လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

One Day

သီချင်းသရုပ်ဖော်ထားတာလေးကို သဘောကျလို့ ရှယ်လိုက်ပါတယ်...။

ဘ၀ကို ဆုတောင်းယူလို့ ရပါသလား

အရှင်ဆန်နီနေမင်း ဆိုက်မှာ ဖြေထားတာပါ...။

ဆုတောင်းယူပြီးရတဲ့ ဘဝတွေနဲ့ ကံစီမံရာ ကျရတဲ့ဘဝတွေ ဘယ်လိုခြားနားကြောင်း ရှင်းပြပေးတော်မူပါ ဘုရား။ ဘယ်လိုသူမျိုးတွေဟာ ကံစီမံရာ(သုဂတိ၊ဒုဂတိ)ကျကြ၍ ဘယ်လိုသူမျိုးတွေဟာ မိမိအလိုရှိရာ ဘဝကို ဆုတောင်းရယူနိုင်ကြပါသလဲဘုရား။ ဗဟုသုတအလို့ငှာ သိလို၍ မေးလျှောက်ပါသည်ဘုရား။ ဘဝတဏှာကို ရှေ့တန်းတင်၍ မေးလျှောက်သည်ဟု မှတ်ယူတော် မမူပါနှင့်ဘုရား။ ကျေးဇူးတင်ပါတယ် အရှင်ဘုရား။
ခုမေးထားတဲ့မေးခွန်းက လွယ်မလိုရှိသော်လည်း စဉ်းစားဖြေရခက်နေတာမို့ ဒီမေးခွန်းကျမှပဲ ဦးဇင်းလည်း သင်ထားခဲ့သမျှ ဇာတ်တော်တွေကို အကုန်လိုက်ပြီး အာရုံပြုရတော့တယ်။ ဦးဇင်းဆီမှာကလည်း စာအုပ်က ကျမ်းရေးဖို့စာအုပ်နှင့်အင်္ဂလိပ်စာအုပ်ကလွဲရင် မရှိဘူးလေ။ မြန်မာပြည်မှာမှ မဟုတ်တာ။ အဲဒီတော့ သင်ထားသမျှ ဇာတ်တော်တွေကို လိုက်လံစစ်ဆေးစဉ်းစားကြည့်တဲ့အခါ ဆုတောင်းပြီးဘ၀ကိုရတဲ့ လူဆိုတာ သေချာပြောလို့မရဘူးဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဘ၀မှာ နတ်ပြည်ကိုရောက်ရပါလို၏လို့ ဆုတောင်းပြီး ကောင်းမှုကုသိုလ်လုပ်သော်လည်း နတ်ပြည်ကိုသေ ချာပေါက်မရောက်ဘဲ ဗြဟ္မာပြည်၊ လူ့ပြည်ကိုရောက်နိုင်လို့ပါပဲ။ မိမိလိုချင်တဲ့ဘ၀ကို သေချာပေါက်ရောက် ချင်တယ်ဆိုရင်တော့ သောတာပန်အနည်းဆုံးဖြစ်အောင် လုပ်မှရမှာပါ။ သောတာပန်စတဲ့အရိယာများသာ လျှင် နတ်ပြည်၊ ဗြဟ္မာပြည်များကိုသေချာပေါက် ရောက်နိုင်ပါတယ်။
ပုထုဇဉ်များအနေနဲ့တော့ ကောင်းမှုကုသိုလ်လုပ်ပြီး ဘယ်ဘ၀မှာဘယ်ဘုံရောက်ရပါလို့၏လို့ သေချာပေါက် ဆုတောင်းလို့ မရပါဘူး။ မြတ်စွာဘုရားရှင်ဟာ သူပါရမီဖြည့်ရမဲ့ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းမှာ သူဖြစ်ချင်တဲ့ဘ၀တွေကို မဖြစ်ခဲ့ရဘဲ ဖြစ်တဲ့ဘ၀မှာ ပြုလုပ်လို့ရတဲ့ပါရမီများကို ဖြည့်ကျင့်ခဲ့ပါတယ်။ မိထွေးတော်ဂေါတမီဆိုရင်လည်း သူ့ဟာ ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်မှာ ဘုရားရှင်ရဲ့မိထွေးတော် တစ်ယောက်ကို အားကျခဲ့လို့ သူလည်း အဲဒီလိုဖြစ်ရပါလို့ဆိုပြီး မြတ်ဗုဒ္ဓအားဆွမ်းများကပ်ကာ ဆုတောင်းခဲ့ပါတယ်။ ဒါပေမဲ့ သူ ဘယ်ဘ၀၊ ဘယ်ချိန်ရောက်မှ ဒီလိုဘုရားမယ်တော်ဖြစ်မယ်ဆိုတာ မသိသလို ဘယ်ဘုရားလက်ထက်မှာ ဖြစ်မယ်ဆိုတာလည်း သေချာပေါက်မသိပါ။ သို့သော် မြတ်ဗုဒ္ဓ ရှင်တော်ကတော့ သဗ္ဗညုတဉာဏ်ရရှိထားသူမို့ ဆုတောင်းသူရဲ့ ဆုပြည့်မပြည့် ဘယ်ချိန်မှပြည့်မယ် ဆိုတာတွေကို သိတဲ့အတွက် သူ့ရှေ့မှာဆုတောင်းရင်တော့ ဘယ်ချိန်မှာဖြစ်မယ်ဆိုတာ မိန့်ပေးလေ့ ရှိပါတယ်။
အဲဒီတော့ ကိုယ်ရောက်ချင်တဲ့ဘ၀ကို တိုက်ရိုက်ရောက်အောင် ဆုတောင်းရုံနဲ့မရဘဲ ကိုယ်ဖြစ်ချင်တဲ့ ဘ၀ပုံစံကိုသာ ရောက်ရာရောက်ကြောင်းများကို သီးသန့်ပြုလုပ်ပေးမှ ရပါလိမ့်မယ်။ ဥပမာ-မိမိက လူ့ဘုံရောက်ခဲ့ပါက ဘယ်လိုလူမျိုးဖြစ်ရပါစေ၊ ဘယ်သူတွေနဲ့ပေါင်းစုံပါရစေဆိုတဲ့ ဆုတောင်းမှုမျိုး ကို ကောင်းမှုကုသိုလ်လုပ်ပြီး ရယူရပါလိမ့်မယ်။ ကောင်းမှုသာလုပ်ပြီး မိမိဖြစ်ချင်တဲ့ပုံစံကို ဆုတောင်းခြင်းမရှိခဲ့ပါကလည်း မိမိလုပ်တဲ့ကောင်းမှုနဲ့ထိုက်တန်တဲ့ ဘ၀ကိုရောက်ပြီး မိမိကောင်းမှုရဲ့ အကျိုးဆက်ကိုတော့ ခံစားရမှာပါ။ ဆွမ်းလှူဒါန်းခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဖြစ်လေရာဘ၀မှာတော့ ဆွမ်းအကျိုးဖြစ်တဲ့ သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာငါးမျိုးကို သေချာပေါက် ရရှိပါလိမ့်မယ်။ မိမိကဖြစ်လေရာ ဘ၀တိုင်းမှာ ဘယ်လိုအကျိုးတွေရချင်တယ်ဆိုတော့ အဲဒီအကျိုးတွေရအောင် ပြုလုပ်လို့ရပါတယ်။ ဒါပေမဲ့ ဘ၀ကိုတော့ ဘယ်ဘ၀ကိုရောက်အောင် တိုက်ရိုက်ရယူဖို့က အလွန်အင်မတန်းခဲယဉ်းပါတယ်။
မိမိကနတ်ပြည်ရောက်ကြောင်းတွေကို ပြုလုပ်သော်လည်း ပုထုဇဉ်များမှာ အရင်အရင်ဘ၀တွေက အတိတ်ကံတွေကျန်ခဲ့သေးတာမို့ သေချာပေါက်ရောက်မယ်လို့ ပြောဖို့ခက်ပါတယ်။ သေချာပေါက်ရောက်နိုင်တဲ့ဘ၀တွေရှိနေပေမဲ့လည်းဆုတောင်းမှုတစ်ခုနဲ့မရဘဲ ကောင်းမှုကိုလည်း အားသွန်ခွန်စိုက် ပြုလုပ်မှပါ။ ဥပမာ-မာဃလုလင်ဟာ သူများတွေ ချမ်းသာတာ၊ သူဌေးဖြစ်တာ၊ လနတ်သား၊ နေနတ်သားတွေကို အားကျတာနဲ့ လမ်းပြင်ခြင်းစတဲ့ ကောင်းမှုတွေကို လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် သိကြားမင်းဖြစ်မယ်ဆိုတာ မသိခဲ့ပါ။ ခု မိမိတို့က မြတ်ဗုဒ္ဓဟောကြားခဲ့လို့ နတ်ပြည်ရောက်အောင် ဘာတွေလုပ်ရင်ဖြစ်တယ်ဆိုတာသိပေမဲ့ အဲဒီအလုပ်ကို စိတ်ပါလက်ပါနဲ့ လုပ်ပေးမယ်၊ အရင်အရင်ဘ၀တွေက မကောင်းကျိုးတွေလည်း မရှိမှသာ နတ်ပြည်ရောက်ကြောင်းလုပ်လို့ နတ်ပြည်ကို ရောက်ပါလိမ့်မယ်။ နတ်ပြည်ရောက်အောင် ဆုတောင်းရုံတစ်ခုတည်းနဲ့မဖြစ်သလို အရင်ဘ၀တွေက မကောင်းကျိုးဆက်တွေလည်း မကျန်ရှိမှ ဖြစ်ပါလိမ့်မယ်။
များသောအားဖြင့် ကောင်းမှုလုပ်တဲ့အခါ ဆုတောင်းလေ့ရှိကြတာကတော့ အရိယာဖြစ်တဲ့အခါမှာ ဘယ်လိုအရိယာဖြစ်ရပါစေဆိုပြီး ဆုတောင်းကြသလို နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါစေဆိုတဲ့ ဆုတောင်းမှု မျိုးသာ ပြုလုပ်ခဲ့ကြကြောင်းကို ရဟန္တာများအကြောင်း ဘိက္ခူနီမအကြောင်းများ ဖတ်ကြည့်ပါက သိနိုင်ပါတယ်။ အဲဒီတော့ မိမိက ကောင်းမှုကုသိုလ်လုပ်တဲ့အခါမှာ သူတော်ကောင်းများနည်းတူ နိဗ္ဗာန်ကိုလျင်မြန်စွာ ရရပါစေ၏လို့ပဲ ဆုတောင်းပြီး ကျန်တာကိုတော့ ဆိုင်ရာကောင်းမှုအားလျော်စွာ အကျိုးပေးမှာမို့ သီးသန့်ဆုတောင်းနေစရာမလိုပေ။ တကယ်လို့ မိမိအားကျတဲ့ ရဟန္တာပုဂ္ဂိုလ်များရှိပါက အဲဒီကဲ့သို့ ဖြစ်ရပါလို၏လို့ ဆုတောင်းပေါ့လေ။ ကျန်တဲ့ဘုံဌာနဘ၀တွေရောက်ဖို့ကတော့ ပုထုဇဉ်များမှာ အတိတ်ဘ၀က မကောင်းမှုများ ကျန်ရှိနိုင်သေးတာမို့ ဘယ်ဘုံဘယ်ဘ၀ဖြစ်မယ်ဆိုတာ သေချာပြောလို့ မရပေ။ သို့သော် ရေများရေနိုင်၊ မီများမီးနိုင်မို့ ကောင်းမှုများများပြုလုပ်ပေးလျှင်တော့ ကောင်းတဲ့ ဘုံမှာ ကောင်းကျိုးများ ခံစားရနိုင်ပါတယ်။ ဒီလောက်ဆို နားလည်လိမ့်မည်ထင်တာမို့ ဒီမှာပဲ နိဂုံးချုပ်ပါရစေ။

၂၀၅၀ တွင် အိန္ဒိယ ကမ္ဘာ့အကြီးဆုံး စီးပွားရေး ဖြစ်လာမည်

၂၀၅၀ ခုနှစ်ရောက်ရင် အိန္ဒိယ က တရုတ်ကို ကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာမယ်လို့ 2012 Wealth Report က ဖော်ပြလိုက်ပါတယ်။
ဒီအစီရင်ခံစာရဲ့ ဖော်ပြချက်အရ ၂၀၂၀ ခုနှစ်ကျရင် တရုတ်က အမေရိကန်ပြည်ထောင်စုကို ကျော်တက်ပြီး ကမ္ဘာ့ထိပ်ဆုံး စီးပွားရေး ဖြစ်လာမှာဖြစ်ပြီး၊ ၂၀၅၀ မှာ အိန္ဒိယက တရုတ်ကို ဖြတ်တက်ပြီး ထိပ်ဆုံးရောက်လာမှာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို အိန္ဒိယနိုင်ငံမှာ ကျင်းပနေတဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက စီးပွားရေးတိုးတက်စ နိုင်ငံတွေရဲ့ BRICS ထိပ်သီး အစည်းအဝေးမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ငွေကြေး ၀ယ်ယူနိုင်မှုစွမ်းရည် (purchasing power parity-PPP) အရ ၂၀၅၀ ခုနှစ်မှာ အိန္ဒိယရဲ့ ဂျီဒီပီ ၀င်ငွေက ဒေါ်လာ ၈၅.၉၇ ထရီလီယံ ထိ ရှိလာမှာ ဖြစ်ပြီး၊ အဲဒီနှစ် တရုတ်ရဲ့ ဂျီဒီပီက ဒေါ်လာ ၈၀.၀၂ ထရီလီယံ ရှိမယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ ဒေါ်လာ ၃၀.၀၇ ထရီလီယံနဲ့ တတိယနေရာကို ညှိုးငယ်စွာ ရောက်ရှိသွားပြီး၊ ဘရာဇီးနဲ့ ရုရှား တို့က ဒေါ်လာ ၁၀ ထရီလီယံ စီ အသီးသီး ရှိလာကြမှာ ဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်း IMF အဖွဲ့ကြီးရဲ့ အစီရင်ခံစာ ကလည်း အိန္ဒိယဟာ ၂၀၁၁ ခုနှစ်မှာ စီးပွားရေး တိုးတက်မှု အရှိန်အဟုန်မြှင့်ဖို့ တိုးချဲ့ဆောင်ရွက်မှုတွေ လုပ်ခဲ့တယ်၊ အထူးသဖြင့် အရန်အဆောက်အအုံတွေအတွက် ပုံအော ရင်းနှီးမြှုပ်နှံပြီး ထုတ်ကုန်တွေ တိုးတက်လာမှုကြောင့် လမ်းကြောင်းသစ်ပေါ်လာတယ်လို့ ဖော်ပြထားပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာက အင်ဒိုနီးရှား၊ နိုက်ဂျီးရီးယား၊ မက္ကစီကိုနဲ့ အီဂျစ် တို့ရဲ့ ဖွံ့ဖြိုးဆဲ စီးပွားရေးတွေကလည်း ထိပ်ဆုံး စာရင်းထဲ တဖြည်းဖြည်း တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
အမေရိကန် စီးပွားရေးပညာရှင် Willem Buiter က “ဆင်းရဲတဲ့ နိုင်ငံတွေဟာ တံခါးတွေ ဖွင့်လာတယ်၊ စီးပွားရေး တိုးတက်မှုအတွက် လိုအပ်တဲ့ အင်စတီကျူးရှင်း အရည်အသွေးတွေ၊ နိုင်ငံရေးတည်ငြိမ်မှုတွေကိုပါ တည်ဆောက်လာကြတယ်၊ ဒါကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေကို အမှီလိုက်လာနိုင်တာ” လို့ ပြောပါတယ်။
ယခု အစီရင်ခံစာမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ထုတ်ကုန် တိုးတက်လာမှုကြောင့် ကုန်သွယ်မှုမှာ အနောက်နိုင်ငံတွေ ဆုံးရှုံးရဖွယ် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
မြောက်အမေရိကနဲ့ အနောက်ဥရောပတို့ဟာ ကမ္ဘာ့ real GDP အချိုးအစားအရ ၂၀၁၀ ခုနှစ်မှာ ၄၁ ရာခိုင်နှုန်းရှိရာက ၂၀၅၀ မှာ ၁၈ ရာခိုင်နှုန်းထိ ထိုးကျသွားမယ်လို့ ခန့်မှန်းထားပါတယ်။ အာရှ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကမ္ဘာ့ real GDP အချိုးအစားက ၂၀၁၀ ခုနှစ်မှာ ၂၇ ရာခိုင်နှုန်း ရှိရာက၊ ၂၀၅၀ ခုနှစ်ကျရင် ၄၉ ရာခိုင်နှုန်းအထိ တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။
၂၀၅၀ ခုနှစ်ကျရင် အနောက်ဥရောပထက်ပိုပြီး၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ အခြား အရှေ့အာရှနိုင်ငံတို့ဟာ မီလျံနာ ဘီလျံနာတွေ စုဆုံရာရပ်ဝန်း ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ 

လူ့တန်ဖိုး (Short Video)

Youtube က မြန်မာဗီဒီယိုဖိုင်လေး တစ်ခုပါ...။ ၇ မိနစ်နီးပါးရှိပြီး အဆုံးထိကြည့်သင့်ပါတယ်...။
အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် က ကျောင်းသားလေးတစ်ယောက်ရဲ့ နောက်ဆုံး နှစ် နှစ်ဝက် စာမေးပွဲ မှာ တင်ရတဲ့ ၄ ကားထဲက တစ်ခုဖြစ်တဲ့  short movie လေးပါ။ ခုတော့ အဲ့ဒီကျောင်းသားလေးလဲကျောင်းပြီးသွားပါပြီ။ ဒီကားလေးကိုရိုက်တုန်းက ဆပ်ပြာခွက်ကင်မရာလေး ( Handycam ) ကို သူကိုတိုင် ကိုင်ပြီးရိုက်ခဲ့ တာပါ။
တည်းဖြတ်တာကိုတော့ သူငယ်ချင်းတစ်ယောက်နဲ့ အတူတွဲလုပ်ခဲ့တယ်လို့ သိရပါတယ်။
metacafe က ကားတို လေးကိုအခြေ ခံပြီး ရိုက်ကူးထားတဲ့ သာမန်ကျောင်းသားလေးတစ်ယောက်ရဲ့ လက်ရာဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ တခါတလေ အခက်အခဲတွေချည်းပဲ အကြောင်းပြပြီး ရေသာခို အချောင်လိုက်နေလို့မရပါဘူး။ လူ့ဘောင်ပတ်ဝန်းကျင်မှာ တတ်နိုင်သလောက် လှုပ်ရှားရုန်းကန်ကြရမယ် ဆိုတာ ဖော်ပြထားပါတယ်...။


မူရင်း Youtube Link

အာစီယံနိုင်ငံတွေ ဘာကြောင့် လက်နက် နင်းကန် ၀ယ်နေသလဲ


လူဦးရေ ငါးသန်းသာသာရှိတဲ့ စင်္ကာပူကျွန်းနိုင်ငံလေးဟာ ဆိတ်ငြိမ်မှု၊ သန့်ရှင်းမှု၊ ဥပဒေလိုက်နာမှု၊ ပညာရေးကောင်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ၀န်ဆောင်မှု၊ ဘဏ်လုပ်ငန်း၊ သင်္ဘောဆိပ်ကမ်း၊ ဂေါက်ကွင်း စတာတွေနဲ့ အာရှရဲ့ ကျားခြင်္သေ့ ဖြစ်တာမို့ အခြားနိုင်ငံတွေက လေးစားအားကျရစမြဲပါ။ ဒါပေမဲ့ ဒီရက်ပိုင်းတွေမှာတော့ စင်္ကာပူကိစ္စက ကမ္ဘာ့နိုင်ငံတွေကြား ဆူဆူညံညံ ဆွေးနွေးစရာ ဖြစ်လာပါတယ်။
ပြဿနာက လက်နက်တင်သွင်းမှုပါ။ မကြာခင်က ထုတ်ပြန်တဲ့ Stockholm International Peace Research Institute (SIPRI) ရဲ့ အစီရင်ခံစာအရ လက်နက်အများဆုံး ၀ယ်ယူတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့စာရင်းမှာ စင်္ကာပူ ပိစိကွေးက နံပါတ် (၅) ချိတ်နေပါတယ်။ သူ့ရှေ့မှာ အ၀ယ်များဆုံး လေးနိုင်ငံက တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ တောင်ကိုရီး ဟဲဗီးကြီးတွေ ဖြစ်ပါတယ်။
စင်္ကာပူရဲ့ လက်နက်အတွက် အသုံးစရိတ်က ကမ္ဘာ့နိုင်ငံအားလုံး လက်နက်ဝယ်ယူမှု အသုံးစရိတ်ရဲ့ ၄ ရာခိုင်နှုန်း ရှိပါတယ်။ ဒီနှစ် ကာကွယ်ရေး အသုံးစရိတ်က ၉.၇ ဘီလီယံ ဒေါ်လာ အထိရှိပြီး အမျိုးသားဘတ်ဂျက်ရဲ့ ၂၄ ရာခိုင်နှုန်း သုံးစွဲထားပါတယ်။ တိုင်းပြည်လူဦးရေနဲ့ တွက်ရင် တစ်ဦးချင်းအတွက် ကာကွယ်ရေးအသုံးစရိတ်က အမေရိကန်၊ အစ္စရေး၊ ကူဝိတ်တို့ထက် သာလွန် နေပါတယ်။ စင်္ကာပူလို ငြိမ်းချမ်းအေးဆေးတဲ့ နိုင်ငံက အဲဒီကိန်းဂဏန်းတွေနဲ့ လက်နက်ဝယ်နေတာ အံဩစရာကောင်းပါတယ်။
စင်္ကာပူလိုပဲ အရှေ့တောင်အာရှနိုင်ငံအားလုံးနီးပါးဟာ စစ်ရေး တည်ဆောက်မှု အပြိုင်လုပ်နေကြပြီး ကမ္ဘာမှာ ကာကွယ်ရေး အသုံးစရိတ် အများဆုံးနဲ့ အမြန်ဆုံး သုံးစွဲနေတဲ့ ဒေသကြီး ဖြစ်လာပါတယ်။ ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ တိုင်းပြည်တွေရဲ့ ကာကွယ်ရေး အသုံးစရိတ်က ၂၄.၅ ရာခိုင်နှုန်းရှိပြီး၊ ကမ္ဘာ့နိုင်ငံအားလုံး အသုံးစရိတ်ရဲ့ ၁၃. ၅ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီနှုန်းဟာ ပုံမှန်တက်နေပြီး ၂၀၁၆ နှစ်ကျရင် အသုံးစရိတ် ၄၀ ဘီလီယံထိ ရှိမယ်လို့ SIPRI အဖွဲ့က ခန့်မှန်းပါတယ်။
၂၀၀၅ နဲ့ ၂၀၀၉ ခုနှစ်ကြား မလေးရှားရဲ့ လက်နက်ဝယ်ယူမှုက ယခင် ငါးနှစ်ကထက် ရှစ်ဆ ခုန်တက်သွားပါတယ်။ အဲဒီ ငါးနှစ်တာ ကာလအတွင်း အင်ဒိုနီးရှားရဲ့ လက်နက်အသုံးစရိတ်ကလည်း ၈၄ ရာခိုင်နှုန်း ကြီးထွားလာပါတယ်။
လန်ဒန်အခြေစိုက် think-tank အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Internatioanl Institute for Strategic Studies ရဲ့ ဖော်ပြချက်အရ ခေတ်သစ်သမိုင်းမှာ အာရှရဲ့ စစ်ရေးအသုံးစရိတ်ဟာ ဥရောပကို ကျော်လွန်သွားပြီလို့ ဆိုပါတယ်။ တရုတ်ဟာ ငါးနှစ်တိုင်းမှာ ကာကွယ်ရေး အသုံးစရိတ် နှစ်ဆခုန်တက်နေသလို၊ အိန္ဒိယကလည်း ဒီနှစ်မှာ စစ်လက်နက်အတွက် ဒေါ်လာ ၄၀ ဘီလီယံ ထိ အကုန်ခံခဲ့ပါတယ်။
မကြာခင်ကအထိတော့ အရှေ့တောင်အာရှနိုင်ငံတွေက သူတို့ ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်သုံးစွဲရတာဟာ ပြည်တွင်း သောင်းကျန်းသူတွေကြောင့်လို့ အကြောင်းပြပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း အာစီယံနိုင်ငံတွေ အချင်းချင်း ပဋိပက္ခ ကြီးကြီး မရှိခဲ့ပါဘူး။ စင်္ကာပူက မြောက်ဘက်က မလေးရှားနဲ့ တောင်ဘက်က အင်ဒိုနီးရှားကို အမြဲစိုးရိမ်တတ်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာတော့ ဘုရားကျောင်းလုရင်း ပစ်တာခတ်တာလောက်ပဲ ရှိခဲ့ပါတယ်။
တစ်ခုဖြစ်နိုင်တာက အာရှနိုင်ငံတွေဟာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ သူတို့ရဲ့ သိမ်ငယ်စိတ်ကို လက်နက်တွေ ၀ယ်ယူပြီး အားတင်းချင်ဟန်ပါပဲ။ သူတို့ရဲ့ တိုက်လေယာဉ်တွေနဲ့ ရေယာဉ်တွေက ဒိတ်အောက်နေတာတွေမို့ စီးပွားရေးကောင်းပြီး ငွေယားလေး ရှိလာတာကြောင့် အသစ်လဲပစ်ချင်ကြပါတယ်။ ၁၉၉၇-၉၈ ခုနှစ် အာရှစီးပွားရေး အကျပ်အတည်းကာလမှာပဲ ကာကွယ်ရေး အသုံးစရိတ် လျော့ကျခဲ့ပြီး၊ နောက်ပိုင်း စီးပွားရေး ၆ ရာခိုင်နှုန်း ပုံမှန်တိုးတက်လာတာနဲ့ ခေတ်မှီလက်နက်တွေ အပြိုင် တည်ဆောက်ကြပါတယ်။
အာစီယံဒေသ အကြီးဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကို ကြည့်ပါ။ ၂၀၀၄ ခုနှစ်မှာ ဆူနာမီကြောင့် ကမ်းခြေတွေနဲ့ ကျွန်းတွေ အတော်များများ ပျက်စီးခဲ့ပြီး၊ စစ်တပ်ရဲ့ အားနည်းညံ့ဖျင်းမှုတွေကြောင့် သိက္ခာကျစရာတွေ ဖြစ်ခဲ့ပါတယ်။ အမေရိကန်တပ်တွေနဲ့ ဩစတြေးလျတပ်တွေက ဆူနာမီဒဏ် အဆိုးဆုံးခံရတဲ့ အာချေးပြည်နယ်က ဒုက္ခရောက်နေသူတွေကို ကယ်တင်ဖို့ စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ အကူညီပေးခဲ့ရပါတယ်။ လက်ရှိ သမ္မတ ဆူတီလို ဘမ်ဘန် ယုဒ်ဟိုယိုနို က အဲဒီဖြစ်ရပ်ကို အရှက်ရစရာအဖြစ် မြင်ပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ယုဒ်ဟိုယိုနိုက အခု စစ်တပ် ခေတ်မှီရေးကို ဦးစားပေး တည်ဆောက်လာပါတယ်။ လူဦးရေ သန်း ၂၄၀ ရှိတဲ့ အင်ဒိုနီးရှားဟာ ၂၀၀၆ ခုနှစ်မှာ ကာကွယ်ရေး အသုံးစရိတ် ၂.၆ ဘီလီယံ ဒေါ်လာ သုံးစွဲရာကနေ ဒီနှစ် ၈ ဘီလီယံ ဒေါ်လာ အထိ သုံးစွဲလာပါတယ်။ အမေရိကန်၊ ရုရှား၊ ဂျာမန်လုပ် စစ်လေယာဉ်တွေ၊ F-16 ဖိုက်တာဂျက်တွေ၊ ရေငုတ် သင်္ဘောတွေ မချိမဆန့် ၀ယ်ယူပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေ ကာကွယ်ရေးအသုံးစရိတ်မြင့်မားရတဲ့အကြောင်းတစ်ခုက နိုင်ငံရေးမှာ စစ်တပ်ရဲ့ ရှုပ်ရှုပ်ရှက်ရှက် ၀င်ရောက်ပတ်သက်မှုကြောင့်ပဲလို့ စင်္ကာပူအမျိုးသားတက္ကသိုလ်မှ ပါမောက္ခ Terence Lee က ပြောပါတယ်။ အရပ်ဖက် နိုင်ငံရေးသမားတွေက စစ်တပ်ကို ချော့ဖို့၊ စစ်တပ်ရဲ့ ထောက်ခံမှုရရှိဖို့ ကာကွယ်ရေးအသုံးစရိတ်ကို လိုက်လိုက်လျောလျော သုံးခွင့်ပေးရတာလို့ ဆိုပါတယ်။ ဥပမာကတော့ ထိုင်းနိုင်ငံ ပါပဲ။
စင်္ကာပူကတော့ အဲဒီပုံစံနဲ့ ခြားနားပါတယ်။ အာစီယံဒေသမှာ အဆင့်မြင့် နည်းပညာသုံး လက်နက်စက်ရုံ ကိုယ်ပိုင်ရှိတာ စင်္ကာပူ တစ်နိုင်ငံပဲ ရှိပါတယ်။ စင်္ကာပူက အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကို လက်နက်ရောင်းချစားနေတာ ကြာလှပါပြီ။ ဘယ်လောက် အောင်မြင်သလဲဆိုရင် မကြာခင်က အနောက်နိုင်ငံစစ်တပ်တွေကတောင် စင်္ကာပူထုတ်တွေကို အော်ဒါမှာယူ လာပါတယ်။ အရှေ့တောင်အာရှမှာ အဆင့်မြင့်ဆုံး စင်္ကာပူ ST Engineering လက်နက်ကုမ္ပဏီက ဗြိတိသျှစစ်တပ်ကို အာဖဂန်နစ္စတန်မှာ အသုံးပြုဖို့ သံချပ်ကာကား အစီး ၁၀၀ ရောင်းချပေးခဲ့ပါတယ်။
ကာကွယ်ရေးအသုံးစရိတ်မြှင့်ကြတဲ့ အရေးကြီးဆုံးအချက်ကတော့ ပထ၀ီမဟာဗျူဟာအရေး စိုးရိမ်မှုပါ။ စင်္ကာပူအတွက် မာလကာ ရေလက်ကြားဟာ အသက်သွေးကြော ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တရုတ်ရဲ့ ပင်လယ်ပြာစိုးမိုးရေး စီမံကိန်းက စင်္ကာပူအပါအ၀င် တောင်တရုတ်ပင်လယ်မှာ နယ်မြေအငြင်းပွားနေတဲ့ နိုင်ငံတိုင်းအတွက် စိုးရိမ်စရာဖြစ်စေခဲ့ပါတယ်။
တရုတ်ရဲ့ နယ်မြေရန်စမှုကြောင့် ဗီယက်နမ်ရဲ့ ကာကွယ်ရေး အသုံးစရိတ် ခုန်တက်သွားရပါတယ်။ ဗီယက်နက်ဟာ ရုရှားထံက အဆင့်မြင့် ရေငုတ်သင်္ဘော အများအပြား ၀ယ်ယူခဲ့ပါတယ်။ တရုတ်ကြောင့်ပဲ ဖိလစ်ပိုင်ရဲ့ ကာကွယ်ရေး အသုံးစရိတ်လည်း မနှစ်က နှစ်ဆတိုးပြီး ၂.၄ ဘီလီယံဒေါ်လာထိ ရှိခဲ့ပါတယ်။ 

Ref: Maukkha

သာကီဝင်သကျမင်းမျိုးများ ဘာကြောင့် မောင်နှမချင်း လက်ထပ်ကြသလဲ

အရှင်ဆန်နီနေမင်း ဆိုက်ထဲကပါ...။ ကျွန်တော်အပါအ၀င် ဒီအကြောင်းကို သိချင်နေကြသူများအတွက်ပါ။

အမေး။ ။ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ဟာ မိထွေးတော်ဂေါတမီကဖွားတဲ့ ဖအေတူ မအေတူ မောင်နှမရင်းလို့ ဖတ်ရပါတယ်။ အိန္ဒိယမှာ ၀မ်းကွဲများ ဖတူမိကွဲများ ရှေးကပေးစားတတ်ပေမယ့် မိခင်တူရင် ရှောင်ကြပါတယ်။ မြတ်စွာဘုရားရဲ့ ညီတော်နဲ့ နှမတော်မှာ မိတူဖတူချင်း ဘာပြုလို့ လက်ထပ်ပေးရတာလဲဘုရား။

အဖြေ။ ။ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ဟာ မောင်နှမအရင်းအချာကြီးဖြစ်ကြတာ မှန်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ လက်ထပ်ပေးရလဲဆိုရင် သူတို့ဟာ သာကီဝင်မင်းမျိုးများဖြစ်တဲ့ အတွက် ဖြစ်ပါတယ်။ သာကီဝင်မင်းမျိုးများဟာ အချင်းချင်းယူကြတဲ့စနစ်ကို ရှေးပဝေသဏီကတည်းက ကျင့်သုံးခဲ့ကြပါတယ်။ ရှင်းလင်းပါဦးမယ်။ သကျသာကီဝင် ဖြစ်လာပုံအကြောင်းကို ပြောရမယ်ဆိုရင် ဘုရားအလောင်းတော်ဟာ တစ်ခုသောဘ၀မှာ ချမ်းသာတဲ့ ပုဏ္ဏားမျိုးမှဆင်းသက်လာပြီး နာမည်က ကပိလဖြစ်ပါတယ်။ သူဌေးအဖြစ်ကို စွန့်လွတ်၍ ဟိမ၀န္တာတောင်နံပါး ကျွန်းသစ်တောကြီးအတွင်း ရေကန်တစ်ခုအနီးတွင် သစ်ရွက်မိုးကျောင်းဆောက်ကာ ရသေ့ပြုပြီး နေပါတယ်။

တစ်နေ့တွင် ဥက္ကာမုခအမှူးရှိတဲ့ မင်းသားတို့ဟာ မြို့ရွာတည်ထောင်လိုကြတဲ့အတွက် မြို့နေရာကို လှည့်လည်ရှာဖွေကြရာ ဘုရားအလောင်းတော် ကပိလရသေ့ရဲ့ ကျောင်းသင်္ခမ်းသို့ ရောက်လာပါတယ်။ အဲဒီမှာ ရသေ့ကမေးတဲ့အတွက် မင်းသားများက မြို့တည်ထောင်ရန် မြို့နေရာကို ရှာနေကြပါကြောင်း လျှောက်ထားကြပါတယ်။ အလောင်းတော်ကပိလရသေ့ကလည်း မင်းသားတို့အပေါ်သနား လှတာကြောင့် “အသင်မင်းသားတို့ ငါ့ရဲ့ ကျောင်းသင်္ခမ်းနေရာမှာ မြို့တည်ကြမယ်ဆိုပါရင် ဇမ္ဗူဒိပ်ကျွန်းအပြင်တွင် အမြတ်ဆုံး မြို့တစ်မြို့ ဖြစ်လိမ့်မယ်။ ဤမြို့တွင် ဖွားမြင်တဲ့ ယောက်ျားတို့တွင် တစ်ယောက်တစ်ယောက်သော ယောက်ျားဟာ တစ်ခြား၌ မွေးဖွားသော ယောက်ျားအရာအထောင်တို့ကို လွှမ်းမိုးပါလိမ့်မယ်”စသဖြင့် ဘုရားအလောင်းတော်ရသေ့က ပြောသောအခါ မင်းသားများက “အရှင်ရသေ့ ဒီနေရာဟာ အရှင်ရသေ့ အသုံးပြုနေဆဲနေရာဖြစ်တယ် မဟုတ်လား”လို့ လျှောက်သောအခါ ကပိလရသေ့က “မင်းသားတို့ ဒီနေရာဟာ ငါအသုံးပြုနေဆဲဖြစ်တယ်ဆိုပြီး အတွေးမများကြပါနဲ့၊ ငါအတွက်က အစွန်အဖျား နေရာတစ်ခုမှာ ကျောင်းသင်္ခမ်းဆောက်လုပ်ပေးကြပါ၊ ငါညွန်ပြတဲ့နေရာသာ မင်းသားတို့ မြို့တည်ဖို့လုပ်ကြတော့ မြို့နာမည်ကိုလည်း ကပိလ၀တ္တုမြို့လို့ အမည်ပေးကြပါ”လို့ ကပိလရသေ့ကပြောပါတယ်။

ဥက္ကမုခမင်းသားအမှူးရှိမင်းသားလေးယောက်တို့ဟာ မှူးမတ်သေနာပတိများစွာတို့နှင့် အတူ ကပိလ၀တ္ထုအမည်ဖြင့် ရသေ့ညွန်ပြသောနေရာတွင် မြို့တည်ကာ နေထိုင်ကြပါတယ်။ မင်းသားတို့လည်း အသက်ကြီးလို့ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်လာသောအခါ မှူးမတ်အပေါင်းက “မင်းသားများနှင့်မင်းသမီးများလည်း အရွယ်ရောက်ကုန်ပြီ၊ အကယ်၍ ဥက္ကာကမင်းကြီး အနီးမှာရှိမယ်ဆိုရင် မင်းသားမင်းသမီးတို့အား ထိမ်းမြားလက်ထပ်ပေးမည်မှာ အမှန်ဖြစ်တယ်၊ ယခုတော့ ငါတို့တာဝန်ဖြစ်ခဲ့ပြီ”ဟု တွေးပြီး မင်းသားတို့အား ထိုအကြောင်းကို လျှောက်ထားကြပါတယ်။ မင်းသားများက “အမတ်တို့ ဒီအရပ်မှာ ငါတို့နှင့်အမျိုးနွယ်တူတဲ့ မင်းသမီးများ မရှိဘူး၊ နှမတော်များနှင့်အမျိုးနွယ်တူတဲ့ မင်းသားများလည်း မရှိကြ၊ အမျိုးနွယ်ဇတ်မတူတာချင်း အိမ်ထောင်ဖက်ကြမယ်ဆိုရင် ငါတို့မှာ ဖွားမြင်လာတဲ့ သားသမီးများဟာ အမျိုးဇာတ်ပျက်ပြီး မသန့်ရှင်းဖြစ်ကြလိမ့်မယ်။ တခြားအမျိုးဇာတ်တွေလည်း ၀င်ရောကုန်လိမ့်မယ်။ ဒါကြောင့် အစ်မကြီးပိယကို အမိအရာတင်မြှောက်ပြီး၊ ကျန်တဲ့ ငါတို့ မောင်လေးယောက်နှင့် နှမလေးယောက်တို့ အမျိုးအနွယ်ဇာတ်ပျက်ပြားမှုမှ ကာကွယ်ရန် ငါတို့မောင်နှမအချင်းချင်း အိမ်ထောင်ဖက်ကြကုန်စို့”လို့ တိုင်ပင်ကာ အချင်းချင်း ထိမ်းမြားလက်ထပ်ကာ ကပိလ၀တ္ထုမြို့မှာပဲ နေထိုင်လာခဲ့ကြပါတယ်။

ထိုသို့နေထိုင်လာရာက မင်းသားမင်းသမီးအစုံအစုံတို့မှာ ဖွားမြင်တဲ့ သားသမီးတို့ဖြင့် ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ အခြားအမျိုးတို့နှင့် မရောယှက်ဘဲ အချင်းချင်း အိမ်ထောဖက်ကြကာ ကြီးပွားတိုးတက်နေတာကို ခမည်းတော်ကြီး ဥက္ကာကမင်းကြီးကြားတော်မူသောအခါ ပရမာ သကျာ ၀တ ဘော ကုမာရော-အို အမောင်တို့ ငါ့သားတော်သမီးတော်တွေဟာ လွန်ကဲမြင့်မြတ်ကာ စွမ်းနိုင်ကြပါပေစွတကားလို့ ဥက္ကာကမင်းကြီးက ချီးကျုးးစကား ပြောခဲ့ပါတယ်။ ထိုချီးကျူးစကား၌ သကျ-စွမ်းဆောင်နိုင်ခြင်းဆိုတဲ့အနက်ကို အစွဲပြု၍ ဥက္ကာမုခစတဲ့ မင်းသားမင်းသမီး မျိုးနွယ်စုတို့ကို သကျ-သာကီယ-သာကီဝင်-သာကီမျိုး-သာကီနွယ်လို့ ခေါ်တွင်မှတ်သား ထင်ရှားခဲ့ပါတော့တယ်။

အချူပ်ဆိုရသော် သာကီဝင်မင်းအမျိုးသည် ယခုမှာ အချင်းချင်း လက်ထပ်ခဲ့သည်မဟုတ် ရှေးပဝေသဏီကတည်းက အချင်းချင်းလက်ထပ်ခဲ့ကြပါတယ်ဆိုတာကို ဖြေကြားပေးလိုက်ပါတယ်။

အသစ်တွေ့ရှိရသော တွဲမစားသင့်တဲ့ အစားအစာ ၂ မျိုး

ဒီပို့စ်လေးက Facebook မှာ Share ထားလို့ အားလုံးလဲပိုပြီး သိရအောင် ပြန်လည်ဝေမျှလိုက်တာပါ။ သေချာတော့မသိပေမယ့် ဆင်ခြင်လို့ရတာပေါ့ဗျာ။

ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ လူသတ်မှုလို့ ထင်တဲ့အတွက် ရဲတွေက အပြင်းအထန် စစ်ဆေးမှုတွေ လုပ်ပါတော့တယ်။ သူမရဲ့ ရုပ်အလောင်းကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic (အာဆင်းနစ်လို့ ခေါ်တဲ့ စိန်ဖြူ) အဆိပ်သင့်လို့  သေဆုံးရကြောင်း အဖြေထွက် လာပါတယ်။ အဲဒီ အာဆင်းနစ် အဆိပ် ဟာ ဘယ်က လာပါသလဲ ။ ဆေးတက္ကသိုလ် တစ်ခု ရဲ့ ပါမောက္ခဆရာဝန်ကြီးတစ်ဦး ကိုလည်း ဒီပြဿနာ ကိုအဖြေရှာဖို့  ဖိတ်ခေါ်ခဲ့ ပါတယ်။ ပါမောက္ခကြီးဟာ သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေအားလုံးနဲ့ မသေဆုံးခင်ကခံစားခဲ့ရတဲ့ ရောဂါလက္ခဏာတွေကို မြင်မြင်တွေ့ခဲ့သူတွေကို သေချာမေးမြန်းခဲ့ပါတယ်။ ပြီးနောက်မှာတော့ ဒီ လျို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။
" သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ မတော်တဆ အစာထဲကအာဆင်းနစ်စိန်ဖြူအဆိပ်သင့်ခဲ့ရတာပါ၊ " လို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။ လူတွေက နားမလည်နိုင်ဘဲ အစာထဲမှာ အာဆင်းနစ်က ဘယ်ကဘယ်လို ပါလာသလဲ ဆိုပြီး ပဟေဠိဖြစ်နေကြပါတယ်။
"Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲမှာ အစာတွေခြေဖျက်ရာကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီ (vitamin C) ကို နေ့တိုင်း မှီဝဲခဲ့တယ်လို့ သိရပါတယ် ၊ ဗီတာမင်စီဟာလည်း သူ့ အလိုလိုဆို ပြဿနာ မရှိပါဘူး ၊ သူမဟာ ညစာစားချိန်မှာ ပုဇွန်တွေတော်တော်များများ စားသုံးခဲ့ပါတယ်၊ ပုဇွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး သူမနဲ့ အတူတူ ညစာမှာပုဇွန်စားတဲ့သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ် အဲဒီအချက်ဟာ ပြဿနာပါပဲ" လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့တဲ့ အခွံတွေပါတဲ့ သတ္တ၀ါတွေရဲ့အခွံမှာ သိပ်သည်းဆမြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး ပါဝင်တာကို လွန်ခဲ့ တဲ့ နှစ်ပေါင်းများစွာကတည်းက လေ့လာ တွေ့ ရှိခဲ့ ကြပါတယ်။
ဒီအစားအသောက်တွေဟာ ဒီအတိုင်း သူ့ ချည်းပဲတော့ အဆိပ်အာနိသင်မဖြစ်စေပါဘူး။ အာဆင်းနစ်ဟာ ပြဒါး၊ခဲစတဲ့  သိပ်သည်းသောသတ္တုများ(heavy metals)လို့ ခေါ်တဲ့  လူ့ ခန္ခာကိုယ်ထဲမှာ များများမရှိသင့်တဲ့ အဆိပ်သင့်သတ္တုတွေထဲမှာပါပါတယ်။ သူဟာ ဗီတာမင်စီနဲ့  ပေါင်းစပ်မိသွားရင်တော့ ဓါတ်ပြုမှုတွေဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့ အာဆင်းနစ်အောက်ဆိုဒ်(arsenic oxide, As2O5)ကနေ အဆိပ်ပြင်းလှတဲ့  အာဆင်းနစ်ထရိုင်အောက်ဆိုဒ်( arsenic trioxide, As2O3)အဖြစ်ပြောင်းလဲသွားပါတယ်။
ဒါက အားလုံးသိကြတဲ့ ပရဆေးဆိုင်တွေမှာရောင်းတတ်ကြတဲ့ စိန်ဖြူပဲဖြစ်ပါတယ်။ ကျွန်တော်တို့  ခဏခဏကြားနေကြရတဲ့  ကိုယ့်ကိုယ်ကိုယ်သတ်သေချင်ရင် သံပုရာရည်နဲ့ သောက်တဲ့ စိန် ဖြစ်ပါတယ်။ သံပုရာရည်ထဲက ဗိုက်တာမင်စီနဲ့  အာဆင်းနစ်နဲ့ ပေါင်းသွားပြီး အဆိပ်ဖြစ်သွားတယ်ဆိုပါတော့။
အာဆင်းနစ်အဆိပ်ရဲ့ အာနိသင်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာ အရေးအပါဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ နှုလုံး ၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ် နဲ့  အာရုံကြော တွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့် သေတဲ့လူတွေဟာ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးထွက်တဲ့ လက္ခဏာတွေဖြစ်လာပါတယ်။ ဒီအပြင် အသက်ရှူရာကနေ စွမ်းအင်ထုတ်တဲ့ လမ်းကြောင်းကိုလဲ ပိတ်လိုက်တဲ့ အတွက် စွမ်းအင်မရတော့ဘဲ သတိလစ်မေ့မျောခြင်းတွေဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ပုဇွန် ၊ အခွံပါတဲ့ ရေသတ္တ၀ါတွေကို ဗီတာမင်စီ ပါတဲ့ အစားအစာများ (ဥပမာလိမ္မော်သီး၊သံပုရာသီး၊ဇီးဖြူသီးစသည်)၊ ဗီတာမင်စီဆေးပြားများ (ဥပမာ စီဗစ်) တို့ နဲ့ ပူးတွဲ မစားကြဖို့ သတိပေးထားပါတယ်။ ဒီအစားအစာတွေကို မကြိုက်လို့ မစားပေမယ့် အခုအချိန်မှာ တုပ်ကွေးအအေးမိတာကို ကာကွယ်တဲ့အနေနဲ့  စီဗစ်သောက်နေကျလူများလဲ အထူးသတိထားကြရန်လိုပါတယ်။
နီးစပ်ရာလူတွေကို လက်ဆင့်ကမ်းပြောပေးကြပါဦးခင်ဗျာ...။

မြန်မာစကားနဲ့ ဗုဒ္ဓဘာသာဝင် အမေရိကန်သား (ကိုသာနိုး)

Youtube မှာ ဟိုနေ့က တင်ထားတာလေးပါ။ George Washington University ကျောင်းသားဖြစ်တဲ့ အမေရိကန်သားတစ်ဦးက သူ့မိဘနှစ်ပါးဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး သူဘယ်လိုမြန်မာစကားကို လေ့လာဖြစ်ခဲ့သလဲ ဆိုတာနဲ့ မြန်မာ့ယဉ်ကျေးမှု ဗုဒ္ဓဘာသာဟာ သူ့ဘ၀ကို ဘယ်လိုလွှမ်းမိုးနိုင်ခဲ့တယ်ဆိုတာ ပြောပြထားတာလေးပါ...။


မူရင်း Youtube link

ကံသုံးပါးနဲ့ပတ်သတ်၍

အရှင်ဆန်နီနေမင်း အမေးအဖြေများ ထဲက သိသင့်တာလေးကို ပြန်ပြီးဝေမျှလိုက်ပါတယ်...။

မေး။ ။ ကံသုံးပါးထဲတွင် မနောကံသည် အပြစ်အကြီးဆုံးဟု မြတ်စွာဘုရားမှ ဟောကြားထားသည်ကို မရှင်းလင်းပါသဖြင့် ဂရုဏာရှေ့ထား၍ ဖြေကြားပေးစေလိုပါသည်ဘုရား။ တပည့်တော်၏ သာမာန်အမြင်မှာ ကာယကံသည် မနောကံထက် အပြစ်ကြီးသည်ဟု မြင်မိလို့ပါဘုရား။ စိတ်ဖြင့် ပြစ်မှားခြင်းသည် ကိုယ်ထိလက်ရောက် (ကာယကံမြောက်) ပြစ်မှားသည်လောက် အပြစ်မကြီးဟု ယူဆမိသောကြောင့်ပါဘုရား။ 


ဖြေ။ ။ မေးထားတာကို နှစ်မျိုးခွဲပြောရမှ ရှင်းမှာမို့ (၂)မျိုးခွဲ ဖြေပေး ပါမယ်။ စောင့်ထိန်းခြင်းသီလဆိုင်ရာတွင် ရဟန်းသံဃာများအတွက် ၀ိနည်းသီလမှာ စိတ်ဆိုတဲ့မနောကံနဲ့ ကျုးလွန်မိရင် အပြစ်မရှိသလို လူတို့စောင့်ထိန်းနေတဲ့ သီလများတွင်လည်း စိတ်နဲ့ကျုးလွန်ခြင်းကြောင့် သီလမပျက်၊ သီလမကျိုးပါ။ တကယ်လို့သာ မနောကံကြောင့် သီလပျက်မယ်ဆို ရဟန်းသံဃာများမှာလည်း မနောကံပြစ်မှားခြင်းတွေ ရှိနေမှာမို့ သီလပျက်သူတွေ များနေနိုင်သလို လူတွေမှာလည်း သီလလုံခြုံတဲ့လူ နည်းနေမှာပါ။ ဒါကြောင့် မြတ်ဗုဒ္ဓက ရဟန်းသံဃာများဆိုင်ရာ ၀ိနည်းစည်းကမ်းမှာ မနောဒွါရေ အနာပတ္တိ-မနောကံကြောင့် အာပတ်မသင့်လို့ မိန့်တော်မူခဲ့ပါတယ်။ အဲဒီလိုပါပဲ လူတွေသီလစောင့်ထိန်းတဲ့အခါမှာလည်း စိတ်နဲ့ထမင်းစားခြင်း၊ အရက်သောက်ခြင်းများအတွက် သီလမပျက်ပါ။

ရှင်းအောင်ပြောရရင် စောင့်ထိန်းခြင်းသီလတွင် မနောကံကြောင့် အပြစ်မဖြစ်ဘဲ၊ ကျင့်သုံးခြင်းသီလတွင် မနောကံပါမှ အပြစ်ရှိတာကြောင့် မနောကံဟာ ကျင့်သုံးခြင်းသီလအတွက်ဆို စောင့်ထိန်းဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဥပမာ-လမ်းသွားရင်း သတ္တ၀ါတစ်ကောင်ကောင်ကို တက်နင်းမိလို့ သေသွားတဲ့အခါ စိတ်မပါတဲ့အတွက် အပြစ်မရှိပါ။ သို့သော် သူတစ်ပါးမကောင်းကျိုးဖြစ်အောင် ကျုးလွန်မှုလုပ်တော့မဲ့အရာများတွင် စိတ်ကနေစတင်ကြံစည်ရတဲ့ အတွက် မနောကံဟာ အဓိကပထမကျုးလွန်ခြင်းဖြစ်လို့ အပြစ်ကြီးဆုံးနေရာကို ရောက်သွားရပါတယ်။

ဓာတ်လိုက်ခြင်းဖြစ်တာဟာ လျှပ်စစ်မီးလာနေလို့ ဓာတ်လိုက်ခြင်းဆိုတာ ဖြစ်နေတာပါ။ တကယ်လို့ မီးခလုတ်ဆိုတဲ့ မိန်းကသာ လျှပ်စစ်မီးပိတ်ထားမယ်ဆိုရင် ဓာတ်မလိုက်နိုင်ပါဘူး။ အဲဒီလိုပါပဲ ကိုယ်ကျင့်တရားပျက်စီးတဲ့ သူခိုး၊ ဓါးမြ၊ မုဒိန်းကောင်၊ အရက်သမားစတာတွေဖြစ်ရတာဟာလည်း စိတ်ဆိုတဲ့မနောကံက အရင်ကြံစည်မှုမှားခဲ့လို့ရယ်၊ အဲဒီစိတ်ကို မတားဆီး မထိန်းချုပ်နိုင်လို့ရယ်။ ဘယ်လိုထိန်းချုပ်ရမယ်ဆိုတဲ့ အသိဉာဏ်ပညာ ဗဟုသုတခေါင်းပါးမှုတွေရယ်ကြောင့် ဖြစ်ရတာပါ။ အဲဒီတော့ အကုသိုလ်အပြစ်တစ်ခုဖြစ်ပြီဆိုရင် စိတ်ပါမှ အပြစ်ဖြစ်တဲ့အတွက် စိတ်ဟာ အဓိကကျပါတယ်။

နိဂုံးချုပ်အနေနဲ့ မှတ်ထားရမှာကတော့ မနောကံဟာ ကြံစည်ခြင်း၊ အယူမှားခြင်းတစ်ခုသာရှိတဲ့ မိစ္ဆာဒိဋ္ဌိအယူမှားခြင်းမှာတော့ မနောကံဟာ အပြစ်အကြီးဆုံးဆိုတာရယ်၊ သီလစောင့်ထိန်းခြင်းတွင် မနောကံကြောင့် သီလမပျက်ဘူးဆိုတာရယ်။ ကိုယ်ကျင့်တရားကျုးလွန်းခြင်းဖြစ်တဲ့ သူတစ်ပါးပစ္စည်းခိုးခြင်းစတာတွေမှာ မနောကံက အရင်ကြံစည်မိတာကြောင့် အရေးကြီးဆုံး စောင့်ထိန်းဖို့ လိုတယ်ဆိုတာရယ်၊ ကံသုံးပါးလုံး ကျုးလွန်မှုဖြစ်လာတဲ့အခါမှာတော့ ကာယကံဟာ အပြစ်ကြီးဖြစ်သွားတယ်ဆိုတာရယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ-မိဘသတ်ခြင်းစတဲ့ ပဉ္စာနန္တရိယကံမျိုးမှာ မနောကံနဲ့မကဘဲ ကာယကံနဲ့ပါလုပ်မိမယ်ဆိုရင် မနောကံထက် ကာယကံက ပိုအပြစ်ကြီးသွားတယ်ဆိုတာတွေကို မှတ်ထားဖို့ပါပဲ။

ခြေလက် မပါ စံပြလူသား

Nick Vujicic ဆိုသူသည် အသက် ၂၉ နှစ်အရွယ် သြစတေးလျနိုင်ငံသား တစ်ဦးဖြစ်သည်။

သူသည် မွေးဖွားစဉ်ကပင် (ခြေထောက်သေးသေးလေး တစ်စုံသာပါရှိ သဖြင့်)ခြေ၊လက်အင်္ဂါမပါရှိသော ကိုယ်အင်္ဂါချို့တဲ့သူဟု ဆိုနိုင်သည်။ သို့သော် သူသည် ရေးကူးသည်၊ ရေလွှာစကိတ်စီးသည်။ ဂေါက်သီးရိုက်သည်။

သူ့တွင်ပါရှိသော ခြေထောက်ငယ်နှစ်ဖက်က ခန္ဓာကိုယ်မျှခြေထိမ်းပေးခြင်း၊ ဘောလုံးကန်ခြင်း၊ စာရေးခြင်း၊ ပစ္စည်းဆုပ်ကိုင်ခြင်း တို့အပြင် ကွန်ပျူတာကို ကောင်းစွာအသုံးချနိုင်စေသည်။

Nick သည်အသက် ၁၀ နှစ်အရွယ်တွင် ရေချိုးခန်းတွင်း၌ မိမိကိုယ်ကိုယ် ကြိုးဆွဲချသက်သေရန် ကြိုးပမ်းခဲ့သည်။ သို့သော်သူ၏ ကြိုးပမ်းချက် မအောင်မြင်ခဲ့ချေ။

သို့သော် ဘာသာရေး၊ မိသားစုနှင့် အပေါင်းအသင်းမိတ်ဆွေများ၏ အကူအညီဖြင့် အသက်ရှင်ရုန်းကန်ရင်း ဘဝတွင် အနေပျော်လာခဲ့သည်။

ယခုအခါ Nick သည် ကိုယ်အင်္ဂါချို့တဲ့ သူတို့အတွက် စံပြတစ်ဦး ဖြစ်ခဲ့ပြီး ခြေလက်ချို့တဲ့သူ အဖွဲ့ချုပ်၏ ဒါရိုက်တာတစ်ဦး ဖြစ်လာခဲ့သည်။

Ref: International news for Myanmar

မာလီနိုင်ငံကို အာဖရိကသမဂ္ဂက အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်း

အာဏာသိမ်းမှု ဖြစ်ခဲ့သော မာလီကို အာဖရိကသမဂ္ဂက အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းကြောင်း မတ်လ ၂၃ ရက်တွင် ကြေညာခဲ့သည်။ အီသီယိုးပီးယားနိုင်ငံ မြို့တော် Addis Ababa တွင် အာဖရိကသမဂ္ဂက ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ လိုအပ်ပါက အိုင်ဗရီကို့စ်နိုင်ငံအပေါ် ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူသည့် ဆုံးဖြတ်ချက်မျိုး ချမှတ်သွားမည်ဟု သမဂ္ဂဥက္ကဋ္ဌ Jean Ping က ပြောကြားခဲ့သည်။
မာလီအစိုးရထံ အမေရိကန် ဒေါ်လာသန်း ၁၄၀ ခန့် နှစ်စဉ် အကူအညီပေးနေသော အမေရိကန်ကလည်း အာဏာသိမ်းမှုကြောင့် အကူ အညီပေးမှုအပေါ် သက်ရောက်မှု ကြီးမားနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယားနူလန်က ပြောကြားခဲ့သည်။ ယင်းအကူအညီများ၏ ထက်ဝက်ကျော်မှာ စားနပ်ရိက္ခာကဲ့သို့သော လူသားချင်း စာနာမှု အကူအညီများဖြစ်ပြီး ယင်းအကူအညီများမှာမူ သက်ရောက်မှုရှိမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။  အာဏာသိမ်းခဲ့သော မာလီစစ် အစိုးရက အခြေခံဥပဒေကို ရပ်ဆိုင်းခဲ့ပြီး နယ်စပ်အားလုံးကိုလည်း ပိတ်ပစ်ခဲ့သည်။
အာဏာသိမ်းခံရသော သမ္မတ Amadou Toumai Toure မှာလည်း ဘေးကင်းနေကြောင်းသာ သိရပြီး မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးပေ။ အာဏာသိမ်းအစိုးရက နိုင်ငံတစ်ဝန်းကာ ဖျူးထုတ်ပြန်ခဲ့သော် လည်း ပုံမှန်အတိုင်း အလုပ်ခွင်ဝင်ရန် တိုက်တွန်းခဲ့သည်။   အာဏာသိမ်းခံရသော လက်ရှိသမ္မတ Toure ကလည်း ၁၉၉၁ ခုနှစ်တွင် စစ်ဘက် အာဏာသိမ်းမှုဖြင့် တက်လာသူဖြစ်သည်။ ၂၀၀၂ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတအဖြစ်  ရွေးချယ်ခံခဲ့ရကာ ၂၀၀၇ ခုနှစ်တွင် ထပ်မံရွေးချယ်ခံရသည်။ ဧပြီလတွင် ရာထူးမှ အနားယူမည်ဖြစ်ပြီး ၎င်းကိုဆက်ခံမည့်သူအား ရွေးချယ်ရန် စီစဉ်ထားစဉ် အာဏာသိမ်းခံရခြင်း ဖြစ်သည်။

Ref: Eleven

အရက်တိုက်ဖို့ တောင်းဆိုရင် တိုက်သင့်လား? အမြည်းကျွေးရင် အပြစ်သင့်သလား?

ကျွန်တော်ဖတ်ဖူးမိခဲ့တာလေးပါ...။

အမေး။ ။ အရက်ကြိုက်တဲ့ မိတ်ဆွေတွေက အရက်တိုက်ဖို့တောင်းဆိုရင် လှူသင့်ပါသလား။ သောက်နေတဲ့သူရဲ့ အရက်က အရက်ညံ့ဖြစ်ပြီး အစာမည်မည်ရရလဲ မခံဘဲ သောက်နေတော့ အစာအိမ် ထိခိုက်မှာစိုးလို့ စားစရာ အမြည်းဝယ်ကျွေးမိရင် အပြစ်ဖြစ်ပါသလား။

အဖြေ။ ။ ပထမမေးခွန်းကိုဖြေရရင် အရက်ဆိုတာ လူတို့ရဲ့သီလဆိုတဲ့ ငါးပါးသီလထဲမှာပါပါတယ်။ အရက်ကို ကိုယ်တိုင်သောက်လို့ပဲဖြစ်စေ၊ သူတစ်ပါးအား ရောင်းလို့ပဲဖြစ်စေ၊ သူတစ်ပါးအား ပေးလို့ပဲဖြစ်စေ ကိုယ်ကျင့်တရား ချွတ်ယွင်းမှု ဖြစ်သွားပါတယ်။ ထိုအရာများအနက် မိမိပေးလိုက်သော အရက်ကို သောက်ကြသောသူများဟာ အရက်ကြောင့် ပုံမှန်စိတ်အနေအထားမဟုတ်တော့ပဲ စိတ်အနေဖောက်ပြန်ကာ မကောင်းမှုများကို ပြုလုပ်ဖို့ ၀န်မလေးတော့ပါ။ ကိုယ်က အရက်ကိုလှူလိုက်သည်ဖြစ်သော်လည်း လှူလိုက်သည့်အရက် က ကောင်းကျိုးထက်ဆိုးကျိုးကိုသာ ပေးတတ်တဲ့အတွက် အရက်လှူရင်လည်း အပြစ်ရှိပါတယ်။

ဒုတိယအချက်က တစ်ဘက်သားရဲ့ အစာအိမ်ထိခိုက်မှာကိုစိုးတဲ့အတွက် အမြည်းအနေနဲ့ စားစရာလှူတာဟာ အပြစ်မဖြစ်ပါဘူး၊ ဘာကြောင့်ဆိုရင် တစ်ဘက်သားအား အစာအိမ်ထိခိုက်မှာစိုးတယ်ဆိုတဲ့ မေတ္တာစိတ် အရင်းခံဖြင့် စားစရာကို ပေးလှူသောကြောင့် ဖြစ်ပါတယ်။ လှူဒါန်းလိုက်တဲ့ စားစရာကြောင့် သူတစ်ပါးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးကို ဖြစ်စေတတ်သောကြောင့် စားစရာလှူရင် အပြစ်မဖြစ်တဲ့အပြင် ကုသိုလ်တောင်ရပါသေးတယ်၊ တစ်ခုတော့ရှိတာပေါ့။ သည်လိုစိတ်ထားမျိုးမဟုတ်ဘဲ အရက်အတွက် သက်သက် အားပေးအားမြောက်ပြုပြီး အမြည်းဝယ်ပေးတာကတော့ အားပေးရာရောက်တဲ့အတွက် အပြစ်ဖြစ်နိုင်ပါတယ်။

Ref: venkawwida.com

ဘာသာဝင်အားလုံးရဲ့ အဓိက Main က ဘာလဲ ?

အရှင်ကောမလ ဆန်နီနေမင်း မှ ပြန်လည်ဝေမျှသည်။


ဦးဇင်းကို ဘာသာခြားများက လာလာမေးကြပါတယ်။ ဦးဇင်းအနေနဲ့ တခြားဘာသာတွေအပေါ်မှာ ဘယ်လိုမြင်သလဲတဲ့။ ဒါနဲ့ ဦးဇင်းလည်း ကောင်းတာလုပ်ရင် ကောင်းတာပြန်ခံစားရမယ်။ မကောင်းတာလုပ်ရင် မကောင်းတာပြန်ခံစားရမယ်။ ဒါဟာ အဓိကမိန်းဖြစ်ပေတယ်။ ဒါကြောင့် မိမိကောင်းတာလုပ်ဖို့နဲ့ ကောင်းတဲ့စိတ်ထားရှိဖို့သာ အဓိကဖြစ်တယ်လို့ လိုရင်းနဲ့ ဖြေပေးလေ့ရှိပါတယ်။ ဒါနဲ့ ခုအခါမှတော့ အကျယ်တ၀င့် ဘာသာတိုင်းအတွက် အသုံးတည့်တဲ့အဖြေ ကို ဖြေပေးဖို့ရန် တောင်းဆိုသူတွေ များပြားလှတဲ့အတွက် အချိန်မရ၊ ပညာမတတ်၊ အသိပညာမကြွယ်ဝသော်လည်း တက်သိသမျှလေးကို ရသလောက်အချိန်လေးနဲ့ ဖြေဆိုပေးလိုက်ပါတယ်။

ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်၊ ဘယ်ဘာသာမဲ့မဆို လိုက်နာကျင့်သုံးရမဲ့ အချက်က (၁၀)ချက်ရှိတယ်၊ မိမိမမြင်နိုင်သေးတာကို မယုံကြည်ဘူးဆိုရင်လည်း မိမိတို့မှာ ထောက်တည်ရာ(၄)မျိုးရှိတယ်။ အဲဒါတွေကိုသိရှိပြီး လိုက်နာကျင့်သုံးကြည့်ရန် လိုပါတယ်။ မိမိလိုက်နာကျင့်သုံး လေ့လာစမ်းသပ် လုပ်ဆောင်ပြီးသကာလ အကျိုးရှိတာကို ကျင့်သုံးရမှာဖြစ်ပြီး အကျိုးမရှိတာကို ပယ်ရပါမယ်။ ဒီအချက်တွေကို မိမိတို့ကိုယ်တိုင် လိုက်နာလက်တွေ့ကျင့်သုံးကြည့်ရင် အကျိုးမယုတ်ဘဲ အကျိုးသာရှိပါလိမ့်မယ်။ လိုက်နာကျင့်သုံးရမဲ့ အချက်တွေကတော့ ဘယ်ရာမဆို

၁။ သူများပြောသံကြားတာနဲ့ အမှန်လို့ မယုံကြနဲ့။ (သူများတွေပြောတာ ဒီပုဂ္ဂိုလ်က တန်ခိုးရှိတယ်၊ ရောဂါပျောက်အောင်လုပ်ပေးတယ်၊ သူက ပိုက်ဆံတွေရအောင်၊ အလုပ်အဆင်ပြေအောင်လုပ်ပေးတယ်ဆို

တဲ့ အသံကြားရုံနဲ့ မယုံသေးဘဲ မိမိကိုယ်တိုင် လေ့လာပြီး မှန်ကန်ပါမှ ယုံပါတဲ့၊ ဘယ်သူကတော့ တို့ရဲ့ ကယ်တင်ရှင်ဖြစ်တယ်ဆိုတာကို ကိုယ်တိုင်ကယ်တင်ခံရမှ၊ ကိုယ့်မကောင်းတာဖြစ်နေတာကို ကောင်းအောင်လုပ်ပေးတဲ့အခါကျမှ သူ့ဟာ ကယ်တင်ရှင်ဆိုတာ မှန်ပါလားလို့ ယုံပါလို့ပြောတာ)

၂။ ဘိုးဘွားစဉ်လာ ဆရာစဉ်ဆက်ယုံကြည်ခဲ့တဲ့ အရာဆိုပြီးတော့လည်း မယုံကြနဲ့။

၃။ သူများက ဒါလုပ်ရင် ဒီလိုဖြစ်ခဲ့ဖူးတယ်ဆိုပြီး အတိတ်က မှန်ခဲ့တယ်ဆိုပြီးလည်း မယုံကြနဲ့။

၎။ ကျမ်းဂန်စာပေတွေမှာ ဒီလိုလာတယ်ဆိုပြီး စာပေနဲ့ကိုက်ညီရုံနဲ့ မယုံနဲ့။

၅။ ကြံစည်တွေးတောယုံနဲ့လည်း မယုံနဲ့။ (အလုပ်တစ်ခုကို စိတ်ကူးယဉ်၊ ကြံစည်ရုံနဲ့မလုပ်ဘဲ ရှေ့နောက်စဉ်းစား လေ့လာကြည့်ပြီးမှ လုပ်ကိုင်ဆောင်ရွက်ပါ၊ မိမိတစ်ခုခုလောက် အဆင်ပြေအောင် တစ်စုံတစ်ယောက်ဆီမှာ စိတ်ထဲကနေ တွေးတောကြံစည်ဆုတောင်းမိလို့ အဆင်ပြေသွားတဲ့အခါ ဒီလူဟာ ငါရဲ့ကယ်တင်ရှင်ပဲဆိုပြီး မိမိစိတ်ကြံစည်လို့ တစ်ခါလောက် မှန်သွားရုံနဲ့ မယုံနဲ့လို့ ဆိုလိုတာပါ။)

အရွယ်ရောက်ပြီးသူတွေထက် ကလေးတွေ အင်တာနက်ကို အအိပ်အစားပျက် စွဲလမ်း

အရွယ်ရောက်ပြီးသူတွေ (အသက် ၂၀-၄၉ နှစ်ကြား) ထက် ကလေးတွေ (အသက် ၅-၉ နှစ်ကြား) ရဲ့ အင်တာနက်စွဲလမ်းမှုက ပိုများနေကြောင်း၊ ဆယ်ကျော်သက်တွေလည်း အင်တာနက် သားကောင် ဖြစ်နေကြောင်း တောင်ကိုရီးယား ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ၀န်ကြီးဌာနနှင့် National Information Society Agency တို့ ပူးတွဲလေ့လာမှုက ဖော်ပြသည်။
 
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၄ မှ ဒီဇင်ဘာ ၁၀ ရက်အထိ တောင်ကိုရီးယားနိုင်ငံသား ၁၀၀၀၀ ( ကလေး ၆၆၃ ဦး၊ ဆယ်ကျော်သက် ၂၁၃၀ ဦး၊ လူကြီး ၇၂၀၇ ဦး) တို့ကို သုတေသနပြုလုပ်မှုအရ၊ ကလေးတွေရဲ့ အင်တာနက်စွဲလမ်းမှုက အခြားအသက်အရွယ်အားလုံးထက် ၇.၇ ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရှိခဲ့သည်။
 
နောက် ဆယ်ကျော်သက်တွေရဲ့ အင်တာနက် စွဲလမ်းမှုက ၁၀.၄ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးရှိနေပြီး၊ ၄င်းတို့ထဲမှာ အထက်တန်း ကျောင်းသားတွေက ပိုများကြောင်း ဖော်ပြထားသည်။
 
ဆိုးလ်မြို့ ယဉ်ကျေးမှုအထက်ကျောင်းမှ အတိုင်ပင်ခံပုဂ္ဂိုလ် Woo Jee Hyang က “ကလေးတွေနဲ့ ဆယ်ကျော်သက်တွေက အပြည့်အ၀ ဖွံ့ဖြိုးမှုမရှိသေးလို့ သူတို့ရဲ့ စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ကြဘူး။ ဒါကြောင့် လူကြီးတွေထက် ပိုပြီး အင်တာနက် တမ်းတမ်းစွဲဖြစ်နေကြတာ” ဟု ပြောဆိုသည်။
 
ကလေးတွေနှင့် ဆယ်ကျော်သက် အင်တာနက်စွဲလမ်းသူတွေရဲ့ ဂိမ်းကစားမှုမှာ တစ်နေ့ ၂.၇ နာရီ အနည်းဆုံးရှိသည်။ အသက် ၂၀ ၀န်းကျင် အရွယ်တွေရဲ့ စမတ်ဖုန်း စွဲလမ်းမှုကလည်း ပိုများလာပြီး၊ တစ်နေ့ ဖုန်းဖြင့် ဂိမ်းကစားမှုမှာ အနည်းဆုံး ၅၂.၄ မိနစ် ရှိသည်။ တောင်ကိုရီးယား အစိုးရအနေဖြင့် ကလေးနဲ့ ဆယ်ကျော်သက်တွေရဲ့ အင်တာနက် စွဲလမ်းမှုကို ကုသဖို့ ပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။
Ref: Maukkha

အမေရိကန်နိုင်ငံ၏ လူဦးရေ တိုးတက်နှုန်းတွင် အာရှနွယ်ဖွားများ တိုးပွားနှုန်းမှာ အမြန်ဆုံးဖြစ်

ဆယ်စုနှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးသို့ လူဦးရေစာရင်း စစ်ကြည့်ရာ အာရှနွယ်ဖွားများသည် အမေရိကန်နိုင်ငံအတွင်းတွင် လူဦးရေတိုးတက်မှု အလျင်မြန်ဆုံးဖြစ်ကြောင်း အမေရိကန် သန်းခေါင်စာရင်းဌာနက မတ်လ ၂၁ ရက်နေ့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ်မှစတင်၍  စာရင်းပြုစုခဲ့ရာ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုမှ စ၍ မိမိကိုယ်ကိုယ် အာရှစစ်စစ်ဟု ပြောသူများသည်  မူလထက် ၄၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း တွေ့ရှိရသည်။

ယင်းကဲ့သို့ တိုးတက်နှုန်းသည် အမေရိကန်လူဦးရေ တိုးတက်နှုန်းထက် လေးဆ ပိုမိုတိုးတက်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံတွင် လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့်အနက် အမေရိကန်လူဦးရေသည် ဆယ်စုနှစ်အတွင်း ၉ ဒသမ ၇ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။

အမေရိကန်လူဦးရေ၏ ၄ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၁၄ ဒသမ ၇ သန်းသည် အာရှလူမျိုးစစ်စစ်များ ဖြစ်ကြပြီး အာရှနှင့်အထူးသဖြင့် လူဖြူများနှင့် စပ်ထားသော သွေးနှောများသည် ၂ ဒသမ ၆ သန်းရှိကာ လူဦးရေ၏ ၀ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်သည်။

အာရှလူဦးရေ အများဆုံးနေထိုင်သော နယူးယောက်မြို့တွင် အာရှလူမျိုး ၁ ဒသမ ၁ သန်း နေထိုင်၍ လော့စ်အိန်ဂျယ်လိစ်မှာ ၄၈၄၀၀၀ ဦးဖြင့် ဒုတိယနေရာတွင် ရှိနေသည်။

Ref: Eleven

သိသင့်သောတီထွင်သူများ


ကင်မရာ
တီထွင်သူ...၀ီလျှံတောလ်ဘော့စ်၊ လူးဝစ်စ် ဒက်ဂူရီ။
လူမျိုး....အင်္ဂလိပ်။
ခုနှစ်...၁၈၃၅၊ ၁၈၃၉။
ရည်ရွယ်ချက်...အမြဲစွဲထင်မယ့် ပုံရိပ်များဖန်တီးရေး။

ကွန်ပျုတာ
တီထွင်သူ...ချားလ်စ် ဘက်ဘေ့ခ်ျ။
လူမျိုး...အင်္ဂလိပ်။
ခုနှစ်...၁၈၂၃။
ရည်ရွယ်ချက်...ရှည်လျားစွာတွက်ချက်စစ်ဆင်နိုင်ရေး။
တိုးတက်မှုရလဒ်...အသိပညာ နှင့် အီလက်ထရောနစ် ကွန်ပျူတာများ။

ခဲတံ
တီထွင်သူ...ဖက်ဘာမိသားစု၊ အဲန်ဂျေကွန်တီ။
လူမျိုး...ဂျာမန်။
ခုနှစ်...၁၇၆၀၊ ၁၇၉၅။
ရည်ရွယ်ချက်...စာရေးရန်။
တိုးတက်မှုရလဒ်...ဖန်၊ အ၀တ်၊ ပလတ်စတစ်မှာရေးတဲ့ ခဲတံများ။

အက်တမ်
တီထွင်သူ...ဂျွန်ဒေါ်လန်တန်။
လူမျိုး...အင်္ဂလိပ်။
ခုနှစ်...၁၈၀၃။
ရည်ရွယ်ချက်...ရုပ်ကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာလေ့လာရေး။
တိုးတက်မှုရလဒ်... အက်တမ်သီအိုရီ၊ အက်တမ်စွမ်းအင်၊ အဏုမြုဓာတ်ပေါင်းဖို။

ခြေတုလက်တုများ
တီထြင္သူ...အမ္ဘေရာ္စီပါရီ။
လူမျိုး...ပြင်သစ်။
ခုနှစ်...၁၆ ရာစုအတွင်း။
ရည်ရွယ်ချက်...ခြေတုလက်တုများ တပ်ဆင်ပေးရေး။
တိုးတက်မှုရလဒ်...အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းအတုများ။

မိုးပျံတိုက်
တီထွင်သူ...၀ီလျှံလေးဘာရွန်ဂျင်နီ။
လူမျိုး...အမေရိကန်။
ခုနှစ်...၁၈၅၃။
ရည်ရွယ်ချက်...မြေနေရာ ပိုမိုရရှိရေး။
တိုးတက်မှုရလဒ်...ခေတ်မီမိုးပျံတိုက်ကြီးများ။

ပယ်နယ်စလင်
တီထွင်သူ...ဆာအလဇန္ဒားဖလင်းမင်း။
လူမျိုး...အင်္ဂလိပ်။
ခုနှစ်...၁၉၂၈။
ရည်ရွယ်ချက်...ရောဂါပေးတဲ့ ဗက်တီးရီးယား နှိမ်နင်းရေး။
တိုးတက်မှုရလဒ်...အခြားခုခံဆေးများ။

တယ်လီဖုန်း
တီထွင်သူ...ပိုင်ရာဂျီ ဂျက်ကွက် ဒရော့စ်။
လူမျိုး...ဆွီဒစ်ရှ်။
ခုနှစ်...၁၇၇၀။
ရည်ရွယ်ချက်...လူသားတို့ အလုပ်စေခိုင်းခြင်း။
တိုးတက်မှုရလဒ်...စက်ရုံသုံးစက်ရုပ်များ။

ရေဒါ
တီထွင်သူ...ရောဘတ် ၀ပ်ဆင်။
လူမျိုး...အင်္ဂလိပ်။
ခုနှစ်...၁၉၃၅။
ရည်ရွယ်ချက်...ရန်သူ့လေယာဉ်ဝင်လာမှ သတိပေးစေခြင်း။
တိုးတက်မှုရလဒ်...ရေကြောင်းသုံးကိရိယာ။

မီးရထား
တီထွင်သူ...ဂျော့စတီဗင်ဆင်။
လုမျိုး...အင်္ဂလိပ်။
ခုနှစ်...၁၈၂၅။
ရည်ရွယ်ချက်...ခရီးသည်နဲ့ ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေး။
တိုးတက်မှုရလဒ်...ဒီဇယ်ရထား၊ လျှပ်စစ်ရထား။

X ရောင်ခြည်
တီထွင်သူ...၀ိုင်ဟဲမ် ရွန်ဂျင်။
လူမျိုး...ဂျာမန်။
ခုနှစ်...၁၈၉၅။
ရည်ရွယ်ချက်...ဓာတ်မှန်ရိုက်ကူးရေး။
တိုးတက်မှုရလဒ်...နည်းပညာ၊ စက်မှု၊ ဆေးဝါးအတွက် အရေးပါတဲ့ရောင်ခြည်။

မီးဖြစ်ဆံ
တီထွင်သူ...ရောဘတ်ဘွိုင်လီ၊ ဂျွန်ဂေါ့တာ။
လူမျိုး...အင်္ဂလိပ်။
ခုနှစ်...၁၆၈၁။
ရည်ရွယ်ချက်...မီးထုတ်လုပ်ရေး။
တိုးတက်မှုရလဒ်...မီးခြစ်အမျိုးမျိုး။

လျှပ်စစ်မီး
တီထွင်သူ...ဆာဟပ်ဖရီဒေဗီ၊ ဂျေ၊ ဒတ်ဘယ်လ်ယူစတား။
လူမျိုး...အင်္ဂလိပ်၊ အမေရိကန်။
ခုနှစ်...၁၈၂၀၊ ၁၈၄၅။
ရည်ရွယ်ချက်...အိမ်မီး၊ လမ်းမီးထွန်းရန်။
တိုးတက်မှုရလဒ်...ယနေ့ရောင်စုံမီးများ။

သာမိုမီတာ
တီထွင်သူ...ဂယ်လီလီယို။
လူမျိုး...အီတာလီယန်။
ခုနှစ်...၁၅၉၂။
ရည်ရွယ်ချက်...အပူတိုင်းရန်။
တိုးတက်မှုရလဒ်...ခေတ်မှီလျှပ်စစ်သုံး အပူတိုင်းကိရိယာ။

အတ္တဥခွံ

တခါက site တစ်ခုမှတင်ထားတာကို ဖတ်ဖူးခဲ့တာလေးပါ၊ ဘယ်ကလဲဆိုတာ သေချာတော့မမှတ်မိတော့ပါဘူး။ သဘောကျလို့ ပြန်တင်လိုက်ပါတယ်...။


လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းကပေါ့။
နယ်မြို့လေးတစ်မြို့ကို ကျွန်တော် စာသွားသင်ဖြစ်တယ်။ အိမ်တစ်အိမ် မီးလောင်တာကို အစအဆုံး ကျွန်တော် မြင်တွေ့ခွင့်ရခဲ့တယ်။ အဲ့ဒီဖြစ်ရပ်ကိုစာဖွဲ့ပြပါရစေ။

အဲဒီအိမ်ဟာ မြို့ရဲ့အချက်အချာကျတဲ့နေရာမှာရှိတယ်။ မြေကွက်လပ်ကလည်း အကျယ်ကြီးပဲ။ တိုက်အိမ်ဆောက်ထားတာလည်း မကြာသေးဘူး။ ဒီမြို့မှာတော့ အဲဒီတိုက်အိမ်က အသားနားဆုံးပဲ။ အိမ်ပိုင်ရှင်မှာ သားသုံးယောက်နဲ့ သမီးတစ်ယောက်ရှိတယ်။ သားအကြီးဆုံးက အဲဒီအိမ်မှာပဲ ကျူရှင်ဖွင့်ထားတယ်။ ဓာတုဗေဒဘာသာရပ် အနီးကပ်ပို့ချပေးဖို့ ကျွန်တော့်ကိုဖိတ်ကြားလို့ ကျွန်တော်ရောက်သွားခဲ့တယ်။ ကျွန်တော်ရောက်တဲ့နေ့မှာပဲ အိမ်ပိုင်ရှင်အဖေကြီးက မန္တလေးမြို့ကို ဈေးဝယ်သွားထွက်သွားတယ်။

သူတို့နေတဲ့အိမ်ဟာ မြို့လယ်ဈေးနဲ့ မလှမ်းမကမ်းမှာရှိတော့ သောက်ရေသန့် ကုမ္မဏီတစ်ခုက အဲ့ဒီအိမ်ကို ဝယ်ချင်တယ်။ ပေါက်ဈေးထက် နှစ်ဆပေးတယ်။ အိမ်ပိုင်ရှင် အဖေကြီးက မရောင်းဘူး။ သားတွေက ရောင်းချင်တယ်။ သူ့အဖေက ခရီးမထွက်ခင်မှာ ပြောသွားတယ်။ ဒီအိမ်နဲ့မြေကို ပေါက်ဈေးထက်သုံးဆရရင် ရောင်းမယ်တဲ့။

ကျွန်တော်က အဲဒီ့မြို့မှာ သုံးညအိပ်ပြီး စာသင်ဖို့ ပြင်ဆင်လာတယ်။ ကျွန်တော်ရောက်ပြီး နှစ်ရက်အကြာမှာ အဲဒီအိမ်ကြီးမီးလောင်တော့တယ်။ ဖြစ်ချင်တော့အိမ်ပိုင်ရှင် အဖေကြီးက မန္တလေးက ခရီးရောက်မဆိုက် ပြန်လာတဲ့ အချိန်ဖြစ်နေတယ်။

နယ်မြို့လေးဆိုတော့ မီးလောင်တဲ့အခါ ရရာ ရေပုံးတွေနဲ့ ပက်ကြတယ်။ မီးကိုငြိမ်းသတ်ဖို့ကြိုးစားကြတယ်။ အိမ်ပိုင်ရှင်အဖေကြီးလည်း ပျာယာကိုခတ်လို့။ ကျွန်တော်လည်း တွေ့တဲ့ရေပုံးတစ်ပုံးကိုဆွဲပြီး မီးလောင်နေတဲ့အိမ်ကြီးကို ရေနဲ့ငြှိမ်းသတ်ပေးခဲ့ရတယ်။ ရေတွေလည်း ရွှဲလို့၊ ရွံ့တွေလည်း ပေပွလို့ပေါ့။

``ငါ့အိမ်မီးလောင်နေပြီ။ ငြိမ်းကြပါဟ၊ လုပ်ကြလေ။ ဘာလို့ ငါ့အိမ်မီးလောင်တာကို ဝိုင်းကြည့်နေကြတာတုန်း``

အဲဒီအချိန်မှာ ကျွန်တော်တွေးမိတယ်။ ဒီအိမ်ကိုသာ သူခရီးမထွက်ခင်က ရောင်းသွားခဲ့ရင် ဒီလို သောကမျိုး၊ ဒုက္ခမျိုးဖြစ်မှာ မဟုတ်ဘူး။ အခုတော့ သူ့အိမ်ကြီး မီးလောင်နေတာ သူ့ကိုလောင်နေသလိုပဲလို့ ကျွန်တော်ခံစားနေမိတယ်။ အဲဒီအချိန်မှာ သားအကြီးက သူ့အဖေနားကို ကပ်လာတယ်။

ကန်တော့ပွဲ ဘယ်ကစသလဲ

အရှင်ဆန်နီနေမင်း ရဲ့ ဖြေကြားချက်လေးပါ။

မေး။ အရှင်ဘုရား ကန်တော့ပွဲတွေမှာ အုန်သီး၊ငှက်ပျောသီးက မပါမဖြစ် အနေထားလိုဖြစ်နေတာ ဘာဖြစ်လို့ပါလဲဘုရား။ တပည့်တော် သိချင်စိတ်လေး ဖြစ်လာလို့ပါ။

အဖြေ။ ။ ကန်တော့ပွဲဆိုတာ လူကြီးမိဘစတဲ့ မိမိထက် သီလ၊ သမာဓိ၊ ပညာ၊ အသက်သိက္ခာကြီးသူများကို မိမိက အပြစ်ရှိလို့ တောင်းပန်းတဲ့အခါလည်းကောင်း၊ မိမိအနေနဲ့ မိမိထက် သီလ၊ သမာဓိ၊ ပညာ၊ အသက်သိက္ခာကြီးသူများကို ရိုသေလေးစားလို့ အနေအားဖြင့်လည်းကောင်း မင်္ဂလာဖြစ်အောင် ကန်တော့ပွဲလေး ရှေ့မှာထားပြီး ကန်တော့ခြင်း၊ တောင်းပန်းခြင်းများပြုလုပ်ကြတာဟာ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုအဖြစ် ဗုဒ္ဓဘာသာမှာ ဖြစ်ပေါ်လာခဲ့တာပါ။

နတ်တင်တဲ့ငှက်ပျောပွဲ အုန်းပွဲနဲ့ အယူအဆခြင်း မတူပါဘူး။ နတ်တင်တဲ့ပွဲက မမြင်ရတဲ့နတ်တွေကို ဘေးအန္တရာယ်များက စောင့်ရှောက်လိမ့်နိုးဖြင့် နတ်ကို တင်နေကြတာပါ။ တကယ်တော့ နတ်တွေဆိုတာကလည်း သာသနာကိုကြည်ညိုလေးစားသူမှန်ရင် သူတို့ကသာ မိမိကိုစောင့်ရှောက်ပေးဖို့ တာဝန်ရှိတာမို့ မိမိတို့အနေနဲ့ အုန်းငှက်ပျောပွဲစတာတွေ တင်စရာ မလိုပါဘူး။

မြတ်စွာဘုရားရှင်လက်ထက်က ဝေဿ၀ဏ်နတ်မင်းကြီးဟာ သာသနာကို မှီခိုကြည်ညိုနေတဲ့ပုဂ္ဂိုလ်တွေကို အမြဲတမ်း စောင့်ရှောက်ပါမယ်ဘုရားလို့ လျှောက်ခဲ့တယ်။ ဝေဿ၀ဏ်နတ်မင်းကလည်း သူ့သဘောနဲ့သူ လာလျှောက်တာမဟုတ်ပါဘူး။ သိကြားမင်းက လျှောက်ခိုင်းလို့ လာလျှောက်ခဲ့တာပါ။ သာသနာကို မှီခိုကြည်ညိုနေကြတဲ့ပုဂ္ဂိုလ်တွေကို သိကြားမင်းက စောင့်ရှောက်မယ်ဆိုတော့ အရပ်လေးမျက်နှာမှာရှိတဲ့ နတ်မင်းကြီး (၄)ယောက်ကလည်း စောင့်ရှောက်ပေးရတယ်။ သိကြားမင်းဟာ သာသနာကြည်ညိုသူတွေကို သူကသာ ရှိခိုးတဲ့အတွက် မိမိတို့ သာသနာကြည်ညိုသူများက သိကြားမင်းကို ရှိခိုးစရာ မလိုပါဘူး။ ငှက်ပျောသီး၊ အုန်းသီးတင်စရာလည်း မလိုသလို ကန်တော့ပွဲလည်း ထိုးစရာ မလိုပေ။

အာဋာနာဋိယသုတ်မှာပါတဲ့ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗတို့ဆိုတာ ပူဇော်ဖို့ မဟုတ်ပါဘူး။ ရှိခိုးဖို့လည်း မဟုတ်ပါဘူး။ သိကြားမင်းရဲ့ အမိန့်ကြောင့် ဝေဿ၀ဏ်နတ်မင်းစတဲ့ နတ်အပေါင်းတို့ဟာ သာသနာကြည်ညိုသူများကို စောင့်ရှောက်ပေးရပါတယ်။ အဲဒီလို သူတို့စောင့်ရှောက်တာကို မိမိတို့က ငှက်ပျောသီး၊ အုန်းသီးစတာတွေ သူတို့အတွက် တင်ဖို့မလိုပေ။ ဒါကြောင့် ကန်တော့ပွဲဆိုတာ ဗုဒ္ဓဘာသာယဉ်ကျေးမှုအရသာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နတ်စတာတွေကို ပူဇော်ပသဖို့ ဖြစ်ပေါ်လာခြင်း မဟုတ်ပါဘူးဆိုတာ နားလည်လိမ့်မယ် ထင်ပါတယ်။

ငှက်ပျောသီး၊ အုန်းသီးကိုပဲ ကန်တော့ပွဲအဖြစ် ဘာဖြစ်လို့ ဗုဒ္ဓဘာသာတွေ ပြုလုပ်ကြသလဲ ဆိုတာတော့ ရှေးအစဉ်လာသမိုင်းကို သိမှသေချာမယ်။ ဦးဇင်း အထင်ပြောရရင်တော့ ငှက်ပျောသီးဟာ နေရာတကာမှာ ၀ယ်လို့လွယ်ကူတာရယ်။ နောက်ပြီး အုန်းသီးနဲ့လိုက်ဖက်မှုရှိတာကြောင့်၊ အုန်းသီးနဲ့ငှက်ပျောသီးထည့်လိုက်ရင် ကန်တော့ပွဲ လှပကြည့်လို့ ကောင်းတာကြောင့်။ နောက်တစ်ခု ကတော့ အုန်းသီးဟာ အပူကို ငြိမ်းစေနိုင်တဲ့သတ္တိရှိတယ်လေ။ မီးလောင်တဲ့လူကို အုန်းရေတိုက်တာ အပူငြိမ်းအောင်လို့တဲ့။ အဲဒီလိုပဲ အုန်းသီးကို ကန်တော့ပွဲတင်တာဟာ ရှိခိုးကန်တော့သူများက မိမိအပူငြိမ်းအောင် တင်ခြင်းဖြစ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ 

မိန်းကလေးလို ပြုမူသော ယောက်ျားလေးများနှင့် ယောက်ျားလို ပြုမူသော မိန်းကလေးများ

ကွန်မြူနစ်ပါတီ အုပ်ချုပ်ထားသော ယနေ့ တရုတ်ပြည်မှာ ယောက်ျားလေး အများစုက မိန်းကလေးလို ပြုမူနေကြပြီး၊ မိန်းကလေး အများစုကလည်း ယောက်ျားလေးလို ပြုမူနေကြသည်။
၎င်းအခြေအနေကို ပြောင်းလဲဖို့အတွက် တရုတ်ပြည်အလယ်ပိုင်း ဟန်နန်ပြည်နယ် ကျန့်ကျို့မြို့တော်ရှိ အလယ်တန်းကျောင်း တစ်ကျောင်းက ယောက်ျားလေးတွေ ‘ယောက်ျားပီသစေဖို့’ နှင့် မိန်းကလေးတွေ ‘မိန်းမပီသစေဖို့’ အတွက် စည်းကမ်းစံနှုန်း ၂၈ ချက် သတ်မှတ်ပေးခဲ့သည်။ ယခု စာသင်နှစ်တွင် ၄င်း စံနှုန်းတွေညီသော ကျောင်းသား ၄၄ ယောက်ကို စံပြရွေးချယ်ပြီး အခြားကျောင်းသူ ကျောင်းသားများ အားကျအတုယူကြရန် ဆရာတွေက တိုက်တွန်းခဲ့သည်။
ကျောင်းမှ သတ်မှတ်သော စံနှုန်းတွေအရ၊ ယောက်ျားပီသသော ယောက်ျားလေးဆိုသည်မှာ လူကြီးလူကောင်းပီသသော အပြုအမူ ရှိရမည်၊ ရုပ်ပိုင်း စိတ်ပိုင်း ကျန်းမာရမည်။ စိတ်ဓာတ်ခိုင်မာ ဖြောင့်မတ်တည်ကြည်ပြီး၊ လိုအပ်လျှင် သတ္တိဗျတ္တိ ရှိရမည်။ မိန်းကလေးတွေကို လေးစားမှုရှိပြီး၊ အခါအားလျော်စွာ မိန်းကလေးများနှင့် ဆက်ဆံရေး ရှိရမည်။
မိန်းမပီသသော မိန်းကလေး ဆိုသည်မှာ မိမိကိုယ်ကိုယ် လေးစားမှုရှိပြီး၊ ဂုဏ်သရေရှိ အမျိုးသမီး (lady) ဖြစ်ဖို့အားထုတ်ရမည်။ မိန်းကလေးများသည် ပညာရေး စွမ်းဆောင်မှု ကောင်းရမှာဖြစ်သလို၊ ယောက်ျားလေးတွေနှင့် သင့်တင့်လျောက်ပတ်သော ဆက်ဆံရေးရှိအောင် ကြိုးစားရမည် ဖြစ်သည်။
ကျောင်းတွင်း ကျောင်းပြင် အခြေအတင် ဝေဖန်ဆွေးနွေးမှုများ ရှိသော်လည်း၊ ကျောင်းရဲ့ စံနှုန်းတွေကို ထောက်ခံတဲ့ မိဘတွေက တရုတ်အစဉ်အလာအရ ယောက်ျားလေးနှင့် မိန်းကလေး ခြားနားစွာ ပြုမူသင့်ကြောင်း၊ ယောက်ျားတွေက အိမ်ထောင့်တာဝန်နှင့် လူ့အဖွဲ့အစည်းတာဝန် ပိုယူသင့်ကြောင်း၊ ကျောင်းမှာကတည်းက လေ့ကျင့်သင်ကြားပေးသင့်ကြောင်း ပြောဆိုကြသည်။ ယနေ့ခေတ် ကျောင်းများသည် အသိပညာပေးရေးကိုသာ အာရုံစိုက်သောကြောင့်၊ ကျောင်းသားတွေကို ကိုယ်ရည်ကိုယ်သွေး ပျိုးထောင်မှုပေးမှု အားနည်းကြောင်း၊ ကျင့်ဝတ်နီတိတွေဖြင့် လေ့ကျင့်သင်ကြားသင့်ကြောင်း ပြောဆိုကြသည်။
ကျားမ စံနှုန်းသတ်မှတ်မှုကို ဆန့်ကျင်တဲ့ မိဘတွေကတော့ ကျောင်းသားတွေမှာ မတူခြားနားထွေပြားသော ကိုယ်ရည်ကိုယ်သွေးများ မွေးရာပါ ရှိကြောင်း၊ စည်းကမ်း တစ်ပုံစံထဲချမှုကြောင့် ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုကို ကန့်သတ်မှု ဖြစ်စေကြောင်း၊ တစ်ဦးချင်း လွတ်လပ်စွာ ဖွံ့ဖြိုးစေမှုကို လျစ်လျူရှုရာရောက်ကြောင်း ပြောဆိုကြသည်။
တရုတ်ပြည်တ၀ှမ်းရှိ အခြားသော ကျောင်းများနှင့် ပညာရေးဌာနကတော့ ၄င်းကျောင်းရဲ့ ပြဿနာကို လေ့လာနေဆဲဖြစ်သည်။

Ref: Maukkha

၂၁ ရာစု စာသင်ခန်းများ အခင်းအကျင်း


 
ဒီဆောင်းပါးလေးက မောက္ခပညာရေးဆိုက်မှာ တင်ထားတာလေးပါ။ သဘောကျလို့ ပြန်လည်ဝေမျှလိုက်ပါတယ်။ လက်ရှိမှာတော့ ဒီဆောင်းပါးထဲကအစီအစဉ်တွေက ကျွန်တော်တို့နိုင်ငံနဲ့ ဘာမှမဆိုင်သလို ဖြစ်နေသေးပေမယ့် နောက်တချိန်မှာဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ မဟုတ်ဘူးလား...။

၂၁ ရာစုစာသင်ခန်းဆိုတာ ကွန်ပျူတာတွေ၊ မိုဘိုင်းဖုန်းတွေ၊ တက်ဘလက်တွေယူလာရင် ပြီးပြီလို့ မယူဆသင့်ဘူး။ ယနေ့ခေတ် စာသင်ခန်းတွေ တည်ဆောက်ဖွဲ့စည်းမှုတွေမှာ နည်းပညာတပ်ဆင်ရေး၊ နည်းပညာ အထောက်အကူပြုရေး၊ နည်းပညာဖြင့် သင်ယူမှုထိရောက်စေရေးဆိုတာတွေကို ထည့်သွင်း စဉ်းစား လာကြတယ်။ အနာဂတ်အတွက် စာသင်ခန်းတွေတည်ဆောက်မယ်ဆိုရင် ဘာတွေကို ထည့်သွင်းစဉ်းစားသင့် ပါသလဲ။

၁။ ရုပ်ပိုင်းဆိုင်ရာမှ စတင်ခြင်း
စာသင်ခန်းအမိုး မြင့်မားရမယ်။ အလင်းရောင် လုံလောက်စွာရခြင်း၊ အလင်းရောင် အနည်း၊ အများကို အလွယ်တကူထိန်းချုပ် နိုင်ခြင်းရှိရမယ်။ တံခါးပိတ်စာသင်ခန်းထက် တံခါးဖွင့် စာသင်ခန်းဖြစ်ရမယ်။ စာသင်ခန်း ဆိုတာ တစ်ပြေးညီထက် နိမ့်ရာမှ မြင့်သွားတဲ့ အနေအထားမျိုးဖြစ်ရမယ်။ ကျောင်းသားနဲ့ ဆရာ အလွယ်တကူ ဝင်ထွက်သွားလာ၊ ကူးလူးနိုင်အောင် စာသင်ခုံတွေကို စီစဉ်ထားရမယ်။
နည်းပညာကိုထည့်သွင်းခြင်းဟာ ဒုတိယအဆင့်ဖြစ်သင့်ပြီး၊ နည်းပညာတွေရောက်လာရင်ဆိုတဲ့အဆင့်ကို ပထမဦးစားပေး စီစဉ်ထားရမယ်။ စာသင်ခန်းကို ပုံစံအမျိုးမျိုး စိတ်ကြိုက်ပြောင်းရွှေ့ သင်ကြားနိုင်အောင် စာသင်ခုံတွေကို စီစဉ်ထားနိုင်ရမယ်။

၂။ စာသင်ခန်းဆိုတာ လင်းနေရမယ်
အစဉ်အလာကျောင်းတွေမှာ blackboard ဟာ အဓိက ဆုံချက်ဖြစ်တယ်။ ၂၁ ရာစုမှာ blackboard ကနေ whiteboard တွေဖြစ်လာတယ်။ ပရိုဂျက်တာတွေသုံးလာတယ်။ အလင်းရောင်ဆိုတာ ပရိုဂျက်တာသုံးလို့ မလိုအပ်ချိန်မှာ ခေတ္တမှိန်ထားတာပဲဖြစ်ရမယ်။ မြေဖြူအစား remote control တွေက အရေးပါလာလိမ့်မယ်။

၃။ တစ်ယောက်ထိုင်ထက် အများထိုင် စာသင်ခုံတွေဖြစ်ရမယ်
ကျောင်းသားတစ်ယောက် စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံးဆိုတဲ့ခေတ်ကုန်ပြီ။ ၂၁ ရာစုမှာ စုပေါင်းထိုင်၊ စုပေါင်းဆွေးနွေး၊ စုပေါင်းအဖြေရှာဖို့လိုတယ်။ ဒါကြောင့် အဖွဲ့လိုက်ထိုင်နိုင်အောင် စီစဉ်ပေးဖို့လိုတယ်။ ပစ်စဘတ်တက္ကသိုလ်မှာ စာသင်ခုံတွေကို လခြမ်းပုံစံ စီထားတယ်။ တစ်ဖွဲ့မှာ ၆ ယောက်ထိုင်ရတယ်။ စာသင်ခုံ အလုံအလောက်ဖြစ်ဖို့ အရေးကြီးတယ်။

၎။ သင်နိုင်သူ အလုံအလောက်ရှိရမယ်
ဆရာတွေရဲ့အခန်းကဏ္ဍကိုတော့ ချက်ချင်းဖျောက်နိုင်ဦးမယ် မထင်ပါဘူး။ စာသင်ခန်း၊ စာသင်ခုံ၊ စာသင်ဆရာ၊ သင်ထောက်ကူပစ္စည်း၊ ကွန်ပျူတာ အလုံအလောက်ရှိရမယ်။ စာသင်ခန်းတိုင်းမှာ လက်မ ၇၀ HD LCD multi-touch TV သို့မဟုတ် မော်နီတာတစ်လုံးရှိရမယ်။
လူတိုင်း ကွန်ပျူတာမကိုင်နိုင်ရင်လည်း ကွန်ပျူတာနဲ့ အကျွမ်းဝင်နိုင်တဲ့ နည်းပညာတစ်ခုကို လူတိုင်းရရှိနိုင်အောင် ဖန်တီးပေးထားရမယ်။ သင်နိုင်သူဆိုရာမှာ သင်နိုင်တဲ့ဆရာအပြင် နည်းပညာကိုလည်း ဆရာကိုယ်စားသုံးနိုင်တာကို သတိပြုရမယ်။
         
၅။ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ကြံဆောင်မယ်
Laptop တွေ၊ iPad တွေကိုင်လာမယ်ဆိုရင် ဖတ်စာအုပ်တွေ၊ စာရွက်တွေ၊ စက္ကူတွေမလိုတော့ဘူး။ အစပိုင်းမှာ ကျောင်းသားရော၊ ကျောင်းပါ ရင်းနှီးမြှုပ်နှံမှုတစ်ခု ကြီးမားစွာလုပ်လိုက်ရမယ်။ အမေရိကန် တက္ကသိုလ်တွေမှာ laptop မပါ ကျောင်းမလာရဆိုတာတွေ၊ ကျောင်းသားတစ်ယောက် iPad တစ်လုံးကျောင်းတွေ ထူထောင်လာကြပြီ။
စိန့် လီယိုတက္ကသိုလ်က ဆရာတိုင်း စာသင်ဖို့လာရင် USB သုံး flash drive ၅ ချောင်းလောက်ယူလာရတယ်။ စာသင်နေတုန်း ကျောင်းသားတွေဆီက အိမ်စာတွေကို drive ထဲ ထည့်ပေး ထားဖို့ စာသင်ခန်းထဲမှာ သုံးကြတယ်။ စာသင်ခန်းထဲက စာသင်ခုံတိုင်းမှာ လျှပ်စစ်ဓာတ်အား ရနိုင်တဲ့ ပါဝါခုံတွေတပ်ဆင်ထားပေးတယ်။

၆။ ဆရာ-ကျောင်းသားဆက်သွယ်ရေးဆိုတာ အချိန်မရွေး၊ နေရာမရွေးဖြစ်နေရမယ်
အစဉ်အလာကျောင်းတွေမှာက ကျောင်းလွှတ်လိုက်ရင် ဆရာနဲ့ ကျောင်းသား ဆက်ဆံရေးဟာ ပြီးဆုံး သွားတတ်တယ်။ ၂၁ ရာစုမှာ အွန်လိုင်း၊ အင်တာနက်၊ အီးမေးလ်တွေဆိုတာ ဆရာနဲ့ကျောင်းသားအတွက် အချိန်အကန့်အသတ်မရှိ ဆက်သွယ်နိုင်လာတယ်။ ကျောင်းဆိုတာ လူမှုရေးနဲ့ အသင်းအဖွဲ့များအသွင် လာရောက် လှုပ်ရှားဖို့ နေရာတစ်နေရာလို့ သတ်မှတ်လာကြတယ်။
အားကစားလုပ်ချင်လို့၊ သူငယ်ချင်း တွေနဲ့တွေ့ချင်လို့၊ လူမှုရေးလုပ်ငန်းတွေလုပ်ချင်လို့ ကျောင်းကိုလာတာ။ ဘာတွေဖတ်ရမယ်၊ ဘာတွေ လုပ်ရမယ်ဆိုတာ ဆရာက အွန်လိုင်းကတစ်ဆင့် ညွှန်ကြားပြီးသား။ ကျောင်းသားကလည်း အွန်လိုင်းက ပို့ပြီးနေပြီ။ ကျောင်းဆိုတာ စာသင်ဖို့လာတယ်ဆိုတဲ့သဘောထက် ပိုတဲ့ အသွင်ဆောင်လာတယ်ဆိုတာ မျက်မှောက်ခေတ် ဆရာတွေ သဘောပေါက်သင့်တယ်။
ပြောင်းလဲမှုတွေကို ပြောင်းလဲနိုင်တဲ့ နေရာတွေမှာ ပြောင်းလဲသင့်သလောက် ပြောင်းလဲနေကြပါတယ်။ ခေတ် စနစ်ရဲ့ လိုအပ်ချက်အရ အမီလိုက်နိုင်မှ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ပါလိမ့်မယ်။ ပါးစပ်ကအော်၊ ဆိုင်းဘုတ်တွေနဲ့ကြော်ငြာရုံနဲ့ အလိုလိုတော့ ရောက်မသွားနိုင်ဘူးဆိုတာ သိထားကြရမယ်။
အိုင်စီတီဖြင့် ခေတ်မီအောင် လုပ်နေကြတယ်ဆိုတာ အပြောမဟုတ်၊ အလုပ်နဲ့ လက်တွေ့ပြနိုင်မှ ရပါတယ်။ 

Ref: Maukkha

ကလေးတွေ ဘယ်အရွယ်မှာ ငွေအကြောင်း ဘယ်လောက် သိထားသင့်လဲ


သမ္မတအိုဘားမားရဲ့ ညွန်ကြားချက်အရ သူရဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေး ထိပ်တန်းအကြံပေးအဖွဲ့က ကလေးတွေ ဘယ်အသက်အရွယ်မှာ ငွေနဲ့ပတ်သက်ပြီး ဘယ်လောာက် သိထားသင့်တယ်၊ ဘယ်အရွယ်မှာ ငွေကို ဘယ်လို စသုံးသင့်တယ် ဆိုတာကို ၁၈ လကြာ သုတေသန လုပ်ခဲ့ကြပါတယ်။
အဓိကရည်ရွယ်ချက်ကတော့ ငွေကြောင့် မကောင်းတဲ့ အကျင့်စရိုက်ဆိုးတွေ မဖြစ်အောင် ငယ်စဉ်ကတည်းက တားမြစ်ဖို့၊ ကမ္ဘာ့ငွေကြေးနှုန်းတွေနဲ့ လည်ပတ်ပုံကို တစ်ဦးချင်း သိရှိစေဖို့၊ နေ့စဉ် သွားတိုက်ရသလိုမျိုး နေ့စဉ် ငွေစုဆောင်းတတ်အောင် ကလေးတွေကို သင်ကြားပေးဖို့ ဖြစ်ပါတယ်။ အမေရိကန် စီးပွားရေး နာလည်ထဖို့နဲ့ ဗုန်းပေါလအော သုံးတတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အကျင့်ကို ဖျောက်ဖို့ သမ္မတက ရည်ရွယ်ခြင်း ဖြစ်ပါတယ်။
အမေရိကန် ကလေးများ ငွေကြေး နားလည်ရေး သုတေသနလုပ်ငန်းအဖွဲ့မှာ သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ဥက္ကဌ Alan Krueger နဲ့ အမျိုးသားစီးပွားရေး ကောင်စီ ဒါရိုက်တာ Gene Sperling တို့ ဦးဆောင် ပါဝင်ပါတယ်။ ၁၈ လတာ သုတေသနရလဒ်ကို အတည်ပြုပြီးရင် အိမ်ဖြူတော်က ကျောင်းတွေ၊ ပညာရေးသမားတွေကို တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။
သုတေသနရလဒ် အချို့ကို အောက်မှာ ဖော်ပြထားပါတယ်။


အသက် ၃ နှစ် မှ ၅ နှစ်
အဲဒီအရွယ်မှာ ကလေးဟာ ငွေနဲ့ ပစ္စည်းကို ၀ယ်လို့ရတယ်ဆိုတာ နားလည်သင့်ပါတယ်။ ငွေကို အလုပ်လုပ်ပြီး ရှာနိုင်ကြောင်း သိသင့်ပါတယ်။ လိုချင်တာကို (want) မ၀ယ်ယူနိုင်ခင် စောင့်ဆိုင်းတတ်တဲ့ အလေ့အကျင့် သင်ပေးရပါမယ်။ ဆိုလိုတာက လိုအပ်တာ (need) နဲ့ လိုချင်တာ (want) ကို အဲဒီအရွယ်ကတည်းက ခွဲခွဲခြား နားလည်အောင် လုပ်ပေးထားသင့်တယ်။ မတော်လောဘမဖြစ်အောင်၊ မဖြုန်းတီးအောင် သိစေဖို့ ဖြစ်ပါတယ်။


အသက် ၆ နှစ်မှ ၁၀ နှစ်
အဲဒီအသက်အရွယ်မှာ ကလေးဟာ ငွေ ဘယ်လို သုံးရမလဲ (ဘယ်လို ရွေးချယ် ၀ယ်ယူရမလဲ) ဆိုတာ နားလည်သင့်ပါတယ်။ ဈေးဝယ်ထွက်ပုံကိုလည်း သင်ပြသင့်တယ်၊ ဒါပေမဲ့ အွန်လိုင်းကနေ ၀ယ်ယူနိုင်တဲ့ အင်ဖော်မေးရှင်းတွေ များပြားခြင်း၊ ကြော်ငြာတွေများပြားခြင်းက ကလေးကို အန္တရာယ်ဖြစ်စေပါတယ်။ ငွေကို ဘဏ်အကောင့်ဖွင့်ပြီး သိမ်းထားနိုင်တယ်၊ အတိုးရနိုင်တယ်ဆိုတာလည်း သိစေအပ်ပါတယ်။

အသက် ၁၁ နှစ်မှ ၁၃ နှစ်
ကလေးဟာ ရတဲ့ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို စုဆောင်းသင့်တယ်ဆိုတာ နားလည်သင့်ပါတယ်။ အွန်လိုင်းကနေ ခရက်ဒစ်ကဒ် သုံးခြင်းဟာ ကိုယ့်ရဲ့ password အခိုးခံရပြီး၊ အန္တရာယ်ရှိနိုင်တယ်ဆိုတာ  သိထားသင့်ပါတယ်။ ငယ်စဉ်ကတည်းက စုဆောင်းခြင်းဟာ ရေရှည် ပိုမိုစုဆောင်းနိုင်မှုကို ဖြစ်စေပါတယ်။ ခရက်ဒစ်ကဒ် ဆိုတာ အကြွေးဝယ်ယူနိုင်တဲ့ ကဒ်ဖြစ်တာမို့၊ လစဉ် ငွေမဖြည့်နိုင်တာထက် ပိုသုံးနေရင် အကြွေးတွေ အများကြီး တိုးပွားလာနိုင်ပါတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ 


အသက် ၁၄ နှစ်မှ ၁၈ နှစ်
ဆယ်ကျော်သက်တွေအတွက် ကောလိပ်စရိတ်က အရမ်းဈေးကြီးတယ်ဆိုတာ နားလည်ထားရမယ်။ ဒါကြောင့် ကျောင်းကို သတိထား ရွေးချယ်ဖို့ လိုပါတယ်။ ကိုယ့် မျှော်လင့်ထားတဲ့ အလုပ်အကိုင်အတွက် အကျိုးဖြစ်မယ့် ကျောင်းစရိတ်ချေးငှားမှုကိုသာ လုပ်သင့်ပါတယ်။ ငွေစက္ကူနဲ့ ကိုယ်မပေးချေနိုင်တဲ့ဟာမျိုးကို ခရစ်ဒစ်ကဒ်ကို အသုံးပြု ၀ယ်ယူတာမျိုး ရှောင်ရှားသင့်တယ်။ မိမိကိုယ်ပိုင်ဝင်ငွေ ရှိပြီဆိုတာနဲ့ အခွန်ပေးဆောင်ရလိမ့်မယ်။ ကိုယ်ပိုင် ဘတ်ဂျက်ကို စနစ်တကျ သုံးတတ်သင့်တယ်။ စုဆောင်းဖို့နဲ့ ရင်းနှီးမြှုပ်ဖို့ အကောင်းဆုံးနေရာက Roth IRA ဖြစ်တယ်။ 


အသက် ၁၈ နှစ်နှင့် အထက်
အရွယ်ရောက်သူတိုင်းဟာ လစဉ် ၀င်ငွေရပြီဆိုတာနဲ့ ခရက်ဒစ်ကဒ် ကိုသာ သုံးသင့်ပါတယ်။ ငွေစက္ကူကို ကိုင်မနေသင့်တော့ပါ။ ကျန်းမာရေးနဲ့ အသက်အာမခံလုပ်မထားရင် နောက်ကျောမအေးလို့ ဘယ်တော့မှ စိတ်ချမ်းသာမည် မဟုတ်ပါ။ ကိုယ့်ရဲ့ အပိုငွေကို ဘယ်မှာ ရင်းနှီးမြှုပ်နှံမလဲဆိုတာ စဉ်းစားသင့်ပါတယ်။

အထက်ပါ အချက်တွေက လူတစ်ဦးချင်းအတွက် ငွေကြေးနဲ့ ပတ်သက်ပြီး အခြေခံကျတဲ့ အချက်တွေ ဖြစ်သလို၊ ကိုယ်ပိုင် ဘတ်ဂျက်ထိန်းသိမ်းမှုမှာလည်း အားနည်းမှုအများဆုံးရှိနေတဲ့ ပြဿနာများ ဖြစ်တယ်လို့ သမ္မတရဲ့ ငွေကြေးအကြံပေးအဖွဲ့က ပြောဆိုပါတယ်။

Ref: Maukkha.org

၂၀၁၂ ခုနှစ် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် (၁၀၀) စာရင်း ထုတ်ပြန်

ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်ကို နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ Times Higher Education အဖွဲ့ကြီးက ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်းကို မကြာခင်က ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံပေါင်း ၁၄၉ နိုင်ငံက ပညာရှင် ၁၇၅၅၄ ဦးနဲ့အတူ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေရဲ့ စစ်တမ်းနဲ့ အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။
ထုံးစံအတိုင်း ထိပ်ဆုံး တက္ကသိုလ် ၁၀၀ မှာ အမေရိကန် တက္ကသိုလ်တွေ အများဆုံးပါဝင်ပြီး၊ ဒုတိယ အများဆုံးက အင်္ဂလန်တက္ကသိုလ်တွေပါပဲ။ ထူးခြားမှုက ဒီနှစ်မှာ အာရှတက္ကသိုလ် တော်တော်များများ ရှေ့တန်းတက်လာခြင်း ဖြစ်ပါတယ်။
အမေရိကန်တက္ကသိုလ်တွေဖြစ်တဲ့ ဟားဗတ်က (၁)၊ MIT က (၂)၊ စတန်းဖို့ဒ်က (၄)၊ ဘာကလေ (၅)၊ ပရင်စတန် (၇)၊ ယေးလ် က (၁၀) ဖြစ်ပါတယ်။
အင်္ဂလန်ရဲ့ ကိန်းဘရစ်က နံပါတ် (၃) မှာရှိပြီး၊ အော့စ်ဖိုဒ့် (၄) မှာရှိပါတယ်။ ဒါပေမဲ့ အင်္ဂလန်တက္ကသိုလ်တော်တော်များများ မနှစ်က အဆင့်ထက် အနည်းငယ်စီ ပြုတ်ကျသွားပါတယ်။
တက္ကသိုလ် ၁၀၀ စာရင်းမှာ ဂျပန်တက္ကသိုလ် ၅ ခု ပါဝင်ပြီး၊ တိုကျို တက္ကသိုလ်က မနှစ်က နံပါတ် (၈) နေရာကို ဆက်ထိန်းထားပါတယ်။ နယ်သာလန် တက္ကသိုလ် ၅ ခုလည်း ၁၀၀ စာရင်းမှာ ပါဝင်ပါတယ်။
တရုတ်က စင်ဝှာ တက္ကသိုလ်က မနှစ်က အဆင့် (၃၅) ကနေ ဒီနှစ် အဆင့် (၃၀) ကို တက်လာပါတယ်။ ပီကင်း တက္ကသိုလ်က အဆင့် (၄၃) ကနေ (၃၈) ကို တက်လာပါတယ်။ ဟောင်ကောင်တက္ကသိုလ်က အဆင့် (၄၂) ကနေ ဒီနှစ် (၃၉) ကို ရောက်လာပါတယ်။
စင်္ကာပူအမျိုးသား တက္ကသိုလ်က မနှစ်က အဆင့် (၂၇) ကနေ၊ ဒီနှစ် (၂၃) နေရာကို ရောက်လာပါတယ်။
ချုပ်ပြောရရင် ကမ္ဘာ့ပညာရေးဟာ အပြိုင်အဆိုင်ဖြစ်နေသလို၊ တက္ကသိုလ်ကြီးတွေဟာလည်း ထိပ်ဆုံးနေရာကို တစ်နှစ်ထက် တစ်နှစ် အပြိုင်လုနေကြပါတယ်။ မြန်မာနိုင်ငံ တက္ကသိုလ် ၁၅၉ ခုကတော့ တစ်ခုချင်းစီမှာ ကိုယ်ပိုင် ၀ဘ်ဆိုဒ်တောင် မရှိသေးတဲ့အတွက်၊ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၄၀၀) အဆင့်ဝင်ဖို့တောင် အလှမ်းဝေးနေဆဲဖြစ်ပါတယ်။

1 to 50

51 to 100

Ref: Maukkha

ဘီလျံနာတွေပေါတဲ့ ကမ္ဘာ့မြို့ကြီး ဆယ်မြို့

1. Moscow, Russia

2.  New York, USA



အာကာသယာဉ်မှူးများ၏ အခက်အခဲအချို့


 ကမ္ဘာမြေဆွဲအား သုညအမှတ်တွင် နေထိုင်ရသော အာကာသယာဉ်မှူးများ၏ အခက်အခဲအချို့မှာ -

၁။ သောက်သုံးစရာ အရည်မှန်သမျှကို အလုံပိတ် ကွန်တိန်နာများတွင် ထိမ်းသိန်းထားရသည်။

၂။ ကြေလွယ်သော ကြွတ်ကြွတ်မွမွမုန့်များ စားသုံးခြင်းမှ ရှောင်ကြဉ်ရသည်။ (အမှုန့်အစ များ ပြန့်ကျဲနိုင်သည့်အတွက်)

၃။ အိပ်သောအခါတွင် နံရံဖြင့်ဆက်ထားသော ကုတင်နှင့် ခန္ဓာကိုယ် ကို ချည်နှောင်ထားရသည်။

၎။ ဆွဲအား သုညအမှတ်တွင်ရှိသောကြောင့် အပေါ်၊အောက် ကွဲကွဲပြားပြား မသိနိုင်ပဲ နံရံ၊ စင်၊ ကြမ်းပြင်များမှာ ဘေးဘယ်ညာ၊ ထက် အားလုံး အတူတူဖြစ်နေ သည်။

၅။ အိမ်သာတက်သောအခါ ခန္ဓာကိုယ်ကို အိမ်သာခွက်ပေါ်တွင် (Velco) ဟူသော ကြိုးဖြင့် ချည်နှောင်ထားရပြီး၊ အိမ်သာ ရေအစား လေကို အသုံးပြုကာ အိမ်သာခွက်သန့်ရှင်းစေသည်။

၆။ ခန္ဓာကိုယ်အလေးချိန်အာ အသုံးမချမရပဲလေဟာနယ်တွင် ပျံ့လွင့်နေခြင်းကြောင့် ကြွက်သား နှင့်အရိုးများ အားနည်းလာနိုင်သည်။ ကမ္ဘာမြေသို့ရောက်သောအခါ လမ်းလျှော်ရာတွင် အားအင်ချိနဲ့ နိုင်သဖြင့် အားကစားပုံမှန် လုပ်နေရန် လိုအပ်သည်။

Ref: International news for Myanmar

ခေတ်မှီ ရုရှားမြေအောက်ဘူတာ






မေတ္တာပို့ခြင်းနဲ့ပတ်သက်၍

အရှင်ကောမလဆန်နီနေမင်း အမေးအဖြေများမှ ပြန်လည်ဝေမျှပါတယ်...။

အရှင်ဘုရား။ တပည့်တော်ကို လမ်းခွဲစကားပြောတဲ့ချစ်သူနဲ့ ပြန်အဆင်ပြေချင်လို့ မေတ္တာပို့ပါတယ်။ ဖြစ်ချင်တဲ့ဆန္ဒက ချစ်သူနဲ့ ပြန်အဆင်ပြေဖို့ပါဘုရား။ တစ်ခုခု အဆင်ပြေချင်တဲ့ ရည်ရွယ်ချက်နဲ့ မေတ္တာပို့ရင် အပြစ်ဖြစ်ပါသလားဘုရား။ မေတ္တာပို့တဲ့ အချိန်မှာ တပ်မက်စိတ်ကင်းသဖြင့် စိတ်အေးချမ်းမှုကိုခံစားရပါသည်။ တစ်ခါတစ်ရံမှာ မေတ္တာသက်သက်ဖြစ်ပြီးအေးချမ်းသော်လည်း တစ်ခါတစ်ရံမှာ ချစ်သူကို လိုချင် တပ်မက်ပြီး လောဘစိတ်နဲ့ ပူလောင်နေရပါသည်။ လောဘမဖြစ်အောင် မေတ္တာ ဘယ်လိုပို့ရမလဲဘုရား။

ကိုယ်ဘက်က မေတ္တာပို့ရင် တစ်ဖက်လူရဲ့စိတ်မှာ ပြောင်းလဲသွားတတ်ပါသလား။ မေတ္တာပို့တဲ့အချိန် တပည့်တော် စိတ်အေးချမ်းနေတာကိုတော့ ခံစားရပါသည်ဘုရား။ ပုထုဇဉ်မို့ ချစ်သူရဲ့ အချစ်ကို ပြန်ရချင်တဲ့စိတ်က ပိုပြင်းထန်နေပါသည်ဘုရား။ မေတ္တာပို့ရုံသက်သက်ဖြင့် တစ်ဦးနဲ့တစ်ဦးချစ်ခင်ပါသလား။ မေတ္တာဘာဝနာ အကြောင်း အကျယ်သိလိုပါသည်ဘုရား။ လောကီနဲ့မကင်းတာမို့မေးရတာ အရှင်ဘုရားကို အားနာပါသည်ဘုရား။ တပည့်တော် မေးတာ အမှားပါရင်ခွင့်လွှတ်ပါဘုရား။


အင်း မေးထားတဲ့မေးခွန်းရဲ့ အဓိကသိချင်တာဟာ မေတ္တာပွားရကျိုးဖြစ်၍ မေတ္တာပွားရခြင်းကြောင့် ရရှိသောအကျိုး(၁၁)ပါးကို ပထမဦးစွာ ရေးသား တင်ပြပေးပါမည်။ မေတ္တာပွားများသူသည်-

၁။ ချမ်းသာစွာ အိပ်ရခြင်း။
၂။ ချမ်းသာစွာနိုးရခြင်း။
၃။ မကောင်းသောအိပ်မက် မမြင်မက်ရခြင်း။
၎။ လူနတ်တို့ ချစ်ခင်ကြခြင်း။
၅။ ဘေးလွတ်အောင် နတ်တို့စောင့်ရှောက်ကြခြင်း။
၆။ မီးဘေးမှ ကင်းလွတ်ခြင်း။
၇။ ဓါးလက်နက်တို့ မထိခိုက်ရခြင်း။
၈။ အဆိပ်ဖြင့် မသေရခြင်း။
၉။ စိတ်ဓာတ်များ တည်ကြည်ခြင်း။
၁၀။ မျက်နှာအဆင်းလှပခြင်း။
၁၁။ သေသောအခါ ဆင်းရဲဒုက္ခမရှိ တွေးဝေခြင်းမရှိဘဲ သေရပြီး ဗြဟ္မာ့ပြည်သို့ ရောက်ရခြင်းစတဲ့ အကျိုးများကို ရရှိခံစားရပေသည်။

မေတ္တာပို့ခြင်းသည် လောဘစိတ်မပါဘဲ မေတ္တာပို့လျှင် ပိုမိုသန့်ရှင်းသောကြောင့် မေတ္တာစွမ်း ပိုထက်ပါသည်။ အကယ်၍ မိမိပို့သော မေတ္တာသည် လောဘစိတ်မကင်းပါက အပြစ်တော့မဖြစ်ပါ။ မေတ္တာပွားများရကျိုးတော့ လျှော့သွားပါပေသည်။

ထို့ကြောင့် မိမိပို့သသောမေတ္တာသည် ချစ်ခင်မှုကိုပြန်လည်လိုချင်သော လေဘစိတ်ပါနေပါက မေတ္တာပွားရကျိုး လျှော့ပါသည်။ မိမိအား ပြန်လည်ချင်ခင်လာအောင် မေတ္တာပို့ခြင်းကြောင့် မိမိကိုအပြန်အလှန်အားဖြင့် မေတ္တာအစွမ်းလေးတော့ ရရှိပါလိမ့်မည်။ တဏှာစိတ်နဲ့ချစ်ခင်မှုကိုတော့ ရရှိမည်မထင်။ သူငယ်ချင်းမိတ်ဆွေ ချစ်ခင်ခြင်းမျိုး၊ မောင်နှမချစ်ခင်မျိုးတော့ ရရှိနိုင်ပါသည်။

မိမိမုန်းသောသူကို မေတ္တာပို့လျှင် ထိုသူသည် မိမိထံသို့ မေတ္တာစိတ်ပြန်လည် ရရှိပါပေသည်။ မေတ္တာပို့သည်ဆိုသည်မှာလည်း (၅၂၈)မေတ္တာဖြင့် ပို့ရသည်ဖြစ်သောကြောင့် ပြန်လည်ရရှိသော မေတ္တာသည်လည်း (၅၂၈)မေတ္တာသာ ဖြစ်ပေသည်။

ထို့ကြောင့် မိမိတို့သည် မိမိချစ်သူကိုလည်းကောင်း၊ မုန်းသူကိုလည်းကောင်း၊ မိဘဆွေမျိုးများမှအစ သတ္တ၀ါအားလုံးကို သန့်ရှင်းစင်ကြယ်သော မေတ္တာစစ် မေတ္တာမှန်ပို့ရန် အဓိကလိုအပ်ပါပေသည်။ ထိုသို့မေတ္တာပို့ရန် မိမိ၌ အထက်ဖော်ပြခဲ့ပါ မေတ္တာအကျိုးများရရှိပြီး မျက်မှောက်မှာရော တမလွန်မှာရော ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် နေထိုင်ရပေလိမ့်မည်။ သို့ဖြစ်၍ လူသားအားလုံး တစ်ဦးပေါ်တစ်ဦး မေတ္တာစစ် မေတ္တာမှန်ဖြင့် နေ့စဉ်မပြတ် ပို့သနိုင်ပြီး ချစ်ခင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါပေသည်။

လက်နက်အများဆုံး တင်ပို့ရောင်းချနေသော ကုလသမဂ္ဂမှ ကြီးငါးကြီး

တကမ္ဘာလုံးကို တင့်ကားနှင့် တိုက်လေယာဉ်ကဲ့သို့သော လက်နက်ကြီးများ တင်ပို့ရောင်းချမှုမှာ (၂၀၀၂-၂၀၀၆) ခုနှစ်ကြား အရေအတွက်ထက်၊ (၂၀၀၇-၂၀၁၁) ခုနှစ်ကြား အရေအတွက်က ၂၄ ရာခိုင်နှုန်း ပိုများသည်ဟု  Stockholm International Peace Research Institute အဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းတွေက ဖော်ပြထားသည်။
တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ နယ်မြေအငြင်းပွားမှု မြင့်တက်လာတာကြောင့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ စတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ လက်နက်ဝယ်ယူမှုက ၁၈၅ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့သည်ဟု ဖော်ပြသည်။
ပြီးခဲ့တဲ့ငါးနှစ်အတွင်း တကမ္ဘာလုံးကို လက်နက် လေးပုံသုံးပုံ တင်ပို့ရောင်းချတဲ့  အဓိကနိုင်ငံကြီး ငါးနိုင်ငံမှာ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ရုရှား၊ ဂျာမဏီနှင့် ပြင်သစ်တို့ ဖြစ်သည် (အောက်ပါဇယားကို ကြည့်ပါ)။
ထူးခြားမှုက ပြီးခဲ့တဲ့နှစ်တွေမှာ တရုတ်က ၄င်းကိုယ်တိုင်ထုတ် အဆင့်မှီလက်နက်များ တင်ပို့ရောင်းချမှု များလာခြင်း ဖြစ်သည်။ အကျိုးဆက်ဖြစ် ကမ္ဘာမှာ လက်နက် တင်ပို့မှု အများဆုံး ငါးနိုင်ငံမှ ခြောက်နိုင်ငံ တိုးလာခဲ့သည်။ (၂၀၀၂-၂၀၀၆) ခုနှစ်အတွင်း တရုတ်က ကမ္ဘာ့ ဒုတိယ လက်နက်အများဆုံး တင်ပို့သူဖြစ်ခဲ့ပြီး၊ (၂၀၀၇-၂၀၁၁) ခုနှစ်အတွင်း စတုတ္ထအများဆုံး တင်ပို့ခဲ့သည်။
ဂျာမဏီမှ လွဲလျှင် ကျန် ငါးနိုင်ငံက ကုလသမဂ္ဂအဖွဲ့ကြီးမှာ ဗီတိုအာဏာ သုံးခွင့်ရှိပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး ဦးဆောင်ဦးရွက် ပြုနေသည်ဆိုသော နိုင်ငံများပေတည်း။
အိန္ဒိယနိုင်ငံကတော့ ကမ္ဘာ့လက်နက် ၁၀ ရာခိုင်နှုန်းကို ၀ယ်ယူသူဖြစ်ပြီး၊ အခြားနိုင်ငံတွေကိုလည်း အများဆုံး တင်ပို့နေတာကြောင့်၊ အကြီးဆုံး လက်နက်ပွဲစားနိုင်ငံဟု ဆိုရမည်။
အာရပ်နိုင်ငံတွေကို လက်နက်တင်ပို့မှုက အပြောင်းအလဲမရှိ ပုံမှန်ဆက်ရှိနေသည်။ ဆီးရီးယားရဲ့ လက်နက်ဝယ်ယူမှုက ပြီးခဲ့တဲ့ နှစ်တွေအတွင်း အဆ ၆၀၀ ရာခိုင်နှုန်း မြင့်မားခဲ့သည်။ ဆီးရီးယားကို အဓိက လက်နက်ရောင်းချပေးသူမှာ ရုရှားဖြစ်သည်။


Ref: Maukkha

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် မက္ကဆီကို ဆက်သွယ်ရေးလုပ်ငန်းရှင် ကားလို့စလင်း သုံးနှစ်ဆက်တိုက် ရပ်တည်

 ကားလို့စလင်းမ်(၁)
 ဘီလ်ဂိတ် (၂)
ဖော့ဘ်စ်မဂ္ဂဇင်းမှ နှစ်စဉ်ထုတ်ပြန်သည့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းတွင် မက္ကဆီကို ဆက်သွယ်ရေးလုပ်ငန်းရှင် ကားလို့စလင်းသည် သုံးနှစ်ဆက်တိုက် နံပါတ်တစ်နေရာ၌ ဖော်ပြခံခဲ့ရသည်။
ဆက်သွယ်ရေးလုပ်ငန်းများမှ ဆောက်လုပ်ရေး လုပ်ငန်းများအထိ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများလုပ်သည့် စီးပွားရေးလုပ်ငန်းရှင် ကားလို့စလင်း၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၆၉ ဘီလျံရှိသည်ဟု ဖော့ဘ်စ်မဂ္ဂဇင်းက ခန့်မှန်းခဲ့သည်။ ဖော့ဘ်စ်မဂ္ဂဇင်း၏ အချမ်းသာဆုံးစာရင်း ဒုတိယ နေရာတွင် ဖော်ပြခံရသည့် မိုက္ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၆၁ ဘီလျံရှိပြီး တတိယနေရာတွင် ဖော်ပြခံရသည့် အမေရိကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် ၀ါရင်းဘက်ဖက်၏ ပိုင်ဆိုင်မှုမှာဒေါ်လာ ၄၄ ဘီလျံရှိကြောင်း သိရှိရသည်။

ဝါးရင်းဘတ်ဖတ် (၃)
ဥရောပ နိုင်ငံသားနှစ်ဦးဖြစ်သည့် ပြင်သစ်ဇိမ်ခံကုန် ပစ္စည်းများထုတ်လုပ်သည့် LVMH အဖွဲ့၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဘားနတ်အာနိုးနှင့် Zara စပိန် ဖက်ရှင်လုပ်ငန်း တည်ထောင်သူ အမန်စီယိုအော်တေဂါတို့က စတုတ္ထနှင့် ပဉ္စမနေရာတွင် ဖော်ပြခံရသည်။
 ဘားနတ်အာနိုးလ် (၄)

အမန်စီယိုအော်တေဂါ (၅)
ဒေါ်လာ ၃၆ ဘီလျံ ကြွယ်ဝသည့် Oracle အမေရိကန် ဆော့ဖ်ဝဲလ်အုပ်စု တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ လာရီအယ်လီဆင်သည် သတ္တမနေရာတွင် ဖော်ပြခံခဲ့ရသည်။
န၀မနေရာတွင် ဖော်ပြခံရသည့် ဟောင်ကောင် အခြေစိုက် Hutchison Whampoa and Cheung Kong Holdings ပိုင်ဆိုင်သူ လီကာရှင်းသည် အာရှနိုင်ငံသားများတွင် အချမ်းသာဆုံးဖြစ်ပြီး ဒေါ်လာ ၂၅ ဘီလျံ ကြွယ်ဝကြောင်း သိရှိရသည်။ အမေရိကန် ကုန်စုံဆိုင်လုပ်ငန်းစု ဝေါလ်မတ်မှ ခရစ္စတီဝေါ်လ်တန်မှာ အဆင့် ၁၁ တွင် ရပ်တည်ခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးဖြစ်သည်။
ခရစ်စတီဝေါလ်တန် (အချမ်းသာဆုံးအမျိုးသမီး)
အိန္ဒိယ စတီးလုပ်ငန်းသူဌေး လက်ရှ်မီးမစ်တဲလ်သည် ထိပ်တန်း ၁၀ ဦးစာရင်းမှ ဖယ်ထုတ်ခံရပြီး ၂၁ နေရာတွင် ဖော်ပြခံခဲ့ရသည်။ ဥရောပမှ စတီးအမှာနည်းပါးမှုနှင့် ကုန်ကျစရိတ်မြင့်မားမှုများကြောင့်  ပိုင်ဆိုင်မှု ဒေါ်လာ ၁၀ သန်းခန့် နည်းပါးသွားခြင်းဖြစ်သည်။ ၎င်း၏ လက်ရှိကြွယ်ဝမှုမှာ ဒေါ်လာ ၂၀ ဒသမ ၇ ဘီလျံရှိကြောင်း ဖော့ဘ်စ်က ခန့်မှန်းခဲ့သည်။

Ref:  AFP.com

Google Earth ရဲ့ အလှပုံများ

ဒီပုံလေးတွေက International news for Myanmar မှာတင်ထားတာကို ပြန်ပြီး share ထားတာပါ...။



ဂျပန်တွင် လူငယ်များ သတ်သေမှုနှုန်း ၂၀၁၁ခုနှစ်၌ စံချိန်တင်မြင့်တက်

ဂျပန်တွင် ကျောင်းသားများ သတ်သေမှုသည် ၂၀၁၁ ခုနှစ်၌ စံချိန်တင် မြင့်တက်ခဲ့ပြီး သတ်သေသူ ၁၀၂၉ ဦးအထိရှိခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့ NPAက မတ်လ ၉ ရက် တွင် ထုတ်ပြန်ခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် သတ်သေသူ အရေအတွက် ထက်လည်းများပြားခဲ့ပြီး ၁၉၇၈ ခုနှစ်နောက်ပိုင်း သတ်သေသူ ၁၀၀၀ ကျော်မှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း NPA က ထုတ်ပြန်ခဲ့သည်။  နိုင်ငံတစ်ဝန်း သတ်သေသူစုစု ပေါင်းမှာ ၃၀၀၀၀ ကျော်ခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ ၁၄ နှစ်ဆက်တိုက် ဖြစ်ကြောင်း၊ သို့သော် ၂၀၁၀ ပြည့်နှစ်တွင် သတ်သေသူ ၃၀၆၅၁ ဦးရှိရာ ၂၀၁၁ ခုနှစ်တွင် ၁၀၃၉ ဦး လျော့နည်းခဲ့ကြောင်း NPA က ထုတ်ပြန်ခဲ့သည်။

တက္ကသိုလ်ကျောင်းသားသတ် သေမှုမှာ ၅၂၉ ဦးအထိ ရှိခဲ့ပြီး အထက်တန်း ကျောင်းသားသတ်သေမှုမှာ ၂၆၉ ဦးအထိ ရှိခဲ့သည်။ ကျောင်းများတွင် ရလဒ်မကောင်းသောကြောင့် သတ်သေသူ ကျောင်းသား ၁၄၀ ဦးရှိခဲ့ပြီး ကျောင်းအပြီး အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများကြောင့် သတ်သေသော ကျောင်းသား ၁၃၆ ဦးရှိကြောင်း NPA ထုတ်ပြန်ချက်အရ သိရသည်။

Ref: Eleven

ပါရမီဆယ်ပါး

ပါရမီ (ဆယ်ပါး - အပြားသုံးဆယ်)

၁။ ဒါန ပါရမီ= ပေးကမ်းစွန့်ကြဲလှူဒါန်းမှုကို ဖြည့်ကျင့်ခြင်း။
၂။ သီလ ပါရမီ= သီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။
၃။ နိက္ခမ ပါရမီ= ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း။
၎။ ပညာ ပါရမီ= ဉာဏ်ပညာတိုးပွါး ရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။
၅။ ၀ီရိယ ပါရမီ= ဇွဲလုံ့လ စွမ်းပကားကြီးမားရန် ဖြည့်ကျင့်ခြင်း။
၆။ ခန္တီ ပါရမီ= သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း။
၇။ သစ္စာ ပါရမီ= အမှန်အတိုင်းပြော၍ ပြောသည်အတိုင်း ဖြည့်ကျင့်ခြင်း။
၈။ အဓိဋ္ဌာန ပါရမီ= စိတ်ဆုံးဖြတ်သည့်အတိုင်း ခိုင်မြဲစွာလိုက်နာ ဖြည့်ကျင့်ခြင်း။
၉။ မေတ္တာ ပါရမီ= သူတပါးအကျိုးစီးပွါး လိုလားမှုကို ဖြည့်ကျင့်ခြင်း။
၁၀။ ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်းမရှိ ကောင်းဆိုးနှစ်တန် ခံနိုင်ရည်ရှိစေရန် ဖြည့်ကျင့်ခြင်း။

မူလ(ရိုးရိုး) ပါရမီ ၁၀ ပါး

ကိုယ်ခန္ခာမှအပဖြစ်သော အရာများအတွက် မငဲ့ကွက်မှု။ (ပိုင်ဆိုင်စည်းစိမ်အားလုံးနှင့် ဇနီး၊သားမယားပါမကျန်ဖြည့်ခြင်း)

ဥပ ပါရမီ ၁၀ ပါး

ကိုယ်အင်္ဂါ အစိတ်အပိုင်းကို မငဲ့ကွက်မှု။ (စည်းစိမ်+ဇနီး ၊သားသမီးအပြင် မိမိခန္ဓာကိုယ်အစိတ်အပိုင်းပါဝင်ဖြည့်ခြင်း)

ပရမတ္ထ ပါရမီ ၁၀ ပါး

ကိုယ်အသက်ကိုပင် မငဲ့ကွက်မှု။ (အသက်ကိုပါမကျန်ဖြည့်ခြင်း)

ပါရမီ ၁၀-ပါးကို ဤ ၃-ပါးနှင့်မြှောက်သော် ပါရမီ အပြား ၃၀-ဖြစ်၏။ 

Ref: wikimyanmar


တောင်အာဖရိတွင် အစိုးရ ကျောင်းကထွက်ပြီး ပုဂ္ဂလိကကျောင်းတက်သူ အလွန်များပြားလာ

တောင်အာဖရိကပညာရေးသမဂ္ဂများက ကျောင်းသားများ အစိုးရကျောင်းက အစုလိုက်အပြုံလိုက် ထွက်ပြီး ပုဂ္ဂလိကျောင်းများသို့ တက်ရောက်နေမှုအပေါ် အစိုးရအနေဖြင့် ပြန်လည်သုံးသပ်ပါရန် တိုက်တွန်းတောင်းဆိုလိုက်သည်။

အရှေ့ကိတ်ပြည်နယ်တွင်းရှိ မိဘများက ဈေးကြီးသော်ငြားလည်း ကလေးများကို ပုဂ္ဂလိကကျောင်းများသို့သာ တက်စေလိုကြသည်။ ပုဂ္ဂလိကကျောင်းများတွင် အရည်အသွေးမတူသော်လည်း တောင်အာဖရိကနိုင်ငံ၏ စီးပွားရေး အချက်အချာပြည်နယ်ဖြစ်သည့် ဂေါ်တန်နယ်တွင် ၂၀၁၁ ခုနှစ်က ပုဂ္ဂလိကကျောင်းအသစ် ၁၀၀ ကျော် မှတ်ပုံတင်လျှောက်ခဲ့ကြသည်။
ကိတ်ပြည်နယ် ပညာရေးအကျပ်အတည်းမှာ အစိုးရကျောင်းများအပေါ် အယုံအကြည် ကင်းမဲ့နေမှုက ပုဂ္ဂလိကျောင်းများကို တိုးပွားလာစေသည့် အဓိကအချက်ပင်ဖြစ်သည်။ တနိုင်ငံလုံးတွင်လည်း ပျံနှံ့နေပြီး ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ၇၅ ရာခိုင်နှုန်းအထိ တိုးပွားလာခဲ့သည်။
အဂတိလိုက်စားမှုများနှင့် ညံ့ဖျင်းသော စီမံမှုများဖြင့် ပညာရေးအကျပ်အတည်းဖြစ်နေသည့် ကိတ်ပြည်နယ်၊ ပညာရေးဌာနကို ဗဟိုအစိုးရ တိုက်ရိုက် ကိုင်တွယ်ခဲ့သည်။
ကျောင်း ၈၀ ရာခိုင်နှုန်းမှာ ကျဆုံးနေကြောင်း အစိုးရက ၀န်ခံခဲ့ရသည်။ ကျောင်း ၁၇၀၀ တွင် လျှပ်စစ်မီးမရရှိသေးဘဲ ကျောင်း ၁၅၀၀၀ တွင်မူ စာကြည့်တိုက်မရှိသေးကြောင်း အခြေခံပညာ ပညာရေးဝန်ကြီး Angie Motsheka က ပြောကြားခဲ့သည်။
လူထုပညာရေး၊ အမျိုးသားပညာရေး ဖွံ့ဖြိုးမှုအတွက် စိန်ခေါ်ချက်များစွာ ရှိနေပြီဖြစ်ကြောင်း လူထု ပညာရေးအတွက် ကျောင်းဆရာ အရေအတွက်နှင့် ဘတ်ဂျတ်ငွေကို တိုးမြှင့်ပေးရန်လိုအပ်ကြောင်း တောင်အာဖရိက ကျောင်းဆရာသမဂ္ဂက တိုက်တွန်းထားပါသည်။

Ref: Maukkha.org

နနွင်းမှုန့်အချို့ အသည်းကင်ဆာဖြစ်စေနိုင်

ကျွန်တော်တို့မြန်မာလူမျိုးတွေ ဆင်ဆင်ခြင်ခြင်နဲ့ စားသောက်နိုင်ကြဖို့ တင်ပြလိုက်ပါတယ်။

ငရုတ်သီးမှုန့် နှစ်မျိုးတွင် သဲမှုန့်ဖုန်မှုန့်များ ပါဝင်နေပြီး ငရုတ်ကောင်းမှုန့်တစ်မျိုးတွင် အခြားအပင် အစိတ်အပိုင်းများ၊ နနွင်းမှုန့် သုံးမျိုးတွင်ဆန်မှုန့်၊ ပြောင်းမှုန့်များ ပါဝင်ပြီး ကျန်နှစ်မျိုးတွင် ခွင့်မပြုသော အန္တရာယ်ဖြစ်စေသည့် အရောင်ဆိုးဆေးများ ပါဝင်နေကြောင်း သိရှိရသည်။ ဆေးသုတေသနဦးစီးဌာနမှ သုတေသနပြု လေ့လာမှုများအရ နနွင်းမှုန့် အချို့တွင် ခွင့်မပြုသော အရောင်ဆိုးဆေး (metanil yellow) ပါဝင်နေပြီး ထိုဆိုးဆေးမှာ အသည်းကင်ဆာ ဖြစ်စေနိုင်သည့်အပြင် ဗဟိုနာဗ်ကြောမကြီးအား ထိခိုက်နိုင်ကြောင်း သတင်းရရှိသည်။ ဇန်န၀ါရီ ၉ ရက်မှ ၁၃ ရက်အထိ ပြုလုပ်သော ဆေးသုတေသန စာတမ်းဖတ်ပွဲတွင် ဈေးများ၌ ရောင်းချနေသည့် ဟင်းခတ်အမွှေးအကြိုင်များတွင် အရောအနှောပါဝင်မှုအား ဆရာဝန် ၈ ဦးက စုပေါင်းလေ့လာ တင်သွင်းခြင်းဖြစ်ပြီး ငရုတ်သီးမှုန့်၊ နနွင်းမုန့် တံဆိပ်ကွဲ ၉ မျိုးစီနှင့် ငရုတ်ကောင်းမှုန့် ၃ မျိုး၊ ဇီယာမှုန့်များအား ဈေးကွက်အတွင်းမှ ဝယ်ယူလေ့လာခဲ့ခြင်း ဖြစ်သည်။

ထိုလေ့လာမှုအရ ငရုတ်သီးမှုန့် နှစ်မျိုးတွင် သဲမှုန့်ဖုန်မှုန့်များ ပါဝင်နေပြီး ငရုတ်ကောင်းမှုန့်တစ်မျိုးတွင် အခြားအပင် အစိတ်အပိုင်းများ၊ နနွင်းမှုန့် သုံးမျိုးတွင်ဆန်မှုန့်၊ ပြောင်းမှုန့်များ ပါဝင်ပြီး ကျန်နှစ်မျိုးတွင် ခွင့်မပြုသော အန္တရာယ်ဖြစ်စေသည့် အရောင်ဆိုးဆေးများ ပါဝင်နေကြောင်းသိရသည်။ “သုတေသနလုပ်ငန်းပဲ လုပ်တာဖြစ်တဲ့အတွက် တံဆိပ်တွေကိုတော့ သုတေသနကျင့်ဝတ်အရ ထုတ်ပြန်ခွင့်မရှိပါဘူး။ ကျန်းမာရေးကို ထိခိုက်စေတဲ့ပစ္စည်း ပါဝင်မှုရှိ၊ မရှိကိုဘဲ လေ့လာတာဖြစ်ပြီး ကျန်တာကတော့ သက်ဆိုင်ရာက ဆက်လက် ဆောင်ရွက်မှရမှာပါ”ဟု ဆေးသုတေသနမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

အစားအစာများတွင် အရောအနှောများ ပါဝင်ခြင်းသည် ခန္ဓာကိုယ်အား အဆိပ်အတောက်ဖြစ်စေခြင်း၊ ကျန်းမာရေးအား ထိခိုက်စေခြင်းအပြင် ခန္ခာကိုယ်ကြီးထွားဖွံဖြိုးမှုကိုပါ ထိခိုက်စေနိုင်ကြောင်း သိရသည်။ ယခုစစ်ဆေးသည့် ငရုတ်သီးမှုန့်၊ နနွင်းးမှုန့်၊ ငရုတ်ကောင်းမှုန့်များအား ကျန်းမာရေး ဦးစီးဌာနအောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှဈေးကွက်အတွင်း ရောင်းချနေသည့် ပစ္စည်းများအား မကြာခဏ စစ်ဆေးမှုများရှိခဲ့သည်။ သို့ရာတွင် အမြဲမပြတ် အရေးယူ စစ်ဆေးမှုများမရှိသည့်အတွက် ပြန်လည်ရောင်းချခြင်း၊ ဝယ်ယူသူများအနေဖြင့်လည်း ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအစာများထက် အရောင်လှသည့် ပစ္စည်းများအား သဘောကျမှုများပြားခြင်း စသည်တို့ကြောင့် ရောင်းချသူများမှာ ထိုကဲ့သို့ ရေရှည်တွင်ကျန်းမာရေးအား ဆိုးရွားစွာ ထိခိုက်သည့် တားမြစ်ပစ္စည်းများကို အသုံးပြုနေကြဆဲဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

Ref: 7Day News

ကင်ပွန်းတပ် မင်္ဂလာ

ကင်ပွန်းတပ် မင်္ဂလာမှာ မွေးစကလေးကို ကင်ပွန်းရည်၊​တရော်ရည် စသည်တို့ဖြင့် ဦးခေါင်းဆေးခြင်း အခမ်းအနားကို ခေါ်ဆိုသည်။ တစ်နည်းအားဖြင့် မွေးစကလေးအား ဝမ်းတွင်း ဆံပင်ရိတ်ပေးသော မင်္ဂလာပွဲဖြစ်သည်။ ထိုကြောင့် ကင်ပွန်းတပ် မင်္ဂလာသည် ‘ကေသစ္ဆေဒန မင်္ဂလာ’ ဖြစ်သည်။ ကေသစ္ဆေဒန ဟူသည်မှာ ခေါင်းရိတ်ခြင်းဟု အနက်ရ၏။ သန့်ရှင်းစင်ကြယ်ခြင်း အလို့ငှာ ကလေး၏ ဦးခေါင်းကို တရော်ကင်ပွန်းတို့ဖြင့် ဆေးကြောသည်ကိုစွဲ၍ ကင်ပွန်းတပ်သည်ဟု ခေါ်လေ့ရှိသည်။ သို့ရာတွင် ယခုခေတ်၌ ထိုမင်္ဂလာ အခမ်းအနားမှာပင် နာမသမုတိ မင်္ဂလာတည်းဟူသော နာမည်ပေးခြင်း အမှုကိုလည်း တစ်ပါတည်း ဆောင်ရွက်လေသည်။
ဤမင်္ဂလာပွဲမျိုးကို တရုတ်၊ အိန္ဒိယနှင့် ဂရိနိုင်ငံများတွင် ရှေးပဝေဏသီအခါကပင် ပြုလုပ်လေ့ရှိကြသည်။ ယဟူဒီလူမျိုးတို့သည် မွေးကင်းစကလေးအား ဆားရည်ဖြင့် ဆေးကြောခြင်း၊ အမည်ပေးခြင်း အခမ်းအနားများကို ခရစ်တော် မပေါ်မီ အချိန်ကာလကပင် ပြုလုပ်လေ့ရှိသည်။ မြန်မာနိုင်ငံ၌ ပြုလုပ်လေ့ရှိသော ကင်ပွန်းတပ် မင်္ဂလာ အခမ်းအနားမှာ တရုတ်လူမျိုး၊ ဟိန္ဒူလူမျိုးတို့ ပြုလုပ်ပုံနှင့် ဆင်တူယိုးမှားပင် ဖြစ်သည်။ ဤထုံးစံဓလေ့မှာ ဟိန္ဒူလူမျိုးများထံမှ ဆင်းသက်ပြန့်ပွားလာဟန်တူသည်။ တရုတ်လူမျိုးများကမူ ဤမင်္ဂလာပွဲကို ‘ခေါင်းရိတ်ပွဲ’ ဟု ခေါ်ဆိုကြသည်။
ဇိနတ္ထပာကသနီကျမ်းတွင် ဘုရားအလောင်းတော် သိဒ္ဓတ်မင်းသားအား ဖွားမြင်ပြီးသည့်နောက် ၅ ရက်မြောက်နေ့၌ အမည်မှည့်အပ်သော အခမ်းအနားကျင်းပပုံကို ဖော်ပြထားရာ ယခုခေတ် မြန်မာလူမျိုး၊ ဟိန္ဒူလူမျိုးတို့ ကျင်းပပုံနှင့် များစွာတူလှသည်။ ဤအချက်ကို ထောက်ရှုခြင်းဖြင့် ကင်ပွန်းတပ် မင်္ဂလာပွဲ ကျင်းပခြင်းမှာ အလွန်ရှေးကျသော ထုံးတမ်းစဉ်လာတစ်ရပ် ဖြစ်ကြောင်း ထင်ရှားပေသည်။
မြန်မာနိုင်ငံ၌ ကင်ပွန်းတပ် မင်္ဂလာ ဆင်ယင်ပုံမှာ ကလေးသူငယ်ကို မွေးဖွားပြီးနောက် ရက်သတ္တပတ် သို့မဟုတ် ၂ ပတ်အတွင်း နေ့ကောင်းရက်သာရွေး၍ ကျင်းပလေ့ရှိသည်။ ချမ်းသာသူများအဖို့ ပုဏ္ဏားဆရာများကို ပင့်ဖိတ်ကာ ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိသည်။ ပုဏ္ဏားဆရာများက ဂါထာမန္တရားများကို ရွတ်ဖတ်သရဇ္ဈာယ်ပြီးနောက် မင်္ဂလာပွဲကို စတင်ကျင်းပသည်။ သတ်မှတ်ထားသော နေ့ရက်တွင် မင်္ဂလာပွဲကို ဦးစီးရှေ့ဆောင်ပြုလုပ်သူက မင်္ဂလာစကားများ ပြောကြားပြီးနောက် အသင့်ပြုလုပ်ထားသော ကင်ပွန်းရည်၊ တရော်ရည်တို့ဖြင့် သူငယ်၏ ဦးခေါင်းကို ဆေးကြောပေးသည်။ အကယ်၍ ဦးခေါင်းရိတ်ရန် လိုအပ်လျှင်လည်း ဦးခေါင်းရိတ်ပြီးမှ ဆေးကြောပေးသည်။ ဖိတ်ကြားရောက်ရှိနေကြသော ပရိသတ်ထဲမှ ရင်းနှီးသော ဆွေမျိုးမိတ်သင်္ဂဟများကလည်း ကင်ပွန်းရည်ဖြင့် ကလေးအား စတိသုတ်လိမ်း ဆေးကြောပေးကြသည်။ ထိုနောက် သူငယ်အား သန့်ရှင်းဖြူစင်သော အဝတ်အစားသစ်များ ဝတ်ဆင်ပေးပြီးလျှင် အမွှေးနံ့သာတို့ဖြင့် ပက်ဖျန်းလိမ်းကျံပေးကြသည်။ တစ်ဖန် မင်္ဂလာပွဲကို ဦးစီးဆောင်ရွက်သည့် ပုဂ္ဂိုလ်ကပင် သူငယ်အား သင့်လျော်သည့် အမည်နာမကို ချီးမြှင့်လေသည်။
‘အရင်း​မွေး၊ အဖျားခံ၊ မှတ်ရန်ပဉ္စပွတ်။ သားသမီးရတနာ၊ မည်သညာ၊ ပြုရာလောကဝတ်’ ဆိုသော ဗေဒင်ကျမ်း ဆောင်ပုဒ်နှင့်အညီ ခေါ်ဝေါ်သမုတ်ကြသည်။ ပုံစံအားဖြင့် တနင်္ဂနွေနေ့ မွေးဖွားသော သူငယ်ကို တနင်္ဂနွေနံ အစထား၍ တနင်္ဂနွေမှ ၅ ရက်မြောက်သော ကြာသပတေးနံကို အဖျားတွင် ထားလျက် မှည့်ခေါ်ရမည်ဟု ဆိုလိုသည်။ ထိုကြောင့် တနင်္ဂနွေသား၏ အမည်ကို ‘အောင်ပွင့်’၊ ‘အောင်ပန်း’ စသည်ဖြင့် မိဘများနှင့် ဆွေးနွေးတိုင်ပင်၍ မှည့်ခေါ်လေ့ရှိသည်။
ကလေးအား အမည်မှည့်ပြီးနောက် ကြေးမုံပြင်ကို ကြည့်ရှုစေသည်။ ဓါး၊ အပ်ါ၊​ ကညစ် စသော လူသုံးပစ္စည်းများကိုလည်း စတိအဖြစ် ကိုင်တွယ်စေသည်။ ထိုနောက်တဖန် မြေကြီးပေါ်တွင် ၇ ကြိမ်မျှ ခြေထောက်ချစေ၍ သွားသည့်ဟန်ပြုစေသည်။ မင်္ဂလာပွဲသို့ ကြွရောက်လာသော ဧည့်ပရိသတ်များက သူငယ်ကျန်းမာ ချမ်းသာစေရန်၊ အသက်ရှည်ရန် ဆုတောင်းမေတ္တာ ပို့ကြသည်။ ဖိတ်မန္တကပြုထားသည့် ဧည့်ပရိသတ်တို့အား စားသောက်ဖွယ်တို့ဖြင့် တည်ခင်းကျွေးမွေးကြသည်။ ဤမင်္ဂလာပွဲတွင် မိဘဆွေမျိုးများက ကလေးသူငယ်အား ရွှေငွေပစ္စည်း ရတနာများ လက်ဖွဲ့လေ့ရှိသည်။
ကင်ပွန်းတပ် မင်္ဂလာပွဲ​ ပြုလုပ်ခြင်း၏ အဓိပ္ပာယ်သဘောမှာ လောကအတွင်းသို့ ရောက်ရှိလာသော ကလေးသူငယ်အား တစိမ်းသက်သက်ဘဝမှ အမည်သညာပေးကာ လူ့လောကကြီးနှင့်လည်းကောင်း၊ လူသုံးပစ္စည်းများနှင့်လည်းကောင်း၊ မိတ်ဆက်ပေးလိုက်သည့်အပြင် လူ့ဆက်ဆံမှု အဆောက်အအုံထဲ့သို့ ထည့်သွင်းမြှင့်တင်ပေးလိုက်ခြင်းပင် ဖြစ်သည်။
ဤသည်တို့ကို အကြောင်းပြု၍ မြန်မာလူမျိုးတို့သည် အခြားလုပ်ငန်းရပ်များတွင်လည်း လုပ်ငန်းစတင်ခြင်း၊ အမည်ပေးခြင်းတို့နှင့် သက်ဆိုင်လျှင် ကင်ပွန်းတပ်သည်ဟုပင် တင်စားခေါ်ဝေါ်ကြသေးသည်။

Ref: wikimyanmar

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေ အဆမတန် ဖောင်းပွနေသည့် အခြေအနေ

ဒီဆောင်းပါးလေးက လတ်တလောကြုံတွေ့နေရတဲ့ အခြေအနေတွေအရ ကျွန်တော်တို့နိုင်ငံသားတွေ သတိပြုကာကွယ်ဖို့လိုအပ်လို့ ပြန်ပြီး Share ပေးလိုက်ပါတယ်...။

မြောက်ပိုင်းဒေသ ရေကြီးမှုတွေနဲ့ တောင်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်းတွေ တိုက်ခတ်မှုကြောင့် ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော် ဒါကာကို နေ့စဉ်နဲ့အမျှ ရွေ့ပြောင်းနေကြတာကို တွေ့မြင်နေရပါတယ်။ ဒီရွေ့ပြောင်းလာသူအများစုဟာ ဒါကာမြို့တော်ရဲ့ လူဦးရေ အထူထပ်ဆုံး နေရာတစ်ခုဖြစ်ပြီး ညစ်ပတ်နံစော်နေတဲ့ ကျူးကျော်ရပ်ကွက်တွေနဲ့ ပြည့်နှက်နေတဲ့ Korail မှာ အခြေချနေထိုင်နေကြပါတယ်။
ဒီလိုမျိုး နေ့စဉ်နဲ့အမျှ ပြောင်းရွေ့အခြေချလာတဲ့ လူတွေနဲ့တစတစ ပြည့်ကျပ်လာနေတဲ့ မြို့တော်ဒါကာဟာ လူတွေကို လုံလုံလောက်လောက် နေရာချထားနိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။ အဲဒါကြောင့် ဘင်္ဂလာဒေ့ရှ်အစိုးရဟာ ဒါကာမှာနေထိုင်ကြသူတွေအတွက် နေ့စဉ်လိုအပ်တဲ့ စည်ပင်ဝန်ဆောင်မှုတွေအတွက် အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့တောင်မှ မချိမဆန့်ရုန်းကန်နေရတဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။
တနေ့တခြား တိုးတက်လာနေတဲ့ တခြားနိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းကို လိုက်မှီဖို့အတွက်  ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ယခုအချိန်မှာ နည်းစနစ်အသစ်တွေနဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင်တောင်မှ နိုင်ငံတ၀ှန်းလုံးမှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ သောင်းခြောက်ထောင်သော ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းဖို့ဆိုတာ ခန့်မှန်းလို့မရတဲ့ အချိန်အတိုင်းအတာ တစ်ခုယူရမှာဖြစ်ပြီး ဖြစ်နိုင်ခြေအလွန်နည်းပါးတဲ့ အနေအထားမှာ ရောက်နေပြီဖြစ်ပါတယ်။
အကျပ်အတည်းကာလပေါင်း မြောက်မြားစွာကို နှစ်စဉ်ဖြတ်သန်းလာရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရပ်တည်မှုဟာ တစ်နှစ်ထက်တစ်နှစ် ကျဉ်းမြောင်းလာနေတာတော့ အမှန်ပါပဲ။
Related Posts Plugin for WordPress, Blogger...