လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အင်္ဂါဂြိုဟ်သို့ စုံတွဲတစ်တွဲအား စေလွှတ်ရန် သူကြွယ်ကြီး Dennis Tito စီစဉ်နေ

၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးသော အာကာသခရီးသည်အဖြစ် မှတ်တိုင်ထူခဲ့သည့် မီလီယံနာ သူကြွယ်ကြီး Dennis Tito သည် အင်္ဂါဂြိုဟ်သို့ ပထမဆုံးသော လူသားခရီးစဉ်အဖြစ် သွားရောက်ရန် ဇနီးမောင်နှံ စုံတွဲတစ်တွဲအား ရှာဖွေလျက်ရှိသည်ဟု သိရှိရသည်။

ရက်ပေါင်း ၅၀၀ ကျော် ကြာမြင့်မည့် ယင်းသမိုင်းဝင် ခရီးစဉ်အား ၂၀၁၈ ခုနှစ် ဂျန်နဝါရီလ ၅ ရက်နေ့တွင် စတင်ရန် စီစဉ်ထားပြီး အသက် ၇၂ နှစ် ရှိနေပြီဖြစ်သည့် သူကြွယ်ကြီးသည် လူသားများ အင်္ဂါဂြိုဟ်သို့ သွားရောက်ရန် နာဆာမှ စီစဉ်ထားသည့် ၂၀၃၀ အထိ အသက်ရှည်ပြီး ကိုယ်တိုင်မြင်တွေ့ခွင့် မရရှိမည်ကို စိုးရိမ်သဖြင့် ယင်း၏ ကုမ္ပဏီ Inspiration Mars က ဤခရီးစဉ်အား စီစဉ်နေခြင်းဖြစ်သည်။

ယခုခရီးစဉ်သည် “return fly-by” ခေါ် အနီးကပ် ပျံသန်းမှုသာ ပါဝင်ပြီး အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်မည် မဟုတ်ပေ။ ထို့အပြင် ခရီးစဉ်တွင် လိုက်ပါမည့် ဇနီးမောင်နှံသည် ရက်ပေါင်း ၅၀၀ ခန့်အား ၁၄ ပေ x ၁၂ ပေ သာ ကျယ်ဝန်းသည့် Dragon အာကသယာဉ်ထဲ၌ အတူအကွ အချိန်ဖြုန်းရမည် ဖြစ်သည်။ ယင်းတို့ ၂ ဦးအတွက် အစာရေစာနှင့် ရိက္ခာ ၁ တန်ကျော် သယ်ဆောင်သွားမည်ဖြစ်သည်။

Mr. Tito က “ဇနီးမောင်နှံ စုံတွဲကို စေလွှတ်ဖို့ ရည်ရွယ်ရတာကတော့ ဒီလိုရှည်လျားပြီး ခက်ခဲကြမ်းတမ်းတဲ့ အာကာသ ခရီးစဉ်မှာ တစ်ဦးနဲ့တစ်ဦး စိတ်ပိုင်း၊ လူပိုင်း အထောက်အပံ့ ပေးနိုင်မှာမို့လို့ပါ။ လင်မယားဆိုတဲ့ အဓိပ္ပါယ်ကို အပြည့်အဝ နားလည်နိုင်မှာပေါ့ဗျာ။” ဟု ဆိုခဲ့သည်။

ယခုခရီးစဉ်အတွက် ကုန်ကျစရိန်မှာ ဒေါ်လာ ၂ ဘီလီယံနီးပါးအထိ ရှိနိုင်ပြီး ရန်ပုံငွေအား တီဗီလိုင်စင် အခကြေးငွေများနှင့် နာဆာသို့ အချက်အလက် ရောင်းချခြင်းတို့မှ တစ်စိတ်တစ်ပိုင်း ရှာဖွေမည်ဖြစ်ပြီး ကျန်ကုန်ကျ စရိတ်အား Mr. Tito က ကျခံမည်ဖြစ်သည်။

Myanmar Social Entertainment News Network

သမ္မတကြီးရဲ့ နှလုံးခုန်စက်လေး အားအမြဲပြည့်နေပါစေ (သက်တန့်ချို)


လူတချို့က အကောင်းကိုပဲလိုချင်ကြတယ် အဆိုးတွေကို လက်မခံချင်ကြဘူး

လူတချို့က အမှန်ကိုပဲလိုချင်တယ်အော်ဟစ်ပြီး အမှားတွေထဲမှာ နွံနစ်နေကြတယ်

လူတချို့က တစ်ဖက်တည်းပဲ မြင်နေကြတယ် နှစ်ဖက်မြင်ဖို့မတွေးမိကြဘူး

လူတချို့က ရှေ့ကနေလည်းမသွားဘူး နောက်ကနေလည်းမလိုက်ဘူး ကန့်လန့်တိုက်ချင်ကြတယ်

လူတချို့က ပြည်တွင်းမှာ ဒုက္ခရောက်တာကို ပြည်ပကနေ သီချင်းတွေတီးပြီး ဆန္ဒပြကြတယ်

လူတချို့က ပြည်တွင်းကိုမရောက်ဖူးပဲ ပြည်ပကနေ အသံကောင်းတွေဟစ်ကြတယ်

လူတချို့က ပြန်လာဖို့လည်းမတွေးပဲ ဟိုဟာလုပ်ပေးပါ ဒီဟာလုပ်ပေးပါတောင်းဆိုကြတယ်

လူတချို့က ပြည်တွင်းမှာ ဆယ်စုနှစ်အတန်ကြာ အတူ လက်တွဲ ဒုက္ခမခံပဲ ပြည်ပကနေ ဒီမိုကရေစီ ဆိုလား အော်နေကြတယ်

လူတချို့က ဟိုဟာပေးပါ ဒီဟာပေးပါ တောင်းဆိုကြတယ် နိုင်ငံအတွက် ဘာတွေလုပ်ပေးပြီးပြီလဲ ဘာတွေ အကျိုးပြုပြီးပြီလဲဆိုတာ မတွေးကြဘူး

လူတချို့က အစိုးရမုန်းတီးရေးဝါဒကိုလက်ကိုင်စွဲပြီး အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကို မျက်စိပိတ်ငြင်းဆန်ကြတယ် ။

လူတချို့က နေ့ချင်းညချင်း အမေရိကားလောက် ဒီမိုကရေစီ ရချင်ကြတယ် နေ့ချင်းညချင်း ကိုယ့်စိတ်ဓါတ်ကိုပြင်ဖို့တော့မကြိုးစားကြဘူး

လူတချို့က ပေါင်မုန့်ထောပတ်သုတ် နဲ့ ချိစ်စားပြီး ငါးပိရည်တို့စရာ စားနေကြတဲ့ ပြည်တွင်းကလူတွေကို ဒုက္ခ ခံနေရပါတယ် ၀ိုင်းပြောကြတယ်

လူတချို့က ဒေါ်လာတွေကိုင်ပြီး တိုင်းပြည်ထဲက အာဏာရှင်စနစ်ကို မကြိုက်ဘူး လေလုံးထွားကြတယ်

လူတချို့က မြှောက်ထိုးပင့်ကော်လုပ်ပြီး နေရာတကာမှာ ဆူပူမှုတွေဖြစ်အောင်လုပ် အစိုးရနဲ့ဒေါ်စုကို အခက်တွေ့စေကြတယ်

လူတချို့က ပူးပေါင်းဆောင်ရွက်မှုထက် ဆန့်ကျင်ဖြိုဖျက်နည်းကို သုံးချင်နေကြတယ်

လူတချို့က စနစ်ဆိုးကိုအကြောင်းပြပြီး စနစ်ဆိုးအသက်ရှည်အောင်ပဲ အားဆေးတိုက်နေကြတယ်

လူတချို့က လူတွေရဲ့လုပ်နိုင်စွမ်းထက်ကျော်လွန်ပြီးမျှော်လင့်နေကြတယ် ကိုယ်ကိုယ်တိုင်ကြတော့ တိုင်းပြည် တည်ဆောက်ရေးအတွက် အုပ်တစ်ချပ်တောင်မသယ်ဖူးကြဘူး

လူတချို့က အဝေးမှာနေပြီး ပြည်တွင်းရဲ့ဒုက္ခဆင်းရဲကို အတူခါးစည်းမခံကြပဲ မဆိုင်သလိုနေ တခါတခါ ဒီမိုကရေစီထအော်ကြတယ် . .

နောက်ဆုံး . .

အဲဒီလူတွေကိုမှာချင်တယ် . .

ပြန်လာပါ
ပူးပေါင်းပါ
အတူ ဒုက္ခဆင်းရဲကို ခါးစည်းခံပါ
ဒေါ်လာဘယ်လောက်ပေးမှ
ဝင်ငွေဘယ်လောက်ကောင်းမှ
အလုပ်အကိုင်အခွင့်အလမ်းတွေကောင်းမှ
ဘာတွေလုပ်ပေးနိုင်မှ
ဘာတွေလိုက်လျောပေးနိုင်မှ ဆိုတဲ့
ကိုယ့်လိုအင်ဆန္ဒအတ္တတွေ ကို ဘေးဖယ်ပြီး
ပြန်လာပါ
မပြန်လာနိုင်ဘူး ပြည်သူတွေနဲ့အတူ ဆင်းရဲဒုက္ခ မခံနိုင်ဘူး ဆိုရင်တော့
ပြည်ပကနေ ဘယ်လောက် အော်အော် ကျွန်တော်တို့ အားလုံးမကြိုဆိုပါ လက်ခုပ်မတီးပါ

လက်ရှိ အစိုးရရဲ့ အကောင်းဆုံး ပြုပြင်ပြောင်းလဲမှု
အရင်စနစ်ဆိုးကြီးကနေ ရှောင်ဖယ်ထွက်လို့
အကြပ်အတည်းတွေ အားလုံးကို ရုန်းကန်နေရတဲ့ အချိန်မှာ
ကျွန်တော်တို့အားလုံးနားလည်လို့ စိတ်ရှည်ပေးနေကြပါတယ် ။

တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ ပေါ့ . . .

သက်တန့်ချို

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးအဖြစ် ဂျပန်အဘွားအို ဂင်းနစ်စံချိန်တင်



ဂျပန်နိုင်ငံမှ အသက်(၁၁၄)နှစ်ရှိ အဘွားအို တစ်ဦးသည် ယခုအခါ ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး အမျိုးသမီးအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ မီဆာအို အိုကာဝါသည် ဆယ်စုနှစ် (၁၂)ခုကို ဖြတ်သန်း
တွေ့ကြုံခဲ့ရပြီးနောက် ယခုအခါတွင်မူ ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး အမျိုးသမီး ဖြစ်လာခဲ့သည်။

ထို့ကြောင့် ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး အမျိုးသားရော၊ အမျိုးသမီးပါ ဂျပန်နိုင်ငံမှပင် ဆက်လက် စံချိန်ထူနိုင်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ ဂုဏ်ထူးဆောင် သတ်မှတ်ချက်ကို ဂင်းနစ်မှတ်တမ်း အဖွဲ့က အသိပေးခဲ့သည့်နောက် အိုကာဝါက အလွန် ပျော်ရွှင်မိကြောင်း ဆိုသည်။

Planet Myanmar Network

ကမ္ဘာ့အကြမ်းခံ စမတ်ဖုန်း Cat B15



Bullitt Mobile မှ အမေရိကန် Caterpillar လိုင်စင်နဲ့ ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ တော်တော် အကြမ်းခံမယ့်ဖုန်းပါ။

အမြင့် ၁.၈ မီတာကနေ ကွန်ကရစ်လမ်းပေါ် ကျလည်း မကွဲဘူးလို့ ဆိုပါတယ်။ ရေစိမ်လည်းခံပါတယ်။

၎ လက်မ Gorilla Glass မျက်နှာပြင်

Android 4.1 Jelly Bean OS ကို အသုံးပြုထားပါတယ်။

အလေးချိန် ၁၇၀ ဂရမ် ဆိုတော့ သိပ်မလေးပါဘူး။ အလူမီနီယမ်သားပေါ် ရာဘာ ထပ်အုပ်ထားပေးခြင်း ဖြစ်ပါတယ်။

Processor က 1GHz ရှိပြီး RAM က 512 MB ရှိပါတယ်။

ကင်မရာ 5 megapixel ရှိပါတယ်။ ဗီဒီယို recording လုပ်ဖို့အတွက် 720p resolution ရနိုင်ပါတယ်။

အအေးဒဏ် အနုတ်၂၀ ဒီဂရီစင်တီဂရိတ် အထိ ခံနိုင်ရင် ရှိပြီး ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်စွမ်း ရှိပါတယ်။

Cat B15 ဟာ မတ်လကစလို့ ဗြိတိန်ပေါင် ၃၀၀ သတ်မှတ်လို့ စတင်ရောင်းချတော့မယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။

Ref: TechSpaceJournal

မြန်မာနိုင်ငံ၏ အခြေခံပညာရေးကဏ္ဍတွင် ဘက်ဂျက်ပိုမိုသုံးစွဲရန် လွှတ်တော်က အတည်ပြုဆုံးဖြတ်

မြန်မာနိုင်ငံ၏ အခြေခံပညာရေးကဏ္ဍတွင် ဘက်ဂျက် ပိုမိုသုံးစွဲသွားရန် ပထမအကြိမ် ပြည်သူ့လွှတ် တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၇ ရက်နေ့မြောက် အစီအစဉ်တွင် လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မဲဆန္ဒနယ်မှ ဦးတင်ထွဋ်၏ ဥပဓိရုပ်မကောင်းသော ကျောင်းများပြုပြင် ရေး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အဆင့်မြှင့်တင်ရေး၊ အဆိုပါကျောင်းများမှာ သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီသည့်ဆရာ၊ ဆရာမများကို အစိုးရခန့်ဆရာ၊ ဆရာမများအဖြစ် ထားရှိပေး ရေးအရေးကြီးအဆိုကို တင်သွင်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက သဘောတူခဲ့သည်။

"သွားလာရေးခက်ခဲတဲ့ ဒေသတွေက မိဘပြည်သူတွေဟာ သားသမီးတွေ ပညာတတ်မြောက်ဖို့အ တွက် ကျောင်းအဆောက်အဦတွေဆောက်လုပ်ပေးတာ၊ သင်ကြားဖို့ဆရာ၊ ဆရာမတွေကို ငှားရမ်းပြီး သင်ကြားနေရတာကို တွေ့ရတယ်။ တချို့ဆိုရင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ မယ်သီ လရှင်ကျောင်းတွေမှာ သင်ကြားနေရတယ်။ ဒီကျောင်းတွေမှာ ပြင်ပဆရာ၊ ဆရာမတွေကို မိဘတွေရဲ့ ငွေထည့်ဝင်မှုနဲ့ ငှားရမ်းသင်ယူရတဲ့အတွက် ပညာရေးမူဝါဒ အကောင်အထည်ဖော်ရာမှာ အားနည်းနေ တာတွေ့ရတယ်။ ဒါကြောင့် ရေရှည်တည်တံ့ခိုင်မြဲဖို့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်စေတယ်" ဟု ဦးတင်ထွဋ်က ဆွေးနွေးခဲ့သည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းစီမံချက် ရင်းနှီးမြှုပ်နှံမှုတွင် အခြေခံပညာ ကဏ္ဍအတွက် ဖြည့်စွက် လုပ်ငန်းသုံး လျာထားငွေ ကျပ်သန်းပေါင်း ခြောက်သောင်း ငါးထောင် ခုနှစ်ရာ နှစ်ဆယ်သုံး ဒသမ နှစ် ရှိကြောင်း သိရသည်။ ထို့ပြင် ရုံးသုံးစက်ကိရိယာ၊ ပရိဘောဂများ အတွက် ဘက်ဂျက်ငွေ သုံးစွဲမှုမှာ ကျပ်သန်းပေါင်းတစ်သောင်း တစ်ထောင်သုံးရာနှစ်ဆယ်သုံး ဒသမ နှစ်လေး ရှိကြောင်းသိရသည်။
အခြေခံပညာကဏ္ဍတွင် ပညာရေးကျောင်းများ မွမ်းမံပြင်ဆင်ခြင်းနှင့် အသစ်ဆောက်လုပ်ရန်အတွက် ကျပ်သန်းပေါင်း ၈၈ ဒသမ ၂ဝ၃ ဘီလီယံ သုံးစွဲရန်လျာထားကြောင်း သိရသည်။
အဆင့်မြင့်ပညာကဏ္ဍတွင်လည်း အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် စုစုပေါင်း ၁၂၆ ဒသမ ၆၄၃ ဘီလီယံ လျာထားကြောင်း သိရသည်။
ထို့ကြောင့် အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍတို့တွင် ဘက်ဂျက်လျားထားမှုအားနှိုင်းယှဉ် လျှင် အခြေခံပညာကဏ္ဍသည် အဆင့်မြင့်ပညာကဏ္ဍထက် ကျပ်သန်းပေါင်း ၃၈ ဒသမ ၄၃၄ ဘီလီယံ လျော့နည်း သုံးစွဲထားကြောင်း ဦးတင်ထွဋ်က ထည့်သွင်းဆွေးနွေးခဲ့သည်။
"ဥပဓိရုပ်မကောင်းတဲ့ ကျောင်းလေးတွေ ပြိုကျပျက်စီးနေတဲ့ ကျောင်းလေးတွေ အသစ်ဆောက်လုပ်ရ မယ့် ကိစ္စကိုမလိုလားအပ်တဲ့ ပရိဘောဂ ပစ္စည်းတွေအစား လွှဲပြောင်းအသုံးပြုဖို့ ကတိပြုပါတယ်" ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ပြောခဲ့သည်။
ပညာရေးဘက်ဂျက် ခွဲဝေမှုတွင် ၃၁ ဒသမ ၃၆၅ ဘီလီယံမှာ မလိုအပ်သော ဇိမ်ခံပစ္စည်းများဖြစ်သည့် ဆက်တီခုံများ၊ ၄၂ လက်မ တီဗွီများစသော နေရာများတွင် အသုံးပြုထားသည် ဟု သဘောသက် ရောက်နေသောကြောင့် ပြန်လည် စိစစ်ပေး သွားမည် ဖြစ်ကြောင်း လည်း ဒေါက်တာမြအေးက ဆွေးနွေး ခဲ့သည်။

"ဒီကိစ္စကို အများကြီး ကြိုဆိုပါတယ်။ တကယ့် အောက်ခြေအဆင့်တွေက ဘုန်းတော်ကြီးသင်ကျောင်း တွေကိုပဲ အားကိုးနေရတာ။ ကျေးလက်မှာလည်း ဒီအတိုင်းပါပဲ။ ဘုန်းတော်ကြီးသင်ကျောင်းတွေက လက်လွတ်လို့မရပါဘူး။ နောက်ပြီးတက္ကသိုလ် ပညာရေးကိုပဲ ဖိလုပ်နေမယ်ဆိုရင် အောက်ခြေပြတ် သွားပါလိမ့်မယ်။ ဒါကြောင့် အခြေခံပညာကိုပြန်ပြီး အားဖြည့်ပေးတာ ကောင်းပါတယ်။ တကယ်ဆို အခြေခံကောင်းမှ ကလေးတွေက အထက်ကို ထက်မြက်စွာနဲ့ တိုးတက်သွားမှာပါ။ နောက်တစ်ခုတော့ ယူနက်စကိုရဲ့ အနည်းဆုံးပညာရေး ဘက်ဂျက်ကိုလေ့လာပြီး တိုးမြှင့် လုပ်ဆောင်ပေးသင့်ပါတယ်" ဟု ဗဟို သမဝါယမကောလိပ် ကျောင်းအုပ်ကြီး (ငြိမ်း) ဦးရဲမြင့် (စွန့်ဦးတီထွင်) ကပြောသည်။
မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ် ဧပြီလမှ ယနေ့အထိ အခြေခံပညာ ကျောင်းပေါင်း လေးသောင်းတစ် ထောင်သုံးရာ ရှစ်ဆယ့်ငါးကျောင်း ရှိကြောင်း သိရသည်။

Maukkha.org

ကြည့်ဖြစ်အောင်ကြည့်ပါ...


အမေရိကန်သားရဲ့ "နောနော်- မလှည့်စားနဲ့"

နောနော်ရဲ့ မလှည့်စားနဲ့ သီချင်းကို အမေရိကန်တယောက်က မြန်မာလို ပီပီသသ နဲ့ တော်တော်ကောင်းအောင် သီဆိုထားတာ ဖြစ်ပါတယ်။ မြန်မာစကားကို လေ့လာနေတဲ့ လူတယောက်လို့ သိရပြီး မြန်မာလူမျိုးတွေလို မြန်မာစကား ပြောတတ်ချင်တယ်လို့ ပြောပါတယ်


MTV Myanmar

 

၂၀၁၂ ခုနှစ် ၀င်ငွေအကောင်းဆုံး website ၃၀

1. Google

Founders : Larry Page and Sergey Brin
Income per sec :$691.29
Average income of the year :$22,000,000,000

Google က တစ်စက္ကန့်ကို အမေရိကန်ဒေါ်လာ ၆၉၁.၂၉ ဒေါ်လာ ဝင်တယ် ဆိုတော့ ဖွံ့ဖြိုးဆဲနိုင်ငံက ဝန်ထမ်းတစ်ဦးရဲ့   တစ်လ လစာထက်တောင် များနေပါတယ်။

2. Amazon

Founders : Jeff Bezos
Income per sec :$607.05
Average income of the year :$19,200,000,000

အွန်လိုင်းဈေးဝယ် အမေဇုန်လည်း Google နဲ့ ၉၁ ဒေါ်လာလောက်ပဲကွာပါတယ်။

3. Yahoo

Founders : Jerry Yang and David Filo
Income per sec :$228.31
Average income of the year :$7,200,000,000

Yahoo ကလည်း စွယ်စုံပါပဲ။ အွန်လိုင်းမီဒီယာ၊ ဈေးရောင်းဈေးဝယ်၊ ဝန်ဆောင်မှု၊ ကုန်သွယ်ရေး အားလုံးပါဝင်ပြီး သူ့ဝင်ငွေဟာလည်း တစ်စက္ကန့်ကို ၂၂၈ ဒေါ်လာကျော်ပါတယ်။

4. eBay

Founders : Pierre Omidyar
Income per sec :$199.45
Average income of the year :$ 6,300,000,000

eBay လည်း Yahoo နီးနီးအောင်မြင်ပါတယ်။

5. Msn/Live
Founders : Nathan Myhvoid
Income per sec :$102.00
Average income of the year :$ 3,200,000,000

MSN လည်း Yahoo တို့လို Service ပေးပြီး ဝင်ငွေကတော့ တစက္ကန့်ကို ဒေါ်လာ ၁၀၀ အထက်မှာ ရှိပါတယ်။

6. Paypal
Founders : Luke Nosek, Max Levchin and Peter Thiel
Income per sec :$71.40
Average income of the year :$2,250,000,000

7. iTunes
Founders : Jeff Robin
Income per sec :$60.00
Average income of the year :$1,900,000,000

Apple ရဲ့  အဓိက ဝင်ငွေထဲမှာ iTunes လည်းပါနေပါတယ်။ တစ်က္ကန့်ကို ဒေါ်လာ ၆၀ ဆိုတော့ သူ့ Transition လည်းမနည်းပါဘူး။

8. Rueters
Founders : Marshal Vace
Income per sec :$60.00
Average income of the year :$1,900,000,000

သတင်းဝဘ်ဆိုဒ် ဖြစ်ပါတယ်။ iTunes ရဲ့  ဝင်ငွေနဲ့ အတူတူပါပဲ။

9. Priceline
Founders : Jesse Fink
Income per sec :$59.6
Average income of the year :$1,850,000,000

10. Expedia
Founders : Added Mark Schroeder
Income per sec :$46.00
Average income of the year :$1,450,000,000

11. NetFlix
Founders : Reed Hastings
Income per sec :$38.00
Average income of the year :$1.100.000,000

12. Travelocity
Founders : Terry Jones
Income per sec :$38.00
Average income of the year :$1.100.000,000

13. Zappos
Founders : Nick Swinmurn
Income per sec :$31.70
Average income of the year :$1,000,000,000

14. Hotels.com
Founders : David Litman
Income per sec :$31.70
Average income of the year :$1,000,000,000

15. AOL
Founders : Erik Prince
Income per sec :$30.50
Average income of the year :$960,000,000

16. Orbitz
Founders : Jeff Katz
Income per sec :$28.00
Average income of the year :$870,000,000

17. Overstock
Founders : Robert Brazell
Income per sec :$27.00
Average income of the year $834,000,000

18. Myspace
Founders : Tom Anderson
Income per sec :$25.00
Average income of the year $800.000.000

19. Skype
Founders : Niklas Zennstrom
Income per sec :$18.00
Average income of the year : $550,840,000

20. Sohu
Founders : Zhang Chaoyang
Income per sec :$14.00
Average income of the year: $430,000,000

21. Buy.com
Founders : Robb Brock
Income per sec :$12.68
Average income of the year : $400,000,000

22. StubHub
Founders : Eric Baker
Income per sec : $13.00
Average income of the year : $ 430,000,000

23. Alibaba
Founders : Jack Ma
Income per sec : $10.00
Average income of the year: $315,000,000

24. Facebook
Founders : Mark Zuckerberg
Income per sec :$9.50
Average income of the year : $300,000,000

25. YouTube

Founders : Chad Hurley, Jawed Karim and Steve Chen
Income per sec :$9.50
Average income of the year : $300,000,000

26. Blue Nile

Founders : Mark Vadon
Income per sec :$9.40
Average income of the year: $295,000,000

27. Tripadvisor
Founders : Stephen Kaufer
Income per sec :$8.20
Average income of the year : $ 250,000,000

28. Getty Images
Founders : Mark Getty
Income per sec :$7.40
Average income of the year : $230,000,000

29. Bidz
Founders : Garry Itkin
Income per sec :$6.70
Average income of the year : $200,000,000

30. NYTimes

Founders : Henry Jarvis Raymond
Income per sec :$6.00
Average income of the year : $175,000,000

ဘွဲ့နှင်းသဘင် ဦးထုပ် ဖြစ်ပေါ်လာပုံ

ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက် လာခြင်း ဖြစ်ပါတယ်။

ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ် ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစား ခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။

ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နေယာ၊ ကျောင်းသာလူငယ် စသည်ဖြင့် လူအမျိုးမျိုးကို ဦးထုပ် အရောင်အမျိုးမျိုးနဲ့ ခွဲခြားစေပါတယ်။ သူတို့ခေတ်မှာ အဆင့်အတန်း အမြင့်ဆုံးကတော့ အနီရောင် Motarboard ဖြစ်ပါတယ်။ ရဲရင့်ခြင်းသဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြုသည့် သဘောကို ဆောင်ပြီး တော်ဝင် အာဏာ ရှိသူတွေကို အနီရောင် Motarboard ဆောင်းစေပါတယ်။

ရောမ စစ်သေနာပတိ Federico da Montefeltro ဟာ သူ ဆောင်းတဲ့ အနီရောင်ဦးထုပ်ကို အင်မတန် ချစ်မြတ်နိုးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုများမှ မာစတာ ဒီဂရီ ရရှိသူများကို အသိအမှတ်ပြုရန် အဖြစ် ချီးမြင့်ပါတယ်။ နောက်ပိုင်း bachelors နဲ့ undergraduates သမားများကို ပေးအပ်လာပါတယ်။

ခေတ်တွေပြောင်းလာတဲ့အခါမှာ ယင်းဦးထုပ်ကို ပညာသင်ကြားပြီး အသိအမှတ်ပြုစရာ တစ်ခုအဖြစ်သာ အသုံးပြု လာခဲ့ပါတယ်။ ခေတ်သစ် ဘွဲ့နှင်းသဘင်ဦးထုပ်ကို ၁၉၅၀ ခုနှစ်က အမေရိကန် မှ တီထွင်သူ Edward O’Reilly နဲ့ကတ်သလစ်ဘုန်းကြီး Joseph Durham စတင်တီထွင်ခဲ့တယ်လို့ သတ်မှတ်ကြပါတယ်။ ယခုအခါ ကမ္ဘာတစ်လွှားမှာ ယင်းဦးထုပ်ကို အသုံးပြုပြီး အများစုဟာ ဗြတိန်နိုင်ငံမှ စံစနစ်ကို ကူးယူထားတယ်လို့ သိရပါတယ်။
Motarboard အကြောင်း အသေးစိတ်လေ့လာနိုင်ရန်--

http://en.wikipedia.org/wiki/Mortar_boards
Ref: International News for Myanmar

မိုက်ခရိုဆော့ခ်ရဲ့  စမတ်ဖုန်းဈေးကွက်ဟာ အမှားတစ်ခုပါ - ဘီလ်ဂိတ်

မကြာသေးမီက CBS နဲ့ အင်တာဗျူးတော့ ဘီလ်ဂိတ်ဆီက ထွက်လာတဲ့ စကား ဖြစ်ပါတယ်။

စမတ်ဖုန်းဈေးကွက်ကို ဝင်ရောက်လာခြင်းဟာ အမှားတစ်ခုဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းဝန်ခံလာတော့ စီအီးအို Steve Ballmer မျက်နှာ ဘယ်နား သွားထားတော့မလဲလို့တောင် Comment တွေတက်ခဲ့ပါတယ်။

ပြောလည်းပြောလောက်ပါတယ်။ လက်ရှိ မြန်မာပြည်မှာ Windows Phone OS သုံးတဲ့ စမတ်ဖုန်း တစ်လုံး ရှာပြပါဆိုရင် တော်တော်လေး မိုဘိုင်းဖုန်း ဆိုင်အနှံ့ သွားရမယ့် ကိန်းရှိပါတယ်။ Windows Phone 8 OS သုံးပါတယ် ဆိုတဲ့ Nokia Lumia နောက်ဆုံးထွက်တွေ လိုချင်ပါတယ် ဆိုရင်တောင် ဘယ် တော်ရုံ မိုဘိုင်းဖုန်းဆိုင် မှ အော်ဒါ မမှာပေးရဲပါဘူး။ မမှာပေးရဲတာ မဟုတ်ပါဘူး။ မှာရခက်တာ ဖြစ်ပါတယ်။

ဒီမှာတင်သိနိုင်ပါတယ်။ စစ်တမ်းအရလည်း Microsoft ရဲ့ Windows စမတ်ဖုန်းဟာ ကမ္ဘာ မိုဘိုင်းဈေးကွက် မှာ ၅ ရာခိုင်နှုန်းထက် လျော့နည်း တယ်ဆိုတာကိုလည်း ဝမ်းနည်းစွာပဲ တွေ့ရှိခဲ့ရပါတယ်။ ဒါတောင် Microsoft က ကိုယ်ပိုင်ဖုန်း မထုတ်သေးပါဘူး။ OS ပဲရှိပါသေးတယ်။ ကိုယ်တိုင် လည်း ဖုန်းထုတ်တော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ ဘီလ်ဂိတ်နဲ့ လုံးဝ မသက်ဆိုင်ကြောင်း ကြေညာ လိုက်တဲ့ သဘောသဘောပါပဲ။ Microsoft တို့ Xbox ထုတ်မယ်တုန်းက တက်တက်ကြွကြွ ပါဝင်ခေါင်းဆောင်ခဲ့တဲ့ ဘီလ်ဂိတ်တစ်ယောက် စမတ်ဖုန်း ဈေးကွက်ဝင်ဖို့ကျတော့ အသံတိတ်နေခဲ့ပါတယ်။ အသံပဲ တိတ်တာလား၊ ပြောခွင့်မရှိ တာလားတော့ မသိ Windows Phone OS ကတော့ User တက်မလာသေးတာ အမှန်ပါပဲ။ ဒီကြားထဲ ဘီလ်ဂိတ်က ဒါဟာ အမှားတစ်ခုပါလို့ ဆိုလိုက်တော့ Windows Phone OS ရဲ့ ဘဝက သနားစရာလေး ဖြစ်သွားရပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် Microsoft သာ စမတ်ဖုန်း ထုတ်မယ့် ဖုန်းတွေသာ တရုတ် Huawei တို့လို ဈေးသက်သက်သာသာနဲ့ ရမယ်၊ လွယ်လွယ်ကူကူနဲ့ ရမယ်ဆိုရင် မြန်မာပြည်မှာ အမာခံ ပရိတ်သတ်တွေ ပေါ်လာအုံးမယ်လို့ အတွေး ပေါက်မိပါသေးတယ်။

TechSpaceJournal

မသန်စွမ်းကျောင်းသူ မစုပုံချစ် သြစတြေးလျတက္ကသိုလ် ပညာသင်ဆုရရှိ

မသန်စွမ်းအမျိုးသမီးငယ်တစ်ဦးဖြစ်သည့် မစုပုံချစ်သည်သြစတြေးလျ နိုင်ငံတွင် မဟာတန်း တက်ရောက်ရန် ပညာသင်ဆု ရရှိသည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မွေးရာပါ လက်နှစ်ဖက် မသန်စွမ်းဖြစ်ခဲ့သည့်အတွက် ခြေထောက်ဖြင့် စာရေးခဲ့သည့် မစုပုံချစ်အား ငယ်စဉ်ကပင် နိုင်ငံပိုင်မီဒီယာနှင့် ပုဂ္ဂလိက မီဒီယာများမှတစ်ဆင့် အများပြည်သူ ရင်းနှီးခဲ့သူတစ်ဦးလည်း ဖြစ်သည်။

၎င်းသည် ပြည်ပတက္ကသိုလ်တွင် ပထမဆုံးပညာသင်ဆုရရှိသည့် ပထမဆုံးသော မသန်စွမ်းတစ်ဦးဖြစ်ကြောင်း မစုပုံချစ်က ဂုဏ်ယူစွာ ပြောပြသည်။

“မြန်မာနိုင်ငံမှာ ဥပဒေတွေ၊ အခွင့်အရေးတွေ အရေးပါလာပြီ။ အဲဒီတော့ မသန်စွမ်းတွေရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေအတွက် ဦးဆောင်ပေးချင်လို့ အခုလို ကျောင်းသွားတက်ဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်”ဟု ပြည်ပမထွက်ခွာမီ တစ်ရက်အလိုတွင် ၎င်းက ပြောကြားသည်။

သူမ သွားရောက်ပညာသင်မည့် တက္ကသိုလ်မှာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ New South Wales တက္ကသိုလ်ဖြစ်ပြီး Master of Policy Studies ကို ၁၈ လကြာ တက်ရောက်သင်ကြားမည်ဖြစ်သည်။

ယင်းကဲ့သို့ ပညာသင်ဆုရရှိရန် နှစ်နှစ်ဆက်တိုက် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်တွင်မှ ရွေးချယ် ခံရခြင်းဖြစ်ကြောင်း သိရသည်။

မစုပုံချစ်သည် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေးဘာသာဖြင့် အောင်မြင်ခဲ့ပြီး သတင်းနှင့် နည်းပညာ အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ကာ လက်ရှိတွင် သတင်းနှင့် နည်းပညာအင်ဂျင်နီယာ မဟာဘွဲ့သင်တန်းကို တက်ရောက်နေဆဲ ကျောင်းသူတစ်ဦးဖြစ်သည်။

လက်ရှိ တက်လက်စကျောင်းကို ရပ်နားခွင့်တင်ပြီး ပညာတော်သင် သွားမည် ဖြစ်ကာ ပြည်ပမှ ပြန်လည်ရောက်ရှိ မှသာ နည်းပညာမဟာဘွဲ့သင်တန်းကို ဆက်လက် တက်ရောက်မည်ဖြစ်သည်။

ဓာတ်ပုံ - Burmese Hearts
7Day News Journal

ကမ္ဘာ့အလှဆုံး အမျိုးသမီး သိပ္ပံပညာရှင် - Hedy Lamarr

ပုံမှာ မြင်တွေ့နေရတာက မင်းသမီးတော့ မှန်ပါတယ်။ သို့ပေမယ့် အနုပညာ တစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ သူမဟာ သိပ္ပံပညာရှင် လည်း ဖြစ်ပါတယ်။

ကမ္ဘာ့အလှဆုံး သိပ္ပံပညာရှင်၊ ဥရောပရဲ့ အလှဆုံး အမျိုးသမီး လို့ မှတ်တမ်းတင်ခဲ့တဲ့ Hedy Lamarr ဟာ ၁၉၁၃၊ နိုဝင်ဘာ၉ ဖွားဖြစ်ပါတယ်။


အနုပညာ သက်တမ်း ၁၉၃၀ မှ ၁၉၅၈ ကြားမှာ အောင်မြင်မှု ယူခဲ့သလို သိပ္ပံပညာလောက မှာလည်း အောင်မြင်မှု တစ်ခုယူ ခဲ့ပါတယ်။ ဒါကတော့ ၁၉၄၀ နောင်းပိုင်းကာလ က(၁၉၄၁-၄၂) မှာ ကြိုးမဲ့ဆက်သွယ်ရေး စနစ်တစ်ခု တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကြားဖြတ်ထောက်လှမ်းလို့မရတဲ့ ကြိုးမဲ့ ဆက်သွယ်ရေးစနစ်ကို အိုင်ဒီယာရပြီး အနုပညာ- ဂီတ ဖန်တီးရှင် George Antheil နဲ့ ပူးပေါင်း တီထွင်ခဲ့ ရာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ Wi-LAN စနစ်ဆိုတာ Hedy Lamarr တို့ စတင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို အနုပညာလောကမှာပါ မင်းသမီးအဖြစ် သရုပ်ဆောင်နိုင် တဲ့အပြင် သိပ္ပံပညာရပ်မှာလည်း ထူးချွန်တဲ့ Hedy Lamarr ကို ကမ္ဘာ့အလှဆုံး အမျိုးသမီး သိပ္ပံပညာရှင်လို့ မှတ်တမ်း တင်ခဲ့တယ်လို့ သိရပါတယ်။

Ref: YoYarLay

၂၅ နာရီတိုင်း ကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံနေရ

ငြိမ်းငြိမ်းနိုင်
အတွဲ (၁၁)၊ အမှတ်(၄၉)

ကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်သည်နှင့် မူလတန်း အရွယ် ကျောင်းသူ၊ ကျောင်းသားလေး များ ကျောင်းတံခါးပေါက်ဆီ အော်ဟစ်ခုန်ပေါက်ပြိုဆင်းလာကြသည်။ ထိုကလေးများအကြား သနပ်ခါး ပါးကွက်ကြားလေးနှင့် အဖြူအစိမ်းဝတ် ကျောင်းသူကလေးက ထူးထူးခြားခြား ရှိနေ၏။

ရှေ့နဖူးပေါ် ၀ဲကျနေသည့် ဆံယဉ်စအောက် မျက်လုံးအစုံက ကျောင်းတံခါးပေါက်ဆီ လှမ်းမျှော် ငေးကြည့်ရင်း မလှုပ်မယှက် တစ်လှမ်းချင်း ခပ်မှန်မှန် လမ်းလျှောက်နေသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ ထိုကျောင်းသူလေးသည် လွန်ခဲ့သည့် ၁၂ ရက် (ဇန်န၀ါရီ ၂၈ ရက်) က အသိမိတ်ဆွေ ဆွေမျိုးသားချင်း မဟုတ်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး၏ လှည့်ဖြား ခေါ်ဆောင်ကာ သားမယား ပြုကျင့်ခံရသော ရှစ်နှစ်အရွယ်သာ ရှိသေးသည့် ဒုတိယတန်းကျောင်းသူလေး တစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးမှုခင်းဖြစ်သည့် အလိုမတူဘဲ ကာမစပ်ယှက်ခံရသော မုဒိမ်းမှုများထဲမှ ထက်ဝက်နီးပါးမှာ ၁၆ နှစ်အောက် ကလေးသူငယ်များဖြစ်ပြီး အသက် ၁၄ နှစ်မှ ၂၅ နှစ်အရွယ်မှာ သားမယားပြုကျင့်မှု အများဆုံးခံရသော အုပ်စုတွင် ပါဝင်လျက်ရှိသည်။
အကြမ်းဖျင်း တွက်ချက်မှုအရ မြန်မာနိုင်ငံတွင် ၂၅ နာရီတိုင်း ကလေးသူငယ်တစ်ဦး အဓမ္မပြုကျင့် ခံနေရခြင်းဖြစ်သည်။

ကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ် (နှစ် ၂၀) ဖြစ်စေ၊ ဆယ်နှစ်အထိထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင် သည့် မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ မုဒိမ်းမှုများ မြင့်တက်နေခြင်းမှာ အခြေခံကျသော ပညာပေး လုပ်ငန်းများကို လူထုအဖွဲ့အစည်း အလွှာအသီးသီး ပါဝင်ဆောင်ရွက် တပ်လှန့်ရမည့် အရေးကြီးဆုံး အချိန်ဖြစ်ကြောင်း သတိပေးခေါင်းလောင်းသံပင် ဖြစ်သည်။

“ဒီကလေးတွေကိစ္စက တော်တော် စိုးရိမ်စရာကောင်းနေပြီ။ ပြီးတော့ ဒါဟာ မြန်မာ့ လူ့ဘောင်အဖွဲ့အစည်း အတွက် ဘယ်လိုမှ မကောင်းနိုင်တဲ့ ကိစ္စဖြစ်တယ်။ လူ့ဘောင်အဖွဲ့အစည်း အနေနဲ့ကို ကန့်ကွက်တားဆီး ပညာပေးနိုင်ဖို့ လုပ်ဆောင်ရတော့မယ်” ဟု ရှေ့နေများ ကွန်ရက် မှ တရားလွှတ်တော် ရှေ့နေဦးကိုနီ ကပြောသည်။

၂၀၁၁ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း ၆၀၅ မှုဖြစ်ပွားခဲ့ရာတွင် ကလေးသူငယ် အမှုမှာ ၃၅၉ မှု ဖြစ်ပွားခဲ့ကာ ၂၀၁၂ ခုနှစ်တွင် မုဒိမ်းမှုပေါင်း ၆၅၄ မှုတွင် ကလေးသူငယ် အမှုမှာ ၃၁၈ မှုပါဝင်ခဲ့သည်။

“ယောက်ျားတစ်ယောက်အတွက် ဒီလိုစိတ်တွေဖြေဖျောက်ဖို့ အပြင်မှာ လွယ်လွယ်ကူကူတွေ ရှိရက်နဲ့ ဘာကြောင့် ကလေးလေးတွေကို ဒီလို စမ်းသပ်ကြရတာလဲ။ လက်တည့်စမ်းချင်ရတာလဲ။ ဒီလိုကိစ္စတွေကို လုံးဝ လက်ခံလို့ မရဘူး။ လက်ခံနေလို့ မဖြစ်ဘူး” ဟု ရန်ကုန် ဆင်ခြေဖုံးရပ်ကွက် တစ်ခုတွင် ရပ်ရွာ အခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စေတနာ့ ၀န်ထမ်း အဖြစ် ဆောင်ရွက်နေသူ အမျိုးသမီး တစ်ဦးက ပြောသည်။

ယဉ်ကျေးသော လူ့အဖွဲ့အစည်းအဖြစ် ဆက်လက် ရပ်တည်နိုင်ရန် အပြစ်ပေး အရေးယူသည့် အပိုင်းထက် ကြိုတင်ကာကွယ်မှုကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က ဆိုသည်။

“ဥပဒေကတော့ နောက်ဆုံးအဆင့်ပေါ့လေ။ ကြိုတင်ကာကွယ်တဲ့ အပိုင်းက အရေးကြီးတယ်။ သမီးမိန်းကလေး မိဘတွေအတွက် ဟောပြောပွဲတွေ လုပ်ပြီး ဟောပြောရမယ်။ နောက်ပြီး ယောက်ျားလေးတွေ အတွက် ကိုလည်း ဒါမျိုးတွေကို ဒီလူ့အဖွဲ့အစည်း က လက်မခံဘူး ဆိုတာကို ပညာပေးရမယ်” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကလေးငယ်များအား အခြေခံ၊ အလယ်တန်း၊ အထက်တန်း အဆင့်များတွင်သာမက တက္ကသိုလ်များတွင်ပင် လိင်ပိုင်းဆိုင်ရာ ပညာပေးမှုများ မရှိသည့်အတွက် မိန်းကလေးငယ်များ၏ လိင်ပိုင်း ဆိုင်ရာ အသိပညာ အားနည်းမှုများကလည်း မုဒိမ်းမှု ကျူးလွန်သူများအတွက် (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား လုပ်လိုသူများ အတွက် အခွင့်ကောင်းဖြစ်နေသည်။

“တက္ကသိုလ်တွေမှာ တစ်နှစ်တစ်ကြိမ် လာပြီးတော့ ကျောင်းသားနှင့် ဆရာသပ်သပ်၊ ဆရာမနှင့် ကျောင်းသူသပ်သပ် လိင်ပညာပေး လာလုပ်တာမျိုးတော့ ရှိပါတယ်။ ပုံမှန် သင်ကြားပေးတာမျိုးတော့ မရှိဘူး” ဟု တက္ကသိုလ် ကထိက ဆရာတစ်ဦးက ဆိုသည်။

အလားတူ ပညာသင်ကြားမှုအပိုင်းတွင် လူ့ကျင့်ဝတ် လူ့စည်းကမ်းပိုင်း ဆိုင်ရာ အခြေခံ သင်ကြားပေးနိုင်သည့် အခြေအနေ များကလည်း နည်းပါးနေသည်။ ပညာရေးဘက်တွင် အားနည်းချက် ရှိရုံသာမက စာပေ၊ အနုပညာအပိုင်း တွင်လည်း နူးညံ့သိမ်မွေ့စေသည့် လူအချင်းချင်း မြတ်နိုး တွယ်တာစေသော စာပေအနုပညာမျိုး လည်း ရှားပါး လာသည်။

“မြန်မာလူမျိုးတွေက ပိုက်ဆံဆင်းရဲသွားတာတင် မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာပါ အကုန်လုံး ကျဆင်း နိမ့်ကျသွားတာ။ လူရိုင်းတွေ သာသာပဲ ရှိတော့တဲ့အတွက် စာပေအနုပညာနဲ့ပဲ ဒါတွေကို ပြန်ထိန်းရပါမယ်” ဟု စာရေးဆရာ မောင်သာချိုက သုံးသပ်သည်။

ထို့အပြင် ဆင်ခြေဖုံး ရပ်ကွက်များရှိ လူနေထိုင်မှုစနစ်၊ ကျပ်သောင်းဂဏန်းတန် အမ်ပီဖိုးမှစ၍ မိုဘိုင်းဖုန်းဟန်းဆက် အမျိုးမျိုးကနေ အလွယ်တကူ ကူးယူကြည့်ရှုနိုင်သည့် ညစ်ညမ်းဗီဒီယို အပိုင်းအစများ ၏ ပျံ့နှံ့မှု လွယ်ကူလာခြင်း၊ လူတစ်ဦးချင်းစီ၏ ကျင့်ဝတ်နှင့် အကျင့်သိက္ခာစောင့်စည်းမှုပိုင်း အားနည်းလာမှု စသည်တို့ကလည်း ယခုကဲ့သို့ ကလေးသူငယ် အမှုများ ဖြစ်ပွားလာရခြင်း၏ အဓိက အခြေခံ အကြောင်းအရင်းများဖြစ်သည်။

“ကျွန်တော်တို့ဆီမှာက ကိုယ့်သမီးလေးက ကလေးလေးဆိုတော့ ဒါမျိုးတွေဖြစ်မယ် ဆိုတာတောင် မတွေးမိကြဘူး။ မိဘတွေက။ ဒါကြောင့် အခုချိန်ကစပြီး ကြီးကြီးငယ်ငယ် ကိုယ့်သားသမီးကို ပြောပြ ထားရတော့မယ်။ သိသင့်သလောက်လေး ပညာပေးထား ရတော့မယ်။ ကျောင်းတွေမှာလည်း ပညာပေးဖို့ လိုလာပါပြီ” ဟု ဦးကိုနီက အကြံပြုစကားဆိုသည်။

ကလေးနှစ်ယောက်တွင် တစ်ယောက် လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှု ခံနေရသည့် အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၂ နှစ်ကုန်ပိုင်းက အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခံခဲ့ရပြီး သေဆုံးသွားခဲ့သည့် နောက်ဆက်တွဲအဖြစ် အိန္ဒိယ သမ္မတက အဓမ္မပြုကျင့်သူ များကို သေဒဏ်စီရင်နိုင်သော ဥပဒေသစ် တစ်ရပ် ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်သို့ ပေးပို့ခဲ့သည်။ အိန္ဒိယ၏ လက်ရှိ ဥပဒေအရ ကျူးလွန်သူကို ထောင်ဒဏ် ၇ နှစ်မှ ၁၀ နှစ်အထိသာ ချမှတ်နိုင်သည်။

လက်ရှိမြန်မာနိုင်ငံ၌ လုံလောက်သည့် ဥပဒေများရှိပြီးသားဖြစ်ပြီး ဥပဒေ အကောင်အထည်ဖော်သည့် တရားရုံးများရှိ တရားသူကြီး များက မုဒိမ်းမှု ကျူးလွန်သူများအား များသောအားဖြင့် သက်ညှာလေ့ မရှိကြောင်း တရားရေး အသိုင်းအ၀ိုင်းက ဆိုသည်။

“ကျွန်မ လိုက်ဖူးတဲ့ အမှုတော်တော်များများမှာတော့ အပြစ်ပေးတာ ထောင်ဒဏ် ခုနစ်နှစ် ၀န်းကျင်အများစု တွေ့ရတယ်။ ဒါပေမဲ့ အမှုတစ်ခုမှ အောက်ရုံး(မြို့နယ် တရားသူကြီးရုံး) က ဘယ်လောက် လိုက်လိုက် ငါးနှစ်ကို မလျှော့ပေမယ့် အပေါ်ခရိုင်ရုံး အယူခံဝင်တော့ တစ်နှစ် ဖြစ်သွားတာမျိုး လည်း ရှိဖူးတယ်” ဟု မုဒိမ်းမှုများတွင် အများဆုံး လိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဒေါ်မြတ်စုထွေး က ပြောသည်။

အပျိုစင်ဘ၀ကို တန်ဖိုးထားမှုမြင့်မားသည့် အစဉ်အလာ ကြီးမားသော မြန်မာနိုင်ငံ အတွင်းမှ သမီးရှင်များအဖို့၊ မိသားစု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအဖို့ အရွယ်မရောက်သေးသည့် သမီးမိန်းကလေး တစ်ယောက် အဓမ္မစော်ကားပြုကျင့် ခံရခြင်းက ၎င်းတို့အတွက် အကြီးမားဆုံးသော အိပ်မက်ဆိုးကြီး ဖြစ်သည်။

ဒုတိယတန်းကျောင်းသူလေး နည်းတူ ယဉ်ကျေးသော လူ့အဖွဲ့အစည်း အတွက် လုံးဝ လက်မခံနိုင်သော နောက်ဖြစ်ရပ်တစ်ခု ကလည်း ပြီးခဲ့သည့်နှစ်လခန့် ကပင်ဖြစ်ပွားခဲ့သေးသည်။

လမ်းပင် မလျှောက်နိုင်သည့် ၁၂ နှစ်အရွယ် မသန်စွမ်းကလေးငယ် တစ်ဦးအား စော်ကား ပြုကျင့်ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။ သမီးဖြစ်သူ အတွက် ယူကျုံးမရ ဖြစ်နေသည့် ဖခင်ဦးတင်ထွန်း(အမည်လွဲ) က ထိုခါးသီးလွန်းတဲ့ အဖြစ်အပျက်ကို ယနေ့အထိ နည်းနည်းမျှ မမေ့နိုင်။

“ကျွန်တော့် သမီးလေးက လမ်းတောင်မလျှောက်နိုင်တဲ့ မသန်စွမ်းလေးပါဗျာ။ သိပ်လိမ္မာပါတယ်။ ခုတော့ သမီးလေးရော၊ မိသားစုပါ တစ်ရွာလုံး အရှက်တကွဲ အကျိုးနည်းဖြစ်ကုန်ပါပြီ” ဟု ဦးတင်ထွန်းက မခံမရပ်နိုင် စကားဆိုသည်။

သမီးဖြစ်သူက မိဘနှစ်ပါးကို မျက်စိအောက်က အပျောက်မခံနိုင်တော့လောက်အောင် ကြောက်လန့်မှု ခံစားနေရခြင်းကို ဦးတင်ထွန်းရင်ထဲတွင် မချိ။

“သမီးက အိမ်မှာနေခဲ့ရမှာ ကြောက်တယ်ပဲ ပြောနေတာ။ ကိုယ့်အိမ်ကိုယ့်ရွာမှာတောင် ကလေးထားပြီး အလုပ်သွားလို့ အဆင်မပြေဘူး။ သူ့ကို မထားခဲ့ပါနဲ့ ကြောက်တယ်ပဲ ပြောနေတာ” ဟု ဆိုသည်။

ကလေးငယ်များအတွက် လူမှုဘ၀တွင် အရိပ်မည်းကြီးတစ်ခု၊ အမည်းစက်ကြီးတစ်ခုအဖြစ် ထင်ကျန် ရှိနေခြင်းထက် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု စိုးရိမ်ကြောက်လန့်မှုတို့က ပို၍ ကြီးမားသည်။

“ပတ်ဝန်းကျင် ပြောင်းလဲလိုက်ရင်တောင် မိသားစုနဲ့ ကလေးအတွက် အရိပ်မည်းအောက်က လွတ်မြောက်နိုင်ပေမယ့် ကလေးရဲ့ စိတ်ထဲက စိတ်ဒဏ်ရာက ပျောက်ဖို့မလွယ်ကူပါဘူး” ဟု ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စေတနာ့ဝန်ထမ်း အဖြစ် ဆောင်ရွက်နေသူ အမျိုးသမီးက သူ့အတွေ့အကြုံကို မျှဝေသည်။

တကယ်တော့ အဓမ္မပြုကျင့်မှုအဆင့်ထိ ရောက်မသွားဘဲ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများစွာလည်း ရှိနေနိုင်သေးသည်။

ညီအစ်ကိုမောင်နှမ၀မ်းကွဲ၊ ဦးလေး၊ အဘိုး၊ ပထွေး၊ အဖေ မကျန်အိမ်နီးချင်း ပတ်ဝန်းကျင်ရှိ အမျိုးသားများက လိင်ပိုင်းဆိုင်ရာ စိတ်ပြေပျောက်မှုအတွက် ကလေးငယ်များကို အသုံးချခြင်းများကလည်း ရှိနေသည်။
ထို့ထက်လွန်သည့် အမှုအခင်းများကလည်း လေး၊ ငါးနှစ်အတွင်း မကြားဝံ့ မနာသာ ထွက်ပေါ်လာခဲ့ပြီးဖြစ်သည်။

“ခုဆိုဘယ်သူနဲ့မှ စိတ်ချလို့ မရဘူး။ အမှုတွေကြားရရင် စိတ်မချမ်းသာစရာချည်းပဲ။ သမီးတွေကို စိတ်ပူရတာနဲ့ စီးပွားရှာရတာနဲ့ မိဘတွေလည်း မလွယ်ဘူး” ဟု သမီးနှစ်ယောက်ကို စောင့်ရှောက်နေသည့် မိခင်တစ်ဦးက စိတ်မသက်မသာ စကားဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် ရုံးရှောင် ဂတ်ရှောင်ကြရင်း ရဲမှတ်တမ်းများ၊ အဖွဲ့အစည်းများ၏ မှတ်တမ်းများအတွင်း ၀င်မသွားသည့် အမှုများစွာကလည်း ရှိနိုင်သည်။ တစ်ရှက်က နှစ်ရှက် မဖြစ်ရအောင် တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် ပြီးသွားသည့် အမှုတွေကလည်း မည်မျှ ရှိနေမှန်းမသိနိုင်။

ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျောင်းဝန်းကျင်မှာပင် လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားဖို့ စိုးရွံ့နေရသည့် ဒုတိယတန်းကျောင်းသူမလေး လို စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုခံစားနေရသည့် ကလေးငယ်တွေ မည်မျှရှိနေသည်ကိုလည်း မသိနိုင်ပေ။

ထို့ကြောင့် အကြမ်းဖျင်းတွက်ချက်မှုအရ ၂၅ နာရီလျှင် ကလေးသူငယ်တစ်ဦး အဓမ္မပြုကျင့်ခံနေရခြင်းသည် အစိုးရနှင့် မြန်မာ့လူ့အဖွဲ့အစည်းပေါင်းစုံ ပူးပေါင်းအဖြေထုတ်ရမည့် အရေးကြီးသော ပြဿနာတစ်ရပ်ပင် ဖြစ်တော့သည်။

သံဃာတော်များ လူထွက်ရခြင်းအကြောင်း (၄)ချက်

အရှင်ဘုရား သံဃာတော်တွေ လူထွက်သွားကြတာ ဘာကြောင့်ပါလဲလို့ ခဏခဏ လာမေးနေကြတဲ့ သူတွေအတွက် မြတ်ဗုဒ္ဓ မိန့်တော်မူခဲ့တာကို ဦးဇင်းဒေါက်တာကျမ်းစာအတွက် ရဟန်းတော်များနဲ့ဆိုင်ရာ ရှာဖွေရင်း ကျမ်း အထောက်အထားပါ တွေ့ရှိတာနဲ့ ရေးသားပေးလိုက်ပါတယ်။

၁။ ရဟန်းနဲ့ဆိုင်ရာများ ဆိုဆုံးမသည်ကို မလိုက်နာနိုင်သောကြောင့်လည်းကောင်း၊
၂။ စားချင်၊ ၀တ်ချင်၊ သုံးဆောင်ချင်တာများမရဘဲ မစားချင်၊ မ၀တ်ချင်၊ မသုံးဆောင်ချင်တာများ သုံးဆောင်ရလို့လည်းကောင်း။
၃။ သူများ ကာမဂုဏ်ငါးပါးခံစားသည်ကိုမြင်ပြီး ခံစားချင်စိတ်ဖြစ်သောကြောင့်လည်းကောင်း၊
၎။ လုံခြုံစွာ ၀တ်ဆင်မထားသော မိန်းမတွေမြင်ပြီး ကာမစိတ် မထိန်းနိုင်လို့လည်းကောင်း သာသနာဘောင်မှ လူ့ဘောင်သို့ ကူးပြောင်းသွားကြရခြင်း ဖြစ်ပေသည်။ (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဘိက္ခုဝဂ်၊ စာတုမသုတ်၊ (မ၊ ၂၊ ၁၁၉)

မြတ်ဗုဒ္ဓလက်ထက်ကတောင် ဒီအချက်တွေကြောင့် လူထွက်ကြတယ် ဆိုတော့ ဒီဘက်ခေတ် မှာ စောင့်ထိန်းဖို့ ခက်လာတဲ့ ရဟန်းစည်းကမ်းတွေ ကလည်း ရှိနေ၊ စားစရာကလည်း မျိုးစုံ၊ ၀တ်ချင်စရာကလည်း မျိုးစုံ၊ သုံးဆောင်ချင်စရာ ပစ္စည်းတွေကလည်း မျိုးစုံဖြစ်နေ၊ ကာမဂုဏ် ခံစားမှုတွေနဲ့ ပတ်သတ်ပြီးတော့လည်း ဖြစ်ပျက်နေ တာတွေက နေရာတကာမှာ မျိုးစုံဖြစ်နေ၊ လုံခြုံစွာ ၀တ်ဆင်မထားတဲ့ မိန်းမတွေက ပေါများနေတဲ့ခေတ် ဆိုတော့ သာသနာဘောင် ၀င်ရောက်မယ့်လူ နည်းလာနေတာ အမှန်ပါ။

ဒါပြင် အဆိုးဆုံက သာသနာဘောင်ရောက်လာပြီး သာသနာထိခိုက်အောင် လုပ်နေတဲ့သူတွေ ကလည်း ရှိနေပြန်တယ်။ သာသနာဘောင်မှာ ကောင်းကောင်းမွန်မွန် နေနိုင်တဲ့သူတွေ ကျပြန်တော့လည်း အထက်ပါ(၄)ချက်ထဲက တစ်ချက်ချက်ကြောင့် လူထွက် သွားကြပြန်ရော။ အဲဒီတော့ သာသနာဘောင် ရှိနေတဲ့ သံဃာများအနေနဲ့ မြတ်ဗုဒ္ဓ တည်ထောင်ခဲ့တဲ့ သာသနာ ယုတ်လျော့မသွားဘဲ ထပ်ဆင့် တိုးပွားပြီးပဲ နေအောင် မိမိစိတ်ကို ထိန်းနိုင်ပါမှ တော်ပေမည်။ ဒကာ၊ ဒကာမတွေလည်း တက်နိုင်သမျှ သာသနာအတွက် အမှန်အကန် အကျိုးများအောင် လုပ်မယ့် သံဃာတော်များကို ၀ိုင်းဝန်း ကူညီစောင့်ရှောက် ပေးကြဖို့ လိုပါတယ်။ အမှန်အကန်သမားတွေ မဟုတ်တာကို သွားလှူနေပြီး အမှန်အကန် သမားဖြစ်မယ့် ကိုရင်၊ ရဟန်းလေးတွေကို လျစ်လျူရှု ပစ်ထားမယ် ဆိုရင်တော့ အနာဂတ် မျိုးဆက်သစ်များဟာ နံပါတ်(၂)အချက်ကြောင့်လည်း သာသနာဘောင် ကနေ လျော့ သွားနိုင်ပါတယ်။ အဲဒီတော့ ဆရာဒကာ လက်တွဲညီမှ သာသနာ ပြန့်ပွားမှာမို့ ဆရာဖြစ်တဲ့ သံဃာတော်တွေကလည်း မိမိစိတ်ကို နိုင်အောင် ထိန်းပြီး ဒကာ၊ ဒကာမတွေကလည်း တက်နိုင်သမျှ ၀ိုင်းဝန်း ကူညီပေးကြမှသာ မြတ်ဗုဒ္ဓ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ (၄၅)နှစ်အတွင်း တစ်ရက်မှ (၂)နာရီလောက်သာ အနားယူပြီး ပင်ပန်းခံ တည်ထောင်ပေးခဲ့တဲ့ သာသနာတော်ကြီးဟာ အဓွန့်ရှည်စွာ တည်တံ့ပြီး သကာလ အမြဲထာဝစဉ် တိုးတတ်ပြန့်ပွားနေပါလိမ့်မယ်။

သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား


Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။

ပထမ ၂ လခွဲကာလအတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်စခန်းတစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါက ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး ဖြစ် ပါတယ်။ သို့ပေမယ့် ဂျာမန် စနိုက်ပါ ၃၆ ယောက်ကိုတောင် ပစ်သတ်နိုင်ခဲ့ပါတယ်။ အမှန်တကယ် သတ်နိုင်တာက လေးရားကျော် ရှိပြီး စနိုက်ပါ သေနတ်နဲ့ ပစ်သတ်တာကတော့ ၃၀၉ ယောက်ရှိတယ်ဆိုတာ တရားဝင် မှတ်တမ်း ရှိခဲ့ပါတယ်။ သူမရဲ့  သမိုင်းအကျဉ်းက ဒီလို ဖြစ်ပါတယ်။

၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားအင်ပါယာ, Bila Tserkva မှာ မွေးဖွားပါတယ်။ သမိုင်းဘာသာရပ်နဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေ စဉ်ပဲ ဒုတိယက ကမ္ဘာစစ် ဖြစ်တာကြောင့် ဆိုဗီယက် တပ်မတော်ထဲကို အသက် ၂၄ နှစ်ကစတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၉၄၁ နောင်းပိုင်း ကာလ ဖြစ်ပြီး စစ်သူနာပြုလုပ်ဖို့ အားလုံး ဝိုင်းဖိအား ပေးပေမယ့် စစ်တိုက်ဖို့ ပဲ ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။

ရုရှား ရိုင်ဖယ်တပ် ၂၇ ကို ဝင်ခွင့်ရရှိခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများ ရရှိခဲ့ ပါတယ်။ သူ့လိုပဲ ရုရှားမှာ အမျိုးသမီး စနိုက်ပါ အယောက် ၂၀၀၀ မွေးဖွား ခဲ့ ပြီး စစ်ပြီးတော့ အယောက် ၅၀၀ ပဲ အသက်ရှင်ကျန်ခဲ့ ပါတယ်။

တပ်ထဲစဝင်ပြီး နာရီပိုင်းပဲကြာတဲ့ တိုက်ပွဲမှာ ဂျာမန် ၂ ယောက် သတ်နိုင် ပါတယ်။ အသုံးပြုတဲ့ သေနတ်ကတော့ SVT-40 semi-automatic ရိုင်ဖယ်ဖြစ်ပြီး တယ်လီစကုတ်က ၃.၅ ဖြစ်ပါတယ်။ နောက်ပိုင်း တိုက်ပွဲတွေ မှာလည်း ယင်းသေနတ်ကိုသာ အများစု အသုံးပြုရပြီး ရန်သူပေါင်း ၃၀၉ ဦးကို စံချိန်တင် သတ်နိုင်ခဲ့ပါတယ်။

စစ်ပြီးတဲ့အခါကျတော့ ဆီုဗီယက်ပြည်ထောင်စုကပေးတဲ့ ထူးချွန်ဆု၊ ဂုဏ်ပြု ဆု များ ရရှိပါတယ်။ ကနေဒါ၊ အမေရိကန်တို့မှ အစိုးရများကလည်း ဖိတ်ကြားတဲ့အတွက် သွားရောက်တွေ့ဆုံပြီး ဟောပြောပွဲတွေ မှာလည်း ဟောပြောဖို့ အဖိတ်ကြားခံရပါတယ်။ အောက်တိုဘာ ၁၀ ရက်၊ ၁၉၇၄ ခုနှစ် (အသက် ၅၈ နှစ်) အရွယ်ရောက်တော့ မော်စကိုမြို့ မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

သို့ပေမယ့် သူမရဲ့  စွမ်းဆောင်ရည်ကြောင့် ယနေ့တိုင် ရုရှားနဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံများမှ စံထားရတဲ့ အမျိုးသမီး သူရဲကောင်းအဖြစ် သမိုင်းကျန်ရှိလျက် ရှိကြောင်း သိရပါတယ်။

Ref: wiki
International news for myanmar

စပိန်တက္ကသိုလ်က ပြည့်တန်ဆာသင်တန်း


တကယ်ကို မယုံနိုင်စရာပါပဲ။ သို့ပေမယ့် တကယ်သင်နေပါတယ်။ ဒီပလိုမာတန်း၊ ဘွဲ့တန်းတောင် ခွဲထားပါသေးတယ်။

၂၀၁၂ခုနှစ် ပညာသင်နှစ်မှ စတင်ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ တက္ကသိုလ် ကျောင်း တစ်ခုက ဖြစ်ပါတယ်။ သင်ရိုးမှာ ကမ္ဘာ့ရှေး အကျဆုံး ပြည့်တာဆာ လုပ်ငန်းစတည်တဲ့ ဟိန္ဒူယ သမိုင်းထဲက Kama Sutra တို့အကြောင်းလည်း ပါဝင်ပါတယ်။

ယင်းသင်ရိုးစတင်စကတော့ တားဆီးသူတွေများပါတယ်။ တရားစွဲတဲ့ အဖွဲ့တွေတောင် ပေါ်ပေါက်ခဲ့ပြီး ယခုအခါကျတော့ ယင်းဘာသာရပ်မှာ လူတိုး မပေါက်တောင် ဖြစ်နေပါတယ်။ ဘာလို့လဲဆို စပိန်ဟာ ကမ္ဘာ့ မှာ ပြည့်တန်ဆာလုပ်ငန်း တွင်ကျယ်တဲ့ နိုင်ငံများထဲက တစ်ခုအပါ အဝင် မို့ ဖြစ်ပါတယ်။ ယင်းကနေ ရတဲ့ ဝင်ငွေဟာ တိုင်းပြည်ဝင်ငွေကို များစွာ အထောက်အပံ့ပြုတယ်လို့ဆိုပါတယ်။ လက်တင်အမေရိက၊ အာဖရိက၊ အာရှမှ ဆင်းရဲနွမ်းပါးသူများလာရောက် နေထိုင်တဲ့အတွက် Prostitution Business ကလည်း ကြီးကြီးမားမားကို ဖြစ်နေပါတယ်။

ယခု ယင်းတက္ကသိုလ်က မေဂျာဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားပေးပြီး ကျောင်းပြီးတဲ့ခါ ယင်းကျောင်းမှာပဲ ဆရာပြန်လုပ် တာမျိုး၊ ပြည့်တန်ဆာ စီးပွားရေးမှာ နာလည်းကျွမ်းကျင်တဲ့ ပညာရှင်လိုမျိုး၊ ကိုယ်တိုင် စီးပွားရေးပြန်လုပ်တာမျိုး အစရှိသဖြင့် အလုပ်အကိုင်အခွင့် အလှမ်း အမျိုးမျိုးကို ဖန်တီးပေးတယ်လို့ ဆိုပါတယ်။ လက်တွေ့၊ စာတွေ့ လည်း သင်တယ်ဆိုတဲ့ ယင်း 'professional instruction' in prostitution ဘာသာရပ်ဟာ ကမ္ဘာမှာ ပထမဆုံး ဖြစ်ကြောင်း သိရပါတယ်။

Myanmar Online News

မြန်မာမှာ KFC ဖွင့်တော့မည်...

ကမ္ဘာကျော် အမေရိကန်ကြက်ကြော်ဖြစ်တဲ့ KFC ဆိုင်ခွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ လာမယ့် ဧပြီလလောက် ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုင်ပိုင်ရှင်က ပြောဆိုလိုက်ပါတယ်။


Kamayut Media

မြင်နိုင်သော မျက်လုံးအတု တီထွင်အောင်မြင်

တကယ်မြင်နိုင်တဲ့ မျက်လုံးအတုပဲ ဖြစ်ပါတယ်။ အမေရိကန် ဆေးနှင့် ကျန်းမာရေး စစ်ဆေးရေးအဖွဲ့က အသိအမှတ်ပြုပြီးရင် အသုံးပြုနိုင်တော့ မှာ ဖြစ်ပါတယ်။

စက်ရုံမျက်လုံးလို့လည်းခေါ်နိုင်ပါတယ်။ အတွင်းမှာ ကင်မရာပါပြီး အီလက်ထရုတ် အချောင်း ၆၀ လောက် အသေးစိတ်ကို ထည့်သွင်းထား ပါတယ်။ တကယ့် မျက်လုံးတစ်လုံးနီးနီး မမြင်ရရင်တောင် သာမန်လူတစ်ယောက် လမ်းလျှောက်သလိုပဲ သွားလာအသုံးပြုနိုင်ရမယ်၊ စာဖတ်နိုင်ရမယ်လောက် ထိ ကို ကြိုးပမ်းထားပါတယ်။

Megapixel အနိမ့်အမြင့်က နောက်မှ တစ်ဆင့်ချင်းဆီသွားလို့ အဆင်ပြေပါ တယ်။ လက်ရှိ ဖြတ်သန်းခဲ့တဲ့ အဆင့်ကတော့ မျက်ခွံအိမ်မှာပါတဲ့ အာရုံကြောစနစ်အားလုံးနဲ့ စက်ရုပ်မျက်လုံးက ဝါယာနဲ့ ဆားကစ် များအချိတ် အဆက် မိစေဖို့ ဖြစ်ပါတယ်။ ယခု အဲ့အဆင့်ကို အောင်မြင်သွားလို့ မျက်မမြင်၃ လူအယောက် ၆၀ လောက်နဲ့ စမ်းသပ်ကြည့် တာ အောင်မြင် တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အနာဂတ်မှာ မျက်မမြင်များအတွက် အမြင်အာရုံ ပြန်လည်ရရှိစေမယ့် နည်းလမ်း တစ်ခုပဲ ဖြစ်ကြောင်း သိရ ပါတယ်။

TechSpaceJournal

အိုင်ကျူရမှတ် ၁၆၁ မှတ်ရရှိထားသည့် ၁၆ နှစ် မိန်းကလေး ရှောင်ပုန်းနေရ



IQ အမှတ် ၁၆၁ မှတ်ရရှိထားသည့် လော်ရင်း မာဘယ်ဆိုသည့် မိန်းကလေးတစ်ဦးသည် သာမန်မိန်းကလေး တစ်ဦးဘဝအတိုင်း နေထိုင်လိုသဖြင့် လူများနှင့်ရှောင်ကာ ထွက်ပြေးနေရကြောင်း သိရသည်။ လော်ရင်းသည် လက်ရှိ အနေအထားတွင် အိုင်ကျူရမှတ် ၁၆၁ မှတ်ဖြစ်သဖြင့် ဘေဂိတ်စ်၊ စတီဖင် ဟော့ကင်း၊ အဲလ်ဘတ် အိုင်စတိုင်းတို့ထက် အိုင်ကျူမြင့်သူဟု ဆိုရမည်။ သူမအနေဖြင့် သာမန်မိန်းကလေးတစ်ဦးကဲ့သို့ ချစ်သူနှင့် လျှောက်လည်ချင်ပြီး ရိုးသားစွာ နေထိုင်လိုကြောင်း၊ သို့သော် သူမကို လူတွေက လူထူးလူဆန်း တစ်ဦးပမာ နောက်မှ တစ်ကောက်ကောက်လိုက်နေခြင်းကို မနှစ်မြို့ကြောင်း ထို့ကြောင့် လူတွေနှင့် ဝေးရာကို ရှောင်ပုန်း နေရကြောင်း ပြောကြားခဲ့သည်။
သူမကို အိုင်ကျူစစ်ဆေးရာတွင် စတီဖင် ဟော့ကင်းထက်ကျော်လွန်ပြီး ရမှတ် ၁၆၁ မှတ်ဖြစ်နေသည်ကို အံ့သြစွာ တွေ့ရှိကြရသည်။ သူမအနေဖြင့် သာမန်ရမှတ်ဖြစ်သည့် အမှတ် ၁၃၀ လောက်သာ မျှော်လင့်ထား ကြောင်း၊ ကမ္ဘာတွင် ၁၆၂ မှတ်ရသူကို အမြင့်ဆုံးအဖြစ် သတ်မှတ်ကြရာ လော်ရင်းက ယခု ၁၆၁ မှတ်အထိ ရထားသဖြင့် အိုင်ကျူအမြင့်ဆုံးအဖြစ် သတ်မှတ်ရမည် ထင်ကြောင်း စစ်ဆေးသည့်အဖွဲ့မှ ပြောကြားခဲ့သည်။

ချစ်သူများ နေ့ မှာ ချစ်သူ ကို ပစ်သတ်

မသန်မစွမ်း သူများ ရဲ့  အိုလံ ပစ် ပွဲ တော်မှာ အပြေးသမား အနေ နဲ့  ရွှေတံဆိပ် ဆုတွေ ရရှိခဲ့တဲ့ အိုလံပစ် ချန်ပီယံ အော်စကာ ပစ်စတိုရီးယာစ် ဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့  မနက် အစော ပိုင်း မှာ သူ့ ရဲ့ ချစ်သူနာမည်ကျော် မော်ဒယ်(လ်) တစ်ဦး ဖြစ်တဲ့ ရီဗာစတင်း ကမ့် ကို သေနတ် နဲ့ ပစ်သတ် ခဲ့ပါတယ်။ ချစ်သူများနေ့ နံနက် အစောပိုင်း မနက် လေးနာရီမှာ ပရီတိုးရီးယား ကအော်စကာ ရဲ့ တန်ဖိုးကြီးလှ တဲ့ အိမ်ကြီး မှာ သေနတ် ပစ်မှု ဖြစ်ပွား ခဲ့ တာဖြစ်ပါတယ်။

ရီဗာစတင်း ကမ့် က အသက် ၃၀ အရွယ် ရှိ နေ ပြီ ဖြစ် ပြီး အော်စကာ ပရီတိုးရီယာစ်ကတော့ အသက် ၂၆ နှစ် ပဲ ရှိပါသေးတယ်။ သူတို့  နှစ်ဦး ချစ်ကြိုက် ကြတာ နှစ်လ သက်တမ်းလောက် ပဲ ရှိ သေး ပြီး စတင်းကမ့်က မနေ့  က တော့ သူ့  ရဲ့  တွစ်တာ မှာ ချစ်သူများ နေ့ မှာ သူ ပြု လုပ် မယ့် အစီအစဉ်တွေ အတွက် သူ့  ပရိသတ် တွေ ကို ဆု တောင်းမှု ပြု လုပ် ထား ပါတယ်။ အော်စကာ ပရီတိုးရီးယာစ် ကို ရဲက လူသတ်မှု နဲ့  ဖမ်းဆီး ပြီး နောက် အာမခံနဲ့  ပြန်လည် လွှတ်ပေး ခဲ့ ပါတယ်။

အော်စကာ က သူ့  အိမ်ထဲကို ဖောက်ထွင်း ၀င်ရောက် သူ တစ်ဦးလို့  ထင်တာ ကြောင့်စတင်း ကမ့် ကို မှားယွင်း ပစ်သတ် မိတာ ပါ လို့  ပြောပါတယ်။ မော်ဒယ်(လ) ရီဗာစတင်းကမ့် ဟာ ဟာ အမျိုး သမီး အခွင့် အရေး ဆော်သြ လှုံဆော်သူတက်ကြွ သူ တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အုပ်စု လိုက် မုဒိမ်းကျင့် ပြီးသတ်ဖြတ် ခံ ခဲ့ ရတဲ့ Anene Booysen အတွက် ပြည်သူ လူထု နိုးကြား မှု ဖြစ်အောင်လှုံဆော် မှု ပြု ခဲ့ ပါသေးတယ်။ အော်စကာ ပရီးတိုရီးယစ် က သူ့ နိုင်ငံ မှာ ရိုးမော်ဒယ်(လ်) တစ်ယောက် ဖြစ်ပြီး အသက် ၁၁ နှစ် အရွယ် မှာ ပဲ ခြေထောက် ရိုး က ကောင်းမွန်စွာ မထောက် နိုင်တာ ကြောင့်ခြေထောက် နှစ်ဖက် ကို ဖြတ် လိုက်ရတယ်။သူက မသန် ပေမယ့် စွမ်းသူ တစ်ယောက် ဖြစ် ပြီး ပညာရေး မှာ လည်း တက္ကသိုလ် ဘွဲ့  ကိုထူးချွန်စွာ ရရှိခဲ့သူ တစ်ဦး ပါ။

သတင်းစုဗူး

ထမင်းလုံးတစ္ဆေခြောက်ခြင်း (Hypnogogic jerk)

ငယ်ငယ်တုန်းက အိပ်ယာဝင်တဲ့အချိန်ကျရင် အိပ်ပျော်ခါနီးဖြစ်နေတဲ့အချိန် အိပ်မက်လိုလိုနဲ့ တစ်ခုခုထဲ ကျသွားသလိုဖြစ်ပြီး ရင်ထဲမှာအေးခနဲဖြစ်သွား၊ ပြီးရင် ခန္တာကိုယ်မှာရှိတဲ့ ကြွက်သားတွေ ရုတ်တရက် ဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားတာမျိုး ခဏခဏဖြစ်ဖူးပါတယ်။ အခုထက်ထိလည်း တခါတလေ အိပ်မောကျခါနီးဆို ဖြစ်တတ် ပါသေးတယ်။ အရင်တုန်းကတော့ ထမင်းလုံးတစ္ဆေခြောက်တာလို့ မိဘတွေကပြောတတ်ပါတယ်။

အိပ်ခါနီး ထမင်းစားပြီး ထမင်းလုံး နင်းထားမိလို့ဖြစ်တာ ဆိုပြီး ပြောလို့ နောက်ပိုင်း အိပ်ခါနီးတိုင်း ခြေထောက်ဆေးတဲ့ အကျင့် ရသွားရော။ ပာုတ်တာ မပာုတ်တာထက် ကောင်းတဲ့အကျင့်လေးတော့ ဖြစ်သွားတာပေါ့လေ။ ကျနော့်လိုပဲ သူများတွေလည်း ကြုံဖူးမယ် ထင်ပါတယ်။ အခုမှသိပ်ပံ္ပနည်းကျ ဖြေရှင်းချက်လေးတွေ ဖတ်မိလို့ ထပ်ဝေမျှပေးလိုက်ပါတယ်။

အိပ်ပျော်ခါနီးအချိန်မှာ ပြုတ်ကျသလို ခံစားရပါတယ်။ အဲဒီနောက် တကိုယ်လုံး ဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားပါတယ်။ အဲလိုမျိုးအဖြစ်အပျက်ကို Hypnogogic jerk လို့ခေါ်ပါတယ်။ ဖြစ်နိုင်ချေရှိတာတော့ စိတ်ဖိစီးမှုတွေ၊ ကဖင်းနဲ့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မအိပ်ခင် လုပ်ထားရတာတွေနဲ့ သက်ဆိုင်ပါတယ်။ သူလည်းလူဦးရေရဲ့ ၇၀ရာခိုင်နှုန်းလောက်ဖြစ်တတ်တယ် လို့ဆိုပါတယ်။ အိပ်ပျော်ခါနီး အချိန်မှာ တကိုယ်လုံးမှာရှိတဲ့ လူရဲ့ကြွက်သားတွေပာာ ဖြေလျော့သွားပါတယ်။ အနားယူသွားတယ်ပေါ့လေ။ အဲဒါကိုဦးနှောက်က နားလည်မှု လွဲသွားပါတယ်။ ဦးနှောက်က အဲလိုကြွက်သားတွေဖြေလျော့ပြီး အနားယူသွားတယ်လို့ မထင်ဘဲ တင်းတင်းရင်းရင်း ရှိမနေတော့တဲ့အတွက် ခန္ဒာကိုယ်ကြီး ပြုတ်ကျသွားတယ် လို့ ဘာသာပြန်လိုက်ပါတယ်။ အဲလိုဘာသာပြန်ရုံတင် မကဘဲ ခန္ဒာကိုယ်ကိုလည်း တုန့်ပြန်မှုတွေလုပ်ဖို့ စေခိုင်းလိုက်ပါတယ်။ အဲဒီအတွက် ခန္ဒာကိုယ်က ကြွက်သားတွေကလည်း balance ကိုထိန်းဖို့အတွက် ဦးနှောက်ပြောတဲ့ အတိုင်း လိုက်လုပ်လိုက်ပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ပြုတ်ကျသလို ရင်ထဲမှာ အေးသွားပြီး ကြွက်သားတွေ အလုပ်ပြန်လုပ် သွားတဲ့အတွက် ဆတ်ခနဲ့တုန်ပြီး လန့်နိုးသွားတတ်တာဖြစ်ပါတယ်။ သာမန်ဖြစ်တတ်ပေမယ့် မူးယစ်ဆေးတွေဖြစ်တဲ့ မော်ဖင်း၊ ပီာရိုအင်း၊ မက်သဒုန်း စတဲ့ဆေးဝါးတွေ အသုံးပြုသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီလိုမျိုး Hypnogogoic jerk ပာာ အိပ်ပျော်ဖို့ခက်တဲ့သူတွေ၊ အိပ်ယာသက်တောင့်သက်သာ မရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အထူးသဖြင့် မအိပ်မနေ အလုပ်လုပ်နေရတဲ့သူတွေ (စာမေးပွဲနီးလို့ စာကျက်နေရတာမျိုး၊ အလုပ်ပြီးအောင် လုပ်နေရတာမျိုး) မှာဆိုရင် ပြန်အိပ်တဲ့အခါ အိပ်ပျော်ခါနီးအချိန်မှာ ဖြစ်တတ်ပါတယ်။ အဲလိုဦးနှောက်ကို အနားမပေးဘဲ အချိန်ကြာကြာ ခိုင်းထားတဲ့အခါ ဦးနှောက်ကပိုပြီး အမှားအယွင်းတွေ ဘာသာပြန်လို့ပါ။ ငယ်တဲ့အချိန်မှာ ပိုဖြစ်တတ်ပြီး အသက်ကြီးလာတာနဲ့ အမျှ နည်းသွားတတ်ပါတယ်။ သူ့ရဲ့အကြီးဆုံး ဆိုးကျိုးကတော့ အိပ်ရေးပျက်တာဖြစ်ပါတယ်။ ကျနော်လည်း တခါတလေ အရမ်းအိပ်ချင်လို့ အိပ်ပျော်ခါနီးမှာအဲလိုမျိုး Hypnogogoic jerk ဖြစ်သွားရင် လန့်နိုးသွားပြီး ပြန်အိပ်ရ ခက် သွားတတ်ပါတယ်။ အမြဲတမ်းတော့ မပာုတ်ပါဘူး။ ဒါပေမယ့်တချို့သူတွေမှာတော့ ခဏခဏဖြစ်တဲ့အခါနောက်ပိုင်း အိပ်ရမှာကိုကြောက်လာပြီး စိတ်ရောဂါလိုမျိုးဖြစ်သွားတတ်ပါတယ်။

ဒီလောက်ဆို ထမင်းလုံးတစ္ဆေခြောက်တာ ဘယ်လိုမျိုးဖြစ်တာလဲ ဆိုတာ နားလည်လောက်ပြီ ထင်ပါတယ်။ သားသမီးတွေ ရှိရင်တော့ ခြေထောက်ရေဆေးပါစေဦး။ ပာုတ်တာ မပာုတ်တာထက် သန့်သန့်ရှင်းရှင်း ရှိတာပေါ့။

Credit - Dr. Thurein Hlaing Win
Myawady

ဂီတသင်္ကေတများဖြင့် စန္ဒရားကို ပီပြင်စွာ တီးနိုင်သော ၂ နှစ်သမီး



အသက်အရွယ်နှင့်မလိုက် စန္ဒရားကို ပြောင်မြောက်စွာတီးနိုင်သော ပါရမီရှင်လေး လာဗီးနီးယား ရာမီရာ့ဇ်သည် သူမ၏ ပထမဦးဆုံးအကြိမ် စန္ဒရားဖြင့် ဖျော်ဖြေတင်ဆက်ပွဲကို  ဖေဖော်ဝါရီ ၁၃ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ကျောင်းပိတ်ရာသီ ခွဲခွာခြင်း အထိန်းအမှတ် ကျောင်းကပွဲတွင်  အသက် ၂ နှစ်သာရှိသေးသည့် လာဗီးနီးယားသည် ပရိသတ် ၂၀၀ ၏ ရှေ့မှောက်၌ “Mary Had A Little Lamb” တေးသွားကို ပြောင်မြောက်စွာ တီးပြနိုင်ခဲ့သည်။
လာဗီးနီးယားသည် ထိုနေ့ကျောင်းကပွဲတွင် ဖျော်ဖြေတင်ဆက်မည့် ကျောင်းသား ၂၁ ဦးထဲတွင် ပါဝင်ခဲ့ပြီး အများစုသည် အသက် ၁၀ နှစ်ဝန်းကျင် ကလေးများဖြစ်ကြသည်။
လာဗီးနီးယားသည် စန္ဒရားကို တီးခတ်နိုင်သော်လည်း သူမ၏ မိဘများသည် ဂီတအကြောင်း တစ်ဦးမျှ နားမလည်သူများ ဖြစ်ကြသည်။ သူမကို မိဘများက ခရစ်မတ်နေ့တွင် ကစားစရာ စန္ဒရားတစ်လုံး လက်ဆောင် ပေးခဲ့ပြီးနောက် ပြောင်မြောက်စွာ တီးခတ်ပြနိုင်ခဲ့သည့်အတွက် အံ့အားသင့်ခဲ့ကြရသည်။ ထို့ကြောင့် မိဘများသည် စန္ဒရားတီးသင်ပေးရန် ဆုံးဖြတ်ခဲ့ကြကြောင်း၊ သူမ၏ မိခင်ဖြစ်သူက “ဘယ်လိုဖြစ်ပြီး ဒီလောက် တီးတတ်သွားမှန်းလဲ မသိပါဘူး။ ကျွန်မတို့ထက်တော့ တော်တာအမှန်ပဲ” ဟုပြောကြားခဲ့သည်။
ဂီတဆရာဖြစ်သူကလည်း “သူ့မှာ ပါရမီထူးပါလာတာတော့ သေချာတယ်။ သမီးက ဘာကိုမဆို စူးစိုက်အားရုံထား လွန်းတယ်။ သီချင်းသံတွေကို ဖွင့်ပြလိုက်ရင် လိုက်တီးနိုင်တာတော့ အံ့သြမိတယ်” ဟုပြောကြားသည်။ ဆရာ လီဟော့ကီးက သူမကို သင်ပေးရန် အရွယ်ငယ်လွန်းသေးသဖြင့် ဝန်လေးမိကြောင်း၊ သို့သော် ဂန္ထဝင်သီချင်းတစ်ပိုဒ်ဖြင့် စမ်းသပ်ကြည့်လိုက်ပြီးမှ သူမအစွမ်းကို လက်ခံကာ သင်ပေးခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

Ref: Maukkha

ချစ်သူများနေ့ Valentine's Day

ရောမ အင်ပါယာမှာ ဖြစ်ပါတယ်။ အေဒီ ၂၀၀ ကျော် ကာလက ဖြစ်ပြီး ရောမ စစ်ဘုရင်တို့ သွေးဆူနေချိန် ဖြစ်ပါတယ်။

စစ်တိုက်ဖို့သာ အချိန်တိုင်းတွေးနေပြီး ရောမအင်ပါယာကို ကြီးသထက် ကြီးအောင် ဖန်တီးပါတယ်။ စစ်တိုက်လေလေ စစ်သားလိုလေလေ၊ စစ်သားလိုလေလေ၊ ယောင်္ကျားတွေကို စုဆောင်း ရလေလေ၊ ယောင်္ကျားလေးတွေ စစ်ထဲဝင်တာ များလေလေ၊ အမျိုးသမီး တွေကို လွမ်းလေလေ၊ အမျိုးသမီးနဲ့ မိသားစုကို လွမ်းလေလေ၊ အိမ်ပြန်ချင်လေလေ၊ အစရှိသဖြင့် သံယောဇဉ်နှောင်ကြိုးပေါင်း များစွာကြောင့် စစ်မှာ ခရီးမရောက်ဘူးလို့ အင်ပါယာကြီး ထင်ယူဆပါတယ်။

ဒီတော့ အကောင်းဆုံးက သံယောဇဉ် ဖြတ်ခြင်းပါပဲ။ ယောင်္ကျားဆိုတာ စစ်တိုက်ဖို့မွေးတယ်။ ချစ်ဖို့၊ သံယောဇဉ် တွယ်ဖို့ မဟုတ်ဘူးဆိုတဲ့ တစ်ယူသန် တဲ့ ဆုံးဖြတ်ချက်နဲ့ တိုင်းပြည်မှာ မချစ်ရ၊ မကြိုက်ရ၊ မင်္ဂလာ မဆောင်ရ အစရှိတဲ့ ရူးကြောင်ကြောင် ဥပဒေများကို ထုတ်ပါတယ်။ ဥပဒေက ရူးကြောင်ပေမယ့် လုပ်ရပ်ကတော့ ကြောက်စရာ ကောင်း ပါတယ်။ ချစ်တာ၊ကြိုက်တာ၊ မင်္ဂလာဆောင်တာ တွေ့ရင် ဆောင်ပေးသူရော၊ ချစ်ကြသူရော၊ အောင်သွယ် သူရော အားလုံးကို သေဒဏ်ပေးပါတယ်။

ဒီတော့ ဘယ်သူမှ မင်္ဂလာမဆောင်ရဲ၊ မချစ်ရဲတော့ဘူးလို့ အုပ်ချုပ်သူတို့က ထင်ပါတယ်။ အမှန်တော့ ထင်သလိုမဟုတ်ပါဘူး။ ငိုက်မရှက်၊ ငတ်မရှက် ပြီးတော့ ကြိုက်မရှက်ဆိုတဲ့ စကားပုံအတိုင်း ကြိုက်နေကြသူ၊ ချစ်နေကြသူတွေကို မတားနိုင်ပါဘူး။

အောင်သွယ်လုပ်ပေး၊ မင်္ဂလာဆောင်ပေးတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး Valentine ကလည်း အဆင်သင့် ရှိနေတော့ တိတ်တိတ်ပုန်း မင်္ဂလာပွဲက ရောမမှာ ခေတ်စားလာပါတယ်။ ဒီတော့ Valentine ဆိုတာ လူချစ်လူခင်ပေါတဲ့ ဘုန်းတော်ကြီး ဖြစ်လာပါတယ်။ ဒီသတင်းကို တစ်နေ့တော့ အုပ်ချုပ်သူတွေ သိမယ်ဆိုတာကိုလည်း Valentine က ထည့်တွက် ပြီးသား ဖြစ်ပါတယ်။

တစ်နေ့ Valentine ကို ရောမ စစ်သည်တို့လာဖမ်း ပါတယ်။ နေ့စဉ်နှိပ်စက် မှု ကြောင့် သေလုနီးနီး ဖြစ်နေပါပြီ။ သေဒဏ်ပေးခါနီး တစ်ရက်တော့ သူ့သမီးဆီကို Your Valentine ဆိုတဲ့ စာလေးပဲ ရေးထားတဲ့ ကဒ်ကလေး ပို့ပါတယ်။ ထောင်စောင့်ကလည်း Valentine ကို သနားပြီး ကူညီတဲ့သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ အေဒီ ၂၆၉၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကျတော့ သေဒဏ်ချမှတ်ခံရပြီး ကွယ်လွန် သွားပါတော့တယ်။

ဒီတော့ Valentine သေဆုံးမှုအတွက် ရောမမြို့ကြီးတစ်ခုလုံး ဝမ်းနည်းကြပြီး သမိုင်းမှာ မေ့မရတဲ့ နေ့လေး ဖြစ်ခဲ့ပါတယ်။ Valentine ကွယ်လွန်ပြီးနောက် ရောမမှာ စစ်လိုလားကြမေယ့် မချစ်ရ၊မကြိုက်ရ၊ မင်္ဂလာ မဆောင်ရ ဥပဒေကတော့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ် သွားပါတယ်။

ဒီတော့ နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ရောက်တော့ ချစ်သူနှစ်ဦးကြား၊ ချစ်ကြသူကြား တွေ့ဆုံအောင် အသက်ပေးလို့ ကြိုးစား စွမ်းဆောင် ဖန်တီးပေးခဲ့တဲ့ ဘုန်းတော်ကြီး Valentine ကို ဂါရဝပြု၊ လွမ်းဆွတ်တဲ့ အနေနဲ့ Valentine ကဒ်များ ပို့ကြပါတယ်။ From your valentine ဆိုပြီး ကဒ်ပို့တဲ့ ယဉ်ကျေးမှုက ခေတ်စားလို့လာပါတယ်။ ခရစ်ဘာသာဝင်တွေ မှာတင် မဟုတ်တော့ဘဲ ကမ္ဘာအနှံ့မှာ အသိအမှတ်ပြုတဲ့နေ့ အထိမ်း အမှတ်လေး ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တိုင်းမှာ ချစ်သူတို့ လက်ဆောင်လဲလှယ်ခြင်း၊ မုန့်ကျွေးခြင်း၊ ကဒ်ပေးခြင်း၊ ပါတီပွဲ ပြုလုပ်ခြင်း အစရှိသဖြင့် ယဉ်ကျေးမှု အမျိုးမျိုး ပေါ်ထွန်းလာ ပါတယ်။ ချောကလက် ပေးတာဟာလည်း Valentine's Day ရဲ့ အထိမ်းအမှတ် ဖြစ်လာပါတယ်။

ယနေ့အချိန်မှာ Valentine's Day ကို ကမ္ဘာအနှံ့မှာ များသောအားဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပလေ့ ရှိကြောင်း သိရပါတယ်။

Ref: wiki
International news for myanmar

ကမ္ဘာ့အကြီးဆုံး မိကျောင်း


ကမ္ဘာ့အကြီးဆုံး မိကျောင်းဘွဲ့ ရထားသည့် မိကျောင်းကြီး သေဆုံးသွားသဖြင့် ယခုအခါ သြစတြေးလျနိုင်ငံမှ မိကျောင်းကြီးအား ကမ္ဘာ့အကြီးဆုံး မိကျောင်းအဖြစ် သတ်မှတ်ခံလိုက်ရကြောင်း သိရသည်။ ယမန်နှစ်က ကမ္ဘာ့စံချိန်မှတ်တမ်းများကို ဖော်ထုတ်ပေးနေသည့် Guinness Book မှတ်တမ်းဝင် အကြီးဆုံး မိကျောင်းကြီး “လိုလောင်း” သည် သေဆုံးသွားကြောင်း ဖိလစ်ပိုင်နိုင်ငံမှ သတင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံးဘွဲ့ရ မိကျောင်းကြီးသည် အလေးချိန် တစ်တန်ကျော် ရှိပြီး၊ အရှည်မှာ ၆ ဒသမ ၁၇ မီတာရှိ သည်။ လိုလောင်း သေဆုံးသွားသဖြင့် အရှည် ၅ ဒသမ ၅ မီတာရှိသည့် ကက်ဆီးယပ်စ် မိကျောင်းကြီးမှာ ကမ္ဘာ့ အကြီးဆုံး စာရင်းဝင်ရန်ဖြစ်လာခဲ့သည်။

ကက်ဆီးယပ်စ်ကို သြစတြေးလျနိုင်ငံ မြောက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ ရေငံ မိကျောင်းမျိုး ဖြစ်သည်။ ကွင်းစလန် ရှိ မိကျောင်းဥယျာဉ်တွင် ၂၆ နှစ်ကြာ နေထိုင်ခဲ့သည့် မိကျောင်းကြီးလည်းဖြစ်သည်။
ကက်ဆီးယပ်စ်ကို ကမ္ဘာ့အကြီးဆုံး မိကျောင်းဘွဲ့ ပေးလိုက်ခြင်းနှင့် ပတ်သက်ပြီး မိကျောင်းပြခန်းမှ လုပ်သား ဘေလီကရစ် က “ခုဆိုရင် ကက်ဆီးယပ်စ်က ဘုရင်ကြီးဖြစ်သွားပြီ၊ သူ့ပြိုင်ဖက်သေပြီး သူဘုရင်ဖြစ်သွားတယ် ဆိုတာ တစ်ဖက်ကကြည့်ရင် စိတ်မကောင်းစရာဖြစ်သလို၊ တစ်ဖက်ကကြည့်ရင် ဝမ်းသာစရာသတင်းပဲ” ဟုပြောကြားခဲ့သည်။

Ref: Maukkha

ပြင်သစ်မှာ ဆောက်မယ့် စပရင်တံတား


ဒီတံတားသာ တကယ်ဆောက်ဖြစ်မယ်ဆိုရင် လူစည်တော့မှာပါပဲ။ ပြီးတော့ ခရီးရောက်ဖို့ဆိုရင် လွယ်မယ့် အနေအထား မဟုတ်ပါဘူး။ တံတားပေါ်မှာ ခုံရင်း ပျံရင်းနဲ့ပဲ တစ်ဖက်ကမ်းကို ရောက်ရင်ရောက်၊ မရောက်ရင် ရေထဲ ကျနိုင်မယ့် တံတား ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံက Seine မြစ်တစ်နေရာမှာ ဆောက်လုပ်မယ်လို့ ဆိုပြီး ပြင်သစ် ဒီဇိုင်းနာ Atelier Zündel Cristea ကပဲ ဖန်တီးခဲ့တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း Trampoline စပရင် ဖျင်ချပ်လိုမျိုးကို တံတားပမာ ခပ်ရှည်ရှည် ပြုလုပ်ပြီး ခင်းထား ပါတယ်။ ရေထဲ ကျဖို့တော့ ခဲတယ်လို့ဆိုပါတယ်။ ဘေးမှာ ခပ်မြင့်မြင့် နဲ့ တားထားတဲ့အတွက် အားကစားသမားလို စတန့်နဲ့ ခုန်မှ ကျနိုင်မယ့် တံတားလို့ဆိုပါတယ်။

အောက်မှာ ခင်းထားတာက ဖိုက်ဘာဖျင်ချပ်ဖြစ်ပြီး ပျော့ပျော့ပြောင်းပြောင်း ဖြစ်တဲ့အတွက် လမ်းလျှောက်လို့တော့ မရပါဘူး။ ခုန်ပြီးတော့ သွားရမယ့် တံတား ဖြစ် ပါတယ်။ ဆောက်တာ မဆောက်တာထက် Atelier ရဲ့ ဒီဇိုင်းကတော့ ရေပန်း စားသွားပါတယ်။ ပြင်သစ်မှာ တကယ် ဆောက်ပြီးတဲ့ခါ လူစည်မယ့် တံတားလား၊ ကြောက်လို့ လူနည်းတဲ့ တံတား ဖြစ်မလားဆိုတာ မသိနိုင်သေးကြောင်း သိရပါတယ်။

ပြောင်ပြတဲ့ အိုင်စတိုင်းလား

ရူပဗေဒဖခင်ကြီးလို့ တင်စားရတဲ့ အဲလ်ဗက် အိုင်စတိုင်း ရဲ့ ထူးခြားတဲ့ အမှတ်တရ အဖြစ်လေး တစ်ခု ရှိခဲ့ဖူးပါတယ် ။ ဒါကတော့ အိုင်စတိုင်းရဲ့ လျှာထုတ်ပြနေတဲ့  ဓာတ်ပုံတစ်ခုပါ ။

အမှတ်တမဲ့ ဆိုရင် ရူပဗေဒ ပညာရှင်ကြီးကလည်း မျက်နှာပြောင်လိုက်တာလို့ ထင်စရာပါ။ ဒါပေမယ့် အမှန်တကယ် အဖြစ်က ဒီလိုပါ။

အိုင်စတိုင်းရဲ့ ၇၂ နှစ်မြောက် မွေးနေ့ ပွဲမှာ အမှတ်တရ မှတ်တမ်းပုံ အနေနဲ့ ပြုံးနေတဲ့ ပုံ တစ်ပုံ ရိုက်ဖို့ ဓာတ်ပုံဆရာက ကြိုးစားခဲ့ပါတယ် ။ အကြိမ်များစွာပါပဲ.. အိုင်စတိုင်းက မပြုံးပြတော့ နောက်ဆုံး အကြိမ်ပြောတဲ့အခါ စိတ်ရှုပ်လာပြီး လျှာထုတ်ပြလိုက်ပါတယ် ။
ထို ပုံကို အမိအရ ရိုက်ပြီး ဓာတ်ပုံဆရာက မှတ်တမ်း တင်လိုက်ပါတယ်။

နောက်ဆုံး အိုင်စတိုင်း တစ်ယောက် လျှာထုတ်ပြတဲ့ ပုံဟာ နာမည် ကျော်ပြီး ပြုံးရယ်စရာ အဖြစ်လေးတစ်ခုအနေနဲ့  ယနေ့ တိုင် ကျော်ကြားနေခဲ့ပါတော့တယ် ။

Ref: လင်းတန်ဆောင်

အဆီကျဗိုက်ချပ်စေသည့် နည်လမ်းကောင်း

ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေ အတွက် လက်တွေ့ ၇ ရက်အတွင်း သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်…

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်။ အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေကတော့… သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ ရောစပ်ပြီး လိမ်းပေးရမှာပါ…

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး… အကြမ်းပန်းကန်လုံးထဲကို အရည်ညှစ်ပါ…

အကြမ်းပန်းကန်လုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ… ထို့နောက် …. ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထည့်ဆေး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး… မွှေပေးပါ…

အသုံးပြုနည်း

ညအိပ်ယာဝင်ခါနီးတိုင်း ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ… ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်…

တစ်ပါတ်အတွင်း သိသာစွာ… ဗိုက်ချပ်လာသည်ကို… လက်တွေ့… တွေ့မြင် ခံစားရမှာပါ…(ယခုမိတ်ဆွေ.. ၃ /၄ ယောက် လောက်မှ လက်တွေ့ လိမ်းနေပြီး ကျေးဇူး တင်ကြောင်း… ထောက်ခံချက် ပေးလာသောကြောင့် သူငယ်ချင်း တို့ကို မျှဝေလိုက် ပါတယ်)

မှတ်ချက်- ညစာကို ပုံမှန် ထက်… လျှော့စားပေးရင်… ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်။ တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်.....
 
Myawady

အမေရိကန်မှ ကမ္ဘာ့အသန့်ရှင်းဆုံးရေကန်

ပုံမှာ ကြည့်လိုက်ရင် ရေတိမ်တယ်လို့ ထင်ရပါတယ်။ အမှန်တော့ ယင်း ကန်ဟာ ပေ ၃၇၀ နက်တဲ့ Flathead Lake ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ Montana ပြည်နယ်၊ မစ္စစပီမြစ်အနောက်ဘက်မှာ တည်ရှိပြီး ၁၉၁.၅ စတုရန်းမိုင် ကျယ်တဲ့ ရေကန် ဖြစ်ပါတယ်။ သူ့အရွယ်၊ သူနေရာဒေသနဲ့ ယှဉ်လိုက်မယ်ဆိုရင် သာမန်ထက် သန့်ရှင်းနေပြီး အလွန်ကြည်လင်နေ ပါတယ်။ ယင်း Crystal Clear water ကြောင့် ရေ နက်တာကို တိမ်တယ်လို့ ထင်ရပြီး ပုံမှာ မြင်တွေ့ရ တဲ့အတိုင်း သန့်ရှင်းနေ ပါတယ်။

ကုန်းတွင်ပိတ် ရေအိုင်ကြီး တစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်း ကတည်ရှိနေတာ ဖြစ်ပါတယ်။ သဘာဝအလျောက်လှပနေပြီး သူ့ရဲ့  ထူးခြား ကြည်လင်တဲ့ ရေကြောင့် Flathead Lake ဟာ လူသိများပါတယ်။ ကမ္ဘာ့အသန့်ရှင်းဆုံး ရေကန်များထဲမှာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။

Ref: International News for Myanmar

သိင်္ဂုတ္တရကုန်းတော်နဲ့ပတ်သက်လို့

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီး ကိန်းဝပ်စမ္ပယ်တော်မူသော ကုန်းမြေကို သိင်္ဂုတ္တကုန်းတော်ဟု ခေါ်ဆိုပါပါသည်။ ထိုသိင်္ဂုတ္တ ကုန်းတော်သည် အမည်(၇)ပါးတွင်၏။ ၎င်းတို့ကား...
၁။ တရိဟကုမ္ဘ
၂။ သတ္တဘုမ္မိ
၃။ ဓညဝတီ
၎။ ပေါက္ခရဝတီ
၅။ ဘူရိဒတ္တ
၆။ သီဟရာဇာ
၇။ သိင်္ဂုတ္တရ
တို့ ဖြစ်ကြသည်။

- တရိဟကုမ္ဘဟု တွင်သည်ကား ဟိမဝန္တတောင်၏ အဆုံးဖြစ်သော တောင်စွယ်တောင်ထိပ် သုံးလုံး တို့သည် ဤကုန်းကို ညွတ်တွား ဦးခိုက် နေသကဲ့သို့ ရှိသောကြောင့် ဖြစ်၏။
- သတ္တဘုမ္မိဟု တွင်သည်ကား ရွှေ၊ ငွေ၊ အနီ၊ အဖြူ၊ အမည်းအဆင်းများနှင့် ချဉ်သော၊ ဖန်သော အရသာများ ရှိသည်။ မြေခုနှစ်မျိုး ပါဝင်သော ကုန်းတော်ဖြစ်သောကြောင့် ဖြစ်၏။
- ဓညဝတီဟု တွင်သည်ကား ကောက်နှံ၊ ရတနာပစ္စည်း၊ သစ်ပင်၊ ပန်းမန်တို့ ပေါများ ကြွယ်ဝ သောကြောင့် ဖြစ်၏။
- ပေါက္ခရဝတီ ဟုတွင်သည်ကား သိင်္ဂုတ္တရကုန်းတော်ကို ၉၉ ကုံးရံ၍နေသောကြောင့်ဖြစ်၏။
- ဘူရိဒတ္တဟု တွင်သည်ကား ဤကုန်းသို့ ရောက်လာသော သတ္တဝါတို့သည် ရန်သူပင် ဖြစ်သော် လည်း ရန်ပြေငြိမ်းစေတတ် သောကြောင့်ဖြစ်၏။
- သီဟရာဇာဟု တွင်သည်ကား ထိုကုန်းကိုမြင်လျှင် ရဲရင့်ခြင်းနှင့် ပြည့်စုံသောကြောင့်ဖြစ်၏။
- သိဂုင်္တ္တရဟု တွင်သည်ကား ထိုအရပ်၌ တစ်ခုသော ကင်းကြီးသည် ဆင်များကို သတ်ဖြတ် စားသောက်၍ အစွယ်များကို စုပုံထားရာ ဖြစ်သောကြောင့် ကင်းကြီးနှင့် ဆင်စွယ်များကို အကြောင်းပြု၍ မှည့်ခေါ်ခြင်း ဖြစ်သည်။
(အဆိုပါ သိင်္ဂုတ္တကုန်းတော်ကို သိကြားမင်း၏ အမိန့်ဖြင့် ဝိသကြုံနတ်သား ရှင်းလင်းသောည၌ တဖုဿနှင့် ဘလ္လိကညီနောင်တို့သည် တောင်ကုန်းကို မိမိတို့ကိုယ်တိုင် တွေ့ရှိရပြီဟု အိပ်မက်မြင်မက် ကြလေသည်။ နံနက် မိုးသောက်သည်နှင့် ထိုနေရာသို့ သွားကြသောအခါ စည်မျက်နှာကဲ့သို့ ညီညာပြန့်ဖြူးစွာ ရှင်းလင်းထားသော ကုန်းမြေကို အံ့ဘွယ် တွေ့ရှိရလေသည်။

Credit to >>>>> ဆရာ နန္ဒမိုးကြယ်ရေးသားပြုစုသောသိမှတ်ဖွယ်ရာ

မြန်မာ့လျှို့ ဝှက်ချက်(၁၀၀) စာအုပ်မှာကောက်နှုတ်တင်ပြသည် ။

ရုရှားတွင် အများပြည်သူ နေရာများတွင် ဆေးလိပ်သောက်ခြင်း တားမြစ်


အများပြည်သူများ သွားလာလှုပ်ရှား ရပ်နားသည့်နေရာများတွင် ဆေးလိပ်သောက်ခြင်း၊ ရောင်းချခြင်း များအား လာမည့် ၂၀၁၄ ခုနှစ် နှစ်လည်မှ စတင်ပြီး ပိတ်ပင်သွားမည် ဖြစ်ကြောင်း၊ ဆေးလိပ်သောက်သုံးဖြင်းဖြင့် ရောဂါဘယ အဖြစ်များကို သေဆုံးသည့်နှုန်း မြင့်တက်လာသဖြင့် ထိုသို့ ပိတ်ပင်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အများပြည်သူသွားလာလှုပ်ရှားနေသည့် နေရာများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်သည့် ဥပဒေကို ရုရှားဒူးမားလွှတ်တော်မှ ပြဋ္ဌာန်းနိုင်ရေးအတွက် ရုရှားအောက်လွှတ်တော်မှ တင်သွင်းသွားမည်ဖြစ်ပြီး၊ ဆေးလိပ်ကြော်ငြာများ ကပ်ခွင့်၊ အရက်ဆိုင်၊ စားသောက်ဆိုင်၊ ဆေးဆိုင်၊ အားကစားရုံများ၊ ပညာရေးဌာနများ အနီးတစ်ဝိုက်တွင် ဆေးလိပ်ရောင်းချခွင့် များကိုပါ ပိတ်ပင်သွားမည်ဟု ဆိုသည်။

လက်ရှိ ကလေးကစားကွင်းအနီး၊ ခန်းမများနှင့် လှေကားအတက်အဆင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး နေရာများတွင်  ဆေးလိပ်သောက်သုံးသည်ကို တွေ့ရှိပါက ဒေါ်လာ ၅၀ မှ ဒေါ်လာ ၁၀၀ အတွင်း ဒဏ်ရိုက် ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနကလည်း ဆေးလိပ်သောက်သုံးမှုများ လျှော့ကျစေရေးအတွက်  နှစ်စဉ်ဆေးလိပ်ခွန်ကို ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ရာ ယခုအခါ စီးကရက်တစ်ဘူးနှုန်းသည် ၁ ဒသမ ၇ ဒေါ်လာနှုန်းသို့ရောက် ရှိနေပြီဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံချက်အရ ရုရှားနိုင်ငံသား ၃၉ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်ကြောင်း၊ ထို့ကြောင့် ဆေးလိပ်အသောက်ဆုံးနိုင်ငံစာရင်းတွင် ထည့်သွင်းနိုင်သည်ဟုဆိုသည်။ နှစ်စဉ် ဆေးလိပ်သောက် သုံးခြင်းကြောင့် ဖြစ်တတ်သည့် ရောဂါများဖြင့် ရုရှား ၄ သိန်းခန့် သေဆုံးနေရကြောင်း၊ နှစ်စဉ် ရုရှားလူဦးရေ၏ သုည ဒသမ ၃ ရာခိုင်နှုန်းခန့် သေဆုံးနေရခြင်းဖြစ်သဖြင့် စိုးရိမ်ဖွယ်ရာ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။


Ref: Maukkha

Facebook တွင် Unfriend လုပ်ခြင်း၏ အကျိုးဆက်

သင့်ကို Facebook မှာ သင့်ရဲ့ သူငယ်ချင်း တစ်ယောက်လောက်က Unfriend လုပ်သွားတာ သင်သိရပြီဆိုရင် အဲ့ဒီအကြောင်းကို တအုံ့နွေးနွေးနဲ့ အမြဲတမ်း ပြန်စဉ်းစားမိနေတာ ဖြစ်ဖူးတယ် မဟုတ်ပါလား....

Colorado တက္ကသိုလ်က လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့တာက Online မှာ ဆက်ဆံရေး ရပ်ဆဲလိုက်မယ်ဆိုရင် တကယ့်လက်တွေ့ဘ၀နယ်ပယ်မှာပါ အကျိုးသက်ရောက်မှုရှိပြီး အခင်အမင်တွေ ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

အလားတူပဲ Facebook မှာ Unfriend လုပ်ခြင်းဟာ Digital နည်းလမ်းအားဖြင့် သူငယ်ချင်း မိတ်ဆွေအချင်းချင်း ဒေါသထွက်အောင် လုပ်နည်းတစ်မျိုးလိုလဲ ဖြစ်နေပါတယ်။

Facebook မှာ Unfriend လုပ်လိုက်တာဟာ အမှန်တကယ်လည်း လူတွေကို အဆက်အဆံတွေ ပျက်ဆီးစေနိုင်ပါတယ်။

တကယ်လို့များ ကိုယ့်ကို Unfriend လုပ်လိုက်တာ သိသွားတယ်ဆိုရင် "အင်း ဒီလူကတော့ ငါနဲ့ ဆက်ပြီး အပြောအဆို အဆက်အဆံ မလုပ်ချင်တော့တာ ငါ့ကို သိအောင် လုပ်ပြလိုက်တာပဲ ဖြစ်မှာ“ လို့ ပြောမိမှာပါဘဲ။ အဲ့ဒီနောက်မှာတော့ သူ့ကို မတွေ့ချင်၊ မမြင်ချင်၊ အဆက်အဆံမလုပ်ချင်တော့အောင် ခပ်စိမ်းစိမ်းတွေ ဖြစ်သွားကြ တက်ပါတယ်။

သုတေသန ပညာရှင် Christopher Sibona ရဲ့ လေ့လာမှုမှာ လူတွေ Facebook မှာ Unfriend လုပ်ရတဲ့အကြောင်းအရင်း လေးမျိုးရှိကြောင်း တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

1) အရေမရ အဖတ်မရ အရေးမကြီးတဲ့ အကြောင်းအရာတွေပဲ အမြဲတင်နေတဲ့အတွက်ကြောင့်

2) နိုင်ငံရေးတွေ၊ ဘာသာရေး အကြောင်းတွေပဲ အာပေါင် အာရင်း သန်သန် လျှောက်ပြောနေတဲ့ အတွက်ကြောင့်

3) လိင်ကိစ္စတွေ၊ လူမျိုးရေးအကြောင်းတွေပဲ တင်နေတဲ့အတွက်ကြောင့်

4) ထွေထွေထူးထူး မရှိဘဲ ပြင်းရိငြီးငွေ့ စရာကောင်းတဲ့ အကြောင်းအရာတွေပဲ တင်နေတဲ့အတွက်ကြောင့်

အဲ့ဒီလို အကြောင်းအရာတွေကိုပဲ အမြဲတမ်းတင်နေမယ်ဆိုရင် သူတို့ တင်ချင်တာတင်ပစေ မဖတ်ဘဲ၊ မကြည့်ဘဲ ထားတက်ကြပါတယ်။ နောက်ဆုံး မျက်စိနောက်လာတဲ့ အချိန်မှာတော့ Unfriend လုပ်တက်ကြတယ်လို့ ဆိုပါတယ်။

တကယ်တော့ အဲ့ဒီအကြောင်းအရာလေးမျိုးအပြင် အမှန်တကယ် မုန်းတီးလို့ Unfriend လုပ်တာမျိုးလဲ ရှိတက်ပါတယ်။

အဲ့ဒီလိုမျိုး Unfriend လုပ်တဲ့နေရာမှာ အမျိုးသားတွေထက် အမျိုးသမီးတွေဟာ Unfriend ဖြစ်ပြီးသွားရင် အဲ့ဒီလူကို မတွေ့မမြင်ချင် လောက်အောင် ပိုပြီး ရှောင်ကြဉ်လိုကြတယ်လို့ ဆိုပါတယ်။

Social လောကမှာ ကြဉ်ဖယ်ခြင်းခံရတာကလည်း မိမိကိုယ်ကို အထင်ကြီးလေးစားခြင်း (Self-esteem) ကို လျော့ကျစေတယ်လို့ လေ့လာမှုတွေက ညွန်ပြနေပါတယ်။ အဲ့ဒါကြောင့် လေ့လာသူတွေက Social Media တွေကတစ်ဆင့် ဖြစ်ပွားလာတဲ့စိတ်ခံစားမှုတွေဟာ လေးနက်မှု၊ အကျိုးသက်ရောက်မှု ဘယ်အတိုင်းအတာအထိ ရှိမယ်ဆိုတာကို နားလည်နိုင်အောင် ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

အဲ့ဒါကြောင့် Online မှာ Unfriend လုပ်တာဟာ ဘာမှ မဖြစ်ပါဘူးလို့ မတွေးဘဲ တကယ့်ဘ၀မှာမှာ သက်ရောက်မှုတွေ ရှိတယ်ဆိုတာ သိရှိပြီး၊ မိမိရဲ့ Online ဘ၀က ခင်မင်ရင်းနှီးမှုတွေကိုလည်း အလေးအနက်ထားပြီး နေထိုင်ဆက်ဆံနိုင်ကြဖို့ မျှဝေလိုက်ရပါတယ်။

Ref: Fox 31News Denver 
TechSpaceJournal

တီဗီ ၁ နာရီကြည်တိုင်း အသက် ၂၂ မိနစ်တို

ထူးထူးခြားခြား လေ့လာတွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေးပညာရှင်များက စစ်တမ်းအရ ရှာဖွေတွေ့ရှိ ထားခြင်း ဖြစ်ပါတယ်။

တီဗီကို တစ်နာရီပတ်လုံး ထိုင်ကြည့်တဲ့အခါ ကိုယ်လက် လှုပ်ရှားမှုများ မရှိတဲ့ အတွက် အဆီတက်စေပါတယ်။ ကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှု အားနည်းပြီး သွေးကြော ပိတ်ခြင်း၊ သွေးကြော ကျဉ်းခြင်း၊ Fatty acid တိုးခြင်း တို့ ဖြစ်စေပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ်စဉ်များ ဆက် တိုက် ဖြစ်ရင် ကိုယ်တွင်း ဇီဝလောင်ကျွမ်းမှု စနစ် အလုပ်လုပ်ဆောင် မှု နှေးကွေးပြီး အကြောအားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့ အတွက် ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။

ဒါကြောင့် ဘာမှ မလှုပ်မလျှက်ပဲ တီဗီ ၁ နာရီထိုင်ကြည့်လိုက်ခြင်းဟာ ပျှမ်းမျှ အားဖြင့် တီဗီမကြည့်တဲ့ လူထက် ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်း ကျော် လျော့နည်းသွားပြီး အသက်နဲ့တွက်လိုက်ရင် ၂၂ မိနစ်စာ အသက် လျော့သွားစေပါတယ်။ ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီ ကြည့်သူဟာ သာမန်လူတွေထက် ငါးနှစ်လောက် အသက်တိုတာကို လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ကွန်ပြူတာ အသုံးပြု အလုပ်လုပ်သူတွေထက် တီဗီကြည့်သူများ ပိုဖြစ်ပြီး ကွန်ပြူတာ အသုံးပြုလုပ်ကိုင်သူများကလည်း ကိုယ်လက်လှုပ်ရှားမှု ရှိရန် လိုအပ်တယ်လို့ဆိုပါတယ်။ ရုံးချိန်ဆက်တိုင် ထိုင်ရာမှ မထ တည်တည် အလုပ်လုပ်ခြင်းကလည်း တီဗီကြည့်သူနဲ့ မထူးမခြားနား ကျန်းမာရေး ချို့ယွင်းလို့ အသက်တိုနိုင်ကြောင်း သိရပါတယ်။
--
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး

ဖေဖော်ဝါရီလ ၁၉ တွင် ပြသမည့် HTC M7


HTC က မြန်မာပြည်မှာလည်း အတော်လေး ရေပန်းစားနေပါပြီ။ ထိုနည်းတူစွာ ကမ္ဘာမှာလည်း HTC က အတော်လေး ဈေးကွက် ထိုးဖောက်နေပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ နောက်ဆုံးထွက် HTC M7 ကို ထုတ်ဖော်ပြသအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။

၎.၇ လက်မ 1080p ရုပ်ကြည် Display, RAM - 2GB, Processor က quad-core ဆိုတော့ specification အမြင့်စား ဖုန်းတစ်မျိုးပါပဲ။ ကင်မရာ ကတော့ အထူးခြားဆုံးပဲ ဖြစ်ပါတယ်။ 13 megapixel ကင်မရာ ဖြစ်ပေမယ့် Megapixel က Ultrapixel လို့ပြောင်းခေါ်ရလောက်အောင် ကင်မရာ လုပ်ဆောင်ချက်အတွက် ထောက်ပံ့ပေးမယ့် Option နဲ့ UI အသစ်တွေ တိုးအုံးမှာ လို့ ဆိုပါတယ်။

အတွင်း မှတ်ဥာဏ် 32GB ကဒ်က 64GB ထပ်ဆိုက်နိုင်ပြီး HTC မှ ကိုယ်တိုင် develop လုပ်ထားသော graphical user interface နောက်ဆုံးထွက် Sense 5 ကို ထည့်သွင်းပေးထားမယ်လို့ ဆိုပါတယ်။

ဒီတော့ ဈေးကြိမ်းသေကြီးမယ့် ဖုန်းပါပဲ။ သို့ပေမယ့် အခြား high class smartphone များနဲ့စာရင်တော့ သူက နည်းနည်း သက်သာတဲ့ သဘော ရှိပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ထုတ်ဖော်ပြသမှ သူ့ရဲ့ ဈေးနဲ့ Specification ကို စုံစုံလင်လင် သိရှိရမှာ ဖြစ်ကြောင်း သိရ ပါတယ်။ 

Ref: TechSpaceJournal
Related Posts Plugin for WordPress, Blogger...