လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဘီလ်ဂိတ်နှင့်ပတ်သက်ပြီး လူသိနည်းသော အကြောင်းများ

မိုက်ခရိုဆော့ဖ်ပိုင်ရှင် ဘီလ်ဂိတ်ကိုတော့ လူတိုင်းသိမှာပါ။ သူဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ အမြဲ ထိပ်ပိုင်းမှာ နေရာယူနေတဲ့သူပေါ့။ ၁၉၅၅၊ အောက်တိုဘာ ၂၈ မှာသူ့ကိုမွေးဖွားခဲ့ပြီး သူ့ရဲ့ လူသိနည်းတဲ့ အချက်လေးတွေကို ဖတ်မိလိုက်လို့ ပြန်လည်ဝေမျှလိုက်ပါတယ်...။

၁။ ဘီလ်ဂိတ်ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (SAT) ရမှတ်ဟာ ၁၅၉၀ ရှိပါတယ်။ အမှတ်ပြည့်ဟာ ၁၆၀၀ ဖြစ်တဲ့အတွက် သူ့ရဲ့ အိုင်ကျူအဆင့်ဟာ ၁၇၀ မှာရှိပါတယ်။ ဒါပေမယ့် တက္ကသိုလ်ပညာတစ်ဝက်တစ်ပျက်နဲ့ မိုက်ခရိုဆော့ဖ်ကုမ္မဏီတည်ထောင်ဖို့အတွက် ကျောင်းထွက် ခဲ့ပါတယ်။ 

၂။ ဘီလ်ဂိတ်ဟာ အသက် ၃၀ အရွယ်မှာ ဘီလျံနာတစ်ဦးဖြစ်လာမယ်လို့ သူ့ရဲ့ဆရာမကို ပြောကြားခဲ့ဖူး ပါတယ်။ အသက် ၃၁ နှစ်အရွယ်ကျတော့ တကယ် ဘီလျံနာတစ်ဦး ဖြစ်လာပါတယ်။

၃။ အသက် ၁၇ နှစ်မှာ သူ့ရဲ့ ပထမဆုံး ကွန်ပျူတာပရိုဂရမ် time tabling system ရေးဆွဲပြီး အမေရိကန်ဒေါ်လာ ၄၂၀၀ နဲ့ရောင်းချ ကာ ကျောင်းတက်ဖို့ စရိတ်အဖြစ် အသုံးပြုခဲ့ပါတယ်။ 

၎။ ဟားဗက်စ် တက္ကသိုလ်မှာ ကျောင်းတက်စဉ် Altair BASIC အမည်ရ အခြေခံ Programming Language ပူးပေါင်းရေးဆွဲပြီး သူ့ရဲ့ ပထမဆုံး မိုက်ခရိုဆော့ဖ်ကုမ္မဏီထုတ်ကုန် ဖြစ်လာခဲ့ပါတယ်။

၅။ ၁၉၈၇ ခုနှစ်က Manhattan မှာပြုလုပ်တဲ့ Microsoft သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Melinda French ကို စတင် တွေ့ရှိခဲ့ပြီး ၁၉၉၄ ခုနှစ် New Year နေ့မှာ လက်ထက်ခဲ့ပါတယ်။

၆။ ၂၀၀၂ ခုနှစ်က စစ်တမ်းအရ ဟောင်ကောင်နဲ့ တရုတ်ပြည်မှာ တရုတ် တော်လှန်ရေး ကွန်မြူနစ်ခေါင်းဆောင် Mao Tse-tungin ထက် ဘီလ်ဂိတ်ကို ဆယ်ကျော်သက်များ ပိုမိုလေးစားအားကျ ကြပါတယ်။ 

၇။ ၂၀၀၇ခုနှစ် စစ်တမ်းအရ ဘီလ်ဂိတ်ရဲ့ တစ်စက္ကန့်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၅၀ ရှိပြီး တစ်ရက်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၊ တစ်နှစ်ကို ၇.၈ ဘီလျံ ရှိပါတယ်။ 

၈။ ဘီလ်ဂိတ်အတွက် အမေရိကန်ဒေါ်လာ ၁ ထောင်တန် ချက်လက်မှတ်ကျသွားရင် ပြန်ကောက်စရာမလိုဘူး လို့ တင်စားကြပါတယ်။ ဘာလို့လဲဆို ပြန်ကောက်ရန် ကြာချိန် ၄ စက္ကန့်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ က သူ့အလိုလိုပြည့်ပြီးသား ဖြစ်ပါတယ်။  

Technical Space Journal က ဖတ်ဖူးခဲ့တာပါ...။ 

ထေရ၀ါဒ ဟူသည်

ထေရ၀ါဒ ဆိုသည့်စကားလုံး ဖြစ်ပေါ်လာသည်ကို ပြန်ကြည့်လျှင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ရာကျော်တွင် ပြုလုပ်သော ဒုတိယ သင်္ဂါယနာတင်ပွဲမှ စတင်သုံးစွဲခဲ့သည်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်းတစ်ရာကျော်အတွင် ဗုဒ္ဓဟောကြားခဲ့သော ဓမ္မနှင့် ၀ိနယပေါ်တွင် မိမိတို့စိတ်ကြိုက် ဖြည့်စွက်ကျင့်သုံးလိုသော ရဟန်းများ ပေါ်ပါက်ခဲ့သည်။ ထိုသို့ပေါ်ပေါက်မှုကို အကြောင်းပြုပြီး ဗုဒ္ဓအဆုံးအမကို တသွေမတိမ်း လိုက်နာကျင့်ကြံလိုသည့် မထေရ်ကြီးများ၏ အလိုနှင့်အညီ အတည်ပြုလိုက်သည့် အယူအဆကို "ထေရ၀ါဒ" ဟု ခေါ်ဝေါ်ခဲ့ကြသည်။
"ထေရ" = ရဟန်းသက် ၁၀ ၀ါရပြီးသော မထေရ်
"၀ါဒ" = ခံယူချက်
ထို့ကြောင့် ရဟန်းသက် အနည်းဆုံး ၁၀ ၀ါရှိသော မထေရ်ကြီးများ၏ ခံယူချက်ဟု ဖွင့်ဆိုနိုင်သည်။

"ထေရ၀ါဒ" နှင့် "မဟာယန" ဟု ဗုဒ္ဓဘာသာဆိုင်ရာ အဓိက ဂိုဏ်း နှစ်မျိုးရှိသည်။ ရှေးအခါက အခြားဂိုဏ်းများလည်း ရှိခဲ့ကြပါသည်။ သို့သော် ထိုနှစ်မျိုးကသာ အိန္ဒိယပြင်ပရှိ အဆက်အနွယ်များထိအောင် လက်ဆင့်ကမ်းပျံ့နှံ့ခြင်းဖြင့် ယနေ့ကာလထိရှင်သန်လာသည်။ မယာယနသည် အဓိကအားဖြင့် အိန္ဒိယမြောက်ပိုင်း၊ တရုတ်၊ တိဘက်၊ ဂျပန်၊ မွန်ဂို၊ ကိုရီးယား ၊ ဗီယက်နမ် စသည့် နိုင်ငံများတွင် ရှင်သန်ခဲ့သည်။ ထေရ၀ါဒမှာ ပင်မအားဖြင့် အိန္ဒိယတောင်ပိုင်းနှင့် အရှေ့ပိုင်း၊ သီရိလင်္ကာ ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို တို့တွင် ရှင်သန်ခဲ့သည်။ ထို့ကြောင့် ရံဖန်ရံခါ မဟာယနကို မြောက်ပိုင်းဂိုဏ်းဟုဆိုပြီး ထေရ၀ါဒကို တောင်ပိုင်းဂိုဏ်းဟု ဆိုကြသည်။

ထိုဂိုဏ်းနှစ်မျိုးတွင် ကွဲလွဲချက်များရှိသော်လည်း သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ကမ္မ၀ါဒ၊ အစရှိသော အခြေခံတရားများမှာ အတူတူပင်ဖြစ်ကြသည်။ အဓိကမတူညီမှုမှာ မတူညီသော ဦးစားပေးမှုများနှင့် သမိုင်းဆိုင်ရာ ဖြစ်ထွန်းမှုများပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ အဆုံးအမကို လိုက်နာပြီး လွတ်မြောက်အေးချမ်းခြင်း နိဗ္ဗာန်မျက်မှောက်ပြုရေးတို့မှာ နောက်ဆုံး အတူတူပင်ဖြစ်သည်။
ထေရ၀ါဒဟူသည် ဗုဒ္ဓအဆုံးအမများကို မူလအတိုင်း ထိန်းသိမ်းထားသော ပိဋကတ်သုံးပုံအတိုင်း အစဉ်တစိုက် လက်ခံသည်။ ထေရ၀ါဒဂိုဏ်း၏ အလေးထားမှုမှာ ဗုဒ္ဓအဆုံးအမများကို စစ်မှန်သော မူလအခြေအနေအတိုင်း ထိန်းသိမ်းခြင်းနှင့် အနာဂတ်မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းခြင်းဖြစ်သည်။ 

ဗုဒ္ဓဘာသာတိုင်းအတွက် လိုက်နာရမည့် စည်းကမ်း ၅ မျိုးရှိသည်။
(၁) သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း
(၂) ခိုးယူလုယက်ခြင်းမှေ၇ှာင်ကြဉ်ခြင်း
(၃) ကာမဂုဏ် အိမ်ထောင်ရေး ဖောက်ပြန်မှုမှေ၇ှာင်ကြဉ်ခြင်း
(၄) မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း
(၅) မူးယစ်ဆေး သုံးစွဲရောင်းဝယ်ခြင်းမှ ရှောင်ကြဉ်ခြင်း တို့ဖြစ်သည်။

ထေရ၀ါဒ စစ်စစ်ဖြစ်ရန် ဥပဒေသ မူ ၅ ရပ်ကို စံပြုသတ်မှတ်ထားခဲ့သည်။
(၁) ယုံကြည်မှု သဒ္ဓါတရားရှိရမည်။
(၂) စောင့်ထိန်းမှု သီလရှိရမည်။
(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော်ပြင်ပတွင် ကိုးကွယ်မှုမရှာရ။

(၁) ယုံကြည်မှုသဒ္ဓါတရားရှိရမည် - ရတနာသုံးပါးအပေါ် ယုံကြည်လက်ခံရမည်။

(၂) စောင့်ထိန်းမှုသီလရှိရမည် - ငါးပါး၊ ရှစ်ပါးသီလ တို့အပြင် စာရိတ္တသီလဟုခေါ်သော မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ လင်၊ မယား၊ ဆရာ၊ တပည့်၊ အထက်လူကြီး၊ အောက်လက်ငယ်သားကျင့်ဝတ် စသည်တို့ကို စောင့်ထိန်းတတ်ရမည်။

(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ - ရက်ရာဇာ၊ ပြဿဒါး ၊ အိမ်မြောင်စုတ်ထိုး၊ နေကြတ်၊ လကြတ်၊ အစရှိသည်တို့၏ နိမိတ်၊ ကောင်းကျိုးဆိုးကျိုး စသည်တို့ကို လက်မခံရပါ။

(၄) ကံတရားကို ယုံကြည်ရမည် - ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရ၊ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမည်ဟု လက်ခံရမည်။

(၅) သာသနာပြင်ပကိုးကွယ်မှုမရှာရ - လောဘ၊ ကြောက်စိတ်၊ စသည်တို့ကြောင့် ဘိုးတော်၊ မယ်တော်၊ နတ် ၊ အင်း/အိုင် ၊ ဗေဒင်၊ လက်ဖွဲ့ စသည်တို့ကို အားထားမှု မပြုရပါ။

မြန်မာနိုင်ငံရှိ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဂိုဏ်းကြီး ၉ ဂိုဏ်း
၁။ သုဓမ္မာဂိုဏ်း။
၂။ ရွှေကျင်ဂိုဏ်း။
၃။ ဓမ္မာနုဓမ္မ(မဟာဒွါရ) နိကာယဂိုဏ်း။
၎။ ဓမ္မ၀ိနယာနုလောမ(မူလဒွါရ) ဂိုဏ်း။
၅။ အနောက်ချောင်းဒွါရဂိုဏ်း။
၆။ ဝေဠုဝန်နိကာယဂိုဏ်း။
၇။ စတုဘုမ္မိက မဟာသတိပဌာန်(ငှက်တွင်း)ဂိုဏ်း။
၈။ ဂဏ၀ိမုတ်(ကူးတို့)ဂိုဏ်း။
၉။ ဓမ္မယုတ္တိနိကာယ(မဟာရင်)ဂိုဏ်း တို့ဖြစ်ကြပါသည်။

Moscow Zoo Park သို့ အလည်တစ်ခေါက်

ဘာလိုလိုနဲ့ နွေကျောင်းပိတ်ရက်တွေလဲ ကုန်တော့မယ်... မြန်သလိုပဲ... ဒီလကုန်ရင် ကျောင်းတောင် ပြန်တက်ရတော့မယ်ဗျာ.. ဒီကြားထဲမှာ ဘာမှလည်း ကိုယ့်အတွက်ကျန်တာ မယ်မယ်ရရ မလေ့လာဖြစ်လိုက်ပါဘူး...။ ဒါပေမယ့် အားတဲ့ရက်လေးတစ်ရက်မှာ မော်စကို တိရစ္ဆာန်ဥယျာဉ်ကို တခြားကျောင်းက ညီလေးတစ်ယောက်နဲ့အတူ သွားရောက်လည်ပတ်ခဲ့ပါတယ်... သူလဲ မရောက်ဘူးသေးဘူး ဆိုလို့ပါ.. ပြောသာပြောရတာ ကိုယ်ကိုယ်တိုင်လည်း ပထမဦးဆုံးအကြိမ်ပါပဲ... ဟဲ...
အဲ့တော့ ပါသွားတဲ့ ကင်မရာသေးသေးလေးနဲ့ ရိုက်ခဲ့သမျှ ဓာတ်ပုံတွေထဲက အချို့တလေလေးတွေကို ပြန်တင်ပေးလိုက်ပါတယ်ဗျာ...  ပုံတွေကများတော့ အကုန်မတင်လိုက်ပါဘူး... ။

အောက်မှာ ပုံတွေကို ကြည့်လိုက်ပါဦး... ပုံတွေကြည့်ရတာ သေးနေရင် ပုံပေါ် Click ပြီး ကြည်ကြည်လင်လင် အားရပါးရ ကြည့်နိုင်ပါတယ်...။

ဒါက တိရစ္ဆာန်ဥယျာဉ် အ၀င်ဝပေါ့


ဒါက အထဲက ကလေးကစားကွင်း အ၀င်ဝပါ








 ဒါကတော့ ငှက်တွေထားတဲ့ အိမ်၊ အဆောင် ပေါ့



 ပင်ဂွင်းလေးတွေပါ မြန်မာ၊ နေပြည်တော်တိရစ္ဆာန်ရုံမှာလဲ ရှိပါတယ်


 မြန်မာမှာလို သံကြိုးတွေနဲ့ မထားဘူးဗျ.. ဒီတိုင်းလွှတ်ထားတယ်




ကဲ.. အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ...။ 





တကယ့် Wall-E စက်ရုပ်အစစ်







အမေရိကန်မှ ကွန်ပျူတာ ပရိုဂရမ်မာ တစ်ဦးဖြစ်သူ Mike Senna ဟာ တကယ့် Wall-E စက်ရုပ်အစစ်ကို တီထွင်ပြီး ပွဲထုတ်ပြသ လိုက်ပြီ ဖြစ်ပါ တယ်။ တစ်ပတ်ကို ၂၅ နာရီနဲ့ နှစ်နှစ်ခွဲတိတိအချိန်ယူ ဖန်တီးထားတဲ့ Wall-E စက်ရုပ်အစစ်ဟာ ရုပ်ရှင်ထဲကလို အသိဥာဏ်မမြင့်မားပေမယ့် ရုပ်ရှင်ထဲက လုပ်ဆောင်ချက်တော်တော်များများ လိုက်လံ အတုခိုးပြုလုပ် နိုင်တယ်လို့ သိရပါတယ်။ 
Orange Country အမည်ရ biometrics ကုမ္မဏီတစ်ခုမှာ လုပ်ကိုင်လျက်ရှိတဲ့ Mike Senna ရဲ့ ကြိုးပမ်းချက်ကို နည်းပညာရှင်များက အသိမှတ်ပြုခဲ့ကြပါတယ်။

Ref: International news for Myanmar 

ဖေ့စ်ဘွတ်ခ်အကောင့် ၈၃ သန်းခန့်ကို ပိတ်ပစ်ရန် ဖေ့စ်ဘွတ် စီစဉ်


အမည်အတု (သို့မဟုတ်) အမည်ဝှက်ဖြင့် ပြုလုပ်ထားသည့် ဖေ့စ်ဘွတ်ခ်အကောင့်၊ မိမိ၏ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင်အတွက် ပြုလုပ်ထားသည့်အကောင့်၊ အခြားဆိုက်များကိုဝင်ရန်အတွက် သီးသန့် ဖန်တီးထားသည့် နောက်ထပ်အကောင့် များမှာ ခန့်မှန်းချေအားဖြင့် ၈၃ ဒသမ ၀၉ သန်းခန့် ရှိနေကြောင်း ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ထားသည်။
သြဂုတ်လ ၁ ရက်နေ့တွင် အသစ်ပြင်ဆင်ခဲ့သည့် စည်းမျဉ်းများအရ ပုံမှန်ဖေ့စ်ဘွတ်ခ်သုံးစွဲသည့် အကောင့်ပေါင်း ၉၉၅ သန်းအနက် ၈ ဒသမ ၇ ရာခိုင်နှုန်းကို ပွားထားသည့်အကောင့်နှင့် အကောင့်အတုများအဖြစ် ဖေ့စ်ဘွတ်ခ်က သတ်မှတ်ခဲ့ပြီး ပိတ်ပစ်ရန် လိုလားနေကြောင်း သိရသည်။
''ဖေ့စ်ဘွတ်ခ်မှာ အကောင့်အတုတွေကို ရှာဖွေပြီး ဖျက်ပစ်ဖို့ ကျွန်တော်တို့ ယေဘုယျအားဖြင့် ရည် ရွယ်ထားပါတယ်။ ကျွန်တော်တို့ ဖေ့စ်ဘွတ်ခ်က အမည်စစ်စစ်မှန်မှန်နဲ့ သုံးတဲ့သူတွေအတွက်ဆိုတဲ့ အခြေခံမူနဲ့ ဖန်တီးထားတာပါ''ဟု ဖေ့စ်ဘွတ်ခ် လုံခြုံရေးအရာရှိချုပ် ဂျိုးဆူလေဗန်က စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။
ယင်းသို့ အကောင့်အတုဟု သတ်မှတ်ထားသည့် အကောင့်များကို ဖေ့စ်ဘွတ်ခ်က သုံးမျိုးခွဲခြား သတ်မှတ်ထားသည်။ 
ပွားထားသည့် အကောင့်များ၊ ကဏ္ဍမှားပြီးဖွင့်ထား သည့်အကောင့်များနှင့် မလိုလားအပ်သော အကောင့်များဟူ၍ဖြစ်သည်။ ပွားထားသည့် အကောင့်အရေအတွက်မှာ ဖေ့စ်ဘွတ်ခ် ပုံမှန်သုံးစွဲသူအားလုံး၏ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိနေပြီး ၄၅ ဒသမ ၈ သန်းမျှ ရှိနေသည်။ ပုံမှန်သုံးစွဲသူဆိုသူမှာ လစဉ် အနည်းဆုံးတစ်ကြိမ်ထက်မနည်း ၀င်ရောက်သုံးစွဲသည့်အကောင့်များဖြစ်သည်။ ဖေ့စ်ဘွတ်ခ်၏ စည်းမျဉ်းအရ အသုံးပြုသူတစ်ဦးလျှင် ကိုယ်ရေး အကောင့်တစ်ခုထက် ပိုမရှိရသလို အခြားသူများကိုယ်စား အကောင့် ဖန်တီးခြင်းကိုလည်း ခွင့်မပြုထားပေ။ ကလေးများအတွက် မိဘက လုပ်ပေးထားသော အကောင့်များသည် အသက် ၁၃ နှစ်အောက်များ သုံးစွဲခြင်းကို ခွင့်မပြုဆိုသော စည်းမျဉ်းကိုပါ ချိုးဖောက်ရာရောက်နေသည်။
ကဏ္ဍမှားပြီး ဖွင့်ထားသော အကောင့်များဆိုသည်မှာ ကုမ္ပဏီများ၊ အဖွဲ့များ၊ တိရစ္ဆာန်များအတွက် အကောင့်ဖန်တီးရာတွင် ပုံမှန်သုံးစွဲသူအဖြစ် ကဏ္ဍမှား ဖွင့်ထားခြင်းကို ဆိုလိုသည်။ ယင်းသို့သော အကောင့်များကို Pages ဟုသတ်မှတ်ပြီး သီး ခြား ဖွင့်ခွင့်ပေးထားသည်။ သို့ရာတွင် ပုံမှန်လူသုံး ကိုယ်ရေးစာမျက်နှာအဖြစ် ကဏ္ဍမှားဖွင့်ထားသည့် အကောင့်မှာ ၂၂ ဒသမ ၉ သန်းမျှ ရှိနေပြီး ယင်းတို့ကို အချက်အလက်များ မဆုံးရှုံးစေဘဲ Pages အဖြစ် ပြောင်းဖွင့်ခွင့်ပြုထားသည်။

တတိယအုပ်စုမှာ အနည်းဆုံးဖြစ်သော်လည်း ပြဿနာအကြီးဆုံး ဖြစ်သည်။ ၁၄ ဒသမ ၃ သန်းမျှသော အကောင့်များသည် ကုမ္ပဏီ၏ စည်းမျဉ်းများကို ချိုးဖောက်ပြီး တစ်စုံတစ်ရာ ရည်ရွယ်ချက်ရှိရှိဖြင့် အနှောင့်အယှက်ပေးရန် ဖွင့်ထား သည့်အကောင့်များဖြစ်သည်ဟု ဖေ့စ်ဘွတ်ခ်က တွေ့ရှိထားသည်။
ဖေ့စ်ဘွတ်ခ်သည် မည်သည့်အကောင့်ကိုမဆို အတုဟု ယူဆပါက ဖျက်ပစ်မည်ဖြစ်ပြီး ယင်းအကောင့်မှ အချက်အလက်များအားလုံးကို အများမြင်တွေ့နိုင်ခြင်းမရှိတော့ရန် ဖယ်ရှားပစ်မည်ဖြစ်သည်။ ဖေ့စ်ဘွတ်ခ် ဆာဗာများတွင်မူ ယင်းအချက်အ လက်များကို သိမ်းဆည်းထားမည်ဖြစ်သည်။

Ref: Eleven

ဆေးလိပ်မဖြတ်နိုင်ကြသူများအတွက် အဆုတ်သန့်ရှင်းနည်း



ဆေးလိပ်သောက်ခြင်းမှာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်ကို သိကြသော်လည်း ဆေးလိပ်စွဲနေပြီး ဆေးလိပ်မဖြတ်နိုင်ကြသူများအတွက် အဆုတ်သန့်ရှင်းနည်း (ဝါ) အဆုတ်တွင်ကပ်နေသော နီကိုတင်းဆေးချိုး၊ ဆေးချေး(ကြေး)များ ကွာကျစေသည့်နည်းကို တင်ပြအပ်ပါသည်။ ထို့အပြင် ဆေးလိပ်စွဲမြဲစွာ သောက်သုံးခဲ့ပြီး ဆေးလိပ်ဖြတ်သူများလည်း အဆုတ် သန့်ရှင်းအောင် ပြုလုပ်ရန် သင့်လျှော်သောနည်း ဖြစ်ပါသည်။ နည်းစနစ်မှာ အောက်ပါနည်းဖြင့် ပြုလုပ်ရပါမည်-


လူတိုင်းနီးပါးသိရှိသော လောက်သေပင်မှ လောက်သေရွက် (၅) ကျပ်သား ခူးယူပြီး ရေမတ်ခွက် သုံးခွက်နှင့် ပြုတ်ကျိုပါ။

ရေမတ်ခွက်တစ်ခွက်စာကျန်လျှင် အအေးခံစစ်ယူပြီး ထိုပြုတ်ရည်အား တစ်နေ့တည်း ကုန်အောင် သောက်ပေးပါ။
ထိုသို့ (၅) ရက်ဆက်တိုက်သောက်ပေးလျှင် ဆေးချိုး၊ ဆေးချေး(ကြေး) များကွာကျပြီး အဆုတ်သန့်ရှင်းသွားပါလိမ့်မည်။ ဆယ်ရက်ခန့်အထိ ဆက်တိုက် ပြုလုပ် သောက်နိုင်ပါသည်။
ဆေးချိုး(ကြေး) များ ကွာကျသွားလျှင် အသက်ရှူ ၍ ပိုမိုကောင်းမွန် လာပြီး သိသာစွာ လန်းဆန်း ပေါ့ပါး လာပါလိမ့်မည်။

အထက်ပါနည်းစနစ်က အဆုတ်တွင် အနာပေါက်သူ၊ တီဘီရောဂါကိုပင် တစ်လမှ သုံးလအထိ ဆက်တိုက်မှန်မှန် သောက်ပေးခြင်းဖြင့် အဆုတ်နာရောဂါ သက်သာပျောက်ကင်းသူ ရှိခဲ့ပါသည်။
ထို့အပြင် မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိဘဲ အဆုတ်ကို စင်ကြယ် ကောင်းမွန်စေပါသည်။

မှတ်ချက်။ ။ နတ်မောက်မင်းသန့်နိုင် ရေးသားသော သူရဇ္ဇ မဂ္ဂဇင်းမှ ကူးယူဝေငှပါသည်။

 အာဂျင်တီးနားတွင် ငွေစက္ကူ၌ အမျိုးသမီးပုံကို ပထမဆုံးအကြိမ် ထည့်သွင်း




အာဂျင်တီးနားတွင် နိုင်ငံသုံး ငွေကြေးပီဆို ၁၀၀ တန်ထုတ်ဝေရာ၌ အာဂျင်တီးနား၏ လူသိများထင်ရှားသော သမ္မတကတော်ဟောင်းဖြစ်သည့် အီဗီတာမျက်နှာပုံကို ထည့်သွင်းခဲ့ကြောင်း သိရသည်။

အမည်ပြောင် အီဗီတာဟု လူသိများသော အီဗာပီရွန်မှာ လာမည့်သီတင်းပတ်များအတွင်း ထုတ်ဝေမည့် ပီဆို ၁၀၀ တန်များတွင် ပါဝင်လာတော့မည်ဖြစ်ကြောင်း အာဂျင်တီးနားသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ် ဒီကာ့ခ်ျနာက ဇူလိုင်လ ၂၅ ရက်တွင် ကြေညာခဲ့သည်။ 

ယင်းသို့ ထည့်သွင်းရခြင်းမှာ အီဗာသည် ပြီးပြည့်စုံသူ သို့မဟုတ် သူတော်ကောင်းတစ်ဦးဖြစ်နေ၍ မဟုတ်ကြောင်း၊ သူ့ကို ကြီးမြတ်စေသော၊ မေ့ဖျောက်ရန် မစွမ်းနိုင်သော အရာမှာအီဗာသည် ပြည်သူများအတွက် နှိမ့်ချမှုရှိပြီး ထောင်လွှားမှု မရှိသူတစ်ဦးဖြစ်၍ဖြစ်ကြောင်း ဖာနန်ဒက်ဇ်က ငွေစက္ကူသစ်ထုတ်ပြန်စဉ် ပြောကြားခဲ့သည်။ ယင်းမှာ အနှစ် ၂၀၀ အတွင်း အာဂျင်တီးနားငွေစက္ကူပေါ်၌ အမျိုးသမီးပုံကို ပထမဆုံး ထည့်သွင်းဖော်ပြမှုဖြစ်သည်။ အီဗာသည် ၁၉၄၆ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ အာဂျင်တီးနားသမ္မတကတော်ဖြစ်ခဲ့ပြီး ဇူလိုင်လ ၂၄ ရက်မှာ အီဗာကွယ်လွန်ခြင်း အနှစ် ၆၀ ပြည့်ဖြစ်သည်။ 

သမ္မတကတော်ဖြစ်စဉ်က မာရီယာ အီဗာဒူအာတီဒီပီရွန်သည် ဆင်းရဲသား လူတန်းစား အခွင့်အရေးများ ရရှိရန်အတွက် ဦးဆောင်ကြိုးပမ်းခဲ့သူဖြစ်ပြီး လူမှုရေးဆိုင်ရာ စီမံကိန်းများ ပိုမိုပြုလုပ်ရန် တွန်းအားပေးခဲ့သူဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲများတွင် အမျိုးသမီးများ မဲပေးခွင့်ရရန် တိုက်တွန်းခဲ့သည့်အတွက် နိုင်ငံရေးလောကနှင့် အစိုးရထိပ်ပိုင်း အဖွဲ့ဝင်များ၏ ဝေဖန်မှုခံခဲ့ရသည်။

အီဗာမှာ လူအများစိတ်ဝင်စားမှုအား အာဂျင်တီးနားကို ကျော်လွန်၍ ရယူနိုင်ခဲ့ပြီး Andrew Lloyd Webber ၏ ၁၉၇၈ ခုနှစ်က ရိုက်ကူးခဲ့သော Evita ဂီတအသားပေးပြဇာတ်နှင့် ၁၉၉၆ ခုနှစ်တွင် ယင်းပြဇာတ်ကို သရုပ်ဆောင် မက်ဒေါနား၊ အန်တိုနီ ယိုဘန်ဒီရာစ်တို့ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ပြီးနောက် လူကြိုက်များမှု တိုးမြှင့်ရရှိခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း အီဗာကို လက်ရှိသမ္မတ ဖာနန်ဒက်ဇ်နှင့် နှိုင်းယှဉ်မှုများ ရှိခဲ့သည်။ ဖာနန်ဒက်ဇ်မှာသူ၏ခင်ပွန်း သမ္မတဟောင်း နက်စတာကာ့ခ်ျနာ သက်ရှိစဉ်က သမ္မတကတော်အဖြစ် လေးနှစ်ကြာ နေထိုင်ခဲ့ပြီး နက်စတာမှာ ၂၀၀၃ ခု နှစ်မှ ၂၀၀၇ ခုနှစ်အထိ သမ္မတဖြစ်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် သေဆုံးခဲ့သည်။

အီဗာနှင့် ကာ့ခ်ျနှစ်ဦးလုံးမှာ သမ္မတကတော်များဖြစ်ခြင်း၊ ခင်ပွန်းတို့၏ လွှမ်းမိုးမှုကို အသုံးချ၍ အစိုးရအပေါ် သြဇာလွှမ်းမိုးခဲ့သည်ဟု စွပ်စွဲခံရခြင်း၊ ယင်းနှစ်ဦးစလုံးကို ပြည်သူများက ချစ်ခင်နှစ်သက်ပြီး လူကြိုက်များခြင်း၊ သြဇာကြီးသူများ၏ အတိုက်အခံ ပြုလုပ်မှုများကို ခံခဲ့ရခြင်းတို့ စသည့်တူညီသောအခြေအနေများ ပိုင်ဆိုင်ကြကြောင်း ဂျာနယ်လစ်နှင့်သမိုင်းပညာရှင် Araceli Bellota က သုံးသပ်ခဲ့သည်။

Ref: Eleven
Related Posts Plugin for WordPress, Blogger...