လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အလှဘုရင်မ ကလီယိုပါထရား

ကလီယိုပါထရားသည် (Cleopatra) ရှေးခေတ်ကမ္ဘာ့သမိုင်းတွင် ထင်ရှားခဲ့သော အီဂျစ်ဘုရင်မဖြစ်သည်။ ထူးခြားစွာလှပသော အဆင်းအင်္ဂါပြည့်စုံသည့်ဘုရင်မဖြစ်သဖြင့်ထိုခေတ်ကအထူးချွန်ဆုံး ဘုရင်နှစ်ပါးအား သူ၏ ရူပါရုံကျော့ကွင်းသို့ သက်ဆင်းစေ၍ သူစေသမျှကို တသဝေမတိမ်း ပြုလုပ်ပေးကြရသော အခြေသို့ရောက်အောင် စွမ်းဆောင်နိုင်ခဲ့လေသည်။ ထို့ကြောင့် ကလီယိုပါထရားကို နိုင်းမြစ် ဒေသမြွေဟောက်မ-ဟူ၍ ခေါ်ကြလေသည်။

ကလီယိုပါထရားမှာ အီဂျစ်သွေးမပါ။ မက်ဆီဒိုနီးယန်းနှင့် ဂရိသွေးနှောသည့် အဆက်အနွယ်ဝင် ဘုရင်မဖြစ်သည်။ သူသည် အီဂျစ်နိုင်ငံကို အုပ်စိုးခဲ့သော ၁၁-ဆက်မြောက် တော်လမီ ဘုရင်ကြီး၏ သမီးတော်ဖြစ်သည်။ ဘီစီ ၅၁-ခုနှစ်တွင် ခမည်းတော်ဘုရင်ကြီး ကံကုန်သောအခါ ၁၇-နှစ်အရွယ်ရှိ သမီးတော် ကလီယိုပါထရားနှင့် ၁၀-နှစ်အရွယ်ရှိ သားတော် ၁၂-ဆက်မြောက် တော်လမီမင်းသားတို့သည် အီဂျစ်နိုင်ငံကို တွဲဖက်၍ အုပ်စိုးခဲ့ကြသည်။ ခမည်းတော်ဘုရင်ကြီး နတ်ရွာစံ၍ သုံးနှစ်အကြာ မောင်တော်ဘုရင်ငယ်နှင့် အပေါင်းပါတို့သည် ကလီယိုပါထရားကို နန်းချ၍ တိုက်ထုတ်လိုက်ကြသည်။

ထိုအချိန်တွင် ရောမဗိုလ်ချုပ်ကြီး ဂျူးလယပ်ဆီဇာသည် ပွန်ပီကို လိုက်လံတိုက်ခိုက်လျက် အီဂျစ်နိုင်ငံ အယ်လယ်ဇန္ဒြီးယားမြို့သို့ ရောက်ရှိလာခိုက်ဖြစ်သည်။ ထိုအခါ ကလီယိုပါထရားသည် မိမိ၏ ကိုယ်ကို ကော်ဇောတွင်ထည့်၍ လိပ်စေပြီးနောက် ဆီဇာဘုရင်၏ရှေ့ မှောက်သို့ ရောက်အောင် ၀င်လေသည်။
ထိုစဉ်က အသက် ၂၀-ခန့်သာရှိသေး၍ အလှသွေးတက်ကြွနေသော ကလီယိုပါထရားက ထီးနန်းပြန်ရရေးအတွက် ကူညီဖေးမရန် ဆီဇာဘုရင်ကို ဖြားယောင်းတောင်းပန်လေသည်။ စစ်သားပီပီ တည်တည်ကြီးနေလေ့ရှိသော ၅၂-နှစ်အရွယ် ဆီဇာဘုရင်ကြီးသည် အလှဘုရင်မ ကလီယိုပါထရား၏ ညွတ်ကွင်းမှလွတ်အောင် မရှောင်တိမ်းနိုင်ဘဲ အလှဘုရင်မ၏ လိုအင်ဆန္ဒဟူသမျှကို ဆောင်ရွက်ပေးရလေတော့သည်။

ဆီဇာသည် ကလီယိုပါထရားအား အီဂျစ်နိုင်ငံ၏ တဦးတည်းသော ဘုရင်မအဖြစ် ပြန်လည်ရရှိအောင် ရန်သူများကို တိုက်ခိုက်သုတ်သင်ပေးသည်။ ကလီယိုပါထရားသညှ်ဆီဇာဘုရင်ကြီးနှင့် ပေါင်းသင်း၍ ဆီဇာရွန်းအမည်ရှိ သားတယောက်ရရှိ၏။ ဘီစီ ၄၆-တွင် ဆီဇာ ရောမသို့ပြန်သွားသောအခါ ကလီယိုပါထရားလည်း လိုက်ပါသွားသည်။ ဘီစီ ၄၄-တွင် ဆီဇာလုပ်ကြံခံရပြီးနောက် ကလီယိုပါထရားသည် အီဂျစ်နိုင်ငံသို့ ပြန်လာခဲ့သည်။

ကလီယိုပါထရား၏ ရူပါရုံကျော့ကွင်းသို့ ဒုတိယသက်ဆင်းလာသော ရောမအာဇာနည်ကြီးမှာ မတ်အန်တိုနီ ဖြစ်သည်။ မတ်အန်တိုနီသည် ရန်သူများတို နှိမ်နင်းတိုက်ခိုက်လျက် အရှေ့ဘက်နိုင်ငံများသို့ ရောက်လာသည်။ တားဆပ်မြို့သို့ရောက်လာသောအခါ ကလီယိုပါထရားအား ရန်သူအားပေးသူအဖြစ် စွပ်စွဲ၍ ထိုအကြောင်းကို ရှင်းလင်းချေပရန် ဆင့်ခေါ်လေသည်။

ကလီယိုပါထရားသည် ဗီးနပ်နတ်သမီးကဲ့သို့ လှပစွာဝတ်ဆင်ပြီးလျှင် မတ်အန်တိုနီထံသို့ ၀င်ရောက်လေသည်။ ကလီယိုပါထရား၏ အလှဒဏ်ကို မခံနိုင်ရှာသော မတ်အန်တိုနီသည် အပြစ်သဘောဖြင့် စစ်ဆေးရန်ကိုပင် မေ့ပျောက်လျက် အယ်လယ်ဇန္ဒြီးယားမြို့အရောက် ကလီယိုပါထရား၏နောက်သို့ လိုက်ပါသွားလေတော့သည်။

အန်တိုနီဘုရင်ကြီးသည် ကလီယိုပါထရားနှင့် အတူ အယ်လယ်ဇန္ဒြီးယားမြို့တွင် တနှစ်ခန့် ပျော်ရွှင်စွာနေထိုင်ပြီးနောက် ရောမမြို့သို့ ပြန်သွားလေသည်။ အန်တိုနီသည် တွဲဖက်အုပ်ချုပ်သူ အော့တေးဗီးယန်းနှင့် ပိုမိုစည်းလုံးမိစေရန် အော့တေးဗီးယန်း၏နှမနှင့် လက်ဆက်လိုက်သည်။ ကလီယိုပါထရားမှာ မတ်အန်တိုနီနှင့် ပေါင်းသင်းရရှိလာသော အမြွှာမောင်နှမကို မွေးဖွားခဲ့၏။ အန်တိုနီသည် လေးနှစ်ခန့်အကြာ၌ အီဂျစ်နိုင်ငံသို့ ပြန်လာ၍ ကလီယိုပါထရားနှင့်ပျော်ပါးနေပြီး ရောမနိုင်ငံတော်၏ အရေးကို မေ့လျော့၍ နေတော့သည်။

အော့တေးဗီးယန်းသည် နှမတော်အား စွန့်ပစ်သွားသည့် အန်တိုနီကို လက်စားချေလို၍ တကြောင်း၊ ဆီဇာရွန်း၏ ရန်စွယ်ကို ကြိုတင်ကာကွယ်လိုသည်ကတကြောင်းတို့ကြောင့် မတ်အန်တိုနီအပေါ် စစ်ကြေညာသည်။ ဘီစီ ၃၁-တွင် အက်ရှမ်ရေကြောင်းတိုက်ပွဲ၌ အန်တိုနီနှင့် ကလီယိုပါထရားတို့၏တပ်များကို အနိုင်ရရှိလေသည်။ ကလီယိုပါထရားသည် သူ၏သင်္ဘောတပ်ကို ရုပ်သိမ်း၍ အလက်ဇန္ဒြီးယားမြို့သို့ ပြန်ပြေးလေသည်။ မတ်အန်တိုနီသည် မိမိကိုယ်ကို အဆုံးစီရင်လိုက်သဖြင့် ကလီယိုပါထရား၏ လက်ပေါ်မှာပင် အသက်ပျောက်သွားလေသည်။

ကလီယိုပါထရားသည် အော့တေးဗီးယန်းအား မိမိ၏ရူပါရုံဖြင့် ချော့မြူရန်ကြိုးစားသော်လည်း မရခဲ့ပေ။ မိမိအား သံကြိုးနှင့်ချည်နှောင်ကာ ရောမဗိုလ်ပုံအလယ်တွင် အရှက်ခွဲမည်ကို ကြိုတင်သိမြင်သည်။ ထို့ကြောင့် အသက် ၃၈-နှစ်အရွယ် ကလီယိုပါထရားသည် မိမိတွင် အသင့်ဆောင်ထားသော မြွေပွေးငယ်အား မိမိ၏ရင်ကို ကိုက်စေပြီးလျှင် အသက်ကို အဆုံးစီရင်လိုက်သည်။ ထိုအခါ အော့တေးဗီးယန်းသည် ဆီဇာနှင့် ရထားခဲ့သော ဆီဇာရွန်းကိုလည်း ကွပ်မျက်လိုက်လေသည်။ မြွေဟောက်သတ္တ၀ါသည် အဆိပ်ပြင်းထန်သဖြင့် အကိုက်ခံရသူတိုင်း အသက်ဆုံးရှုံးကြရသည်။ ထို့အတူ ကလီယိုပါထရား၏ အလှယမက်သည် ယောက်ျားတိုင်းအား ဆွဲဆောင်နိုင်ပြီး ၄င်း၏အလှမာယာ ကျော့ကွင်းသို့ ၀င်ရောက်လာသူကို အလွတ်မပေးဘို့ သူ့ဆန္ဒအတိုင်း လိုက်လျောကြရသည်ဖြစ်၍ ကလီယိုပါထရားကို မြွေဟောက်နှင့် နှိုင်းယှဉ်ထားခြင်း ဖြစ်သည်။

The Express Times
ကိုးကား
ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)

သမီးရှိသော ဖခင်များသိထားရန် ၁၃ ချက်

ကျွန်တော်မှာ သမီး၎ယောက်နဲ့ သားတစ်ယောက်ရှိပါတယ်။
ကလေးတွေရှိပြီး မိန်းကလေးသမီးတွေရှိတယ်ဆိုတော့ စောင့်ရှောက်ရတာ မလွယ်ဘူးလို့ အများကထင်ကြပါတယ်။
ကျွန်တော်ကတော့ တခါမှ စိတ်ထဲမှာတောင် မတွေးမိခဲ့ပါ။ မိသားစုနဲ့ စည်းစည်းလုံးလုံးနေရတာကိုပဲ စိတ်ထဲမှာ ပျော်လှပါတယ်။ သမီးတွေကို ဒီနေ့ထက် မနက်ဖြန် ပိုပြီးချစ်လာတာပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အားလုံးကိုမသိပင်မဲ့ သမီးတွေကို ကြည့်ရှုစောင့်ရှောက်လာတဲ့ ၁၁ နှစ်အတွင်းမှာ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေက ၁၃ ချက်ရှိပါတယ်။

၀၁. သမီးတွေက ဖခင်ရဲ့ ချစ်ခြင်းကို အမြဲတမ်းလိုလားကြတယ်။
ပစ္စည်းကို ဝယ်ပေးတာ၊ သင်ကြားပေးတာထက် ဖခင်ဖြစ်သူထံမှ အချစ်ကိုလိုလားကြပါတယ်။သင့်အပြင် ဖခင်အဖြစ်နဲ့ပြုစုစောင့်ရှောက်နိုင်သူ မရှိပါ။
ဖခင်တစ်ယောက်အနေနဲ့ သမီးတွေကို ချစ်တယ်ဆိုသောအကြောင်း ပြောဖို့ ဝင်မလေးပါနဲ့။

၀၂. သမီးတွေရဲ့ အနာဂတ် ခင်ပွန်းလောင်းဆိုတာ အဖေနဲ့တူနေတတ်တယ်။
သမီးတွေရဲ့ အနာဂတ် ခင်ပွန်းလောင်းဆိုတာ အဖေဖြစ်သူနဲ့ တူနေတတ်ပါတယ်။ သမီးတွေက အဖေနဲ့တူသောသူကသာ ကိုယ်နဲ့ကိုက်မည့်သူလို့ ခံယူထားသူတွေများပါတယ်။

၀၃. သမီးတွေနားထောင်သောသီချင်းကို နားထောင်သင့်တယ်။
သမီးတွေနဲ့ ကားအတူတူစီးသောအခါ သူတို့နားထောင်နေသောသီချင်းကို အဖေဖြစ်သူကလည်း လေးလေးစားစားနားထောင်သင့်ပါတယ်။
ဒါမှသာလျှင် အခုဘာသီချင်းက ခေတ်စားနေလဲဆိုတာကို သိရမှာဖြစ်သလို သူတို့နဲ့လည်း အတူတူပျော်နိုင်မှာပါ။

၀၄. အမေဖြစ်သူကို ဆက်ဆံပုံကို အမြဲကြည့်နေကြပါတယ်။
သမီးတွေကိုပဲ ဂရုစိုက်နေယုံနဲ့တော့ မပြီးပါ။ အမေဖြစ်သူကိုကော သေသေချာချာ အလေးပေး ဆက်ဆံနေရဲ့လားဆိုတာကို ဂရုပြုပါ။
သူတို့က မိခင်ကို ဂရုတစိုက်မရှိတဲ့ ဖခင်ကိုမုန်းတတ်ပါတယ်။

၀၅. သမီးတွေ ကြီးပြင်းလာသည်နှင့်အမျှ အမြဲအတူရှိနေပါစေ။
တစ်နေ့ပြီးတစ်နေ့ ကြီးပြင်းလာတာနဲ့အမျှ ဖခင်ဖြစ်သူနဲ့လည်း စကားတွေနည်းလာတတ်ပါတယ်။ 
မိန်းကလေးသဘာဝ အလှအပ၊ သူငယ်ချင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာပြောင်းလဲမူတွေကို အကြောင်းပြပြီး ဖခင်ဖြစ်သူက မရှောင်သွားရန်လိုအပ်ပါတယ်။

၀၆. အားကစားကိုလည်း မမေ့စေပါ။
မိန်းကလေးဖြစ်တာကြောင့် အားကစားထက် လှတဲ့အကျီလေးတွေ အလှပြင်ပစ္စည်းလေးတွေ စာဖတ်ဖို့ဘက်ကို အားထားကြပင်မဲ့လည်း အားကစားဆိုတာလည်း မမေ့ဖို့ အရေးကြီးပါတယ်။

၀၇. အမှတ်တရလေးတွေကို လုပ်ဖို့မမေ့ပါနဲ့။
အမှတ်တရကိစ္စလေးတွေဟာ အရေးကြီးပါတယ်။ မိသားစု အမှတ်တရဖြစ်စေဖို့ သမီးတွေနဲ့အချိန်ကိုပေးပါ။
မွေးနေ့မှာ ခရီးထွက်တာတို့၊ သောကြာနေ့ညမှာ ရုပ်ရှင်သွားကြည့်တာတို့လုပ်ဖို့သင့်ပါတယ်။ ပိုက်ဆံအများကြီးသုံးပြီး အမှတ်တရဖြစ်ရန် လုပ်ဖို့မဆိုလိုပါ။

၀၈. သမီးတွေကို အပြင်လောကအကြောင်းကိုလည်း သင်ပြဖို့ မမေ့ပါနဲ့။
အရာရာဟာ ဖြစ်ပျက်နေပြီးတော့ ဒီကိစ္စတွေဟာ မိသားစုအတွင်းမှာပဲ ဖြစ်ပျက်နေတာမဟုတ်ပဲ အပြင်လောကကြီးနဲ့လည်း သက်ဆိုင်နေတယ်ဆိုတာကို ရှင်းပြဖို့ လိုအပ်ပါတယ်။

၀၉. သမီးရဲ့ ပွဲလေးတွေကိုလည်း သွားရန် ဝင်မလေးပါနဲ့။
သမီးကကျောင်းရဲ့ပွဲလေးတွေမှာ ကတာပဲဖြစ်ဖြစ် တနေရာကပါဝင်တယ်ဆိုရင် ဖခင်ဖြစ်သူအနေနဲ့ ဝမ်းမြောက်ဝမ်းသာ သွားကြည့်ပေးလိုက်ပါ။

၁၀. သမီးအတွက် အချိန်ပေးပါ။
အလုပ်တွေ ဘယ်လောက်ပဲများများ အိမ်ပြန်ရောက်ရင်တော့ ဖုန်းကြည့်ပြီး၊ TVကြည့်ပြီး တစ်ယောက်တည်းနေတာထက် သမီးနဲ့လည်း စကားပြောဖို့မမေ့ပါနဲ့။

၁၁. ဆံပင်ပဲဖြစ်ဖြစ် လက်သည်းညှပ်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။
၁၀၀မှာ ၉၉ ကြိမ်က မိခင်ဖြစ်သူက အားလုံးကို လုပ်ပေးပင်မဲ့ ဖခင်ဖြစ်သူကလည်း ကူညီပေးသင့်ပါတယ်။

၁၂. စိတ်ကောင်းထားရန် သင်ပေးပါ။
ဘာသာရေးအရပဲဖြစ်ဖြစ် မိသားစုရယ်လို့ဖြစ်လာပြီဆိုရင် သူတပါးအပေါ်မှာ မဟုတ်တာကို မလုပ်ရအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သင်ပေးပါ။

၁၃. မသိချင်ယောင်မဆောင်ပါနဲ့။
သမီးတွေရဲ့ လုပ်ဆောင်ချက်တွေကို မှားတဲ့အခါ ပြင်ပေးဖို့တာဝန်ရှိပါတယ်။ မသိချင်ယောင် မဆောင်ပါနဲ့။

Chelmo Team
Credit. huffingtonpost

ရေကို ဘယ်အချိန်သောက်သင့်ပြီး ဘယ်အချိန် မသောက်သင့်သလဲ ?


ရေကို ဘယ်အချိန်သောက်ရင် အကောင်းဆုံးလဲ ?
၁။ အစာမစားခင် နာရီဝက်ခန့် ရေတစ်ခွက် ကြိုသောက်ထားလျှင် အစာကြေညက်မည်။
၂။ ရေမချိုးခင် ရေတစ်ခွက် အရင်သောက်ပေးလျှင် သွေးခုန်နှုန်းမှန်စေမည်။
၃။ ညဖက် တစ်ရေးနိုးလာသည့်အခါ ရေတစ်ခွက်သောက်ပေးလျှင် ခြေသလုံး ကြွက်သားများ ကြွက်တက်ခြင်းကို ကာကွယ်ပေးစေမည်။
၎။ ညမအိပ်ခင် ရေတစ်ခွက်သောက်ပေးလျှင် နှလုံးရောဂါဖြစ်ခြင်း၊
လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးမည်။
၅။ မနက်အိပ်ယာထချိန် ရေတစ်ခွက်(သို့မဟုတ်) နှစ်ခွက်ခန့် သောက်ပေး ပါက တစ်ညလုံး ငြိမ်သက်နေသည့် ၀မ်းတွင်းမှာ ကလီစာများ၊ အူများကို ပြန်လည်သက်ဝင်လှုပ်ရှားစေပြီး အူသိမ်အူမများထဲမှ အညစ်အကြေးများအားလုံးကို ဆေးကျောသန့်စင်ပေးမည်။

ရေကို ဘယ်အချိန်မှာ မသောက်သင့်သလဲ ?
ထမင်းစားနေစဉ်မှာ ရေအေးကိုမသောက်သင့်ပါ။ ရေခဲရေ၊ ရိုးရိုးရေ နှစ်မျိုးစလုံးပါဝင်ပါသည်။ အကြောင်းမှာ ထမင်းဟင်းထဲမှာပါတဲ့ အပူဓါတ်နဲ့ အနွေးဓါတ်တွေကို ရေအေးက ဖျက်ဆီးနိုင်ပြီး ဟင်းထဲမှာပါတဲ့ အဆီများကို ရွံ့ စေးများအဖြင့်ပြောင်းလဲစေကာ ခဲစေပြီး အူကင်ဆာများကို ဖြစ်စေနိုင်လို့ပါပဲ။
ထမင်းစားနေစဉ် အစာအိမ်ထဲက အက်ဆစ်ထွက်ရှိမှုကို ရေအေးသောက်လိုက်သည့်အတွက် အပူအအေးဓါတ်ကို မမျှတမှုဖြစ်စေပြီး အစာကိုခဲပျစ်စေပါတယ်။
ထို့ ကြောင့် ထမင်းစားနေစဉ်မှာ ရေအေးကို မသောက်ပဲ ရေနွေးကြမ်း၊ ရေနွေးဖြူ ၊ ဟင်းချိုပူပူနွေးနွေးများကိုသာ သောက်သုံးကြဖို့ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ ကျန်းမာရေးသတင်းများက မကြာခဏ တိုက်တွန်း ဖော်ပြလေ့ရှိပါတယ်။

တက်တူးနောင်တ


တက်တူး (ဆေးမင်ကြောင်) ဟူသည် ခန္ဓာကိုယ် ပေါ်က အလှအပ အနုပညာလား၊ လူတစ်ယောက်ကို လူ့အဖွဲ့အစည်း ဘောင် အပြင်ဘက် ရောက်သွား အောင် တွန်းပို့ လိုက်မည့် အရာလား။ တက်တူးကို မြတ်နိုးသူများ ကတော့ အခြားသူများ မည်သို့ ထင်မြင် သည်ကို တွေးပြီး စိတ်ဆင်းရဲမနေ၊ ကိုယ့်စိတ်ကြိုက် ထိုးလိုက်ရသော တက်တူးကို အရသာခံပြီး ကြည့်နူး ပီတိ ဖြစ်ရတာနဲ့တင် တန်သည်ဟု ဆိုကြသည်။ တက်တူး စတိုင်များ ခေတ် အလျောက် အမျိုးမျိုး ပြောင်း လဲလာ နေသည့်တိုင် မပြောင်းလဲသော အကြောင်းတရားကား တက်တူးသည် ဝေဖန်ချင် သူများ၊ နှာခေါင်း ရှုံ့ချင် သူ များ၏ ထာဝရ ပစ်မှတ် ဖြစ်နေဆဲ ဆိုသော အချက်ဖြစ်သည်။ တက်တူးနှင့် ပတ်သက်ပြီး အကောင်းအဆိုး ဝေဖန်သုံးသပ်မှုများ ကလည်း သမိုင်း တစ်လျှောက် မှသည် ယနေ့ခေတ်ဆီထိ အားပြိုင်နေဆဲ ဖြစ်သည်။

စင်ကာပူ နိုင်ငံမှ တက်တူးထိုး လုပ်ငန်း တစ်ခုဖြစ်သော Familiar Strangers Tattoo Studio မှ မန်နေဂျာ မစ္စတာ ၀ူပါတန်က တက်တူးထိုး တဲ့ လူတွေဟာ လူ့အဖွဲ့အစည်း သမားရိုးကျ အစဉ်အလာ ခံယူချက် တွေက တစ်မျိုးမျိုးနဲ့ ဖောက်ထွက်ချင် သူတွေပဲ။ တက်တူး ချစ်သူတွေဟာ လူ့အဖွဲ့ အစည်းရဲ့ သမားရိုးကျ လမ်းကြောင်း အတိုင်း လျှောက်ရမှာကို ငြီးငွေ့သူတွေ။ လူ့အဖွဲ့အစည်းရဲ့ တွေးခေါ်ပုံ၊ မိသားစု အစဉ်အလာ တွေးခေါ်ပုံ တွေက လွတ်ပြီး တစ်မူ ထူးခြားတာ လုပ်ပြလို စိတ်ရှိသူ တွေပဲ။ တစ်ရွာလုံးနဲ့ တစ်ယောက် ဆိုသလိုမျိုး ဖြစ်နေတဲ့ အတွက် လူ့အဖွဲ့ အစည်းရဲ့ ဖိအား ဒဏ်မခံနိုင် လို့ တက်တူး ထိုးမိတာ နောင်တရတယ် ဆိုသူတွေလည်း ဒုနဲ့ဒေး ရှိပါတယ်။ လူတွေရဲ့ ဘ၀ကို ကြည့်လိုက်မယ် ဆိုရင်လည်း နောင်တရခဲ့ရ တာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါတောင်မှ တက်တူး ထိုးသူတွေဟာ ဘာကြောင့် ထပ်ပြီး နောင်တရမယ့် အလုပ်ကို လုပ်လိုနေတာလဲ တွေးစရာ ရှိလာ ပါတယ်။ အဖြေကတော့ ရှင်းပါတယ်။ ကိုယ်ဟာ သူများနဲ့မတူ တစ်မူ ထူးခြားအောင် လုပ်နိုင်သူဆိုတဲ့ စိတ်ခံယူ ချက်ရှိ တာကြောင့် တက်တူးထိုး ဖြစ်သွား ကြတာပါ ဟု အကျယ်တ၀င့် ရှင်းပြသွားသည်။

တက်တူးပေါ် လာတာ နှစ်ပေါင်း (၅၀၀၀) လောက်ရှိ ပြီလို့ ဆိုနိုင်ပါတယ်။ တက်တူးထိုး သူတွေဟာ လူ့အဖွဲ့ အစည်း ထဲမှာ နည်းနည်းပိုပြီး ရှေ့ရောက်သူ၊ လူ့ အဖွဲ့အစည်း ရဲ့ ရှေ့စွန်းပိုင်း ရောက်တဲ့ အတွေးအခေါ် မျိုးနဲ့ ဆုံးဖြတ်တတ် သူတွေ ဖြစ်ပါတယ်။ ဒီလို အားသာချက်တွေ ရှိပေမယ့် တစ်ခြား တစ်ဖက်က လှည့်ကြည့် ပြန်တော့ တက်တူး နောင်တရ လာပြီ ဆိုရင်တော့ ခံရတာလည်း ကြီးမားသလို ကုစားဖို့လည်း ခက်ခဲတတ်ပါတယ် ဟု စင်ကာပူ အခြေစိုက် Think Team အဖွဲ့မှ စိတ်ပညာရှင် မစ္စ ပမ်မလာဆီးက ပြောသည်။


ထိုးတာထက် ဖျက်တာ ပိုခက်
-------------------------------
ကျောပေါ်မှာ နဂါးရုပ်၊ တင်ပါးမှာ နှလုံးသားရုပ် ထိုးတုန်းက ကျေနပ်စွာ ထိုးခဲ့သော်လည်း နောင်တွင် အမျိုးမျိုးသော အကြောင်းများကြောင့် ထိုအရုပ် ကိုယ့်ခန္ဓာပေါ်မှာ ရှိနေခြင်းဟာ ကိုယ့်အတွက် စိတ်နာကျင်စရာ ဖြစ်လာလျှင် မည်သို့ လုပ်မည်နည်း။ စင်ကာပူ Clarke Quay အရပ်ရှိ တက်တူး စတူရီယို တစ်ခု၏ အဆိုအရတော့ တက်တူး ပြန်ဖျက်လိုသူတွေ နေ့စဉ်လိုလို လာနေကြကြောင်း သိရသည်။ ပြန်ဖျက်လို ရခြင်း အကြောင်းရင်းကို မစ္စတာ တန် ကလည်း ရှင်းပြသည်။

ဘယ်လို အကြောင်း အရာမျိုးတွေ အများဆုံး တက်တူးထိုး ဖြစ်လည်း လေ့လာကြည့်ရင် ချစ်သူ ကောင်လေး နာမည်၊ ကောင်မလေး နာမည်၊ ကိုယ့် နာမည်၊ သားသမီးတွေ နာမည်။ ကျွန်တော်ဆို ရည်းစားဦး နာမည် ထိုးထား တယ်။ နောက်ပိုင်း သူနဲ့ ကွဲသွားတော့ ရည်းစားဟောင်း နာမည် အနေ နဲ့ ကျွန်တော့် ကိုယ်ပေါ်မှာ ကျန်ရစ်တယ်။ အဲဒီလိုပဲ အိမ်ထောင်ကျတော့ ဇနီးသည် နာမည် ထိုးပြန်တယ်။ အိမ်ထောင်ကွဲ သွားတော့ ဇနီးဟောင်း နာမည် အဖြစ်နဲ့ ကျွန်တော့် ကိုယ်ပေါ်မှာ ကျန်ရစ်တယ်။ အဲဒီ နာမည်တွေကို မြင်တိုင်း တခြားသူ တွေက မေးနေတာကို ဖြေရပါများ လာတော့ ကိုယ့်အတွက် အချိန်လည်းကုန်သလို စိတ်လည်း နာကျင်ရတယ်။ ဒါကြောင့် မထားချင်တော့ တဲ့ တက်တူးတွေကို ပြန်ဖျက်ပစ်ခဲ့ ရတယ်ဟု မစ္စတာ တန်က ကိုယ်တွေ့ ကို ပြောပြသည်။ ထိုသို့ တက်တူး နောင်တ ရခဲ့သူ အများစုကြီး အတွက်ကား တက်တူးကို ခန္ဓာ ကိုယ်ပေါ်က ဖျက်ပစ်လိုက်ရုံနဲ့ လည်း ကိစ္စမပြီးသေး။

ဘလော့ဂါ တစ်ဦး ဖြစ်သော မီရှဲလီယန်း မီဆူးသည် ပြီးခဲ့သည့် ရက်သတ္တပတ် ရှစ်ပတ် နီးပါး တက်တူး ဖျက်သည့် အလုပ်နဲ့ လုံးပန်းေ ရ သည်။ သူ အသက် (၁၇) နှစ်မှာတင် ရင်ဘတ်မှာ လိပ်ပြာပုံလေး တက်တူးထိုးသည်။ နောက်တော့ ပခုံးနဲ့ ကျောမှာ အရုပ်ငါးခု ထပ်ထိုး ဖြစ်ပြန်သည်။ ခါးမှာလည်း တစ်ရုပ်ထိုး ဖြစ်သည်။ ထို့နောက်ပိုင်း တက်တူးနောင်တ စိတ်ဝေဒနာသူ စတင်ခံစားလာရသည်။

တက်တူးနဲ့ မိန်းကလေး ဆိုရင် လူတွေက အမြင် မကြည်ဘူး။ အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်ကြတယ်။ ဒီ မိန်းကလေးဟာ မိန်းမကောင်း လေး မဖြစ်နိုင်ဘူး ဆိုတဲ့ မျက်နှာထားမျိုးတွေ မြင်ရတယ်။ ပိုဆိုးတာက ကိုယ့်ကို ခပ်လွယ်လွယ်ရမယ့် မိန်းကလေးမျိုးလို့ သတ်မှတ်ပြီး မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာသူတွေ ရှိလာတာပဲ ဟု မီဆူးက သူ စိတ်ကုန် နောင်တရခဲ့ပုံကို ရင်ဖွင့်သည်။ အလုပ် လျှောက်ထားရာတွင် တက်တူး ထိုးထား သူများ ငြင်းပယ်ခံရနှုန်း များခြင်းသည်လည်း တက်တူး နောင်တ စိတ်ဝင်လာ စေသည့် တစ်ချက် ဖြစ်သည်။ အထူးသဖြင့် မြင်သာ ထင်သာသော တက်တူး များသည် အလုပ်အကိုင် တံခါးပေါက်ကို ပိတ်သွားစေသည့် သက်ရောက်မှု ရှိသည်။

အတွေးအခေါ် အကြံဉာဏ်သစ် အမျိုးမျိုး လက်ခံပြီး တီထွင် ဖန်တီးမှုရှိရှိ လုပ်တဲ့ အလုပ်ခွင်မျိုး မှာက သိပ်ပြဿနာ မရှိဘူး။ အဲဒီလို ၀န်းကျင်မျိုးက သမားရိုးကျ လမ်းကြောင်းကနေ ဖောက်ထွက် သူတွေများတဲ့ အတွက် တက်တူး ထိုးလို့ နှာခေါင်းရှုံ့မယ် ဆိုတဲ့ လူနည်းတယ်။ အသားကျ ပြီးသား ပရော် ဖက်ရှင်နယ် လုပ်ငန်းခွင် တွေကို ၀င်မယ် ဆိုရင်တော့ သမားရိုးကျထဲမှာပဲ လည်ပတ်နေသူ တွေရဲ့ ၀န်းကျင် ထဲမှာ တက်တူး ထိုးထား သူဟာ ရှုံ့ချစရာ သတ္တ၀ါ ဖြစ်သွား တတ်တယ် ဟု မစ္စပမ်မလာဆီး ကလည်း သုံးသပ် ပြောကြားသည်။

စင်ကာပူ တစ်ခွင်က တက်တူး စတူရီယို (၁၀) ခုလောက်ကို အကြမ်းဖျင်း လိုက်စုံ စမ်းကြည့်ချက် အရ စတူရီယို တစ်ခုလျှင် တစ်ပတ်ကို သုံးယောက်မှ ခြောက်ယောက်ကြား တက်တူး လာဖျက်နေကြကြောင်း သိရသည်။ တက်တူး ပြန်ဖျက်ပေးသည့် အလုပ်များသော ဆရာဝန်မျိုးဆိုလျှင် တစ်ပတ်ကို လူနာ (၃၀) လောက်ထိ လက်ခံ တွေ့ဆုံနေရကြောင်း သိရသည်။ စင်ကာပူရှိ Drs Chua & Partners AV Pte Ltd မှ ဒေါက်တာ ကီဗင်ချူ ကလည်း တက်တူး ပြန်ဖျက်ချင်လို့ ဆေးခန်း ရောက်လာသူများ အကြောင်း ရှင်းပြသည်။

တက်တူး ပြန်ဖျက်ချင်သူတွေကို လေ့လာကြည့်တော့ အများစုက ဒီတက်တူး ခန္ဓာကိုယ်ပေါ်ရှိ နေခြင်းကြောင့် လူ့ အဖွဲ့အစည်း ထဲမှာ ကန့်သတ်ခံ နေရတဲ့ အခြေအနေမျိုး ကြုံရတာကို မခံနိုင်တော့လို့ လာဖျက်သူတွေ ဆိုတာ တွေ့ရတယ်။ ဖျက်တဲ့ ကိစ္စ ပြီးသွားပြီ ဆိုရင် သူတို့ တော်တော် စိတ်ပေါ့ သွားတာ တွေ့ရတယ်။ တချို့ လူနာတွေ တွေ့ဖူးတယ်။ အင်္ကျီ လက်ရှည် ဘယ်တော့မှ မချွတ်ဘူး။သူတို့ ကိုယ်ပေါ်မှာ ထိုးထားတဲ့ တက်တူးတွေ သူများ မြင်ရင် ရှောင်ဖယ်ဖယ် လုပ်ကြမယ့် စိတ်ဒဏ်ရာကို မခံနိုင်လို့ ၀တ်ထားကြတာ။ အထူးသဖြင့် ရေကူးကန် သွားရ မှာမျိုး သူတို့ သိပ်စိုးရိမ်တယ်။ ဒါကြောင့် နောက်ဆုံးမှာ တက်တူး ပြန်ဖျက်ဖို့ ဆေးခန်း ရောက်လာ ကြတာပဲ။ တက်တူး ပြန်ဖျက်ရတာ ဘယ်လောက် နာကျင် ခံစားရတယ် ဆိုတာ သူတို့ ကောင်းကောင်း သိပါတယ်။ ခန္ဓာကိုယ် ပေါ်မှာ တက်တူး ရှိနေခြင်းကြောင့် သက်ရောက်လာတဲ့ လူ့အဖွဲ့ အစည်းရဲ့ ဖိအားဒဏ်ကြောင့် စိတ်နာ ကျင်မှု ဒဏ်ခံစားမယ့် အစား ခန္ဓာကိုယ်ပဲ အနာခံ တော့မယ် စိတ်ပိုင်းဖြတ်ပြီး ဆေးခန်းရောက်လာ ကြတာပဲ။ တက်တူး ဆိုတာ ထိုးတာထက် ဖျက်တာက အများကြီး ပိုနာပါတယ် ဟု မစ္စတာ ချူက ပြောသည်။

တက်တူး ပြန်ဖျက်ရသည် ကလည်း လွယ်သော အလုပ်တော့ မဟုတ်။ ကိုယ်လည်း နာသလို ငွေလည်း နာသည်။ လေဆာ နည်းဖြင့် ဖျက်မည် ဆိုလျှင်ပင် တစ်ကြိမ်ကို စင်ကာပူ ဒေါ်လာ (၂၅၀) လောက် ကျသင့်သည်။ ဆေးမင်ကြောင် တစ်ခု လုံးဝ မှိန်သွားပြီး ထိုနေရာတွင် ပကတိ အသား အလား ဖြစ်သွားသည် အထိဆိုလျှင် လေဆာနည်းဖြင့် ခြောက်ကြိမ်မှ ရှစ်ကြိမ်လောက်ထိ လုပ်ရသည်။သို့ဖြစ်ရာ တက်တူးတစ်ခု မှိန်ပျောက် ကွယ် သွားဖို့ ဆိုလျှင် စင်ကာပူ ဒေါ်လာ နှစ်ထောင်လောက်ထိ သုံးနိုင်မှ ဖြစ်မည်။

မထိုးခင် သေချာ စဉ်းစား 
--------------------------
တက်တူးကို ခုံမင်၍ ထိုးခြင်းသည် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့် ဖြစ်သည်။ သို့သော် ထိုတက်တူးကြောင့် လူ့အဖွဲ့အစည်း ထံမှ ဖိအား သက်ရောက်သည့် ဒဏ်ကို မိမိခံနိုင်မည်လား ဦးစွာ စဉ်းစား ချိန်ဆပါဟု အကြံပြု လိုသည်။ ထိုးပြီးကာမှ မခံနိုင်လျှင် မိမိလည်း စိတ်နာကျင်ရမည် ဖြစ်သလို ပြန်ဖျက်မည် ဆိုပါ ကလည်း လူပါ ထပ်နာကျင် ဦးမည့် အပြင် ငွေလည်း အများအပြား ကုန်ကျနိုင်သည်ကို စောစီးစွာ ကတည်းက ထည့်တွက် ရမည်။

ကြိုတင် စဉ်းစားနိုင်စေရန် တက်တူး စစ်တမ်း တစ်ရပ်လည်း တင်ပြလိုပါသည်။ အလှအပရေးရာ ၀က်ဘ်ဆိုက်ဒ် Escentual က စစ်တမ်းပြုစု ထားခြင်း ဖြစ်သည်။ တက်တူး ထိုးထားသူ နှစ်ထောင်လောက်ကို သဘောထား မေးမြန်းထားသည်။ ထိုအခါ ခြောက်ယောက်တွင် တစ်ယောက်က တက်တူး ထိုးမိသည့် အတွက် စိတ်ညစ်ရ သည်ဟု ဆိုသည်။တက်တူးကြောင့် နောင်တရပြီး တက်တူး ဖျက်လိုက် သူများသည်ပင် နောက် ဆယ်နှစ် လောက် ထိ တက်တူး နောင်တ ဂယက်ဒဏ် ခံစားကြရသေးကြောင်း သိရသည်။ အခု ထိုးထားသည့် တက်တူးသည် နောင် အသက်ကြီးလာရင် လှမှ လှပါတော့မလား တွေးပူနေသူက (၃၄) ရာခိုင်နှုန်း ရှိသည်။

မစ္စတာ တန်က အသင့်တော်ဆုံး အကြံပေးသည်။ တက်တူး စတူရီယို ကောင်းကောင်းကို သွားပြီး သေချာ ဆွေးနွေး တိုင်ပင်ပါ။ တက်တူး ဆိုတာ သေရာပါမယ့် အမျိုးပါ။ သေရင် ကိုယ်နဲ့အတူ ပါတာ ဆိုလို့ တက်တူးပဲ ရှိတယ်လို့တောင် ပြောကြတယ် မှတ်လား။ ဒါ ကြောင့် မထိုးခင် သေချာ စဉ်းစား ဆုံးဖြတ်ပါလို့ အကြံပြုလိုပါ တယ်ဟု မစ္စတာ တန် က ပြောသည်။

Ref: “Tattoo regret” an emerging trend By Dawn Karen Tan (Channelnewsasia.com)
The Messenger

မိန်းကလေးတွေ မုန်းစေနိုင်တဲ့ အချက် ၁၀ ချက်

ယောက်ျားလေးများ သတိထားလို့ရအောင် တင်ပေးလိုက်တာပါ။

မိန်းကလေးတွေရှေ့မှာ ကိုယ့်ကို ကြိုက်အောင်ဆိုပြီး လိုသည်ထက် ပိုပြီးပြောဖူးတဲ့ အတွေ့အကြုံရှိမှာပါ။
ကိုကြွားတွေရဲ့ စကားတွေကို စိတ်ပါဝင်စားနားထောင်တာထက် ရယ်ချင်တာကို မနည်းအောင့်ထားရတဲ့ အချိန်လေးတွေလည်း ရှိမှာပါ။
ဂျပန်မှာ မိန်းကလေး အယောက် ၅၀၀ ကို စစ်တမ်းကောက်ခဲ့တဲ့ အဖြေကတော့ အောက်ပါအတိုင်းပါပဲ။

၀၁. အရင်တုန်းက ကျောင်းမှာဆိုရင် အရမ်းဆိုးခဲ့တာလေ။
ဆိုးသွမ်းခဲ့တဲ့ အတိတ်ကို ဂုဏ်ယူပြီးပြောနေရင်လည်း မိန်းကလေးတွေအနေကတော့ ကြိုက်ဖို့မပြောနဲ့ ကြောက်လာပါလိမ့်မယ်။

၀၂. ၃ယောက်လောက် တပြိုင်နက် ကိုယ့်ကို ကြိုက်တဲ့သူရှိခဲ့တယ်။
အတိတ်မှာ ဘယ်လောက်ပဲစွန်ခဲ့နေပင်မဲ့လည်း ပစ္စုန်ပန်မှာတော့ မိန်းကလေးတွေရှေ့မှာ ရည်းစားဟောင်းတွေ အကြောင်းကိုပြောရင်တော့ အပြောခံရတဲ့ မိန်းကလေးအနေနဲ့ကတော့ ဒီယောင်္ကျား ဟုတ်ကော ဟုတ်သေးရဲ့လားလို့ ထင်မှာပါ။

၀၃. အလုပ်များလွန်းလို့ ၂ ရက်လောက် မအိပ်ရသေးဘူး။
ကိုယ်က အရမ်းကြိုးစားနေတဲ့အကြောင်းကို အကြောင်းပြပြီး အလုပ်မှာလည်းတော်တယ်လို့ အရိပ်အရောင်ပြချင်ပင်မဲ့လည်း မိန်းကလေးဘက်ကကြည့်ရင်တော့ ကျန်းမားရေးကို ဂရုမစိုက်ပဲ အတူတူနေရင်ရော ကိုယ့်ကို အလေးထားပါ့မလားဆိုပြီး စဉ်းစားမှာ အမှန်ပါ။

၀၄. အမေတို့က အိမ်နောက်တစ်လုံးဝယ်လိုက်လို့ အလုပ်တွေရှုပ်နေတာ။
ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ပိုက်ဆံရှိကြောင်းကို ဟိတ်ကြီးဟန်ကြီးနဲ့ ပြောနေရင်တော့ လူမုန်းမှာအမှန်ပါ။
အဲဒီလောက်တောင် ပိုက်ဆံရှိနေရင် မုန့်သွားစားရင် ပိုက်ဆံအကုန်ရှင်းခိုင်းလိုက်ပါ။

၀၅. ရည်းစားဟောင်းက မော်ဒယ်လေ။
ရည်းစားဟောင်းက ဘယ်လောက်ပဲလှလှ နောက်မိန်းကလေးတစ်ယောက်ရဲ့ အရှေ့မှာ အဲဒီစကားကိုပြောတာကတော့ ရိုင်းတယ်လို့ထင်ပါတယ်။

၀၆. အမှတ်နည်းနည်းလေးလိုသွားသို့ တခြားကျောင်းရောက်သွားတာ။
ကိုယ်ကတော်တဲ့အကြောင်းကို ကြွားချင်အားကြီးလို့ တကယ်တော့ အမှတ်နည်းနည်းများရင်တော့ ဆေးကျောင်းတက်နေရပြီပေါ့ လို့အပြောခံရရင် ဘယ်လိုခံစားရမလဲ။

၀၇. အဲဒီအဆိုတော်နဲ့ အရမ်းခင်တာ။
သူငယ်ချင်းတွေထဲမှာ နာမည်ကြီးနေတဲ့သူတွေ အများကြီးရှိတယ်ဆိုပြီး ကြွားလုံးထုတ်နေတတ်တဲ့ ကိုကိုတို့လည်း သတိထားနော်။

၀၈. တစ်ယောက်တည်း ၃ ပုလင်းလောက် သောက်နိုင်တယ်။
ကိုယ့်ဟာကို သောက်နိုင်တာကို မိန်းကလေးတွေကို ရှင်းပြစရာမလိုပါ။ အရက်ဘယ်လောက်ပဲ သောက်နိုင်နိုင် မိန်းကလေးတွေရှေ့မှာတော့ အမှတ်ရမယ်လို့မထင်ပါနဲ့။

၀၉. ရုံးက ဟိုလူကြီးကို ပြန်ဆဲလိုက်ရလို့ အရသာရှိလိုက်တာ။
ယောင်္ကျားတန်မဲ့ အတင်းပြောပြီး သူ့စကားကို သေသေချာချာ နားထောင်ပြန်တော့လည်း အထက်လူကြီးက မှားနေတယ်လို့မထင်ပါ။
ကိုယ့်က တော်တယ်တတ်တယ်လို့ ထင်ထားပင်မဲ့လည်း သူတပါးကနေကြည့်ရင်တော့ အဖြေက တမျိုးထွက်မှာပါ။

Chelmo Team
Related Posts Plugin for WordPress, Blogger...