် ဒဏ်ငွေရိုက်မည်ဟု ဆိုထားသည်။ သို့သော်ကျောင်း အာဏာပိုင်များနှင့် အစိုးရ ဌာနများက ပညာပြကြသဖြင့် ငွေပေးလျှင် ကျောင်းတွေ၊ ရပ်ကွက်တွေ အမျိုးမျိုးပြောင်း၍ ရနေသည်။

နာမည်ကျော် အထက်တန်းကျောင်းကြီး တစ်ကျောင်းတွင် ကျောင်းဝင်ခွင့်ကို စစ်ဆေးပြီးမှ အမှတ်ဖြင့် လက်ခံသည်။ သို့သော် အမှတ်ဆိုသည်မှာ ငွေပေးသလောက် ရနိုင်သည်။ နာမည်ကျော် ဘေကျင်းရှိ အထက်တန်းကျောင်း တစ်ကျောင်းတွင် ကျောင်းသို့ ဒေါ်လာ ၄၈၀၀ ခန့်ပေးလိုက်လျှင် ၀င်ခွင့်အလိုလို အောင်သွားသည်။ အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသား တစ်ယောက်ဖြစ်သူ ပေါ်လီ ၀မ်းက “ကျွန်မတို့အတန်းထဲကအားလုံး ဒီနည်းနဲ့ ၀င်လာခဲ့ကြ တာ” ဟုပြောရှာသည်။

ငွေရှိမှ ပညာရသလိုဖြစ်နေသဖြင့် ဆရာတွေကလည်း ပညာပြကြသည်။ လစာကိုအကြောင်းပြပြီး ကျူရှင်သင်ကြသည်။ ကျောင်းတွင်နည်းနည်း ဆရာစားချန်၊ ကျန်တာကို ကျူရှင်လာမှသင်နေကြကြောင်း ပညာရေးဆောင်းပါးများ ရေးနေသည့် မစ္စကျင်းက ထုတ်ဖော်ထားသည်။ မစ္စကျင်းက

“ဘာလုပ်လုပ် ပိုက်ဆံပေးနေရတာ ဘယ်မှာလဲ အခမဲ့ပညာရေး” ဟုဆိုထားသည်။ ကျူရှင်လာမထားသည့် ကျောင်းသားကို ပြဿနာရှာတတ်သည့်ဆရာတွေ တိုးပွားလာနေသဖြင့် မိဘတွေကလည်း ကျောင်းပြီးလျှင် နောက် ကျူရှင်သို့ ငွေထုပ်ပိုက်ပြီး ပြေးနေကြရပြန်သည်။

တရုတ်တွင် “ဆရာ့ကျေးဇူးနေ့” ဆိုသည့်နေ့ကို မိဘတွေကရောက်မှာ ကြောက်နေရသည်။ ထိုအချိန်မှာ စက်တင်ဘာလတွင်ဖြစ်သည်။ နိုင်ငံတော်မှ ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသည်။ ဆရာများကို ကျေးဇူးဆပ်ရသည် ထိုနေ့ထူး နေ့မြတ်တွင် ကျောင်းသားတိုင်း၊ ကျောင်းသားဟောင်းတိုင်း ဆရာများကို ကန်တော့လက်ဆောင်ပေးကြရသည်။ ရှေးခေတ်တစ်ချိန်က ထိုနေ့မျိုးတွင် ဆရာများကို ပန်းတစ်စည်း၊ သစ်သီးတစ်ခြင်းလောက်ဖြင့် ကန်တော့လျှင်ပြီးသည်။ ယခုခေတ်သစ်တွင် ဆရာတွေက ဒီဇိုင်းလှလှ လက်ပတ်နာရီ၊ ဈေးကြီးသည့် လဖက်ခြောက်၊ လက်ဆောင်ကတ်နှင့် ခရီးသွားခွင့်ကတ်များကို တပည့်များ၏ထံမှ ဗြောင်ကျကျ တောင်းကြသည်။ မွန်ဂိုးလီးယား အတွင်းပိုင်းရှိ ကျောင်းများမှ ဆရာများသို့ မိဘများသည် ဘဏ်သို့ငွေထည့်ပေးထားသည့် ဘဏ်စာအုပ်များကို ကန်တော့နေကြရကြောင်း ကြားရသည်။

အသက် ၁၀ နှစ်သမီးလေး၏ မိခင်ဖြစ်သူ မစ္စစ် ဇောင်ဆိုသူက

“အတော်လေး ကြောက်စရာကောင်းပါတယ်။ အဲဒီ ကျေးဇူးဆပ်တဲ့ပွဲမှာ သူများတွေလို ပစ္စည်းကောင်းကောင်းနဲ့ မကန်တော့နိုင်လို့ကတော့ ရှင့်ကလေးကို လှည့်တောင်ကြည့်တော့မှာ မဟုတ်ဘူး” ဟုဆိုသည်။

ဆင်းရဲသည့်ကလေးများသည်ပင် ထိုကျေးဇူးဆပ်ပွဲကို ရှိတာလေးတွေနှင့် တက်ရောက် ကန်တော့ကြရသည်။ အသက် ၃၃ နှစ်အရွယ် ဘိုဟောင်းဆိုသူက အသက် ၇ နှစ်အရွယ် သူ့သမီးလေးအတွက် လက်ဆောင်ပစ္စည်း မပေးနိုင်သဖြင့် လက်ချည်းသက်သက် သွားကန်တော့တောင်းပန်ရာတွင် ဆရာများ၏ ပက်ပက်စက်စက် အပြောခံလိုက်ရသည်ဟုဆိုသည်။

“မနှစ်က ကျွန်မသမီးလေးကို ရက်ရက်စက်ရိုက်ပြီး ငတုံးမလို့လည်း ကလေးတွေ အများကြီးရှေ့မှာ ခေါ်ပါတယ်” ဟု ဘိုဟောင်းက မျက်ရည်စက်လက်ဖြင့် ပြောပြရှာသည်။

ယခုနှစ် နွေဦးတွင် ဘိုဟောင်း၏သမီးကို အတန်းလည်းမတင်ပေး၊ အိမ်ကိုလည်း ဘာအကြောင်းမှမပြန် ဒီအတိုင်း ပစ်ထားလိုက်ကြောင်း သိရသည်။

“ကျွန်မသမီးလေးကို သူတို့က ခွဲခြားပြီးဆက်ဆံကြတယ်။ ကျွန်မက ပိုက်ဆံမှ မတတ်နိုင်တာပဲ” ဟုရင်နင့်စွာပြောပြသည်။ သူမထိုသို့ပြောနေချိန် သူမဘေးတွင် လမ်းသန့်ရှင်းရေးဝန်ထမ်းလုပ်သည့် သူ့ခင်ပွန်းက အဝေးကိုငေးကြည့်နေသည်။

ပညာရေးတွင် မိမိတို့ သားသမီးကို ကျောင်းအမျိုးမျိုး၊ ဆရာအဖုံဖုံက ပညာပြမည်ကို မိဘတွေ သောကရောက်နေကြရသည်။ ထို့ကြောင့် အနည်းငယ်တတ်နိုင်သည့် မိဘတစ်ဦးက သူ့သားကို နိုင်ငံရပ်ခြားသို့ပို့ပြီး ကျောင်းထားရန် ဆုံးဖြတ်လိုက်သည်ဟုဆိုသည်။ မကြာမီ အိုင်အိုဝါသို့ သားသမီးများကိုခေါ်ပြီး အလုပ်ပါပြောင်းတော့မည်ဟု အသက် ၃၃ နှစ်အရွယ်ရှိ အရက်ဆိုင်ပိုင်ရှင် ၀မ်ပင်းကပြောသည်။

“တရုတ်ပညာရေးစနစ်က တရားမျှတမှုမရှိပါဘူး။ ဟိုး ငယ်ငယ်လေးကတည်းက ကလေးတွေစိတ်မှာ ခံစားချက်တွေ အများကြီးဖြစ်သွားနိုင်တယ်။ ကျွန်မသားကို ဒီလိုမျိုးကြားထဲမှာ မထားနိုင်ဘူး” ဟုဆိုသည့် ၀မ်ပင်း၏ဆုံးဖြတ်ချက်ကို မှားသည်ဟုဆိုနိုင်မည်လော။

A Chinese Education, for a Price
By DAN LEVIN


ခုနှစ်စဉ်အလွဲ (၂) - ကျောင်းဝန်းထဲက အလွဲစာမျက်နှာ

ကဲ... အလွဲလေးတွေ အပိုင်း ၂ တော့ ထပ်ဖန်တီးလိုက်ပြန်ပြီတဲ့ဗျာ...။
အားပေးခံစားကြည့်ကြပါဦး.....။



ခုနစ်စဉ်အလွဲ (၂) - " ကျောင်းဝန်းထဲက အလွဲစာမျက်နှာ"
Director - လီယိုနယ်လ်(Leonel)
Assistant Directors - ကိုပြည့်, သီဟလင်း
Art Director -- ဖြိုးမင်း
Producers -- လီယိုနယ်လ်, ကိုပြည့်
Writers -- လီယိုနယ်လ်, ဖြိုးမင်း, ကိုပြည့်, ဇင်ကိုလတ်, မေ့ပါနိုင်
Cinematographers - ကိုပြည့်, သီဟလင်း, မိုးဇက်, ငယ်လေး , ကောင်းစံ
Technical Advisor - မိုးဇက်
Editors -- ကိုထူး (REG iStudio), ဇေယျာမင်း, ဇင်ကိုလတ်, ဇေဦးသာ
Background Music - ဇေဦးသာ
Sound and Lighting - ကောင်းစံ, ပြည့်ဖြိုးအောင်, ကျော်ထွန်းလှ, သီဟခက်နောင်, ခြူးပွင့်ထက်ဦး
Still Photography- မြင့်ထွန်းလင်း (You&Me Photography and Bridal Dress Rental)
Graphic Designer -- ဇေဦးသာ
Record and Documentation - ဝင့်ဝါမောင်, ခြူးပွင့်ထက်ဦး
Make up Artist - Yuki

အပိုင်း (၁) - အလွဲများ၏နိဒါန်းကို မကြည့်ရသေးရင် အောက်ကလင့်မှာ အားပေးနိုင်ပါတယ်...။

ခုနစ်စဉ်အလွဲ (၁) - အလွဲများ၏နိဒါန်း



အင်ဒိုနီးရှားတွင် မူလတန်း၌ အင်္ဂလိပ်စာသင်ကြားခြင်းကို ရပ်ဆိုင်းမည်

အင်ဒိုနီးရှားနိုင်ငံ အစ္စလမ်ဘော်ဒါကျောင်းတစ်ကျောင်းတွင် ကိုရမ်ကျမ်းကို စုပေါင်းကျက်မှတ်နေကြပုံ

လာမည့်နှစ်တွင် အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ မူလတန်းများတွင် အင်္ဂလိပ်စာသင်ကြားခြင်းကို ရပ်ဆိုင်းတော့ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပညာရေးနှင့် ယဉ်ကျေးမှု ဒုတိယ၀န်ကြီး မူလိုင်ရာ ကာစင်က ဇူလိုင်လမှစတင်ကာ အင်္ဂလိပ်စာသင်ကြားမှုနှင့် ပတ်သက်ပြီး လေ့လာစစ်ဆေး သုံးသပ်ခဲ့ရာတွင် ကလေးများအနေဖြင့် မိခင်ဘာသာစကားကို ပထမဦးစားပေး သင်သင့်သည့်ဟု သုံးသပ်မိသောကြောင့် ဤသို့ စီစဉ် ရခြင်းဖြစ်ကြောင်း ၀ါရှင်တန်ပို့စ် သတင်းစာကြီးသို့ ပြော ကြားခဲ့သည်။ ဒုဝန်ကြီးက
“မူလတန်းကျောင်းတွေမှာ အင်္ဂလိပ်စာထည့်သွင်း သင်ကြားခြင်း မလုပ်တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ကလေးတွေက အင်ဒိုနီးရှား ဘာသာစကားကို ကောင်းကောင်း မသိကြတော့ဘူး။ ခုဆိုရင် သူငယ်တန်းမှာ ကတည်းက ကလေးတွေ အင်္ဂလိပ်လို သင်နေရတာကြည့်ပြီး ကလေးတွေကို သနားမိတယ်” ဟုဆိုသည်။
ဝန်ကြီးက ဆက်၍ပြောကြားရာတွင် ဘာသာရေးနှင့် အင်ဒိုနီးရှားယဉ်ကျေးမှုကို သိပ္ပံနှင့် လူမှုရေးဘာသာရပ်များ ကဲ့သို့ ပိုပြီးသင်ကြားရန် ဆုံးဖြတ်ထားကြောင်း ထို သတင်းစာတွင် ဖော်ပြ ထားသည်။
ဝန်ကြီးက ထိုသို့ဆုံးဖြတ်ရခြင်းမှာ ယခုနှစ် တက္ကသိုလ်ဝင်တန်းတွင် မိခင် ဘာသာစကားဖြစ်သည့် ဘဟာဆာ စကားတွင် ကျောင်းသား အတော်များများ ကျရှုံးခဲ့သောကြောင့် ထိုသို့ ပြုပြင်ပြောင်းလဲမည်ဟု သတ်မှတ်ခြင်း ဖြစ်နိုင်ကြောင်း ပညာရေး အသိုင်းအ၀ိုင်းမှ ဝေဖန်သုံးသပ်ကြသည်။
မေလတွင် ထုတ်ပြန်ခဲ့သည့် အခြားအစီရင်ခံစာတစ်ခုတွင်လည်း ကျောင်းသားများသည် အင်္ဂလိပ်စာသင်ကြား ခြင်းကို အလွန်အမင်းအလေးထားကာ လေးစားကိုးကွယ်လွန်းသောကြောင့် ဤသို့ ပြုပြင်ပြောင်းလဲမှုလုပ်ခြင်း ဖြစ်မည်ဟုလည်း ဆိုကြသည်။ အခြားဝေဖန်မှုတစ်ခုတွင် မိခင် ဘာဟာဆာစကားကို ဆရာများ ကိုယ်တိုင် အလေးထား မသင်ကြားနိုင်သောကြောင့် ယခုကဲ့သို့ အကျအရှုံး များခြင်းဖြစ်သည်ဟုဆိုသည်။

Related Posts Plugin for WordPress, Blogger...