လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကမ္ဘာ့အချမ်းသာဆုံး ၁၀ နိုင်ငံ (GDP အရ)

American - GDP $ 11,750,000,000,000
China - GDP $ 7,262,000,000,000
Japan - GDP $ 3,745,000,000,000
India - GDP $ 3,319,000,000,000
Germany - GDP $ 2,362,000,000,000
England - GDP $ 1,782,000,000,000
Russia - GDP $ 1,737,000,000,000
France - GDP $ 1,609,000,000,000
Brazil - GDP $ 1,492,000,000,000
Italy - GDP $ 1,408,000,000,000

အသုံးများဆုံး ဘာသာစကားများ

အင်္ဂလိပ်                    -         ကမ္ဘာ့လူဦးရေ၏  ၁၆ %   (သန်း ၁၀၀၀)
မန်ဒရင်း                    -                                      ၁၆  %   (သန်း ၁၀၀၀)
ဟင်ဒီ                        -                                      ၁၅  %    (သန်း ၉၀၀)
စပိန်                          -                                      ၇  %     (သန်း ၄၇၀)
ရုရှား                          -                                       ၅  %     (သန်း ၃၂၀)
အာရဗီ                       -                                       ၄  %     (သန်း ၂၅၀)
ဘင်္ဂါလီ                       -                                      ၄  %     (သန်း ၂၅၀)
မလေး                        -                                       ၃  %    (သန်း ၂၀၀)
ပေါ်တူဂီ                      -                                       ၃  %    (သန်း ၂၀၀)
ဂျပန်                          -                                        ၂  %    (သန်း ၁၃၀)
ပြင်သစ်                      -                                       ၂  %     (သန်း ၁၂၅)
ဂျာမန်                        -                                       ၂  %     (သန်း ၁၂၅)

ဒုက္ခသည်စခန်းထဲမှ ၆ ဘာသာ ဂုဏ်ထူးရှင်


ဗန်းမော်ခရိုင်အတွင်း (ဗန်းမော်၊ မိုးမောက်၊ မံစီ ၊ ရွှေကူ) ၄ မြို့နယ်၊ မြို့ပေါ်တွင် ဒုက္ခသည်စခန်း ၁၄ ခု ဖွင့်လှစ်ထားပြီး ၁၈.၅.၂ဝ၁၂ အထိ စာရင်းအရ ဒုက္ခသည် အိမ်ထောင်စု ၁၉၄၆ စုနှင့် ဒုက္ခသည် ၇၃၃၇ ယောက်ရှိပြီး သူငယ်တန်းမှ တက္ကသိုလ်အထိ ကျောင်းသူ၊ ကျောင်းသား ၂၃၇၅ ယောက်ရှိသည့် အနက် ရိုးကြီးရွာ ဒုက္ခသည်စခန်းမှ မချိုချိုဝင်းက အခြေခံပညာ အထက်တန်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ၆ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ ထိုကဲ့သို့ အောင်မြင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြု ချီးမြှင့်ပွဲကို ဒုက္ခသည်စခန်းတွင် ဇွန် ၁၇ နံနက် ၈ နာရီမှ ၁၂ နာရီအထိ ပြုလုပ်ခဲ့ပါသည်။
မချိုချိုဝင်းသည် (ဦးလောကို+ဒေါ်မြင့်ရင်) တို့ နေထိုင်ခဲ့သော မံစီမြို့နယ်၊ မွန်မြင့်ကျေးရွာသည် ဗန်းမော်မြို့မှ မိုင်ငါးဆယ်ကျော်ဝေးပြီး ခရီးလမ်းပန်း ဆက်သွယ်ရေး မကောင်းသဖြင့် သွားလာရ ခက်ခဲလှကြောင်း၊ ကတ္တရာလမ်းမရှိ၊ ဓာတ်မီးတိုင်မရှိ၊ တီဗီ မရှိကြောင်း၊ ကျေးရွာ စာကြည့်တိုက် မရှိသကဲ့သို့ ကျေးလက် ဆေးပေးခန်းလည်း မရှိကြောင်း၊ အစစအရာရာ ရှားပါးပြီး မွန်မြင့်ရွာ ဆိုသည်ကို သိသူနည်းပါးလှကြောင်း၊ ရွာသားအားလုံးနီးနီးမှာ လယ်ယာ စိုက်ပျိုးရေးကို အဓိကစီးပွားရေး အဖြစ် လုပ်ကိုင် စားသောက်ကြပြီး ဗဟုသုတ နည်းပါး လွန်းကြကြောင်း၊ ဆင်းရဲချို့တဲ့ နိမ့်ကျလွန်းလှသည့် မိမိ၏မိဘများနှင့် ကျေးရွာသူ ကျေးရွာသားများ၏ဘဝကို တိုးတက်ဖွံ့ဖြိုး စေရန်အတွက် စာကို အလွန်ကြိုးစား သင်ယူခဲ့ကြောင်း၊ မြန်မာစာကို အောင်မှတ်ရရုံသာ မှန်းခဲ့ပြီး ငါးဘာသာ ဂုဏ်ထူးသာထွက်မည် ထင်ခဲ့ရာ ယခုကဲ့သို့ တစ်ဘာသာပိုပြီး ခြောက်ဘာသာနှင့် အောင်မြင်ခဲ့ကြောင်း၊ ကျေးလက်နေ ဘဝတူ မိမိရွာသားများကို အကျိုးပြုနိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဟု ရည်ရွယ်ထားကြောင်း၊ အမှတ်စာရင်း မသိရသေးပေမယ့် ဆေးလိုင်းရလိမ့်မည်ဟု မျှော်မှန်းထားပါကြောင်း၊ တက္ကသိုလ်ရောက်သွားရင်လည်း အရည်အချင်းပြည့် အဆင့်မီအောင်မြင်ပြီး မိမိဒေသအကျိုး၊ မိမိတိုင်းပြည်အကျိုးကို အစွမ်းကုန် သယ်ပိုးနိုင်ရန် ကြိုးစားသွားပါမည် ဖြစ်ကြောင်း သိရပါသည်။
မချိုချိုဝင်းသည် ယခုအခါ ဗန်းမော်ရိုးကြီးရွာ ဒုက္ခသည်စခန်းတွင် အဖွဲ့အစည်းအသီးသီးနှင့် စေတနာရှင်၊ အလှူရှင်များ၏ အကူအညီဖြင့် ရပ်တည်နေရကြောင်း တက္ကသိုလ် ဆက်တက်နိုင်ရန် အခက်အခဲများစွာ ရှိနေကြောင်း ကြားသိရပါသည်။
၂ဝ၁၂ ခု တက္ကသိုလ်ဝင် ခရိုင်ပေါင်းချုပ် အောင်စာရင်းတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၄ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၈ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၄ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂ဝ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၆၇ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၃၆၄ ဦး စုစုပေါင်း ၄၇၈ ဦး ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း သိရပါသည်။

Ref: Maukkha

ရှေးခေတ်ဒေသအခေါ်အဝေါ်များ

ကန္တာရ၀တီ          =          ကယားပြည်နယ်
ဓည၀တီ              =           ရခိုင်ပြည်နယ်
ဗိဿနိုး                =          တောင်တွင်းကြီး
မောရ၀တီ၊ ကမ္ဘောဇ         =           ရှမ်းပြည်နယ်
ရတနာပုံ               =          မန္တလေး
ရာမည                 =          မွန်ပြည်နယ်
သရေခတ္တရာ        =          ပြည်
သုဝဏ္ဏဘူမိ          =          သထုံ
သလ္လာဝတီ           =           မုံရွာ
ဥဿာ                  =          ပဲခူး

အပ္ပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ စသည်တို့၏အနက်

ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုးကြရင် ရွတ်ဆိုနေကြတဲ့ အပ္ပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး ဆိုတာတွေရဲ့ အနက်လေးတွေကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်ဗျာ...။

အပ္ပါယ်လေးပါး
၁။ ငရဲ ၂။တိရစ္ဆာန် ၃။ပြိတ္တာ ၄။အသူရကာယ်

ကပ်သုံးပါး
၁။ ဒုဗ္ဘိက္ခရကပ် = ငတ်မွတ်ဘေးကပ်
၂။ သတ္တန္တရကပ် = လက်နက်ဘေးကပ်
၃။ ရောဂန္တရကပ် = ရောဂါလေးကပ်

ရပ်ပြစ်ရှစ်ပါး
၁။ ငရဲ = ချမ်းသာမှုမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျောပေးသောသတ္တ၀ါ
၂။ ပြိတ္တာ = ကိုယ်လက်အင်္ဂါမမျှတသော သတ္တ၀ါ
၎။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိပြီး အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန္တရော = ရတနာသုံးပါးမသိ၊ မရှိသော တောချုံအုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသောလူမျိုးစု
၇။.၀ိကလိန္ဒြိယ = သစ္စာလေးပါးကို နာကြားရသော်လည်း ဆွံ့အနားပင်းပြီး တရားမသိသူ
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သောကာလနှင့် လွဲပြီး လူဖြစ်ရခြင်း

ရန်သူမျိုးငါးပါး
၁။ရေ    ၂။မီး    ၃။မင်းဆိုး    ၄။ခိုးသူ    ၅။မချစ်မနှစ်သက်သောသူ

ဝိပတ္တိတရားလေးပါး
၁။ သီလ၀ိပတ္တိ = သီလပျက်ခြင်း
၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရ၀ိပတ္တိ = အကျင့်ပျက်ခြင်း
၎။ အာဇီ၀၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း

ဗျသနတရားငါးပါး
၁။ ဥာတိဗျသန = ဆွေမျိုးညာတိတို့ သေကြေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ် စည်းစိမ်ပျက်စီးခြင်း
၃။ ရောဂဗျသန =  အနာရောဂါနှိပ်စက်ပျက်စီးခြင်း
၎။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒလွဲမှားပျက်စီးခြင်း


ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး နိုင်ငံများ

  1. ထိုင်း                                     - တန် ၁၀ သန်း
  2. အိန္ဒိယ                                  - တန် ၄.၈ သန်း
  3. ဗီယက်နမ်                             - တန် ၄.၁ သန်း
  4. အမေရိကန်                           - တန် ၃.၁ သန်း
  5. ပါကစ္စတန်                             - တန် ၁.၈ သန်း
  6. တရုတ်                                  - ၉၀၁၅၅၀ တန်
  7. အီဂျစ်                                    - ၈၃၆၉၄၀ တန်
  8. အီတလီ                                 - ၆၆၈၉၄၀ တန်
  9. ဥရုဂွေး                                  - ၆၀၉၁၇၀ တန်
  10. စပိန်                                     - ၃၄၆၀၃၀ တန်
  11. အာဂျင်တီးနား                        -၂၅၇၇၅၀ တန်
  12. ဂွေယားနား                            - ၂၅၆၃၃၀ တန်
  13. ယူအေအီး                              - ၁၆၄၃၅၀ တန်
  14. ဘယ်လ်ဂျီယန် - လူဇင်ဘတ်     - ၁၅၇၁၉၀ တန်
  15. မြန်မာ                                   - ၁၅၀၀၃၀ တန်                              

ကမ္ဘာအစ မြန်မာက


ကမ္ဘာအစ မြန်မာက ဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ နှစ်ပေါင်း၃၇သန်း ကျော်လောက်က လူသားကျောက်ဖြစ် ရုပ်ကြွင်းတွေက သက်သေပြနိုင်ခဲ့ပါပြီ။ မြန်မာပြည်က ကျောက်ဖြစ်ရုပ်ကြွင်း တွေကိုလေ့လာနေတဲ့ အဖွဲ့ကတွေ့ရှိခဲ့တဲ့ ရှေးလူသားတွေရဲ့ သွားတွေဟာ အာဖရိကမှာရှိတဲ့ ရှေးအကျဆုံး လူသားတွေရဲ့ သွားတွေနဲ့တူညီနေတာကို တွေ့လိုက်ရလို့ ဟိုးအရင်ကတည်းကတိုင် အာရှနဲ့ အာဖရိကဟာ ဆက်သွယ်မှု ရှိနေတယ်ဆိုတာကိုပါ သိရပါတယ်။ တကယ်တော့ လူသားအစဟာ အာရှမှာ အခြေတည်ခဲ့ပြီးမှ ကမ္ဘာဦးလူသားတွေဟာ မြေထဲပင်လယ်ကို ဖြတ်ပြီး အာဖရိကအထိ ခြေဆန့်ခဲ့တာပါ။ မြန်မာ့သွားတွေဟာ အာဖရိကသွားတွေ ထက်တောင်မှ ပိုရှေးကျတဲ့အပြင် မြန်မာ့သွားတွေဟာ ကမ္ဘာ့ရှေးဦး လူသားတွေရဲ့ သွားတွေဖြစ်တယ်ဆိုတာကိုပါ ထူးထူးခြားခြား တွေ့ရှိခဲ့တာပါ။ ဒါကြောင့်မိုလို့ လူသားအစဟာ အာဖရိကမဟုတ်ဘဲ အာရှသားဖြစ်နေတာကြောင့် သမားရိုးကျယူဆထားကြတဲ့ ကမ္ဘာ့သမိုင်းကို မြန်မာ့သမိုင်းက ပြောင်းလဲပြလိုက်နိုင်တာပါ။ မြန်မာပညာရှင်တွေနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ သမိုင်းပြတိုက်က ပညာရှင်တွေက မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ရှိတဲ့ ညောင်ပင်လယ်ကျေးရွာက မြေသားတွေနဲ့ ကျောက်သားတွေကို ခြောက်နှစ်လောက်ကြာအောင် အထပ်ထပ်အခါခါ စစ်ထုတ်နိုင်ခဲ့လို့ ကမ္ဘာ့စာနယ်ဇင်းတွေမှာ ကမ္ဘာအစမြန်မာက လို့ဇွန်လ၅ရက်က အတိအလင်းကြေငြာ နိုင်ခဲ့ပါပြီ။

Pyimyanmar မှ ပြန်လည် ကူးယူဖေါ်ပြပါသည်။

မိခင်နို့သည် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု ကာကွယ်နိုင်

မိခင်နို့သည် ကလေးများတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုကို ကာကွယ်ပေးနိုင်ကြောင်း ကြွက်များတွင် သုတေသနပြုစမ်းသပ်မှုအပြီး လေ့လာတွေ့ရှိခဲ့ကြောင်း သိရသည်။
အမေရိကန်၊ မြောက်ကာရိုလိုင်း နားတက္ကသိုလ်မှ ဒေါက်တာဗစ်တာ ဂါစီယာက ယင်းသုတေသနကို ဦးဆောင်ပြုလုပ်ခဲ့ပြီး အွန်လိုင်းဂျာနယ်တစ်ခုဖြစ်သော Public Library of Science Pathogens တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသော ကြွက်များတွင် စမ်းသပ်မှုအရ ကြွက်အချို့မှာ အိတ်ခ်ျ အိုင်ဗွီပိုးကို မိခင်နို့တိုက်ကျွေးမှုမှ တစ်ဆင့်ရလာခဲ့ခြင်းဖြစ်သော်လည်း မိခင်နို့ထဲတွင်ပင် ဗိုင်းရပ်စ်ကို ပြင်းပြင်းထန်ထန် ခုခံနိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ နို့တိုက်ကျွေးမှုမှတစ်ဆင့် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသော ကြွက်အများစုမှာ ကာလရှည်ကြာ ထပ်ခါတလဲလဲ ကူးစက်မှုကြုံခဲ့ရသော်လည်း အိတ်ခ်ျအိုင်ဗွီဖြင့် သေဆုံးခြင်း မရှိခဲ့ကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

မိခင်နို့၏ အစွမ်းကို သိရှိထားသော်လည်း မွေးကင်းစနှင့် ကလေးငယ်များထံ အိတ်ခ်ျအိုင်ဗွီပိုး မည်သို့ ကူးစက်နိုင်ကြောင်း နားလည် သဘောပေါက်ထားပါက အေ့ဒ်စ်ရောဂါပျံ့နှံ့မှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဂါစီယာက ပြောကြားခဲ့သည်။ မိခင်နို့ တိုက်ကျွေးမှုမှတစ်ဆင့် ကလေးထံ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှုမှာ မဖြစ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ref: Eleven

Linux တီထွင်သူနှင့် ပင်မကလာပ်စည်း သုတေသနပညာရှင်တို့ ထောင်စုနှစ် နည်းပညာဆု ပူးတွဲဆွတ်ခူး


အခမဲ့အသုံးပြုနိုင်သော ကွန်ပျူတာ မောင်းနှင်စနစ် Linux တီထွင်သူ အမေရိကန်-ဖင်လန် ဆော့ဖ်ဝဲအင်ဂျင်နီယာ လင်းနပ်စ်တော်ဗဲလ်စ်နှင့် ဂျပန်နိုင်ငံမှ ပင်မကလာပ်စည်း သုတေသနပညာရှင် ရှင်ယာယာမာနာကိုတို့သည် ဖင်လန်နိုင်ငံမှ ချီးမြှင့်သော ယူရို ၁ ဒသမ ၂ သန်း တန်ဖိုးရှိ ထောင်စုနှစ်နည်းပညာဆုကို ပူးတွဲ ဆွတ်ခူးသွားခဲ့သည်။

ယနေ့အခါတွင် လူသန်းပေါင်းများစွာက Linux စနစ်သုံး ကွန်ပျူတာများ၊ စမတ်ဖုန်းများ၊ ဒစ်ဂျစ်တယ် ဗီဒီယိုမှတ်တမ်းတင်စက်များကို အသုံးပြုနေကြသည့် လင်းနပ်စ်တော်ဗဲလ်စ်၏ အောင်မြင်မှုသည် မျှဝေသုံးစွဲနိုင်သော ဆော့ဖ်ဝဲဖွံ့ဖြိုးမှု၊ ကွန်ရက်ဆက်သွယ်မှုနှင့် ကွန်ရက်၏ လွတ်လပ်ပွင့်လင်းမှုအပေါ်တွင် ကြီးစွာသော သက်ရောက်မှုရှိကြောင်း ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်သည်။
ယာမာနာကာမှာမူ ဆေးပညာ သုတေသနအတွက် မရင့်ကျက်သေးသော ပင်မကလာပ်စည်းများကို ဖန်တီးနိုင်သည့် နည်းလမ်းသစ် ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ချီးမြှင့်ရခြင်းဖြစ်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယာမာနာကာက တွေ့ရှိခဲ့သော နည်းသစ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ ပညာရှင်များမှာ ဆေးဝါးသုတေသနအတွက် အဆင်ပြေလာခဲ့ပြီး အနာဂတ်တွင် ကင်ဆာကဲ့သို့ ရောဂါများ ကုသရေးနှင့် အစားထိုး တစ်သျူးများ ဖန်တီးရာတွင် အဆင်ပြေစေရန် လမ်းဖွင့်ပေးခဲ့ကြောင်း ဆုရွေးချယ် ရေးအဖွဲ့က သုံးသပ်သည်။
၂၀၀၂ ခုနှစ်က စတင်ဖန်တီးခဲ့ပြီး ဖင်လန်အစိုးရနှင့် ဖင်လန်နည်းပညာ အကယ်ဒမီက ပံ့ပိုးပေးထားသည့် ယင်းဆုကို ၂၀၀၄ ခုနှစ်တွင် World Wide Web တီထောင်သူ တင်ဘာနာလီးက စတင်ရရှိခဲ့သည်။
နှစ်နှစ်လျှင် တစ်ကြိမ်ချီးမြှင့်သည့် ယင်းဆုကို ၂၀၁၂ တွင် ပထမဆုံးအကြိမ်အဖြစ် ပညာရှင်နှစ်ဦး ပူးတွဲရရှိခဲ့ခြင်းလည်းဖြစ်ပြီး ဆုကြေး ယူရို ၁ ဒသမ ၂ သန်းကို ခွဲယူကြရမည်ဖြစ်သည်။

Ref: Eleven

ဆံပင်ညှပ်ကြမလား... (Plz Listen)

အခုတလော ကျွန်တော် စာမေးပွဲတွေ ဖြေနေရလို့ ပို့စ်လေးတွေ သိပ်မတင်ဖြစ်ပါဘူး... ခု ဟိုးတနေ့က FB မှာ တွေ့ရတဲ့ ဖိုင်လေးတစ်ခုကို သဘောကျလို့ တင်ပေးလိုက်ပါတယ်...
ဒါလေးကို စိတ်ရှည်လက်ရှည်လေး နားထောင်ကြည့်ပါ.. ကိုယ်ကိုယ်တိုင် ဆံပင်ညှပ်ဆိုင်မှာ ညှပ်နေသလို ခံစားနေရပါလိမ့်မယ်...။ (နားကျပ်လေး ဘယ်ညာ နှစ်ဘက်လုံး တပ်ထားဖို့တော့ လိုတယ်နော်...)


အိုင်းစတိုင်းသီအိုရီ မှန်ကန်နေဆဲ

နျူထရီနို အက်တမ်တစ်ပိုင်း အမှုန်များကို အလင်းထက် လျင်မြန်သော အမြန်နှုန်းဖြင့် ပို့လွှတ်နိုင်ခဲ့သည်ဆိုသော ယမန်နှစ်ကပြုလုပ်ခဲ့သည့် သုတေသန အောင်မြင်သည်ဆိုခြင်းမှာ မှားယွင်း တွက်ချက်မိခြင်းသာဖြစ်ကြောင်း ယင်းသုတေသနကို ဦးဆောင်လုပ်ကိုင်ခဲ့သော သိပ္ပံ ပညာရှင်များက ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စကြ၀ဠာအတွင်း အက်တမ်တစ်ပိုင်း အမှုန်များသည်လည်းအခြား အရာရာတိုင်းကဲ့သို့ပင် အလင်းအမြန်နှုန်းထက် ပိုမြန်အောင် မသွားနိုင်သည်မှာ သေချာကြောင်း ၀န်ခံခဲ့ရခြင်းဖြစ်ပြီး ရူပဗေဒပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်း၏ တွက်ချက်ဖော်ထုတ်ခဲ့မှုများ မှန်ကန်ဆဲဖြစ်ကြောင်း ၀န်ခံခဲ့ရခြင်းလည်းဖြစ်သည်။

ဥရောပ နျူကလီးယား သုတေသနစင်တာ (CERN) မှ ပညာရှင်များသည် နျူထရီနိုအမှုန်များကို အလင်းထက်မြန်အောင် ပို့လွှတ်နိုင်ပြီဖြစ်ကြောင်း ယမန်နှစ်က ကြေညာခဲ့သည်။ မော်ဒန်ရူပနယ်ပယ်တစ်ခုလုံးကို ကိုင်လှုပ်ခဲ့ကာ အိုင်းစတိုင်း၏ ၁၉၀၅ ခုနှစ် အထူးနှိုင်းရ သီအိုရီလာ သဘောတရားဖြစ်သော အလင်း၏ အလျင်သည် စကြ၀ဠာအတွင်း အမြန်ဆုံးဖြစ်သည်ဆိုသော အယူအဆ မှားယွင်းနေပြီလောဟုပါ သံသယဖြစ်စေခဲ့သည်။

နျူထရီနိုအမှုန်များကို CERN ၏ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာရှိ မြေအောက်ဓာတ်ခွဲခန်းမှ အီတလီရှိ ဂရန်ဆက်ဆိုဓာတ်ခွဲခန်းသို့ ပို့လွှတ်ပြီး အမြန်နှုန်း တိုင်းတာခဲ့ခြင်းဖြစ်သည်။

ခရီးမိုင် ၄၅၄ မိုင် အကွာအဝေးကို ဖြတ်သန်းရန် နျူထရီနိုများမှာ ၀ ဒသမ ၀၀၂၄ စက္ကန့် ကြာမြင့်ရမည်ဖြစ်သော်လည်း မျှော်လင့်ထားသည်ထက် ၀ ဒသမ ၀၀၀၀၀၀၀၆ စက္ကန့်ပိုစောပြီး ရောက်ရှိခဲ့ကြောင်း အစောပိုင်း တိုင်းတာမှုများအရ တွေ့ရှိခဲ့ရကာ အလင်းထက် မြန်ဆန်စွာပို့ နိုင်ပြီဟု ကြေညာခဲ့ကြသည်။

ဇွန်လ ၈ ရက်နေ့တွင် ဂျပန်နိုင်ငံမြို့တော်ဟောင်းကျိုဒို၌ ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ နျူထရီ နိုရူပဗေဒနှင့် အာကာသရူပဗေဒဆိုင်ရာ နိုင်ငံစုံကွန်ဖရင့်တွင်မူ ယင်းသုတေသနဆောင်ရွက်ခဲ့သည့် CERN မှ OPERA အဖွဲ့က တွေ့ရှိခဲ့မှုမှာ မှားယွင်းတွက်ချက်ခဲ့ခြင်းသာဖြစ်ကြောင်း ၀န်ခံခဲ့ရခြင်း ဖြစ်သည်။ ယင်းသုတေသနနှင့်ပုံစံတူ သုတေသနကိုလည်း ဂရန်းဆက်ဆို ဓာတ်ခွဲခန်းမှ ရူပဗေဒ နိုဗယ်ဆုရှင်ကာလိုးရူဗီယာဦးဆောင်သည့် ICARUS အဖွဲ့က ထပ်မံလုပ် ဆောင်ခဲ့ပြီး နျူထရီနိုများသည်လည်း စကြ၀ဠာ၏ အမြန်နှုန်း ကန့်သတ်ချက်အတွင်းသာရှိကြပြီး အလင်းထက် ပိုမြန်စွာ မသွားနိုင်ကြောင်း အတည်ပြုပေးခဲ့ကြသည်။

Ref: Eleven

ရခိုင်နှင့် ရိုဟင်ဂျာ အလံ မရောကြစေရန်

ခုတလော ဖြစ်ပျက်နေတဲ့ ရိုဟင်ဂျာ ဘင်္ဂလီကုလားတွေရဲ့ ကျူးကျော်စော်ကားမှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံး အရမ်းကို မခံချင်စိတ်၊ ဒေါသစိတ်တွေ ဖြစ်နေကြပါတယ်။ FB စတဲ့ Social Network တွေမှာလဲ ရိုဟင်ဂျာဆန့်ကျင်ရေး၊ နှိမ်နင်းရေးအတွက် အားလုံး လိုလားနေကြမှာ အမှန်ပါပဲ။ အဲ့မှာ မြန်မာတော်တော်များများ FB Profile Picture တွေမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ အလံပုံ တင်ပြီး ရခိုင်ကိုထောက်ခံ၊ ရိုဟင်ဂျာကို ဆန့်ကျင်နေကြပါတယ်...။ အဲ့နေရာမှာ တခုပြောချင်တာက ရခိုင်အမျိုးသားအလံနှင့် ရိုဟင်ဂျာကုလားတွေအလံဟာ လုံးလုံးမဟုတ်ရင်တောင် နည်းနည်းတော့ ဆင်တူနေပါတယ်...။ အောက်မှာ ကြည့်ကြပါ..။ 

ဒါကြောင့် အလံချင်း မမှားကြ ၊ မရောကြစေဖို့ တင်လိုက်တာပါ။ ရခိုင်အလံမှာလည်း နေနှင့်လ ပါနေကြလို့ တချို့မရှင်းလင်းသူများအတွက် ရက္ခိတကာရန် wordpress လေးကနေပြီး ရခိုင်တိုင်းရင်းသားအလံရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ကို ပြန်လည် ဖော်ပြလိုက်ပါတယ်...။

အရောင်
အပေါ်ပိုင်းအဖြူရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်သောစိတ်ဓါတ်ရှိခြင်း၊ အမျိုးသီလနှင့် ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်သော စိတ်ရှိခြင်း နှင့် ဖြူစင်တည်ကြည် စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားရှိခြင်း တို့ကို ဖော်ဆောင်သည်။ အနီရောင်၏သဘောမှာ ရဲရင့်တည်ကြည်သောသတ္တိနှင့် ခိုင်ခံ့တည်ကြည်သောဇာတိသွေး၊ ဇာတိမာန်ရှိခြင်းတို့ကို အဓိပ္ပါယ်ရှိခြင်းတို့ကို အဓိပ္ပါယ်ဆောင်သည်။

သီရိ၀စ ၦ
သီရိ၀စ ၦမွာ ဝေသာလီစန္ဒြားမင်းတို့၏ဒင်္ဂါးတွင် ခေတ်နှိပ်သုံးစွဲသောပုံဖြစ်သည်။ ဤတံဆိပ်ကို ဒင်္ဂါးတွင်သာမက ရာဇပလ္လင် မုတ်တံကဲများ၊ ဘုရားတန်းဆောင်မုတ်တံကဲများ၊ တံခါးမုတ်စီများတို့တွင် အမြဲသုံးစွဲခဲ့ကြသည်။ သီရိဝစ္ဆမှာ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသည်ဟုအဓိပ္ပါယ်ရသည်။ ယင်းအထဲတွင်သင်္ကေတများစွာပါရှိသည်။

နေနှင့်လ
နေနှင့်လတို့မှာ ပထမဆုံး ရခိုင် ဟူသော အမည်ကို ခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သော မင်းတို့သည် နေလ အမည်ရှိသော ဘွဲ့ထူးဂုဏ်ထူး အမည်များကို ခံယူခဲ့ကြသည်။ သူရိယမင်းဆက်၊ စန္ဒြားမင်းဆက်ဟူ၍ အုပ်ချုပ်ခဲ့ကြသည်။ နေလတို့သည် ကမ္ဘာ၏ တန်ဆာများ ဖြစ်ကြသည့် အလျှောက် အအေးနှင့်အပူ၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အပြစ်တို့ကို ထင်ရှားစေနိုင်သော သတ္တိရှိကြသည်။ နေမင်းနှင့်တူသောအကျင့်၊ လမင်းနှင့်တူသော အကျင့်တို့ ရှိကြသည်။ ယင်းနည်းအတူ မင်းနှင့်တကွ ပြည်သူတို့သည် သစ္စာတရား တည်ကြည်ကြရမည်။ ယဉ်ကျေးမှုအနုပညာ၊ စီးပွားရေးအခြေအနေနှင့် အမျိုးသား လက္ခဏာများကို ဖော်ညွှန်း ထားပါသည်။ နေသည် ကမ္ဘာ မြေပြင် ပေါ်ရှိ လူသတ္တ၀ါတို့ကို အလင်းရောင်ပေးသည်၊ လသည် အေးမြကြည်လင်သော သာယာမှုတို့ကို ဒေသဌာနမရွေး၊ ပုဂ္ဂိုလ် သတ္တ၀ါမရွေး မျှတသော အရောင်ကို ပေးတတ်သည်။ လူသားသတ္တ၀ါတို့ အပေါ်တွင် အေးမြကြည်လင်သော သစ္စာတရားရှိသည်ကို ဖော်ညွှန်းထားခြင်းဖြစ်သည်။

လက်ဝဲရစ်ခရုသင်းနှင့်လက်က်ျာရစ်ခရုသင်း
တိုင်းပြည်ကို အုပ်ချုပ်သောဘုရင်များ ဘိသိတ်ခံရာ၌ လက်ဝဲနှင့် လက်ကျာရစ် ခရုသင်းတို့ဖြင့် သစ္စာရေစင် ဖြန်းရသည်။ ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သား အပေါင်းတို့အား သစ္စာ၊ သီလ၊ သမာဓိတရားတို့ဖြင့် တရားသဖြင့် အုပ်ချုပ်အုပ်ထိန်းနိုင်ပါစေ၊ တိုင်းသူပြည်သား တို့ကလည်း သစ္စာ၊ သီလ၊ ဓမ္မ ရှိကြပါစေ ဟူသော သရုပ်ကို ဖော်ဆောင်ပါသည်။

စိန်တောင်
စိန်တောင်သည် အလယ်ဗဟို တည့်တည့်တွင် မဏ္ဏိုင် မားမားမတ်မတ် ဖြောင့်တန်းစွာ ရပ်တည်ထားသည်။ ဖော်ပြခဲ့သော သစ္စာ၊ ဓမ္မတရားတို့သည် မင်းနှင့်တကွ ပြည်သူတို့အား တည့်တည့်မတ်မတ် အုပ်ချုပ်ခြင်း၊ ခံယူလိုက်နာခြင်း လက္ခဏာကို ဖော်ပြထားသည်။

စိန်တောင်အောက်ခံ
စိန်တောင်အောက်ခံမှာ လခြမ်းသဒဏ္ဍာန် ဖြစ်ပြီး စိန်တောင်အား မတိမ်းမစောင်း ဖြောင့်မတ် တည်ရှိနိုင်ရန် မယိမ်းမယိုင်စေခြင်းငှာ အောက်ခံပြုလုပ်ထားခြင်း သဘောကို သရုပ်ဆောင်သည်။

ရွေးလုံး(ရ)လုံး (ဗိန္ဒု)
ရခိုင်တို့သည် ကြက္ကိကာနက္ခတ်နှင့် ယှဉ်သည့် လူမျိုးများဖြစ်ကြသည်။ ကြက္ကိကာနက္ခတ်သည် စပါးပင်၊ မြေများ၏ လက္ခဏာကို ဆောင်သည် (တစ်ချို့ကျမ်း၌ ကြယ်ခုနစ်ကောင်ဟု ဆိုသည်) ကြက္ကိကာနက္ခတ်ကိုမှီး၍ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း တို့ပြုလုပ်ကြသည်။ ရခိုင်ပြည်သည် ကြက္ကိကာနက္ခတ်နှင့် လျှော်ညီစွာ စိုက်ပျိုးရေးကို အဓိကပြု၍ အသက်မွေးဝမ်းကြောင်း ဆောင်ရွက်ရသော တိုင်းပြည်ဖြစ်သည်။ ယင်းကြောင့် ရခိုင်ပြည်၏ အသက်သွေးခဲဖြစ်သော စီးပွားရေးနှင့် စိုက်ပျိုးရေး လက္ခဏာ သဘောကို ဆောင်ထားခြင်းဖြစ်သည်။

ခြူးပန်း
ခြူးပန်းသည် အမြင့်မြတ်ဆုံးသော ပန်းတစ်မျိုးတွင် ပါဝင်သည်။ ခြူးပန်းမှာ အပင်မှပွင့်သော ပန်းမျိုးမဟုတ်ပေ၊ ခြူးဟုခေါ်သော သတ္တ၀ါတစ်မျိုး၏ ခန္ဒာကိုယ်လက်မှ ပေါက်ရောက်နေသော အမွှေးအမျှင်တို့၏ ပုံသဒဏ်တွင် အခွေခွေအလိပ်လိပ်ဖြစ်ပေါ်နေခြင်းကို သရုပ်ဖော်၍ ပန်းချီ၊ ပန်းပုဆရာတို့သည် ဘုရား၊ စေတီ၊ အဆောက်အဦး၊ ပလ္လင်၊ မုတ်တံကဲများ၊ ထီးဆောင်နန်းဆောင်စသော အဆောက်အဦးတို့တွင် အပြောက်အပြိန်းများ၊ ပန်းခက၊် ပန်းလိပ်၊ ပန်းနွယ်များ ထုလုပ်ရာတွင်သရုပ်ဖော်၍ ထုလုပ်ခဲ့ကြသည်။ ပန်းခက်တို့၏ အလယ်တွင် ခြူးကောင်များ ထုလုပ်ထားခြင်းကြောင့် ခြူးပန်းဟူ၍ခေါ်သည်။ ခြူး ကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာကိုလည်းကောင်း၊ အသီးအနှံတို့ကိုလည်းကောင်း လုံးဝဖျက်ဆီးခြင်းမရှိ၊ သူတို့၏သွားရာတွင် အမွှေးအမျှင်များ တစ်ခုနှင့်တစ်ခု ထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင်မြည်သည်။ မင်္ဂလာရှိသော၊ တေးသံသာသောအသံကို သရုပ်ဖော်ထားသည်။ ၎င်းတို့သည် ကာမဆန္ဒတရား၌ တစ်သက်လျင်တစ်ကြိမ်သာမှီဝဲခြင်းရှိသည်။ သူတစ်ပါးအမျိုးအနွယ်များကိုလည်း ဖျက်ဆီးခြင်းမရှိ၊ အဗြဟ္စရိယာသိက္ခာပုဒ်ကို စောင့်ထိန်းခြင်း၊ တိုင်းသူပြည်သားတို့သည်လည်း မုဒိန်းတန္တမကျူးလွန်ကြစေရန် သရုပ်ဆောင်ထားသည်။
ဤသီရိဝိစ္ဆတစ်ခုလုံး၏ သဘောတရားမှာ သစ္စာဓမ္မရှိခြင်း၊ လယ်ယာစိုက်ပျိုးရေး၌ စပါးသီးနှံပွားများစေခြင်း၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အပြစ်တို့ကို ဆင်ခြင်စေနိုင်ခြင်း၊ မိမိတို့၏ ရိုးရာဓလေ့ထုံးစံများကိုစောင့်ထိန်းနိုင်ခြင်း၊ ခေတ်နှင့်လျှော်ညီစွာ တစည်းတလုံးတည်း တည်မြဲနိုင်စေခြင်း၊ ထွန်းသစ်ပေါများ တိုးတက်စေနိုင်သော သင်္ကေတသဘောများကို သရုပ်ဆောင်ထားပါသည်။

မူရင်းဖော်ပြချက် >>  ရက္ခိတကာရန်

၁၀၀၀၀ ကျပ်တန် ငွေစက္ကူ မြန်မာနိုင်ငံတွင် စတင်ထုတ်ဝေမည်


၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက် နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်စတင် ထုတ်ဝေမည် ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံပိုင်ရုပ်သံ မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေမည် ဖြစ်ကြောင်း၊ ငွေစက္ကူသစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ဘဏ်ဖွင့်ချိန် အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိ လှည့်လည် သုံးစွဲလျှက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေ များသည်လည်း တရားဝင်သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ် နောက်ပိုင်း ငွေစက္ကူ အမျိုးအစားပေါင်း ၁၈ မျိုး ထုတ်ဝေခဲ့ပြီး ယခု အကြိမ်မှာ ၁၉ ကြိမ်မြောက် ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစားသစ် ဖြစ်ကြောင်း မှတ်တမ်းများ အရသိရသည်။
နောက်ဆုံး ထုတ်ဝေထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
၁၉၉၄ ခုနှစ် နောက်ပိုင်း ထုတ်ဝေခဲ့သည့် ငွေစက္ကူ အမျိုးအစားသစ် ၁၉ မျိုးတွင် အမှတ်အသားများ ထည့်သွင်းရာ၌ အမျိုးအစား သုံးမျိုးမှ လွဲ၍ ကျန် ၁၆ မျိုးအား ခြသေ့င်္ရုပ်ပုံများသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။
ယခုအစိုးရသစ် လက်ထက်တွင် ထုတ်ဝေသည့် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်၌ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားကြောင်း၊ အရောင်မှာ အပြာရောင် ဖြစ်ကြောင်း၊ ကျောဖက်တွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားကြောင်း၊ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားကြောင်း သိရသည်။
မြန်မာငွေကျပ် ရာဇ၀င်အချို့
မင်းတုန်းမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ စသည်ဖြင့် စုစုပေါင်း ၅ မျိုးအား သွန်းလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်မှ မြန်မာငွေကြေး စနစ်တွင် ကျပ်၊ ပဲ၊ ပိုင် စနစ်မှ ကျပ်၊ ပြားစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။
၁၉၅၂ ခုနှစ်တွင် တစ်ပြား၊ ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား၊ ၅၀ ပြား နှင့် ၁ ကျပ်စေ့များ ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတို့နောက်မှ ၁၉၇၂ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် အမျိုးအစား ငွေစက္ကူ အမျိုးအစားများကို ထုတ်ဝေ အသုံးပြုခဲ့ကြကြောင်း သိရသည်။
၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါ အမျိုးအစားများထဲမှ ၂၅ ကျပ်၊ ၅၀ကျပ်နှင့် ၁၀၀ ကျပ်တန်များမှာ သုံးစွဲခွင့် မရတော့ကြောင်း သိရသည်။ ၁၉၈၅ ခုနှစ်တွင် ၇၅ ကျပ်တန် အမျိုးအစား ငွေစက္ကူ၊ ၁၉၈၆ ခုနှစ် သြဂုတ်လတွင် ၁၅ ကျပ်တန် နှင့် ၃၅ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေ သုံးစွဲခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ အမျိုးအစားများ သုံးစွဲခွင့် မရရှိတော့ကြောင်း သိရသည်။
ထို့နောက်တွင်မှ ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် အမျိုးအစား ငွေစက္ကူများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအမျိုးအစားများ ထုတ်ဝေခဲ့ပြီး လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများ နည်းတူသုံးစွဲခွင့် ရှိနေသေးကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက် နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်စတင် ထုတ်ဝေမည် ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံပိုင်ရုပ်သံ မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေမည် ဖြစ်ကြောင်း၊ ငွေစက္ကူသစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ဘဏ်ဖွင့်ချိန် အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိ လှည့်လည် သုံးစွဲလျှက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေ များသည်လည်း တရားဝင်သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ် နောက်ပိုင်း ငွေစက္ကူ အမျိုးအစားပေါင်း ၁၈ မျိုး ထုတ်ဝေခဲ့ပြီး ယခု အကြိမ်မှာ ၁၉ ကြိမ်မြောက် ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစားသစ် ဖြစ်ကြောင်း မှတ်တမ်းများ အရသိရသည်။

နောက်ဆုံး ထုတ်ဝေထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
၁၉၉၄ ခုနှစ် နောက်ပိုင်း ထုတ်ဝေခဲ့သည့် ငွေစက္ကူ အမျိုးအစားသစ် ၁၈ မျိုးတွင် အမှတ်အသားများ ထည့်သွင်းရာ၌ အမျိုးအစား သုံးမျိုးမှ လွဲ၍ ကျန် ၁၆ မျိုးအား ခြသေ့င်္ရုပ်ပုံများသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။
၁၉၉၄ ခုနှစ် မတ်လ ၂၇ ရက် နေ့တွင် ထုတ်ဝေသည့် ၅၀ ပြားတန် ငွေစက္ကူတွင် စောင်းရုပ်ပုံ၊  ၁၉၉၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၁ ကျပ်တန် ငွေစက္ကူတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၅၀၀၀ ကျပ်တန်တွင် ဆင်ဖြူတော်နှင့် လွှတ်တော်ပုံ စသည့် သုံးမျိုးမှလွဲ၍ ကျန်အမျိုးအစားများတွင် ခြင်္သေ့ရုပ်ပုံ သုံးစွဲထားခြင်းဖြစ်သည်။
ယခုအစိုးရသစ် လက်ထက်တွင် ထုတ်ဝေသည့် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်၌ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားကြောင်း၊ အရောင်မှာ အပြာရောင် ဖြစ်ကြောင်း၊ ကျောဖက်တွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားကြောင်း၊ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားကြောင်း သိရသည်။

အရွယ်အစား ။ ။ ၁၅x၇ စင်တီမီတာ
ပေါ်လွင်သည့် အရောင် ။ ။ အပြာရောင်
မျက်နှာစာဘက်  ။ ထိပ်ပိုင်းတွင် 'မြန်မာနိုင်ငံတော်ဗဟိုဘဏ်' စာတမ်းရိုက်နှိပ်ထားပါသည်။ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော်နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူတန်ဖိုးကို ဖော်ပြထားသည့် မြန်မာစာတန်း 'တစ်သောင်းကျပ်'ကိုလည်း ရိုက်နှိပ်ထားပါသည်။ လက်ယာဘက်ပိုင်းတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူတန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားပါသည်။ လက်ဝဲဘက်ပိုင်းတွင် ကြာဖြူပွင့်ပုံ ရေစာပါရှိပါသည်။ ငွေစက္ကူတွင် လုံခြုံရေး ကြိုးတစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားပါသည်။

ကျောဘက်   ။ ။ ထိပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး  ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေးနန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားပါသည်။ ဘေးဘောင်များတွင် မြန်မာ့အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။

မြန်မာငွေကျပ် ရာဇ၀င်အချို့ 
မင်းတုန်းမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ စသည်ဖြင့် စုစုပေါင်း ၅ မျိုးအား သွန်းလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်မှ မြန်မာငွေကြေး စနစ်တွင် ကျပ်၊ ပဲ၊ ပိုင် စနစ်မှ ကျပ်၊ ပြားစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။

၁၉၅၂ ခုနှစ်တွင် တစ်ပြား၊ ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား၊ ၅၀ ပြား နှင့် ၁ ကျပ်စေ့များ ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတို့နောက်မှ ၁၉၇၂ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် အမျိုးအစား ငွေစက္ကူ အမျိုးအစားများကို ထုတ်ဝေ အသုံးပြုခဲ့ကြကြောင်း သိရသည်။

၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါ အမျိုးအစားများထဲမှ ၂၅ ကျပ်၊ ၅၀ကျပ်နှင့် ၁၀၀ ကျပ်တန်များမှာ သုံးစွဲခွင့် မရတော့ကြောင်း သိရသည်။ ၁၉၈၅ ခုနှစ်တွင် ၇၅ ကျပ်တန် အမျိုးအစား ငွေစက္ကူ ထုတ်ဝေခဲ့သည်။ ၁၉၈၆ ခုနှစ် သြဂုတ်လတွင် ၁၅ ကျပ်တန် နှင့် ၃၅ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေ သုံးစွဲခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ အမျိုးအစားများ သုံးစွဲခွင့် မရရှိတော့ကြောင်း သိရသည်။

ထို့နောက်တွင်မှ ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် အမျိုးအစား ငွေစက္ကူများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအမျိုးအစားများ ထုတ်ဝေခဲ့ပြီး လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများ နည်းတူသုံးစွဲခွင့် ရှိနေသေးကြောင်း သိရသည်။



Ref: Eleven

ဆေးရုံတက်မှ မိမိကိုယ်ကို အမျိုးသမီးမှန်း သိရသူ


အမျိုးသားတစ်ဦးသည် ကျောက်ကပ်တွင် ကျောက်တည်သဖြင့် ဆေးရုံတက်ကာ စစ်ဆေးမှုများ ပြုလုပ်ခါမှ သူ့ကိုယ်သူ အမျိုးသမီးမှန်း သိရသည်ဟု ဆိုသည်။ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ် ၊ ဒင်ဗာမြို့မှ ဓာတ်ပုံဆရာတစ်ဦးဖြစ်သူ စတိဗ်ခရီဆဲလ်လီးယပ်စ် သည် မွေးစဉ်ကတည်းက အမျိုးသားနှင့် အမျိုးသမီး ဗီဇနှင့် အဂါင်္နှစ်ရပ်လုံး ပါခဲ့ပြီး ကာလကြာရှည်စွာ သူ၏ အမျိုးသမီးဖြစ်မှုက ပုန်းကွယ်နေခဲ့သည်။ အာထရာဆောင်းစစ်ဆေးမှုတွင် အမျိုးသမီး အင်္ဂါများကို တွေ့ရပြီးနောက် အမျိုးသားအဖြစ် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သော စတိဗ်သည် စတီဗီဟု အမည်ပြောင်းကာ နေထိုင်ခဲ့ရသည်။ ထို့နောက်သူသည် အမျိုးသားတစ်ယောက်အဖြစ် အိမ်ထောင်ပြုခဲ့ပြီး ဇနီးနှင့် ကလေး ခြောက်ယောက် ရှိသည်။ သူသည် ငယ်စဉ်က အမျိုးသမီးဖြစ်ချင်ကာ မိခင်၏ အ၀တ်များနှင့် မိတ်ကပ်တို့ကို လျှို့ဝှက်စွာ သုံးဖူးသော်လည်း မည်သူ့ကိုမျှ ဖွင့်ပြောခြင်းမရှိခဲ့ ဟု ဆိုသည်။ အသက် ၄၀ အရွယ်တွင် ဆေးရုံတက်သည့် အခါတွင်မှ သူ့ထံတွင် အမျိုးသမီး အင်္ဂါများ ပါဝင်နေကြောင်းတွေ့ရှိရသည် ဟု ဆိုသည်။

Related Posts Plugin for WordPress, Blogger...